
မြောင်းမြမြို့၌ NLD ပါတီမှ ပါတီ ဝင်များ ပါဝင်သော လူ ၃၀၀ ကျော်က NLD ပါတီတွင်း ကိစ္စရပ်များ အတွက် ဆန္ဒ ထုတ်ဖော်သည့် အနေဖြင့် ၁၂-၈-၂၀၁၂ ရက်က နေ့လယ် ၁၂ နာရီ ဝန်းကျင်ခန့်က ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ ပါတီအဖွဲ့ဝင်များသည် မြို့နယ် ရုံးတည်ရှိရာ ဦးဘချိုလမ်းမှ ကျွန်းတော တံတားအနီးရှိ ခရိုင်ညီလာခံ ကျင်းပရေး ကော်မရှင်ရုံးအထိ ဆန္ဒဖော်ထုတ် လမ်းလျှောက်ခဲ့ကြပြီး တောင်းဆိုမှုများ ရေးသားထားသည့် စာရွက်စာတမ်းများ ကိုင်ဆောင်ထားကြကြောင်း သိရသည်။ NLD ပါတီသည် မြန်မာနိုင်ငံတွင် ပါတီပေါင်း ၄၀ ရှိသည့်အနက် ပါတီအတွင်း လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော်သည့် ပထမဆုံး ပါတီဖြစ်လာခဲ့ကြောင်း သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။