Tuesday, April 24, 2012

အရန်ဆန် နွေစပါးများ ၀ယ်ယူမှုရပ်နားထားရာမှ ပြန်လည်စတင်

အရန်ဆန် နွေစပါးများ ၀ယ်ယူမှုရပ်နားထားရာမှ ပြန်လည်စတင်



နိုင်ငံတော် အရန်ဆန် နွေစပါးများ ၀ယ်ယူမှုကို သင်္ကြန်တွင်း ခေတ္တရပ်နားရာမှဧပြီလ (၁၈) ရက်နေ့တွင် ၀ယ်ယူမှုပြန်လည်စတင်နေပြီဖြစ်ကြောင်း သိရသည်။ပြီးခဲ့သည့် မတ်လ (၁၅) ရက်နေ့မှ စ
 တင်ဝယ်ယူခဲ့သော နွေစပါးများကိုနိုင်ငံတော်အရန်ဆန်အဖြစ် တင်းပေါင်း (၄၉) သိန်းအထိ ၀ယ်ယူသွားမည်ဖြစ်သည်။

ဝယ်ယူမှုအား နိုင်ငံတော်အစိုးရ သမ၀ါယမ၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းက ပူးပေါင်းဝယ်ယူနေခြင်းဖြစ်သည်။နိုင်ငံတော် အရန်ဆန် အတွက် ပြီးခဲ့သည့်  ဧပြီလပထမပတ်အထိ ငွေကျပ်(၇.၀၄)ဘီလီယံခန့်သုံးစွဲကာ စပါးတင်းပေါင်း (၂၂) သိန်းဖိုးဝယ်ယူခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်အသင်းကတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။


အဆိုပါ နိုင်ငံတော်အရန်ဆန်နွေစပါးဝယ်ယူမှုကိုနိုင်ငံတော်အရန်ဆန်ဝယ်ယူရေးဘဏ္ဍာငွေမှ ငွေကျပ် (၁၅.၆၈) ဘီလီယံထိ သုံးစွဲဝယ်ယူသွားမည်ဖြစ်ကြောင်းကိုလည်း နိုင်ငံတော်အရန်ဆန် ၀ယ်ယူရေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရှိရသည်။

“၀ယ်ယူရာမှာတော့ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီး အစရှိတဲ့ နေရာများမှာ စက်ပိုင်တွေကနေ တဆင့်တောင်သူလယ်သမားများဆီက ၀ယ်ယူတာဖြစ်တယ်”  ဟုမြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။ 

 ဥာဏ်ဥာဏ်(မြစ်မခ)
by Myit Makha Mediagroup 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။