Tuesday, April 24, 2012

ပြည်ခိုင်ဖြိုးပါတီက NLD ပြင်လိုသည့် အချက်အား ပြင်ဆင်မပေးနိုင်ဟုဆို

ပြည်ခိုင်ဖြိုးပါတီက NLD ပြင်လိုသည့် အချက်အား ပြင်ဆင်မပေးနိုင်ဟုဆို


USDP ပါတီအနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင်ပါဝင်သော  အခြေခံဥပဒေ ဇယား(၄)ပါ ကတိသစ္စာပြုချက်(သို့) ကျမ်းသစ္စာ ဆိုချက် ပုံစံတွင်ပါရှိသည့် ရွေးချယ်ခံပြီး ကိုယ်စားလှယ်ဖြစ်ပါက ‘‘
 နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပြီး ’’ အစား ‘‘ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာမည်’’ ဆိုသော စကားရပ် ကို ပြင်ဆင်ပေးရန် အစီစဉ်မရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ ၏ဗဟိုကော်မတီဝင် ဦးအောင်သောင်း က  ရန်ကုန်မီဒီယာ ဂရုပ် သို့ပြောကြားသည်။

‘‘ဒေါ်အောင်ဆန်းစုကြည်  လွှတ်တော်သို့တက်ရောက်နိုင်ရေး အတွက် ဒေါက်တာမြတ်ဉာဏစိုး နှင့် ဒေါက်တာအေးမောင်တို့က USDP ပါတီ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် အတွက် လုပ်ဆောင်ပေးစေလိုကြောင်း ပြောကြားခဲ့ သည့် အပေါ် ရန်ကုန်မီဒီယာဂရုပ် မှ   ပြည်ခိုင်ဖြိုးပါတီ ၏ ဗဟိုကော်မတီဝင် ဦးအောင်သောင်းအား မေးမြန်းရာ  အစီစဉ်မရှိပါကြောင်းကို အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။

‘‘ ကျွန်တော်တို့ အဲဒီစကားရပ်ကို ပြင်ဆင်ဖို့၊ တင်ပြဖို့ အစီအစဉ် မရှိပါဘူး၊ ဒီစကားရပ်က နိုင်ငံတိုင်း အသုံးပြုနေတဲ့ စကားရပ်ပါ၊ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်  စောင့်ရှောက်ရမယ်ဆိုတာ၊ နိုင်ငံသားတိုင်း ရဲ့တာဝန်ပါပဲ၊ ဒီဟာက ကြီးမားတဲ့ ပြဿနာတစ်ခု မဟုတ်ပါဘူး၊ ကျွန်တော်တို့  အနေနဲ့ နိုင်ငံတော် အကျိုးရှိစေမယ့် ၊ အမျိုးသားရေး အကျိုးရှိစေမယ့် ၊ ပြည်သူအကျိုးရှိစေမယ့် ၊ လွှတ်တော် အကျိုးရှိ စေမယ့်  ဘယ်အကြောင်း အရာကို မဆိုထောက်ခံတင်ပြသွားဖို့ အဆင်သင့်ပါပဲ’’ ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်  ကိုယ်စားလှယ် ဦးအောင်သောင်းက ပြောကြားသည်။

Yangon Media Group

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။