Tuesday, April 24, 2012

ရွှေစက်တော်ပွဲတော် ပိတ်ပွဲ ကျင်းပပြီးသည်အထိ ဘုရားဖူးအချို့ လာရောက်ခဲ့ကြ

ရွှေစက်တော်ပွဲတော် ပိတ်ပွဲ ကျင်းပပြီးသည်အထိ ဘုရားဖူးအချို့ လာရောက်ခဲ့ကြ
72913
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့မှ ရက်ပေါင်း ၈၀ ကျော် ကျင်းပခဲ့သော မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ပိတ်ပွဲ ကျင်းပပြီးသည်အထိ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး အချို့လာရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ရွှေစက်တော်ဘုရားပွဲတော်မှာ မကွေးတိုင်းဒေသကြီးအတွင်း ရက် အရှည်ကြာဆုံးကျင်းပလေ့ရှိသည့် ပွဲတော်တစ်ခုဖြစ်ပြီး ယခုနှစ်တွင် တဲ ကျောင်းအရေအတွက် ယခင်နှစ်များထက် ပိုမိုများပြားခဲ့ကြောင်း သိရ သည်။ ထို့ပြင် တဲကျောင်းတည်းခိုခ များ၊ ပွဲတော်တွင်းသို့ ဆိုင်ကယ်၊ ကားဝင်ရောက်ခနှင့် ဆိုင်ခန်းခကုန် ကျငွေများလည်းယခင်နှစ်များထက် ပိုမိုဈေးများခဲ့ကြောင်း သိရသည်။
“တဲကျောင်းခတွေက ဘုရားဖူး ကျရင်ကျသလို ပိုတောင်းတာတော့ ထုံးစံလိုဖြစ်နေပါပြီ။ ဘုရားဖူးတွေ က တပေါင်းလပြည့်နေ့ဝန်းကျင်၊ တက္ကသိုလ် ၀င်တန်းစာမေးပွဲတွေ ဖြေဆိုပြီးချိန်နဲ့ သင်္ကြန်အကြိုနေ့ဝန်း ကျင်တွေမှာ အများဆုံးလာရောက် လေ့ရှိပါတယ်။ အခုနှစ်အောက် စက်တော်ရာ ဂေါပကအဖွဲ့ရုံးကနေ အထက်ကိုးခန်းကြီးအထိ တက်တဲ့ လိုင်းကားခက လူတစ်ဦးကိုကျပ် ၃၀၀ ကနေ ပွဲတော်ပြီးခါနီးရက်တွေ မှာ တစ်ဦးကို ကျပ် ၅၀၀ အထိဈေး တက်ခဲ့တဲ့အပြင် တစ်စီးကို လူ ၂၅ ဦး ထိပိုတင်ခဲ့တာတွေရှိပါတယ်” ဟု ဈေးသည်တစ်ဦးကပြောပါသည်။
ရွှေစက်တော်ပွဲသို့ လာရောက်ကြသော ဘုရားဖူးများမှာ မကွေး မြသလွန်စေတီတော်၊ မင်းဘူး စက္ကိန္တဲစေတီတော်၊ နဂါးပွတ်တောင် နှင့် ကျောင်းတော်ရာ စေတီတော်တို့ ကိုပါ သွားရောက်ဖူးမြော်လေ့ ရှိကြောင်း၊ ယခုနှစ်တွင် ရန်ကုန်မှ ဘုရားဖူးယာဉ်လိုင်းများဖြင့် လာရောက်သူ ပိုမိုများပြားခဲ့ကြောင်း၊ နှစ်ဆန်းတစ်ရက်နေ့ ပွဲတော်ပိတ်ပွဲ ကျင်းပပြီးချိန်မှ လာရောက်သော ဘုရားဖူးများမှာ အောက်ခြေတော်ရာ ပိတ်ပြီးချိန်ဖြစ်သောကြောင့် အထက်စက်တော်ရာ စေတီတော်နှင့် ခြေတော်ရာကိုသာ ဖူးမြော်ခဲ့ရကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။