Tuesday, April 24, 2012

၂၀၁၂ ခုနှစ် လေးလတာ ကာလအတွင်း ဗီဒီယိုဈေးကွက်ဆက်တိုက် ကျဆင်းနေမှုကြောင့် ဇာတ်ပို့ဇာတ်ရံနှင့် အခြေခံလုပ်သားများ၏ လုပ်ငန်းများနည်းပါးကာ ကျပ်တည်းမှုများ တွေ့ကြုံ

၂၀၁၂ ခုနှစ် လေးလတာ ကာလအတွင်း ဗီဒီယိုဈေးကွက်ဆက်တိုက် ကျဆင်းနေမှုကြောင့် ဇာတ်ပို့ဇာတ်ရံနှင့် အခြေခံလုပ်သားများ၏ လုပ်ငန်းများနည်းပါးကာ ကျပ်တည်းမှုများ တွေ့ကြုံ
e7293
ရုပ်ရှင်လောကသား အများစု စုံစည်းရာဖြစ်သည့် ၃၅လမ်း တစ်နေရာ
၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ ဧပြီလအထိ လေးလတာကာ လအတွင်း ဗီဒီယိုဈေးကွက် ဆက်တိုက် ကျဆင်းနေမှုကြောင့် ဇာတ်ပို့ဇာတ်ရံနှင့် စက်မှု အခြေခံလုပ်သားများ၏ လုပ်ငန်းလည်ပတ်မှုနည်းပါးကာ
အခြေခံစားဝတ်နေရေး ကျပ်တည်းမှု အခြေအနေများနှင့် ကြုံတွေ့ရလျက်ရှိသည်ဟု သတင်းရရှိသည်။ ယင်းသို့ ကျပ်တည်းမှုများ ဖြစ်ပေါ်ခြင်းကြောင့် သရုပ်ဆောင် မင်းသားမင်းသမီးအချို့၊ ထုတ်လုပ် သူအချို့နှင့်ရုပ်ရှင်ရုံလုပ်ငန်းရှင်များ ကတတ်အားသရွေ့ကူညီထောက်ပံ့မှု များပြုလုပ်လျက်ရှိသည့် အပြင် ရုပ်ရှင် အစည်းအရုံးအနေဖြင့်လည်း ပုံမှန် ထောက်ပံ့မှုများ ပြုလုပ်နိုင်ရန် စီစဉ် လျက်ရှိသည်ဟု သိရှိရသည်။
“ကျွန်တော်တို့လို လူကြမ်းတွေဆိုတာက ပုံမှန်ရိုက်ကူးခွင့်ရဖို့ ဆိုတာ မသေချာပါဘူး။ မနက်မိုးလင်း အစောကြီးကတည်းက ၃၅ လမ်းထဲမှာ သွားထိုင်၊ ခေါ်တဲ့သူရှိရင် ရှုတင်ကားနဲ့လိုက်သွား၊ ညနေ စောင်း နေ့တွက်ခလေးယူပြီး ပြန်ရတာမျိုးပဲ ရှိပါတယ်။ များသောအားဖြင့် မွန်းတည့်အထိခေါ်တဲ့သူ မရှိသေးလို့ လက်ဖက်ရည်တစ်ခွက်နဲ့ ထိုင်စောင့်ရတာမျိုးပဲ များပါတယ်။ ဒီနှစ်ဆန်းပိုင်းကစပြီး ကျွန်တော်တို့ လိုလူကြမ်းတွေ၊ ဇာတ်ပို့ဇာတ်ရံတွေ၊ အခြေခံလုပ်သားတွေ အားလုံး ကျပ်တည်းကုန်ကြတာ တွေ့ရတယ်။ ဈေးကွက် အရမ်းကျနေတဲ့အချိန်မှာ ထုတ်လုပ်ရေးတွေကလည်း တတ်နိုင်သမျှ ကုန်ကျစရိတ်ကိုလျှော့ပြီး ထုတ်ကြတယ်” ဟု ကိုလူချောတို့အဖွဲ့မှ လူကြမ်းသရုပ်ဆောင်တစ်ဦးက ရှင်းပြခဲ့သည်။
လက်ရှိ ဗီဒီယိုဇာတ်ကား တစ်ကားရိုက်ကူးရာတွင် ပရိသတ်ရရှိထားပြီး ဖြစ်သည့် မင်းသား၊ မင်းသမီး နှင့်ရိုက်ကူးပါက ကျပ်သိန်း ၁၅၀နှင့် ၂၀၀ ကြား ကုန်ကျမှုရှိကြောင်း သိရသည်။ အဆိုပါ ကုန်ကျငွေအနက် မှ သုံးပုံနှစ်ပုံမှာ အဓိကမင်းသား၊ မင်းသမီး အနုပညာကြေးအတွက် ကုန်ကျမှုရှိကြောင်း သိရသည်။
“လက်ရှိ ပရိသတ်အ ကြိုက်မင်းသား၊ မင်းသမီးတွေ ဖြစ်တဲ့ ပြေတီဦး၊ နေတိုး၊ သက်မွန်မြင့်၊ ၀တ်မှုံရွှေရည် စတဲ့ အနုပညာရှင်တွေနဲ့ ရိုက်မယ်ဆိုရင်ကုန်ကျစရိတ် ၂၀၀ ၀န်းကျင်ကုန်ကျမှုရှိပါ တယ်။ အဲဒီ ၂၀၀ ကို သုံးပုံပုံရင် နှစ်ပုံက အဓိကဇာတ်ဆောင်ကြေးပါ။ ကျန်တဲ့ တစ်ပုံထဲမှာ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ ဇာတ်ကား လိုအပ်ချက်အရ မဖြစ်မနေခေါ်ယူ ထည့်သွင်းရတဲ့ ဇာတ်ပို့၊ ဇာတ်ရံနဲ့ အခြေခံ လုပ်သားတွေအတွက် ကုန်ကျစရိတ်နဲ့ နေ့စဉ်ရှုတင် ကုန်ကျစရိတ်တွေ ပါပါတယ်။  ဈေးကွက် ကျဆင်းနေတာကြောင့် ထုတ်လုပ်သူတွေက ကုန်ကျစရိတ် ကို လျှော့ချနေတဲ့အတွက် ဇာတ်ကား တစ်ကားမှာ သရုပ်ဆောင်အနည်းငယ်နဲ့ ရိုက်ကူးမှုများတယ်။ ဒါကြောင့် ဇာတ်ပို့၊ ဇာတ်ရံနဲ့ အခြေခံလုပ်သားတွေက အခက်အခဲနဲ့ ရင်ဆိုင်ရတယ်” ဟု ဒါရိုက်တာတစ်ဦးက ပြောကြားခဲ့ပါသည်။
ယင်းသို့အခက်အခဲများ ရင်ဆိုင်နေရခြင်းအတွက် သရုပ်ဆောင်အချို့၊ ထုတ်လုပ်သူအချို့နှင့် ရုပ်ရှင်လောကသားများက ဆန်အိတ်နှင့်ငွေသားများ အပါအ၀င် တတ်စွမ်းသရွေ့ လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးအနေဖြင့်လည်း တတ်စွမ်းသရွေ့ ကူညီထောက်ပံ့ပေးနိုင်ရန် ပြင်ဆင်လျက် ရှိသည်ဟုသိရသည်။ ပြန်လည် တီးခတ်ထားသည့် ‘ဝေဇယန္တာ’ သီချင်းများ ပါဝင်မည် ဖြစ်သည်။
‘ဟိန်းတင့်မြန်မာ့ဆိုင်း’ အဖွဲ့သည် ဂျာမနီနိုင်ငံနှင့် ဟော်လန်နိုင်ငံ တို့သို့ ၂၀၁၂ ခုနှစ် မေလ ၂၆ ရက် နေ့နှင့် ၂၇ ရက်နေ့များတွင် သွားရောက် ဖျော်ဖြေရမည် ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။