Friday, August 30, 2013

ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် အမှိုက်ပုံ မြေနေရာတွင် လက်ရှိနေအိမ်များ ဖျက်သိမ်းပြောင်းရွှေ့ ပြီးပါက ပလတ်စတစ် အရည်ကျိုစက်ရုံ တည်ဆောက်မည်ဟု သတင်းများထွက်ပေါ်


ရန်ကုန်တိုင်း ဒေသကြီး၊ ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် အမှိုက်ပုံ မြေနေရာတွင် လက်ရှိနေအိမ်များ ဖျက်သိမ်းပြောင်းရွှေ့ ပြီးပါက ပလတ်စတစ် အရည်ကျိုစက်ရုံ တည်ဆောက်မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိပြီး စည်ပင်မှ ယင်းအမှိုက်ပုံဝင်းကို ခြံစည်းရိုး ခတ်နေကြောင်း ဒေသခံများက ပြောကြားသည်။

မြို့နယ်အလိုက် လျှပ်စစ်ဖြန့်ဖြူးခွင့်ကို နာမည်ကျော် ကုမ္ပဏီကြီးအချို့ အပါအ၀င် ကုမ္ပဏီ ၂၀ ကျော်က ရယူ၊ ပဲခူးအရှေ့မြို့နယ် ၃၇ မြို့နယ် စလုံးကို အေးရှားဝေါလ် ကုမ္ပဏီက တစ်ဦးတည်း လုပ်ကိုင်ခွင့်ရရှိ


မြို့နယ်အလိုက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခွင့်ကို နာမည်ကျော် ကုမ္ပဏီကြီးအချို့ အပါအ၀င် ကုမ္ပဏီ ၂၀ ကျော်က လုပ်ကိုင်ခွင့် ရရှိထားကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး (အရှေ့)ရှိ မြို့နယ် ၃၇ ခုစလုံး၏ ပုဂ္ဂလိက အနေဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခွင့်ကို အေးရှားဝေါလ် ကုမ္ပဏီက လုပ်ကိုင်ခွင့် ရရှိကြောင်း သိရသည်။

Air Supply ဖျော်ဖြေပွဲမှ ရရှိငွေအချို့ကို စစ်ဘေးသင့်ကလေးငယ်များအားသွားရောက်လှူဒါန်း

ပုဂံအင်တာတိန့်မန်နှင့် ထူးဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် Air Supply Live In Myanmar  ဖျော်ဖြေပွဲမှ ရရှိသည့်ဝင်ကြေးများထဲမှ အချို့အား ကချင်စစ်ဘေးဒဏ်သင့် ကလေးငယ်များ၏ ပညာသင်ကြားရေးအတွက် သြဂုတ် ၂၁ရက်က သွားရောက်လှူဒါန်းခဲ့ကြောင်း ယင်းဖောင်ဒေးရှင်းမှ တာဝန်ရှိသူက မဇ္ဈိမသို့ ပြောကြားခဲ့သည်။

ယင်းဖျော်ဖြေပွဲကို မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် သြဂုတ် ၁၅ ရက်က ကျင်းပခဲ့ခြင်းဖြစ်ကာ တောင်တန်းဒေသရှိ ကလေးငယ်များ၏ပညာသင်ကြားရေးအတွက် ရည်ရွယ်ကာ ကျင်းပသည့် ဖျော်ဖြေပွဲလည်း ဖြစ်သည်။

မလေးမှ ပြန်လာသူ အလုပ်သမား တစ်ထောင်ကျော် အလုပ်ရှာပေးပြီးဖြစ်

ပဋိပက္ခများကြောင့် မလေးရှားနိုင်ငံမှ ပြန်လာသူ မြန်မာအလုပ်သမား ၁၀၀၀ ကျော်ကို အလုပ်ပြန်ရှာပေးပြီးဖြစ် သည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးသွင် က သြဂုတ် ၂၉ တွင် မဇ္ဈိမကို ပြောသည်။

မေလကုန်ပိုင်းက မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် နေရပ်ပြန်လာသူ မြန်မာအလုပ်သမား များမှ အလုပ်သမား ၁၀၀၀ ကျော်ကို သုံးလခန့်အတွင်း အလုပ်ရှာပေးထားခြင်းဖြစ်သည်။

မလေးရှားမှ ပြန်ရောက်လာသူများထဲမှ အလုပ်လျှောက်ထားသူ ၁၁၁၄ ဦးရှိရာမှ အလုပ်ရရှိသွားသူ ၁၀၁၉ ဦး အထိရှိနေပြီး စက်ရုံ၊ အလုပ်ရုံ၊ အထည်ချုပ်စက်ရုံများနှင့် ကုမ္ပဏီငယ်များ၊ ဟိုတယ်လုပ်ငန်းများတွင် အများဆုံး အလုပ်ရရှိသည်ဟု ဒေါ်မိုးမိုးသွင်က ပြောသည်။

အထက်လွှတ်တော်၊ ကြံ့ခိုင်ရေးပါတီအမတ်ကို ပြည်သူများ ဆန္ဒပြ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့မှ ပြည်သူ ၁၀၀ ကျော်သည် အထက်လွှတ်တော်အမတ် ဒေါက်တာမြဦးကို အလိုမရှိကြောင်း သြဂုတ် ၂၈ ရက် နံနက် ၈ နာရီကျော်က ဆန္ဒပြခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ထို အမျိုးသားလွှတ်တော်အမတ်သည် ပေါင်းတည်မြို့ရှိ ကုသိုလ်ဖြစ်
ဆေးခန်းမှာ နိုင်ငံရေးပါတီတစ်ခု၏ ကျောထောက်နောက်ခံဖြစ်ပြီး နိုင်ငံခြားအကူအညီများ ရယူထားကြောင်း၊ ပရဟိတအသင်းများသည် မြို့နယ်ပြည်သူ့ဆေးရုံကြီးကို ငွေအားဖြင့် ဖိခိုင်းနေကြောင်း စွပ်စွဲပြောဆိုခဲ့သည်ဟု ဆန္ဒပြသူများက ပြောဆိုခဲ့သည်။

တန်ဖိုးနည်းဖုန်း မသမာမှုကိစ္စ အုပ်ချုပ်ရေးပိုင်းကို ၀န်ကြီး သတိပေး


မွန်ပြည်နယ်အတွင်း မိုဘိုင်းလိုင်းကတ်များချထားပေးရာ ရပ်ကွက်၊ မြို့ရွာဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေးမှတာဝန်ရှိသူများ၏စီမံခန့်ခွဲမှုညံ့ဖျင်းချက်ကြောင့် အချို့မြို့ရွာများ၌ ပြည်သူအများနှင့်အောက်ခြေ၀န်ထမ်းများမရရှိခြင်းဖြစ်သည်ဟု မွန်ပြည်နယ်ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဒေါက်တာခင်မောင်သွင်က ဆိုသည်။
မွန်ပြည်နယ်တွင် ပဉ္စမအကြိမ်မြောက် မိုဘိုင်းလိုင်းကတ်များကို သြဂုတ်၂၃ရက်မှစတင်ချထားပေးကြောင်း၊ ယခုချိန်အထိအောက်ခြေပြည်သူများနှင့် အောက်ခြေ၀န်ထမ်းများ ရရှိခြင်းမရှိသည်မှာ မဖြစ်သင့်ကြောင်း၊ မိုဘိုင်းလိုင်းကတ်များကို ချထား ပေးသည့် အုပ်ချုပ်ရေး တာဝန်ရှိသူများက စီစဉ်မှုညံ့ဖျင်းသလို အလွဲသုံးစား ကိစ္စရပ်များလည်း ပါဝင်သည်ဟု ၀န်ကြီးက သတိပေး ပြောကြားလိုက်ခြင်းဖြစ်သည်။
 “ပြည်သူတွေဆီက အသံတွေထွက်နေတယ်။ စီစဉ်တာကလည်း ညံ့တယ်။ တရားဝင် ပွင့်ပွင့်လင်းလင်းလုပ်ရမှာတွေကို တရားဝင် မလုပ်ဘူး။ သူတို့မမှန်လို့ ဒီလိုအသံတွေ ထွက်လာတာပဲ။ စာရင်းတွေ မစစ်နိုင်လို့လို့ ပြောတယ်။ စာရေးဆိုတဲ့ လူတွေ ဘာ အလုပ်မှ မရှိဘူး၊ဒါတောင် မစစ်နိုင်လို့ဆိုတော့ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပဲ။”ဟု မွန်ပြည်နယ် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဒေါက်တာ ခင်မောင်သွင်က ပြောသည်။

မြို့တွင်းဆိုင်ကယ်စီးသူများ ထောင်သုံးနှစ်ချမည့်စနစ် ပြောင်းလဲကျင့်သုံးမည်


ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုင်ကယ်စီးနင်းပါက ယခင်စနစ်ကဲ့သို့ စွဲချက်တင်စစ်ဆေးခြင်းထက် ပိုမိုမြန်ဆန်သည့် ထောင်သုံးနှစ်ချသည့် စနစ်ကိုပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ကြောင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေးနှင့် ကြီးကြပ်မှုကော်မတီမှ သိရသည်။
ထိုကဲ့သို့ အရေးယူနိုင်ရန်သက်ဆိုင်ရာ မြို့နယ်များတွင် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ထားကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

မိတ္တီလာမြို့ကို ကုလ ကိုယ်စားလှယ် ရောက်ရှိ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီယားဟာ ဒီကနေ့ မြစ်ကြီးနားမြို့ကနေ ထွက်ခွာပြီး မန္တလေးတိုင်း မိတ္ထီလာမြို့ကို ရောက်ရှိနေပါတယ်။ မိတီလာမြို့မှာတော့ မတ်လက ဖြစ်ပွားခဲ့တဲံ ဘာသာရေး ပဋိပက္ခနောက်ပိုင်း ဖွင့်လှစ်ခဲ့တဲ့ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် ကယ်ဆယ်ရေး စခန်းတွေကို သွားရောက်ပြီးတော့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့တယ် လို့ အုပ်ချုပ်ရေး အရာရှိတဦးက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကျိုင်းတုံ မြို့နယ် ရေကြီးမှု ဒေသခံကြုံရ

ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် က ရွာပေါင်း ၁၂ရွာ၊ အိမ်ခြေပေါင်း ၁ဝဝ ကျော် ရေလွှမ်းမိုးမှု နဲ့ ကြုံနေရတဲ့ အတွက် နေထိုင် စားသောက်ဖို့ အခက်အခဲ တွေ နဲ့ တွေ့ကြုံ နေရပါတယ်။ လယ်ဧက ပေါင်း ၂ဝဝဝ နီးပါး ရေမြုပ်သွားတဲ့ အတွက် လုံးဝ ပျက်စီးတဲ့ လယ်ဧက ၂ဝဝ ကျော် ရှိပါတယ်။

တောင်ဥက္ကလာ ဓားနဲ့ ပါးကို ခြစ်တဲ့ အမှုပေါ်ပြီ

ရန်ကုန်တိုင်း ဒေသကြီး ၊ တောင်ဥက္ကလာပ မြို့နယ် ၊ (၁ဝ)ရပ်ကွက် ၊ အာဿက(၂၂)လမ်း နှင့် (၂၅)လမ်းအနီးတွင် သြဂုတ်လ(၂၇)ရက်နေ့ မွန်းလွဲ (၂)နာရီခွဲခန့်က ဆိုက်ကား စီးလာသူ ဒေါ်ချိုချိုဝင်း မျက်နှာကို ဓားဖြင့် လှီးခဲ့သူ တရားခံများအား ဖမ်းဆီး ရမိပြီး ဖြစ်ကြောင်း သိရပါတယ်။