ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် တရုတ်မှ ပြုလုပ်နေသော ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း၌ အသက် (၇) နှစ် အမျိုးသမီးငယ် တစ်ဦး လွန်ခဲ့သော နှစ်ရက်က မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရသည်ဟု သိရသည်။
Showing posts with label ( နိရဉ္စရာ). Show all posts
Showing posts with label ( နိရဉ္စရာ). Show all posts
Wednesday, December 5, 2012
Monday, December 3, 2012
ဒုရဲအုပ် အယောင်ဆောင်၍ ရခိုင်အမျိုးသမီးငယ် တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်မူ ရန်ကုန်တွင် ဖြစ်ပွား
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူ ရခိုင်အမျိုးသမီးငယ် တစ်ဦးအား တရားလိုနှင့် အမည်မသိသူ တစ်ဦးမှ ဒုရဲအုပ် အယောင်ဆောင်ကာ ဖမ်းဆီးမူ ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့သော်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အယောင်ဆောင်သူများအား ယခုအချိန်ထိ အရေးယူရန် ပျက်ကွက်နေကြောင်း သိရသည်။
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ရဲကျွန်းတွင် ပင်လယ်ထဲမှ ရေကူးလာသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၂ ဦးကို ယမန်နေ့ ဖမ်းဆီးမိ
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ရဲကျွန်းတွင် ပင်လယ်ထဲမှ ရေကူးလာသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၂ ဦးကို ယမန်နေ့ ဖမ်းဆီးမိသည်ဟု သတင်း ရရှိသည်။
“ သူတို့ကို ပင်လယ်ထဲက ရေကူးလာပြီး လယ်တဲ တစ်ခုမှာ နားနေစဉ် ရွာသားတွေက ဖမ်းဆီးမိတာ ဖြစ်ပါတယ်။ သူတို့က ရခိုင်စကားလည်း မပြောတတ်ဘူး။ ကုလားစကား တတ်တဲ့ သူတစ်ယောက်က မေးကြည့်တော့ ဘင်္ဂလာနိုင်ငံ တက်ကနက်လို့ ပြောပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
ဓါးခုတ်ခံရသူ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သေကန်ကျေးရွာမှ ရွာသား အခြေအနေ စိုးရိမ်နေရေ
ဘင်္ဂလီ ရွာသား တချို့၏ ၀ိုင်းဝန်း ဓါးခုတ်ခံရသူ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သေကန်ကျေးရွာမှ ဦးမောင်သိန်းနု၏ အခြေအနေမှာ စိုးရိမ်နေရသော အခြေအနေတွင် ရှိနေကြောင်း ဆေးရုံကို ကိုယ်တိုင် သွားကြည့်ခဲ့သူ ကိုရာကျော်က ပြောသည်
ဖမ်းဆီးခံထားရသော ဘင်္ဂလာဒေ့ခ်ျနိုင်ငံသား ၁၂ ဦးကို မြန်မာက ဘင်္ဂလာဒေခ်ျ့သို့ ယမန်နေ့က တရားဝင် လွှဲပြောင်း ပေးအပ်
မောင်တောမြို့ ဒေ၀ါနဒီ ခန်းမတွင်ပြု လုပ်ခဲ့သည့် နှစ်ဘက် နယ်ခြားစောင့် တပ်ဖွဲ့၏ ဆွေးနွေးပွဲ အပြီးတွင် ထိုသူများကို ဘင်္ဂလာဘက်သို့ လွဲပြောင်းပေး လိုက်သည်ဟု ဆိုသည်။
Wednesday, November 7, 2012
ရသေ့တောင်တွင် တုတ်ဓါးလက်နက်များ သိမ်းယူ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက တုတ်ဓါး လက်နက်များကို သိမ်းယူသည်ဟု သတင်းရရှိသည်။
လက်နက်များ သိမ်းယူနေခြင်းနှင့် ပတ်သက်ပြီး ရခိုင် တိုင်းရင်းသား များ တိုးတက်ရေးပါတီ ရသေ့တောင်မြို့နယ် ပြည်နယ် လွတ်တော်ကိုယ်စားလှယ် ဦးလှမောင်သိန်းက နိရဉ္စရာသို့ ပြော သည်။
လက်နက်များ သိမ်းယူနေခြင်းနှင့် ပတ်သက်ပြီး ရခိုင် တိုင်းရင်းသား များ တိုးတက်ရေးပါတီ ရသေ့တောင်မြို့နယ် ပြည်နယ် လွတ်တော်ကိုယ်စားလှယ် ဦးလှမောင်သိန်းက နိရဉ္စရာသို့ ပြော သည်။
Monday, October 29, 2012
ရန်ကုန် ရခိုင်လူမျိုးများ ကွန်ယက် ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်း
ရန်ကုန်ရောက် ရခိုင်ခေါင်းဆောင်များ၊ ရခိုင်အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များနှင့် ရခိုင်အရေး စိတ်ဝင်စားသူများ စုပေါင်းကာ ကွန်ယက်တခုကို ဖွဲ့စည်းလိုက်သည်။
Friday, September 14, 2012
မွတ်ဆလင် ဆန့်ကျင်ရေး စာရွက်စာတန်း ဖြန့်သူ သံတွဲမှ ကျောင်းသားသုံးဦး အာမခံရ
မောင်ရမ္မာ

ရခိုင်ပြည်နယ် သံတွဲမြို့တွင် မူဆလင် ဆန့်ကျင်ရေး စာရွက်စာတမ်းဖြန့်ဝေမူ စွပ်စွဲ ချက်ဖြင့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသော ကျောင်းသား သုံးဦး အာမခံရရှိခဲ့သည်ဟု သိရသည်။
“ ‘ဒီလ ၄ ရက်နေ့က အာမခံရတယ်။ အပြင်ကို ရောက်လာတယ်။ မနက်ဖြန်မှာလည်း ထပ် ရုံးချိန်း ရှိပါတယ်” ဟု ကိုထွန်းဖေက နိရဉ္စရာသို့ ပြောသည်။
ကိုထွန်းဖေသည် အာမခံ ရထားသူ ကျောင်းသား (၃) ဦးထဲမှ ကိုညီမင်းခန့်၏ ယောက်ဖ တော်စပ်သူ ဖြစ်သည်။
Thursday, September 13, 2012
ရခိုင်တွင် ရင်းနှီး မြှုပ်နှံမူ ပြုလုပ်ရန် နိုင်ငံတကာကို ဘင်္ဂလာဒေခ်ျ့ အစိုးရ တိုက်တွန်း
ထွန်းထွန်း
မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ် တွင် ရင်းနှီးမြုပ်နှံမူ ပိုမို ပြုလုပ်ကြရန် အမေရိ ကန်နှင့် နိုင်ငံ တကာကို ဘင်္ဂလာဒေခ်ျ့ အစိုးရမှ တိုက်တွန်းလိုက်သည်။
ထိုသို့ ရင်းနှီးမြုပ်နှံခြင်းဖြင့် ရခိုင်ဒေသသည် စီးပွားရေး အရ ဖွံ့ဖြိုးတိုးတက်လာစေမည် ဖြစ်ပြီး ဘင်္ဂ လာဒေခ်ျ့သို့ ထွက်ပြေးလာနေသော မွတ်ဆလင် ဒုက္ခသည်များ အရေးကို ရပ်တန့်စေလိမ့်မည်ဟု ဆိုသည်။
ကျောက်တော်မြို့နယ် သရက်အုပ် ကျေးရွာ ကောင်စီ ဥက္ကဌဟောင်း ယမန်နေ့က သတ်ဖြတ်ခံရ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်အုပ် ကျေးရွာ ကောင်စီ ဥက္ကဌ ဟောင်း ယမန်နေ့ ညနေပိုင်းက ကျောက်တော်မှ အိမ်အပြန် သတ်ဖြတ်ခံခဲ့ရသည်ဟု သတင်း ရရှိသည်။
သတ်ဖြတ်ခံရသူ ကောင်စီ ဥက္ကဌ ဟောင်းမှာ သရက်အုပ်ကျေးရွာမှ ဦးကျော်မောင်ချေ(၆၄) နှစ်ဖြစ် သည်။
ဖြစ်ပျက်ပုံနှင့်ပတ်သတ်ပြီး ကျောက်တော်မြို့မှ လူကြီးတဦးက ယခုကဲ့သို့ နိရဉ္စရာသို့ ပြောသည်။
Wednesday, September 12, 2012
Monday, September 10, 2012
ရခိုင်ပြည် ပဋိပက္ခ ၃ လပြည့် အခမ်းအနား ကျဆုံးသူ သူရဲကောင်း ၃၄ဦးကို ဂုဏ်ပြု
ထွန်းထွန်း
စက်တလင်္ဘာလ ၈ ရက်နေ့၌ ကျရောက်သော ရခိုင် ပဋိပက္ခ (၃) လပြည့် နေ့ အခမ်းအနားတွင် ရခိုင်ပြည်နယ် အတွင်း မိမိရပ်ရွာကို ခုခံ ကာကွယ်ရင်း အသက်ပေး ကျဆုံးသွားခဲ့ကြသော ရခိုင် သူရဲကောင်း ၃၄ဦး တို့အား ဂုဏ်ပြုခဲ့ကြသည်။
အခမ်းအနားကို စစ်တွေမြို့ ဂြစ်ဖက်ကျောင်းတိုက် ခန်း မတခုတွင် ရခိုင် အန်ဂျီအို တစ်ခု ဖြစ်သော ၀ံလက်ဖောင်ဒေးရှင်း အဖွဲ့မှ ကမကထ ပြုကာ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။
Saturday, September 8, 2012
မူးယစ်ဆေးဝါး အရေး ဘင်္ဂလာနှင့် မြန်မာ ညွှန်ကြားရေးမှူး အဆင့် ဆွေးနွေးမည်
မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့ ညွှန်ကြားရေးမှူး အဆင့် အစည်းအဝေး တစ်ခုကို ဒက္ကားမြို့တွင် ယနေ့ ပြုလုပ်ကြမည် ဖြစ်သည်ဟု ဘင်္ဂလာဒေခ်ျ့ ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ဖေါ်ပြောကြားသည်။
အဆိုပါ အစည်းအဝေးတွင် မူးယစ် တိုက်ဖျက်ရေး ဆိုင်ရာ ဌာနမှ နှစ်ဘက်နိုင်ငံ ညွှန်ကြားရေးမှူး အဆင့် တာဝန်ရှိသူများ တက်ရောက်ကြမည် ဖြစ်ပြီး မူးယစ် နှိမ်နှင်းရေး ကိစ္စများကို ဆွေးနွေးကြမည်ဟု ဆိုသည်။
Friday, September 7, 2012
ရခိုင်အရေး သတင်းလိမ်လည်မူများကို ဂျပန်ရောက် မြန်မာနိုင်ငံသားများက ယူအန် ရုံးရှေ့တွင် ကန့်ကွက် ဆန္ဒပြ
ဂျပန်နိုင်ငံတွင် ရောက်ရှိနေကြသည့် မြန်မာတိုင်းရင်းသားများမှ ရခိုင်ပြည် နယ်တွင် ဖြစ်ပေါ် နေသည့် ပဋိပက္ခကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် မူဆလင်နိုင်ငံ တချို့တို့မှ သတင်းများ လွဲမှားစွာ လိမ်လည် ထုတ်ပြန်ပြီး ၀င်ရောက်စွက်ဖက်နေမူ အပေါ် ဆန့်ကျင် ကန့်ကွက်ကြောင်း ဆန္ဒပြ ဖေါ်ထုတ်ပွဲ တစ်ရပ်ကို ဂျပန်နိုင်ငံတွင် ယမန်နေ့က ပြုလုပ်ခဲ့ကြသည်။
Wednesday, September 5, 2012
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရခိုင်သွားမည်
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ်နှင့် သံအရာရှိအဖွဲ့ဟာ ဒီလ (၉)ရက်နေ့မှာ ရန်ကုန်ကနေ စစ်တွေကို သွားမယ်လို့ သတင်း ရရှိပါတယ်။
Tuesday, September 4, 2012
တနိုင်ငံလုံးရှိ ကျောင်းသား သမဂ္ဂများနှင့် လက်တွဲရန် ရခိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ယာယီ) ဖွဲ့စည်း
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ တက္ကသိုလ်ကျောင်းသားများက တနိုင်ငံလုံးရှိ ကျောင်းသား သမဂ္ဂများ နှင့် လက်တွဲ၍ ကျောင်းသား အရေး ဆောင်ရွက်နိုင်ရန် ရခိုင်ပြည် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ယာ ယီ) ကို ဖွဲ့စည်း လိုက်သည်။
Monday, September 3, 2012
သမ္မတကြီး ဦးသိန်းစိန်ရဲ့ ရခိုင် အရေး နောက်ဆုံး ဆောင်ရွက်နေမူ အပေါ် ဝေဖန်ဆောင်းပါး စိတ်ဝင်စားစရာကောင်း
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဆူပူ အကြမ်းဖက်မူ ဖြစ်စဉ် အတွင်းမှာ ဖမ်းဆီးခံထားရတဲ့ သူတွေ အပေါ် သမ္မတကြီး ဦးသိန်းစိန်မှ (ပြင်ပ ပယောဂတွေကြောင့်) ကျောသား ရင်သားခွဲခြားပြီး ဘက်လိုက် ဆောင်ရွက် နေတယ်ဆိုပြီး ဝေဖန်မူများ ထွက်ပေါ်နေတဲ့ နေရာမှာ အခု နောက်ဆုံး ထွက်လာတဲ့ ပြည်တွင်း အခြေစိုက် Coral Arakan News Agency မှ သတင်း ဆောင်းပါး တစ်ပုဒ်က စိတ်ဝင်စားစရာ ကောင်းတဲ့ အတွက် စာဖတ်ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
Sunday, September 2, 2012
ရခိုင် လယ်ယာမြေ စစ်ဆေးရေး ကော်မရှင် တာဝန်ခံ နေရာမှ တိုင်းမှူးဟောင်း ဦးမောင်ဦး ဖယ်ရှားခံရ
ရခိုင်ပြည်နယ် အသိမ်းခံထားရသော လယ်ယာမြေနှင့် တစ်ခြားမြေများ သိမ်းဆည်းခံရမူ စုံစမ်းရေး ကော်မရှင်တွင် ယခင် အနောက်ပိုင်းတိုင်း တိုင်းမှူးလည်းဖြစ်၊ ပြည်ထဲရေး ၀န်ကြီးဟောင်းလည်း ဖြစ်သူ ဦးမောင်ဦးအား တာဝန်ခံ အဖြစ် ခန့်အပ်ထားရာ ယင်းသို့ ခန့်အပ်ရာမှာ မသင့်တော်ဟု ရခိုင် လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်သဖြင့် ယခုအခါ တစ်ခြား တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးဖြင့် ၎င်းနေရာကို အစားထိုး တာဝန် ပေးအပ်လိုက်သည်ဟု သတင်း ရရှိသည်။
Saturday, September 1, 2012
မြေပုံမြို့တွင် ညဥ့်အချိန် စစ်တပ်မှ သေနတ်ပစ်ခတ်၍ ပြည်သူများ အထိတ်တလန့် ဖြစ်ပွား
ရခိုင်ပြည်နယ် မြေပုံမြို့ပေါ်တွင် သြဂတ်စ်လ ၂၉ ရက်နေ့ ညဉ့်အချိန်တွင် စစ်တပ်မှ သေနတ် ပစ်ခတ်သဖြင့် မြို့သူမြို့သားများ အကြား အထိတ်တလန့် ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။
“ ညဥ့် ၈ နာရီကျော်လောက်မှာ သေနတ်သံတွေ ဆက်တိုက် ထွက်လာတော့ လူတွေက အထူး စိုးရိမ်သွားကြပါတယ်။ ၁၀ ချက်ခန့် ဆက်တိုက် ဆက်တိုက် ပစ်ပါတယ်။ မြို့ထဲမှာ အခုလို ပစ်ခတ်တော့ တစ်မြို့လုံး လုံးဝ ငြိမ်သက် တိတ်ဆိတ် သွားခဲ့ပါတယ်” ဟု မြို့ခံ တစ်ဦးက ပြောသည်။
Subscribe to:
Posts (Atom)






