၈၈မျိုးဆက် ကျောင်းသားများနှင့် ဗကသ ကျောင်းသားများ၏
ရဟန်းခံရှင်ပြုအလှူပွဲအား ဧပြီလ ၂၄ရက်နေ့တွင် ကြည့်မြင်တိုင်မြို့နယ်ရှိ
သာဓုပရိယတ္တိစာသင်တိုက်နှင့် မှော်ဘီမြို့နယ် ဘန့်ဘွေးကုန်းကျေးရွာရှိ
ရွှေည၀ါတောရ ကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။


၈၈မျိုးဆက်
ကျောင်းသားများနှင့် ဗကသ ကျောင်းသားများ၏ ရဟန်းခံရှင်ပြုအလှူပွဲအား ဧပြီလ
၂၄ရက်နေ့တွင် ကြည့်မြင်တိုင်မြို့နယ်ရှိ သာဓုပရိယတ္တိစာသင်တိုက်နှင့်
မှော်ဘီမြို့နယ် ဘန့်ဘွေးကုန်းကျေးရွာရှိ ရွှေည၀ါတောရ ကျောင်းတို့တွင်
ကျင်းပပြုလုပ်ခဲ့ ပါသည်။
အဆိုပါအခမ်းအနားသို့
ရွှေည၀ါဆရာတော် အရှင်ပညာသီဟ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်
ကိုမင်းကိုနိုင်တို့တက် ရောက်ခဲ့ကြပြီး သာဓုကျောင်းတိုက်တွင် ရဟန်းခံ ၈၈
မျိုးဆက်နှင့် ဗကသ ကျောင်းသားများ၏ သိမ်ဆင်း မင်္ဂလာအခမ်းအနားနှင့်
ရွှေည၀ါဆရာတော် အရှင်ပညာ သီဟ အား ပုနောပ သမ္ပဒ သိက္ခာ ထပ်ခြင်း
မင်္ဂလာအခမ်းအနားများကို ပြုလုပ်ခဲ့ပါသည်။
''အမျိုးသားရေးကို
အင်မတန် မြတ်နိုးတဲ့စိတ်တွေက တွန်းအားပေးနေပါတယ်။ တုန်လှုပ်မှုဆိုတဲ့
နောင်တတရားကို သုံးထပ်တိုက်ကျောင်းကနေ ၀ါးတဲကျောင်းကို ရောက်သွားတဲ့
အချိန်ထိ အဓိပ္ပာယ် မဖွင့်ဆိုရသေးပါဘူး။ နောင်တရတယ်ဆိုတာ နောင်တရစရာတွေ
လုပ်မှ နောင်တရတာပါ'' ဟု ရွှေည၀ါ ဆရာတော်က ဘန့်ဘွေးကုန်း ကျေးရွာတွင်
ပြုလုပ်သော ရေစက်ချ အနုမောတနာ တရားဟောကြားရာတွင် ထည့်သွင်းဟောကြားခဲ့ပါသည်။
အဆိုပါ
ရဟန်းခံရှင်ပြုပွဲတွင် ၈၈ မျိုးဆက်ကျောင်းသားများ နှင့် ဗကသ
ကျောင်းသားများ စုစုပေါင်း ၄၄ ဦး ရဟန်းခံခဲ့ကြပြီး ရှင်သာမဏေ ၃
ပါးပါဝင်ခဲ့ကြောင်း သိရသည်။