သုံးခွမြို့နယ်က သောက်သုံးရေ အခက်အခဲဖြစ်နေသူများက ရေကန်များတည်ဆောက်ပေးရန် မျှော်လင့်နေ
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်က ကျေးရွာများတွင် မိုးခေါင်မှုကြောင့် ရေရှားပါးလျက်ရှိပြီး ရေလုံ
လောက်စွာရရှိနိုင်ရန်အတွက် ရေကန်များတည်ဆောက်ပေးရန် မျှော်လင့်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။
“အစိုးရကို ဘာတောင်းဆိုချင်လဲဆိုရင် ရေကန်တည်ဆောက်ပေးဖို့ပဲ တောင်းဆိုချင်ပါတယ်။ ရေကန်ကို စနစ်တကျ ဆောက်မယ်ဆိုရင် ရေခမ်းတာဖြစ်တော့မှာ မဟုတ်ပါဘူး။ ရေလှူတဲ့သူတွေကလည်း သောက် ရေလောက်ပဲ လှူနိုင်မှာ သုံးဖို့ကျတော့ အဆင်မပြေပါဘူး။”ဟု သာသာမြိုင်ကျေးရွာမှ ဒေါ်ခင် အေးနိုင်က ပြောသည်။
အဆိုပါ သုံးခွမြို့နယ်တွင် ရွာကြီး (၆၄)ရွာရှိပြီး ရွာငယ်များနှင့် တွက်ကြည့်လျှင် ရွာပေါင်း ၁၀၀ ကျော်ခန့်ရှိကာ ယခုနှစ်တွင် ရွာပေါင်း(၄၀)ကျော်မှာ ရေခမ်းခြောက်လျက်ရှိကြောင်း သိရှိရသည်။
“ဒီရွာတွေမှာ ရေခမ်းတာဆိုရင် နှစ်နှစ်ဆယ်ကျော်သွားပြီ။ ခုလိုမဖြစ်ဖို့ ရေကန်တွေ တည်ဆောက်နိုင်ဖို့ လိုပါတယ်။ ရေကန်တူးမယ်ဆိုရင် လေးဧကရှိရေကန်တစ်ကန်ဆို ပိုက်ဆံတစ်ဆယ့်ကိုးသိန်းလောက်ကု
အဆိုပါ ရေကန်များစနစ်တကျတည်ဆောက်နိုင်
အဆိုပါကျေးရွာများတွင် လာရောက်လှူဒါန်းသော အလှူရှင်များလှူဒါန်းသည့် စက်ရေတွင်းများမှာ ရေငန်များ ထွက်ရှိသည့်အတွက် ရေကန်တူးဖော်ရာတွင်တတ်သိပညာရှင်များနှင့် တူးဖော်ရန်လိုအပ်ကြောင်း သိရှိရသည်။
သုံးခွမြို့နယ်ရှိ ကျေးရွာများတွင် မိုးခေါင်မှုသည် သုံးနှစ်လျှင် တစ်ကြိမ်ခန့်ဖြစ်ပေါ်လျှက်ရှိပြီ
ရကြောင်းနှင့် အဆိုပါယာဉ် မရှိသောသူများသည် လူကိုယ်တိုင်လာရောက်ခပ်ယူရကြော
“ကျွန်တော်မှာက စက်ဘီးဆိုင်ကယ်တွေ မရှိတဲ့အတွက် ကုန်းကြောင်းနဲ့ပဲ ရေလာခပ်ရတယ်။ အလုပ်တွေပစ်ပြီး ရေလာခပ်ရတာပါ။ မနက်ပိုင်း အလုပ်တွေ ပျက်တာပေါ့။ ညနေဆိုရင် ပင်လယ်ထဲကို ပြန်ဆင်းရမှာပါ”ဟု ရေလာခပ်သော တံငါ လုပ်ငန်းလုပ်ကိုင်သူ ဒေသခံတစ်ဦးမှ ပြောသည်။

ထွန်းနေအောင်(မြစ်မခ)
by Myit Makha Mediagroup on 24 Apr, 2012
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။