Thursday, August 2, 2012

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၃ ဦး၏ ဆွေးနွေးချက်အရ ပြည်သူ့လွှတ်တော်တွင် အတည်ပြုမည့် ၂၀၁၂ခုနှစ်၊ တက္ကသိုလ် ပညာရေးဥပဒေကြမ်းကို ရပ်ဆိုင်းကာ အသစ်ပြန်လည်ပြင်ဆင် ရေးဆွဲသွားမည်


5188
ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးနေစဉ်
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် သူရဦးအောင်ကို၊ ဒေါ်တင်နွယ်ဦးတို့၏ ဆွေးနွေးချက်အရ ပြည်သူ့လွှတ်တော်တွင် အတည်ပြုမည့် ၂၀၁၂ခုနှစ်၊ တက္ကသိုလ်ပညာရေး ဥပဒေကြမ်းကို ရပ်ဆိုင်းကာ အသစ်ပြန်လည် ပြင်ဆင် ရေးဆွဲသွားမည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဇူလိုင်လ ၃၁ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် စစ်တွေမြို့ နေရာ (၂) ခုတွင် ပြဿနာ ဖြစ်ပွား



စစ်တွေမြို့တွင် ယမန်နေ့က လက်နက်ကိုင် တင်ဖွဲ့ဝင်များနှင့် မွတ်ဆလင်များ အကြားတွင် နေရာ (၂) ခု၌  ပြဿနာ ဖြစ်ပွားခဲ့သည်ဟု ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်က ပြောသည်။

ပထမ တစ်ခုမှာ စစ်တွေမြို့ သဲချောင်းတွင် ယမန်နေ့ နေ့လည် ဘက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဖြစ်စဉ်နှင့် ပတ်သက်ပြီး  ဦးအောင်မြကျော်က ယခုလို ပြောသည်။


မင်္ဂလာဒုံမြို့နယ်မှာ ရေကြီး



ဘိုးဘွားပိုင် ဓနိခြံကို ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ မြေစာရင်းမှူးတို့ ပူးပေါင်း သိမ်းဆည်း



တောင်ဒဂုံ ပီနံအိတ်စက်ရုံလုပ်သား(၄ဝဝ)ကျော်ဆန္ဒထုတ်ဖော်မှု လတ်တလောပြေလည်မှုရရှိ


တောင်ဒဂုံစက်မှုဇုန်ရှိ ပီနံအိတ်စက်ရုံလုပ်သားဆန္ဒထုတ်ဖော်မှုမှာလတ်တလောအဆင်ပြေမှုရရှိသွားပြီ ဖြစ်ကြောင်း( TEFEL Packing Industries Co.ltd)ပီနံအိတ်ချုပ်စက်ရုံလုပ်သားများထံက သိရှိရသည်။
 
စက်ရုံလုပ်သားများ ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာအလုပ်သမားဝန်ကြီးဌာနမှ လာရောက်ညှိနှိုင်း ပေးခဲ့သည့်အတွက် ဇူလိုင်လ(၃၁)ရက်နေ့ ည(၁၂းဝဝ)ခန့်တွင် အလုပ်ရှင်မှ(၃)လ စောင့်ကြည်မှုနှင့်အတူ လိုက်လျောပေးလိုက်ခြင်းဖြစ်သည်။

ည၁၂းဝဝ နာရီဝန်းကျင်မှာ ဆန္ဒပြအလုပ်သမားခေါင်းဆောင်တွေကို အလုပ်ရှင်က ခေါ်တွေ့ပြီး လစာ ၁၂ဒဿမ ၈ ဒေါ်လာပေးမယ်၊ အလုပ်ပို လုပ်ပေးရမယ်၊ (၃)လအထိ စောင့်ကြည့်သွားမယ်၊ သတ်မှတ်ထားတဲ့ အလုပ်စံချိန် မလုပ်ပေးနိုင်ရင် ၈ ဒေါ်လာပဲ ပေးသွားမယ်ဟု အလုပ်သမားညှိ နှိုင်းရေးမှူး၏ ပြောကြားမှုကို အခြေခံ၍ စက်ရုံဆန္ဒပြလုပ်သားခေါင်းဆောင်က ဆိုသည်။
 
အဆိုပါဆန္ဒပြလုပ်သားများမှာ လုပ်ခလစာတိုးမြှင့်ရရှိရန်အတွက် တောင်ဒဂုံစက်မှုဇုန် မူဆယ်လမ်းရှိ တရုတ်လူမျိုးပိုင်(TEFEL Packing Industries Co.ltd)ပီနံအိတ်ချုပ်စက်ရုံတွင် စက်ရုံအလုပ်သမား(၄ဝဝ)ကျော်က ဇူလိုင်လ (၃၁)ရက်နေ့ နံနက်ပိုင်းက စတင်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

 
'ကျွန်တော်တို့ အလုပ်သမားတွေ(၁)လကို ဒေါ်လာ(၆)ကျပ် မြန်မာငွေ ၅သောင်းကျော်လောက် ရတယ်၊ နောက်မှဝင်လာတဲ့ လူသစ်တွေကို လစာတိုးပေးတယ်၊ လူဟောင်းတွေကို လစာတိုးမပေးတဲ့ အတွက် ကျွန်တော်တို့က လက်ရှိခံစားခွင့်တွေကို မဖျက်ပဲ လစာ(၆)ကျပ် ထပ်တိုးပေးဖို့ ဆန္ဒထုတ် ဖော်တာပါ'ဟု စက်ရုံအလုပ်သားကိုမျိုးသွင်က ပြောသည်။

 ပီနံအိတ်စက်ရုံဆန္ဒပြနေရာသို့ (၈၈)မျိုးဆက်ကျာင်းသားများအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲချုပ်မှ တာဝန်ရှိသူများ အလုပ်သမားသမဂ္ဂအစရှိသော အဖွဲ့အစည်းများမှလည်း စက်ရုံလုပ်သားဆန္ဒ ထုတ်ဖော်ရာနေရာသို့ လာရောက်ခဲ့ကြောင်း သိရှိရသည်။

လာမည့်နှစ်တွင် မြို့ကြီးများ၌ အဆင့်မြင့်ဆုံးကိုရီးယားစတိုင်ကွန်ဒိုများ ဆောက်လုပ်မည်


၂ဝ၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အဆင့်အမြင့်ဆုံး အထပ်(၄ဝ)ပါ ကိုရီးယားစတိုင် မြို့ပြအိမ်ယာ စီမံကိန်းများအား မြို့ကြီး(၃)မြို့တွင် ကိုရီးယားကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းဆောက်လုပ်သွားမည် ဖြစ်ကြောင်း ( Father land)ဆောက်လုပ်ရေး ကုမ္ပဏီက ဆိုသည်။
 

အင်တာနက်လိုင်းပါသည့် မိုဘိုင်းဖုန်းများအား တစ်ရက်(၄)ဒေါ်လာနှုန်းဖြင့် ငှားရမ်းနိုင်



အင်တာနက်လိုင်းပါသည့် မိုဘိုင်းဖုန်းများအား တစ်ရက် ငှားရမ်းခ အမေရိကန်ဒေါ်လာ (၄)ဒေါ်လာနှုန်းဖြင့် ပေးဆောင်ကာ ရန်ကုန်၊မန္တလေးနှင့်ပုဂံမြို့များတွင်ငှားရမ်းနိုင်ကြောင်း ရတနာပုံမိုဘိုင်းငှားရမ်းခြင်းဝန်ဆောင်မှု လုပ်ငန်းက သိရှိရသည်။

မြောင်မြို့နယ်မှ တောင်သူများ မိုးခေါင်၍ လွန်ဆွဲနေရ


စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်တွင် ရေဝင်အရပ်မဟုတ်သည့်အတွက် မိုးခေါင်ရေရှားမှုမှကာကွယ်ရန် ရှေးရိုးအစဉ် အလာအယူအဆဖြစ်သော လွန်ဆွဲပွဲများကို အာကိုးနေရဆဲဖြစ်ကြောင်း ဒေသခံတောင်သူများထံက သိရှိရသည်

နယ်အဆွဲများ၍ အထက်ကားဈေးကွက်ပြန်လည်လှုပ်ခတ်


ရန်ကုန်ကားရောင်းဝယ်ရေးဈေးကွက်တွင်အထက်ကားများအားနယ်မှအဝယ်လိုက်လျက်ရှိကြောင်းဟံသာဝတီယာဉ်ရောင်းဝယ်ရေး စခန်းက သိရှိရသည်။

အဆိုပါ အမြင့်ကားဈေးကွက်သည် ကျပ် သိန်း (၃၀၀) မှ သိန်း (၃၅၀) ၀န်းကျင်တွင်ရှိနေပြီး နယ်မှ ဝယ်လက်များဖြင့်   ဈေးကွက်ရောင်းအားမာလျက်ရှိကြောင်း ကားအကျိုးဆောင်များက ဆိုသည်။

၁၆ နှစ် ပြည့်ပြီးသူများ ဆိုင်ကယ်လိုင်စင် ရယူနိုင်

ရန်ကုန်(မဇ္ဈိမ) ။       ။ သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ အသက် ၁၆ နှစ် ပြည့်ပြီးသူများ အင်ဂျင်ပါဝါ ၁၁၀ စီစီ နှင့်
အောက် မော်တော်ဆိုင်ကယ် မောင်းနှင်ခွင့် လိုင်စင်များ လျှောက်ထား ရယူနိုင်ကြောင်း နေပြည်တော် ကုန်းလမ်း ပို့ဆောင်ရေးနှင့် ညွန်ကြားမှုဦးစီးဌာန (ကညန)မှ တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။ ရန်ကုန် စည်ပင် နယ်နိမိတ်မှအပ ကျန်မြို့နယ်များအား ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

မြန်မာ့ မီးရထား ကျူးကျော်အိမ် ၁၃ လုံး ဖျက်သိမ်း

ရန်ကုန် (မဇ္ဈိမ) ။        ။ ရန်ကုန်တိုင်း၊ ပုဇွန်တောင် ဘူတာရုံအနီးရှိ ကျူးကျော်အိမ် ၁၃ လုံးကို မြန်မာ့မီးရထား လုံခြုံရေး အာဏာပိုင်များက ဇူလိုင်လ ၃ဝ ရက်နေ့ တွင် ဖျက်သိမ်းလိုက်ကြသည်။

“နေ့လည် ၁၂ နာရီမှာ မီးရထား လုံခြုံရေး အာဏာပိုင်တွေက ကျနော်တို့ အိမ်တွေကို တူတွေ၊ သံတူရွင်းတွေနဲ့ လာဖျက်ကြပါတယ်။ အိမ်မှာ ကျောင်းတတ်နေတဲ့ ကျောင်းသားတွေ ရှိပါတယ်။ သူတို့ အိမ်ပြန်လာရင် ဘယ်လိုလုပ်ရမှန်း မသိပါဘူး” ဟု အဖျက်ခံရသော အိမ်တအိမ်မှ အမျိုးသား တဦးက ပြောသည်။

ဆန္ဒပြခွင့် ပိတ်ပင်သူတို့ကို လယ်သမားများက တရားစွဲရန် ပြင်ဆင်

ရန်ကုန် (မဇ္ဈိမ) ။       ။ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်ရှိ လယ်သမားများက အသိမ်းခံခဲ့ရသည့် ၎င်းတို့၏ လယ်မြေ များ ပြန်လည်ရယူလိုကြောင်း ဆန္ဒပြခွင့် တောင်းဆိုမှုအား မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့မှူးတို့က အကြိမ်ကြိမ်
ငြင်းပယ်ခဲ့၍ ၎င်းတာဝန်ရှိသူများအား ဥပဒေကြောင်းအရ တရားစွဲဆိုရန် လယ်သမားများက ပြင်ဆင်လျက်ရှိသည်ဟု လယ်သမားများ၏ ဥပဒေရေးရာ အတိုင်ပင်ခံ ကိုဖိုးဖြူ က ပြောသည်။

လက်နက်မှု၊ မူးယစ်မှုများဖြင့် ထိုင်းများကို မြန်မာတရားရုံးက ထပ်မံစစ်ဆေး

စံခလပူရီ (မဇ္ဈိမ) ။       ။ တရားမဝင် နိုင်ငံခိုးဝင်မှု၊ သစ်တောမှုဖြင့် ထောင်ဒဏ် ချမှတ်ခံထားရသည့် ထိုင်းနိုင်ငံသား ၉၂ ဦးအနက် အချို့ကို အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့များတွင် လက်နက်မှု၊ မူးယစ်ဆေးဝါးမှုများဖြင့် တနင်္သာရီတိုင်း၊
ကော့သောင်းခရိုင် တရားရုံးတွင် ထပ်မံရုံးထုတ် စစ်ဆေးခဲ့ကြောင်း တရားရုံးသို့ ကိုယ်တိုင်သွားရောက် နားထောင်ခဲ့ သူများက ပြောသည်။

ပြည်ပသို့ ရာဘာ တန်ချိန် ၉၅,၀၀၀ တင်ပို့ရန် ရည်မှန်းထား

robber




















ရန်ကုန် (မဇ္ဈိမ) ။       ။  ၂ဝ၁၂- ၂ဝ၁၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ရာဘာတန်ချိန် ၉၅,၀၀၀ တင်ပို့ရန်
မျှော်မှန်းထားရာ ယမန်နှစ်ကထက် တန်ချိန် တသောင်းကျော် ပိုများလာလိမ့်မည်ဟု မြန်မာ့ ရာဘာစိုက်ပျိုးထုတ်လုပ်သူ များအသင်း တာဝန်ရှိသူ တဦးက ပြောသည်။

 ဟင်္သာတမြို့ ဦးပါရဲဘုရား ကမ်ပါးတစ်ဖက်နှင့် တစ်ဆက်တည်း ကမ်းပါးတစ်လျှောက် ပေ ၁၅၀ ခန့်အထိ ကမ်းပါးအောက်ပိုင်း နိမ့်ကျမှုများ ဖြစ်ပေါ်


5186
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ ကျက်သရေဆောင် ဦးပါရဲဘုရား ကမ်းပါးတစ်ဖက်နှင့် တစ်ဆက်တည်း ကမ်းပါးတစ် လျှောက် ပေ ၁၅၀ ခန့်အထိ ကမ်း ပါးအောက်ပိုင်းများ နိမ့်ကျမှုများ ရှိနေခြင်းကြောင့် ယခင်နှစ်ကဲ့သို့ ရေကျချိန်တွင် ဘုရားကမ်းပါးကို ထပ်မံထိခိုက်လာမည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရှိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ပုဂ္ဂလိက စက်သုံးဆီဆိုင်များကို တစ်ဆိုင်နှင့်တစ်ဆိုင် အနည်းဆုံး တစ်မိုင်ခြား၍ ခွင့်ပြုမည်


5185
မန္တလေးတိုင်း ဒေသကြီးအတွင်း ပုဂ္ဂလိက စက်သုံးဆီဆိုင်များ ကို တစ်ဆိုင်နှင့်တစ်ဆိုင် အနည်းဆုံး တစ်မိုင်ခြား၍ ခွင့်ပြုသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရစက်မှုလက်မှုနှင့် လျှပ်စစ်ဝန်ကြီးဌာန၀န်ကြီး ပြောကြားချက်အရ သိရှိရသည်။

 ဧရာဝတီနှင့် ချင်းတွင်းမြစ်များတွင် မြစ်ရေမြင့်တက်မှုကြောင့် ပုဂ္ဂလိကရေယာဉ်များ ပြေးဆွဲခွင့် ယာယီရပ်ဆိုင်း၊ ပြည်တွင်းရေကြောင်း သင်္ဘောများဖြင့်သာ ခရီးစဉ်များ ပြေးဆွဲလျက်ရှိ



ဖန်ရှန်းဒေသတွင် ရေကြီးမှုကို ကာကယ်ရန် ကယ်ဆယ်ရေးသမားများက မြစ်ကမ်းနံဘေးတွင် စီတန်းချထားမှုကို ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၂၆ ရက်နေ့က တွေ့ရစဉ်
ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်များတွင် မြစ်ရေမြင့်တက်မှုကြောင့် ပုဂ္ဂလိကရေယာဉ်များ ပြေးဆွဲခွင့်အား ယာယီရပ်ဆိုင်းထားပြီး ပြည်တွင်းရေကြောင်း သင်္ဘောများဖြင့်သာ ခရီးစဉ်များအား ပြေးဆွဲလျက်ရှိကြောင်း သတင်းရရှိပါသည်။

မှော်ဘီမြို့နယ်တွင် တောင်ကျရေနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မှော်ဘီချောင်း ရေပြည့်လျံကာ ရပ်ကွက်အချို့ရှိနေအိမ်များ ရေနစ်မြုပ်မှုဖြစ်ပွား



မှော်ဘီမြို့နယ် အမှတ်(၄)ရပ်ကွက်အတွင်း ရေများဝင်ရောက်နေမှုကို သြဂုတ်လ ၁ရက်နေ့က တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တွင် တောင်ကျရေနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မှော်ဘီချောင်းရေပြည့်လျံခဲ့ပြီး ရပ်ကွက်အချို့ရှိ နေအိမ်အများစု ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်ဆိပ်ကမ်း နယ်မြေလေးခုအတွင်း ပြည်တွင်းခရီးသွား ဆိပ်ကမ်း၊ ရေပေါ်ဟိုတယ်ဇုန်၊ ရှော့ပင်းစင်တာ၊ လေဟာပြင်ညဈေး၊ ဖျော်ဖြေရေးနှင့်ကလပ် အဆောက်အုံများကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုသွားမည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား


5184
ရန်ကုန်ဆိပ်ကမ်းနယ်မြေကို ဇွန်လ ၃၀ ရက်နေ့က တွေ့မြင်ရစဉ်
ရန်ကုန်ဆိပ်ကမ်း နယ်မြေလေးခု အတွင်း ပြည်တွင်းခရီးသွားဆိပ်ကမ်း၊ ရေပေါ်ဟိုတယ်ဇုန်၊ ရှော့ပင်းစင်တာ၊ လေဟာပြင်ညဈေး၊ ဖျော်ဖြေရေးနှင့် ကလပ်အဆောက်အုံများကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ပြောကြားခဲ့သည်။

အင်္ဂလိပ် မဟာမိတ်တပ်များက စစ်ခုံတရားရုံးအဖြစ် အသုံးပြုကာ ဂျပန်စစ်ဗိုလ်များအား သေဒဏ်ချမှတ်ခဲ့သည့် နေရာဖြစ်သော ရန်ကုန်မြို့တော်ခန်းမ အပေါ်ဆုံးထပ်အား နိုင်ငံတကာသို့ ထုတ်လွှင့်ပြသရန် ဂျပန် TBS မှလာရောက်ရိုက်ကူး




5182
ဂျပန် TBS မှ ရန်ကုန်မြို့တော်ခန်းမ အပေါ်ဆုံးထပ်အား ရိုက်ကူးမှုပြုလုပ်ခဲ့မှုများ တွေ့ရစဉ်
ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီး နောက်ပိုင်း ၁၉၄၆ ခုနှစ်က အင်္ဂလိပ်မဟာတပ်များက စစ်ခုံးတရားရုံးအဖြစ် အသုံးပြုကာ ဂျပန်စစ်ဗိုလ်များအား သေဒဏ်အမိန့်ချမှတ်ခဲ့သည့် နေရာဖြစ်သော ရန်ကုန်မြို့တော် ခန်းမ အပေါ်ဆုံးထပ်အား ဂျပန် ပြည်သူများနှင့် နိုင်ငံတကာသို့ အချိန် ၃ မိနစ်စာ သတင်းပုံစံမျိုးပြသရန် အတွက် ဂျပန် TBS (Tokyo Broadcasting Station) ဇူလိုင်လ ၂၇ ရက် နေ့တွင် လာရောက်ရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်ဆိပ်ကမ်း နယ်မြေအတွင်း ယခင်အစိုးရ လက်ထက်ခွင့်ပြုပြီး ဆိပ်ခံတံတားများမှ အပ ဆိပ်ခံတံတားသစ်များ ထပ်မံတည်ဆောက်ခွင့် မပြုတော့ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား ဆိပ်ခံတံတားသစ် တည်ဆောက်လိုပါက သီလ၀ါဆိပ်ကမ်း ဒေသတွင်သာ ခွင့်ပြုပေးသွားမည်ဟုဆို


5181
ရန်ကုန်ဆိပ်ကမ်းဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းပြမြေပုံ
ရန်ကုန်ဆိပ်ကမ်း နယ်မြေအတွင်း ယခင်အစိုးရ လက်ထက်ခွင့်ပြုပြီး ဆိပ်ခံတံတားများမှအပ ဆိပ်ခံတံတားသစ်များအား ထပ်မံ တည်ဆောက်ခွင့်ပြုတော့မည် မဟုတ်ကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဇူလိုင်လ ၂၉ ရက်နေ့ က ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အထောက်အကူ ပြုရန်အတွက် ထောက်ပံ့ကြေးငွေ အမေရိကန်ဒေါ်လာ ၈၅ သန်း ပေးရန် ကမ္ဘာ့ဘဏ် ပြင်ဆင်



5187
ကမ္ဘာ့ဘဏ်က သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ရန်ကုန်မြို့၌ သြဂုတ်လ ၁ ရက်နေ့က ပြုလုပ်စဉ်
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အထောက်အကူပြုရန် အတွက် ထောက်ပံ့ကြေးငွေ အမေရိကန်ဒေါ်လာ ၈၅ သန်း ပေးရန် ပြင်ဆင်နေကြောင်း ကမ္ဘာ့ဘဏ်အုပ်စုက သြဂုတ်လ ၁ ရက်နေ့တွင် ကြေညာခဲ့သည်။

 ဟားခါးမြို့နှင့် ၁၄မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ၅ ဒသမ ၈၊ အင်အားအသင့်အတင့် ငလျင်တစ်ခုလှုပ်ခတ်၊ မိုးများသည့်ကာလဖြစ်သောကြောင့် နောက်ဆက်တွဲ မြေပြိုမှုဖြစ်စဉ်များ သတိပြုသင့်


ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၈နာရီ ၅၁မိနစ် စက္ကန့် ၃၀အချိန်တွင် မန္တလေး မြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၁၃၅မိုင်အကွာ မြန်မာနိုင်ငံပြည်တွင်း ဟားခါးမြို့၏ အရှေ့တောင်ဘက် ၁၄မိုင်ခန့်အကွာ၌ အင်အားရစ်ခ်ျတာစကေး ၅ဒသမ ၈ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ရေကြီးရေလျံမှုများ ကြုံတွေ့နေရသည့် ဒေသများ၌ မသန့်ရှင်းသည့်ရေကြောင့် ဖြစ်ပွားနိုင်သော ကူးစက်ရောဂါများကို သတိပြုသင့်ကြောင်း ကျန်းမာရေးပညာရှင်များ ပြောကြား


မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီးရေလျံမှုများ ကြုံတွေ့နေရပြီး မသန့်ရှင်းသည့် ရေကြောင့်ဖြစ်ပွားနိုင်သည့် ကူးစက်ရောဂါများကို သတိပြုသင့်ကြောင်း ကျန်းမာရေးပညာရှင်များက ပြောကြားခဲ့သည်။

ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ်၌ ၀င်ခွင့်များစတင်ခေါ်ယူ၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် အနိမ့်ဆုံးရမှတ် ၄၅၀ နှင့် အထက်ရှိသူများ လျှောက်ထားနိုင်


5183
ရန်ကုန်နည်းပညာတက္ကသိုလ်
ရန်ကုန်နည်းပညာ တက္ကသိုလ် ၌ ယခုနှစ်ပညာသင်နှစ်မှ စတင်၍၀င်ခွင့်များ ခေါ်ယူလျက်ရှိပြီး မန္တလေး နည်းပညာ တက္ကသိုလ်တွင်လည်း အလားတူ ခေါ်ယူလျက်ရှိကြောင်း သိရှိရပါသည်။

ယခုရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံမြို့များ၌ ဖြစ်ပေါ်ခဲ့သော မြစ်ရေကြီးမှု အခြေအနေ

သံလွင်မြစ်ရေမြင့်တက်မှုနှင့် ဘားအံ
ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၀၉း၃၀ နာရီတိုင်းထွာချက်အရ သံလွင်မြစ်ရေမှာ ဘားအံမြို့၏ စိုးရိမ်ရေအမှတ်ကို ကျော်လွန်၍ ၈၁၀ စင်တီမီတာသို့ ရောက်ရှိနေသည်အတွက် ဘာအံမြို့ပေါ် မြေနိမ့်ရပ်ဝန်း၊ ရပ်ကွက်များတွင် မြစ်ရေလွှမ်းမိုးမှု ဖြစ်ပေါ်ကာ  လူနေအိမ်များ အရေးပေါ်ပြောင်းရွှေ့နေရကြောင်း သတင်းရရှိသည်။

ကင်တားနားရှေ့ ဒုက္ခသည်တချို့ ဆန္ဒပြ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူအခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ်အိုဟေး ကင်တားနား နဲ့ အဖွဲ့ ဟာ ဒီကနေ့ နေ့ခင်းပိုင်းက ရခိုင်ပြည်နယ် မောင်တောမြို့ကို ရောက်ရှိ ခဲ့ပြီး မောင်တောမြို့က ဒေသခံ ရခိုင်နဲ့ မြန်မာတိုင်းရင်းသားတွေက မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို လေးစားပါ၊ မျှမျှတတ ဆက်ဆံပါ ဆိုတဲ့ စာတမ်းတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ မစ္စတာကင်တာနားနဲ့ အဖွဲ့ဟာ ဒီကနေ့ မောင်တောမြို့နဲ့ အနီး အနားမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာပြီး နောက်ရက်တွေမှာ စစ်တွေမြို့ဘက်ကို လေ့လာ မှာဖြစ်ပါတယ်။ သတင်း အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြမှာ ဖြစ်ပါတယ်။

အရာရှိကြီးများ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှု ကြေညာရမည်

နိုင်ငံတော် တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ အရာရှိကြီးတွေအားလုံးရဲ့ ပိုင်ဆိုင်မှုတွေကို စာရင်းပြုစု တင်ပြရန် ညွန်ကြားချက် ထုတ်ပြန် လိုက်ပါတယ်။ သမ္မတ ဦးသိန်းစိန် က သမ္မတရုံးက ပိုင်ဆိုင်မှုစာရင်းတွေ ပြုစုပြီး တင်ပြဖို့ အခုလို အမိန့်ကြေငြာစာထုတ်ပြန်လိုက်တာဟာ ကောင်းတဲ့ လက္ခဏာတခုဖြစ်ပေမဲ့ ပိုင်ဆိုင်မှုတွေကို မှန်မှန်ကန်ကန် တင်ပြခြင်း ရှိမရှိကိုတော့ မေးခွန်း ထုတ်စရာရှိတယ် လေ့လာသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက် VOA ရုံးခွဲကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
 

ကင်တားနား ရခိုင် ခရီးစဉ် အဆုံးသတ်

မြန်မာနိုင်ငံကို သီတင်းတပတ်ကြာ ရောက်လာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟာ မကြာသေးခင်တုန်းက သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကို စုံစမ်းစစ်ဆေး ဖို့ ရခိုင်ပြည်နယ်ကို ၂ ရက်ကြာ သွားရောက်ပြီး ဒီကနေ့မှာတော့ ရန်ကုန်မြို့ကို ပြန်လာပါတယ်။

ပြည်တွင်း သတင်းဂျာနယ်နှစ်စောင် အပိတ်ခံရ

စာနယ်ဇင်း လွတ်လပ်ခွင့်အပါအဝင် အပြောင်းအလဲတွေ လုပ်မယ်လို့ အစိုးရက ကတိပြုထားချိန်မှာပဲ ပြည် တွင်းထုတ် အပတ်စဉ် သတင်းဂျာနယ်နှစ်စောင်ကို အာဏာပိုင်တွေက ထုတ်ဝေခွင့် ပိတ်ပင်လိုက် ပါတယ်။ လွတ်လပ်ခွင့်ပေးမယ့် မီဒီယာဥပဒေကို လွှတ်တော်ထဲ ဆွေးနွေးဖို့ရှိနေချိန်မှာ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင် ဌာနရုံးက ဒီ သတင်းဂျာနယ်တစ်စောင်ရဲ့ ထုတ်ဝေခွင့်ပိတ်လိုက်တာပါ။ ဒီအခြေအနေကို အသေးစိတ် သိရအောင် ရန်ကုန်မှာ ရှိနေတဲ့ ဗွီအိုအေ သတင်းထောက် ကိုရဲကျော်အောင်က အပြည့်အစုံ ပြောပြပေး မှာ ဖြစ်ပါတယ်။

မြန်မာ့ရင်းနှီးမြှုပ်နှံမှု အဆိုးဘက် ဦးတည်မှာ စိုးရိမ်

မြန်မာနိုင်ငံက နိုင်ငံရေး အပြောင်းအလဲတွေနဲ့အတူ အမေရိကန်နဲ့ ဥရောပတို့လို အနောက်နိုင်ငံတွေက အရေးယူ ဒဏ်ခတ်မှုတွေ လျှော့ပေါ့လာတဲ့ အတွက် နိုင်ငံခြား ကုမ္ပဏီတွေလည်း ၀င်ရောက်လုပ်ကိုင် ဖို့ ပြင်ဆင်နေကြပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်နေခဲ့တဲ့ မြန်မာနိုင်ငံ မှာ ခေါင်းပုံဖြတ် အမြတ်ထုတ်တဲ့ အခြေအနေတွေ ပေါ်ပေါက်လာမှာကို စိုးရိမ်မကင်း ဖြစ်တာတွေလည်း ရှိနေကြတာပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Scott Stearns သတင်းပေးပို့ ထားတာကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။

Quintana နဲ့ ၈၈ ကျောင်းသားများ တွေ့ဆုံ


OIC ထိပ်သီး အစည်းအဝေးတွင် ရခိုင်ပြည်နယ်ပဋိပက္ခ ဆွေးနွေးမည်



2012-07-31
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ ရခိုင် ဗုဒ္ဓဘာသာဝင်များနဲ့ ရိုဟင်ဂျာ မွတ်စလင် ဘာသာဝင်များကြား အကြမ်းဖက်မှုတွေကို ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာမြို့ မှာ သြဂုတ်လအတွင်း ကျင်းပမဲ့ OIC ခေါ် အစ္စလာမ် ဘာသာဝင် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ ထိပ်သီး အစည်းအဝေးမှာ ဆွေးနွေး သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလီဂါဝါက ပြောဆိုလိုက်ပါတယ်။

အကျဉ်းကျ ထိုင်းလူမျိုး (၉၂) ဦး အတွက် ဆေးဝါးပို့ခွင့်ပြု



2012-07-31
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ ကော့သောင်း အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ ထိုင်းလူမျိုး (၉၂) ဦး အတွက် လိုအပ်နေတဲ့ ဆေးဝါးတွေ ပို့ပေးဖို့ ထိုင်းအစိုးရက တင်ပြထားတာကို မြန်မာအစိုးရက လိုက်လျော လိုက်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းအတိုင်း ဆက်သွားဖွယ်ရှိ



2012-07-31
မြန်မာနိုင်ငံဟာ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းအတိုင်း ဆက်သွားနေဖွယ် ရှိတယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Robert Hormats က ၀ါရှင်တန် နိုင်ငံတကာ ကုန်သွယ်ရေးအဖွဲ့ကို မနေ့က ပြောဆိုလိုက်ပါတယ်။
Photo: U.S Department of State
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၊ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Robert Hormats

ကုလ အထူးကိုယ်စားလှယ် ကယ်ဆယ်ရေး စခန်းတွေကို သွားရောက် ကြည့်ရှု



2012-07-31
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ မနေ့ မနက်က စစ်တွေနဲ့ မောင်တောမြို့နယ်တွေမှာ ရှိတဲ့ ကယ်ဆယ်ရေး စခန်းတွေကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။
UN Photo/Eskinder Debebe
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ယာ) က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် မစ္စတာ တောမတ်စ် အိုဂျီးယား ကင်တားနား (ဝဲ) အား တာဝန်ပေးအပ်ထားပါသည်။ (UN Photo/ Eskinder Debebe)

လယ်ယာမြေ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်ကို ကြိုဆို



2012-08-01
တောင်သူ လယ်သမားတွေ လယ်ယာမြေ သိမ်းဆည်း ခံရမှုတွေအတွက် လွှတ်တော်က စုံစမ်း ဖော်ထုတ်ပေးမယ့် ကိစ္စကို ကြိုဆိုကြောင်း၊ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ တောင်သူ လယ်သမားအရေး ဆောင်ရွက်နေသူတွေနဲ့ ဥပဒေ ပညာရှင်တွေ ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန် လိုက်ပါတယ်။
ဒီကြေညာချက် ထုတ်ပြန်ရတာနဲ့ ပတ်သက်လို့ (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့ရဲ့ တောင်သူ လယ်သမား အခွင့်အရေး ကာကွယ် မြှင့်တင်ရေးဌာန တာဝန်ခံ ကိုထွန်းမြင့်အောင်က RFA ကို အခုလို ပြောပါတယ်။

အောင်စိန် ချည်မျှင်နှင့် ဆေးဆိုးစက်ရုံ အလုပ်သမားဆန္ဒပြ



2012-08-01
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ရတနာပုံ တက္ကသိုလ် လမ်းပေါ်မှာရှိတဲ့ အောင်စိန် ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံမှာ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းမှုကြောင့် အလုပ်ထုတ်ခံရတဲ့ အလုပ်သမား (၁၀) ဦးကို ပြန်ခန့်ပေးဖို့ အမျိုးသမီး အလုပ်သမား ၁၀၀ ကျော်လောက် မနေ့ညက စက်ရုံတွင်းမှာ အလုပ်မလုပ်ဘဲ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေ၊ မန္တလေးတိုင်း ဒေသကြီး လယ်ယာ၊ သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးသန်းစိုးမြင့်တို့ ပါဝင် ဆွေးနွေး ညှိနှိုင်းကြပေမယ့် အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို အလုပ်ရှင်ဘက်က မလိုက်လျောဘူးလို့ အလုပ်သမား တစ်ဦးက RFA ကို ပြောပါတယ်။

အလုပ်သမားဆန္ဒပြမှု စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းဖို့အဆို လွှတ်တော်က ပယ်ချ



2012-08-01
ရန်ကုန်တိုင်း အလုပ်သမား ဆန္ဒပြမှုတွေအတွက် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းဖို့ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့် တင်သွင်းထားတဲ့ အဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်က ပယ်ချလိုက်ပါတယ်။
ပြည်သူ့လွှတ်တော်မှာ ဒီအဆိုကို ဆွေးနွေးကြပြီးနောက် မဲခွဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း ဦးသိန်းညွန့်က ပြောပါတယ်။