Sunday, August 18, 2013

သီပေါမြို့နယ် ဆောင်ကြဲကျေးရွာနေ အမျိုးသမီး လေးဦးအား တရုတ်အမျိုးသားများနှင့် လက်ထပ်ရန် ခေါ်ဆောင်သွားသော ဇနီးမောင်နှံနှစ်ဦးအား ဖော်ထုတ်ဖမ်းဆီး

သီပေါမြို့နယ် ဆောင်ကြဲကျေးရွာနေ အမျိုးသမီး လေးဦးအား တရုတ်အမျိုးသားများနှင့် လက်ထပ်ရန် ခေါ်ဆောင်သွားသော ဇနီးမောင်နှံနှစ်ဦးကို ဖော်ထုတ်ဖမ်းဆီး အရေးယူထားကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တစ်နေ့လျှင် တရုတ်ယွမ်ငွေ ၅၀ ခန့် ရရှိမည်၊ လမ်းစရိတ် စားစရိတ် ၂၀၀၀၀ ကုန်ကျမည်၊ အလုပ်ရပြီး လစာထဲမှ ဖြတ်တောက်ယူသွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် တရုတ်အမျိုးသားနှင့် လက်ထပ်လိုပါကလည်း မိဘနေရာမှ စီမံဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ တရုတ်အမျိုးသားနှင့် အိမ်ထောင်ကျပြီး ချမ်းသာနေသူ နှစ်ဦး၊ သုံးဦးရှိကြောင်း လိမ်လည်ပြောဆို စည်းရုံး . . . . .

ဖြစ်စဉ်မှာ သီပေါမြို့နယ်၊ ဆောင်ကြဲကျေးရွာတွင် အမျိုးသမီးငယ်များအား အမည်မသိ လင်မယားနှစ်ဦးမှ လာရောက်စုဆောင်းနေကြောင်း သိရ၍ ခလရ (၁၄၇) ဆောင်ကြဲတပ်စခန်းမှ အရာရှိများ၊ လားရှိုးလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုများ၊ ဆင်ကျော့ပြည်သူ့စစ်ဌာန လက်အောက်ခံ မိုင်းခေးပြည်သူ့စစ်ဌာနမှ အရာရှိများနှင့် ဆက်သေကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့တွင် စုဆောင်းခံရသူ အမျိုးသမီးငယ် လေးဦးကို တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်၊ မိုင်းခေးကျေးရွာနေသူ စိုင်းမြင့်နှင့် ဇနီးဖြစ်သူ နန်းမြလေးတို့သည် သီပေါမြို့နယ်၊ ဆောင်ကြဲကျေးရွာသို့ ရောက်ရှိလာပြီး တရုတ်နိုင်ငံရှိ ရေသန့်စက်ရုံတွင် အလုပ်ရမည်၊ တစ်နေ့လျှင် တရုတ်ယွမ်ငွေ ၅၀ ခန့် ရရှိမည်၊ လမ်းစရိတ် စားစရိတ် ၂၀၀၀၀ ကုန်ကျမည်၊ အလုပ်ရပြီး လစာထဲမှ ဖြတ်တောက်ယူသွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် တရုတ်အမျိုးသားနှင့် လက်ထပ်လိုပါကလည်း မိဘနေရာမှ စီမံဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ တရုတ်အမျိုးသားနှင့် အိမ်ထောင်ကျပြီး ချမ်းသာနေသူ နှစ်ဦး၊ သုံးဦးရှိကြောင်း လိမ်လည်ပြောဆို စည်းရုံးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် တရုတ်အမျိုးသားများနှင့် လက်ထပ်ရန် သီပေါမြို့နယ်၊ ဆောင်ကြဲကျေးရွာနေ မသိနားမလည်သူ အမျိုးသမီး လေးဦးတို့ကို ပြောဆိုစည်းရုံးကာ တရုတ်နိုင်ငံသို့ ခေါ်ဆောင်၍ တရုတ်အမျိုးသားများနှင့် အဓမ္ဓ လက်ထပ်စေခြင်းဖြင့် အကျိုးအမြတ်ရယူရန် စည်းရုံးခေါ်ဆောင်ခဲ့သော စိုင်းမြင့်နှင့် ဇနီးဖြစ်သူ နန်းမြလေးတို့အား လားရှိုးမြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှ ၂၀၁၃ ခုနှစ် သြဂုတ် ၁၃ ရက်တွင် တရားလိုပြုလုပ် တိုင်တန်းသဖြင့် သီပေါမြို့မ ရဲစခန်းမှ (ပ)၉၅/၂၀၁၃ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

16. 8. 2013 မှ 22 . 8. 2013 ရက်အထိ ဟောစာတမ်း

တနင်္ဂနွေ

ခရီးယာယီသွားဖြစ်မည်။ ရုတ်တရက်သွားရသောခရီးများ သွားဖြစ်မည်။ ရုတ်တရက်ထိခိုက်မှုတွေကြုံမည်။ ရင်းနှီးခင်မင်သူနှင့် (သို့မဟုတ်) အိမ်ထောင်ဖက်နှင့်ရန်ကြုံမည်။ ခိုက်ရန်ဒေါသဖြစ်မည်။ လုပ်ငန်းသစ်တစ်ခုအတွက် ခရီးသစ်တွေရောက်မည်။ မမျှော်လင့်သောနေရာမှ ငွေရမည်။ ခြေ၊လက် အဖျားပိုင်းများခိုက်မိမည်။ စက်၊ကား၊ယာဉ် တစ်မျိုးမျိုးဝင်မည်။ ပစ္စည်း(သို့မဟုတ်)ငွေကြေးပျောက်ကိန်းရှိသည်။ စကားပြောဆင်ခြင်ပါ။

အကျိုးပေးဂဏန်း - ၁၊၅၊၇

အထူးဟော - အတိုက်အခံများမည်။

ယတြာ - တနင်္ဂနွေနံနက်တွင် အိမ္ဘုရားကို အခ်ဳိရည္အေအးလွဴပါ။

 

တနလာၤ

ဆန္ဒတြွေပည့်မည်။ အဆင်ပြေမှုတွေဖြစ်မည်။ အတိုက်အခံတွေပြေမည်။ မုန်းနေသူကို ပြန်ချစ်မည်။ ခရီးယာယီခရီးဝေးတွေသွားရမည်။ သွားသောခရီးစဉ်တွေအဆင်ပြေမည်။ ထီထိုးပါ။ ထီပေါက်ကိန်းရှိသည်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများအောင်မြင်မည်။ ရာထူးဌာန ၀န်ထမ်းများအပြောင်းအရွေ့ဖြစ်မည်။ စက်၊ကား၊ယာဉ်၊မြေ တို့ဝင်မည်။ လုပ်ငန်းများတိုးချဲ့လုပ်ကိုင်ရမည်။ သားချင်းဆွေမျိုးများအတွက်အလုပ်များမည်။

အကျိုးပေးဂဏန်း - ၂၊၄၊၈

အထူးဟော - အဆင်ပြေအောင်မြင်မည်။

ယတြာ - တနလာင်္နံနက်တွင် အိမ်ဘုရားကို ကံကော် ၁၅ညွန့်ကပ်လှူပါ။

အဂါၤ

ရည်ရွယ်သောအလုပ် ရည်ရွယ်သောနေရာကို အောင်မြင်ရန်စီစဉ်သော်လည်း မရည်ရွယ်သောအရာတွေကိုပင် လုပ်ကိုင်ရတက်သည်။ ခရီးများနေမည်။ ချစ်သူဦးရေတိုးနေမည်။ အိမ်ထောင်ရေးအဆင်ပြေမည်။ အိမ်ထောင်ဖက်အပြင် ချစ်သူထပ်တွေ့နေမည်။ ငယ်ရွယ်သူတွေနှင့် ချစ်ကြိုက်ဖြစ်မည်။ အိမ်၊မြေ၊စက်၊ကားတို့ဝင်ခြင်း၊ထွက်ခြင်းတို့ဖြစ်မည်။ ရစရာငွေတို့အတိုက်အခံလုပ်ပြီးမှရမည်။ ကား၊ဆိုင်ကယ် ဂရုစိုက်စီးပါ။ ရုတ်တရက်ခိုက်မိတက်သည်။ မိဘ၊ဦးကြီး၊အဒေါ်မှ ၁ယောက် ကျန်းမာရေးချူချာမည်။ မစိုးရိမ်ရပါ။ ကတိတစ်ခုလွယ်လွယ်မပေးသင့်ပါ။

အကျိုးပေးဂဏန်း - ၁၊၅၊၃

အထူးဟော - အားလုံးအဆင်ပြေမည်။ အရှက်တကွဲအကျိုးနဲလုံးဝမရှိပါ။

ယတြာ - အိမ်ဘုရားကို အဂါင်္နံနက်တွင်အုန်းဆွမ်းကပ်ပါ။

ဗုဒ္ဓဟူး

လွတ်လပ်မှုလိုလားသူဖြစ်၏။ တခါတရံတယူသန်စိတ်ရှိ၏။ စွန့်စားမှုဝါသနာပါသူလည်းဖြစ်၏။ မတိုင်ပင်ဘဲကိုယ်သဘောနှင့်ကိုယ်လုပ်ချင်တက်၏။ ရည်ရွယ်ချက်များနေမည်။ ချစ်သူတစ်ဦးထံမှ လက်ဆောင်ရမည်။ အခြားခင်မင်သူနှင့်ချစ်သူအဆင့်ထိချစ်ရေးဆိုလာမည်။ မမျှော်လင့်ဘဲ ခရီးထွက်ဖြစ်မည်။ ခြေ၊လက်တို့ထိခိုက်ရှနာဖြစ်မည်။ စပ်တူရှယ်ယာ လုပ်သင့်ပါ။ ရည်ရွယ်ချက်များနေမည်။ တခုပြီးမှတခုလုပ်ပါ။ အောင်မြင်မည်။

အကျိုးပေးဂဏန်း - ၄၊၉၊၆

အထူးဟော - အောင်မြင်မည်။

ယတြာ - ဗုဒ္ဓဟူးနံနက်တွင် အိမ်ဘုရားကို ရေအေး ရေသက်စေ့သပ္ပါယ်ပါ။

ကြာသပတေး

ရည်ရွယ်ချက်များနေမည်။ တစ်ခုပြီးမှ တစ်ခုလုပ်ပါ။ အောင်မြင်မည်။ သင်၏ဆောင်ရွက်မှုများ အောင်မြင်မှုတွေရနေမည်။ စာမေးပွဲဖြေဆိုသူများ၊အင်တာဗျူးဖြေဆိုသူများ မုချအောင်မြင်မည်။ မရောက်ဖူးသောခရီးများရောက်မည်။ ကျန်းမာရေးမှာအစာအိမ်နှင့်အူလမ်းကြောင်းများဂရုစိုက်ပါ။ အစာမကြေ ၊၀မ်းနာဖြစ်ကိန်းရှိသည်။ ရေချိုးဆင်ခြင်ပါ။ ရေလမ်းခရီးများဂရုစိုက်ပါ။ သို့သောအန္တရာယ်လုံးဝမရှိပါ။ ငွေအစုလိုက်ဝင်မည်။ ငွေအစုလိုက်အလိမ်ခံရကိန်းလည်းရှိသည်။ ထီထိုးပါ။ ထီပေါက်ကိန်းအထူးမြင်သည်။ ၉ထိပ် ၉ပိတ်ထိုးပါ။ ဘုမ္မိအရပ်ဖြစ်သော အရှေ့မြောက်ရပ်

အကျိုးပေးဂဏန်း - ၅၊၉၊၎

အထူးဟော ဆန္ဒမစောနှင့် ဒေါသမကြီးနှင့်    

ယတြာ - ကြာသပတေးနံနက်တွင် အိမ်ဘုရားကို မုန့် ၅မျိုးလှူပါ။            

သောကြာ

သင့်ကံဇာတာမြင့်လာပြီဟုမှတ်ပါ။ ဟိုတလောက အဆင်မပြေသလိုမဖြစ်ပေမယ့် ယခုအပတ်မှာတော့ အဆင်ပြေပြီဟု မှတ်ပါ။ ထစ်ငေါ့နှောင့်နှေးမှု့တွေလည်းအဆင်ပြေချောမောသွားမည်။ မလိုဘူးအတိုက်အခံတွေလည်းအဆင်ပြေအောင်မြင်သွားမည်။တဖန်ပြန်၍ကြိုးစားဖြေဆိုကြသော သူများ ဒီတစ်ခါလုံးဝအောင်မြင်ပြီဖြစ်မည်။ အချစ်ရေး၊အိမ်ထောင်ရေးရှုပ်မည်။ရှင်းရတက်သည်။ ချစ်သူရှိနေသူလည်းထပ်၍ ချစ်သူအသစ်တွေ့မည်။ အိမ်ထောင်ရှိသူလည်း နောက်အိမ်ထောင်ကျမည်။ ၀ါတွင်းမှာပင်.ယူဖြစ်ခြင်းများဖြစ်ကိန်းရှိ၍ အထူးဂရုစိုက်ပါ။

အကျိုးပေးဂဏန်း - ၅၊၆၊၉

အထူးဟော အဆင်ပြေမည်။      

ယတြာ - သောကြာနံနက်တွင် အိမ်ဘုရားကို ရေအေးရေသက်စေ့ ရေသပ္ပါယ်ပါ။            

စနေ

စိတ်မအေး လူမအေး အလုပ်များနေမည်။ အလုပ်နှင့်ပညာရေးကတဖက် မိဘသားချင်းရေးကတဖက် အချစ်ရေး၊အိမ်ထောင်ရေးကတဖက်တွေကြောင့် စိတ်ဗျာများမှုတွေဖြစ်နေမည်။ ခရီးဝေးယာယီများသွားဖြစ်မည်။ ကိုယ်ပိုင်လုပ်ငန်းအောင်မြင်မည်။ အင်တာဗျူးဖြေပါက အောင်မြင်မည်။ ကျန်းမာရေးအနည်းငယ်ဂရုစိုက်ပါ။ဖျားခြင်း၊ကိုက်ခဲခြင်း၊အအေးပတ်ရောဂါ အစာအိမ် တို့ရနိုင်ပါသည်။ ၀င်ငွေ၊ထွက်ငွေကြမ်းမည်။ စက်၊ရွှေ၊မြေတို့်ငန်းဝင်မည်။ ထွက်မည်။ လုပ်ငန်းတိုးချဲ့မှုများ အောင်မြင်မည်။

အကျိုးပေးဂဏန်း - ၇၊၉၊၂

အထူးဟော - အဆင်ပြေမည်။

ယတြာ - တောင်အရပ်လမ်းကို သန့်ရှင်းရေးလုပ်ပါ။

ဟုန်ရှင်း ငါးအအေးခန်းစက်ရုံ အလုပ်သမားတွေ ဆန္ဒပြ

ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်မှာရှိတဲ့ ဟုန်ရှင်း ငါးအအေးခန်းစက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားခေါင်းဆောင် ၂ ဦးကို အလုပ်ပြန်ခန့်ဖို့အတွက် အလုပ်သမား ၁ဝဝ ကျော် ဒီကနေ့ ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။

အလုပ်သမားခေါင်းဆောင်နှစ်ဦးကို ပြန်ခန့်ဖို့ ဆန္ဒပြတောင်းဆိုနေတာ ဒီနေ့နဲ့ပါဆိုရင် တပတ်ကျော်သွားပြီလို့ ဆန္ဒပြအလုပ်သမတစ်ဦးဖြစ်တဲ့ မသဲစုလှိုင်က RFA ကို အခုလို ပြောပါတယ်။

"နှာခေါင်းစည်းလေးဖြုတ်ပြီး အသက်ရှူမိတာက ပြဿနာစခဲ့တာပါ၊ ကလေးတွေကိုခေါ်ပြီးတော့ လက်မှတ်ထိုးခိုင်းတယ်၊ ခေါင်းဆောင်တွေက သွားပြီးညှိပေးတယ်ပေါ့နော်၊ သူတို့က အဲဒါကိုလက်မခံဘဲနဲ့ ကျမတို့ခေါင်းဆောင်တွေကို မောင်းထုတ်ခဲ့ပါတယ်၊ အလုပ်လည်းထုတ်ခဲ့ပါတယ်၊ အဲဒါကနေစပြီးတော့ ဆန္ဒပြခဲ့တာပါ"

အလုပ်သမားတွေအနေနဲ့ အလုပ်ထုတ်ခံရတဲ့ ခေါင်းဆောင်တွေကို အလုပ်ပြန်ခန့်ဖို့၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်တွေကို ဥပဒေအရ ခံစားခွင့်ပေးဖို့၊ အစိုးရကသက်မှတ်ထားတဲ့ အလုပ်ချိန်အတိုင်း သက်မှတ်ပေးဖို့နဲ့ စက်ရုံအလုပ်သမားရေးရာ ညှိနှိုင်းရေးကော်မတီအဖွဲ့နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေကို လုပ်ငန်းရှင်တွေဖက်က အသိအမှတ်ပြုပေးဖို့ စတဲ့အချက်တွေအပါအဝင် အချက် ၁ဝ ချက်ကို တောင်းဆိုထားကြပါတယ်။

အဲဒီတောင်းဆိုချက်တွေထဲက အချက် ၇ ချက်ကို အလုပ်ရှင်ဖက်က လိုက်လျောပေးခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် အလုပ်သမားတွေ တောင်းဆိုထားတဲ့ အလုပ်သမားခေါင်းဆောင်နှစ်ဦးကို ပြန်မခန့်နိုင်ကြောင်း၊ အစိုးရသတ်မှတ်တဲ့ အလုပ်ချိန်အတိုင်း စက်ရုံကအသိအမှတ်မပြုနိုင်ကြောင်းနဲ့ အလုပ်သမားတွေအပေါ် မောက်မာစွာဆက်ဆံခဲ့သူ ဝန်ထမ်းတွေကို အလုပ်ထုတ်ပေးဖို့ တောင်းဆိုတာကို မလိုက်လျောနိုင်ကြောင်း အလုပ်ရှင်က ပြောဆိုတယ်လို့ သိရပါတယ်။

အလုပ်သမားတွေအနေနဲ့ သူတို့တောင်းဆိုထားတဲ့ အချက်အားလုံး လိုက်လျောတဲ့အထိ ဆက်လက်ဆန္ဒပြ တောင်းဆိုသွားကြမယ်လို့ ပြောပါတယ်။

RFA Burmese

ထိုင်းခိုးဝင်မယ့် သူတွေ ဖမ်းမိ

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ဘဝါး ကျွန်းပေါ်မှာ တဘက် ထိုင်းနိုင်ငံကို တရားမဝင် ခိုးဝင်မယ့် မြန်မာ ၃၂ ဦးကို ကော့သောင်း ရဲတပ်ဖွဲ့က ပွဲစား နှစ်ဦး နဲ့အတူ ဖမ်းမိနိုင်ခဲ့ ပါတယ်။

လှေသမား နှစ်ယောက် ကတော့ လွတ်နေဆဲလို့ သိရပါတယ်။

ဖမ်းမိသူ တွေက ချင်းပြည်နယ်နဲ့ ရေး မြိတ် မော်လမြိုင် ဘက်က ဖြစ်ကြပါတယ်။

တခိျု့က လေယာဉ်နဲ့ ရောက်လာ ကြပြီး ကားနဲ့ လာသူတွေ ပါသလို ထိုင်းကနေ မလေး နယ်စပ်ထိ သွားမှာလို့ သိရပါတယ်။

တရားမဝင် ပို့ဆောင်ခ အဖြစ် မြန်မာငွေ ၆ သိန်းနဲ့ ညီတဲ့ ထိုင်းဘတ် နှစ်သောင်း ပေးရမှာ ဖြစ်ပါတယ်။

ခုလိုလာဖို့ ရှိတာတွေ ရောင်းခဲ့ရတယ်လို့ မော်လမြိုင်သူ တယောက်က ပြောပါတယ်။ မြန်မာပြည်မှာ တနေ့ လုပ်ခ နှစ်ထောင် သုံးထောင်ထက် ပိုမရလို့ တင်နေတဲ့ အကြွေး တွေ နဲ့ မိသားစု စားဝတ်နေရေး ပြေလည် မလားလို့ အလုပ်လုပ်ဖို့ ထွက်တာ လို့ ဆိုပါတယ်။

သြဂုတ်လ(၁၄)ရက် ဗုဒ္ဒဟူး နေ့ ညနေ ၆ နာရီက ကျွန်းပေါ်မှာ ဖမ်းမိခဲ့ပြီး အမျိုးသား ၂၈ ဦး အမျိုးသမီး ၄ ဦး ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

ကိုချစ်ကို ဆိုသူ ဆိုင်ကယ်နဲ့ သယ်နေစဉ်က စပြီး ခြေရာခံ ဖမ်းဆီး နိုင်ခဲ့တာ ဖြစ်ပါတယ် ။

ဖမ်းမိထားတဲ့ ၃၂ ဦးကို အဏ်ဏဝါရပ်ကွက် ဆေးရုံဟောင်းမှာ ထိန်းသိမ်း ထားပြီး အရေးယူ အပြစ်ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ် ။

ဘီဘီစီ (မြန်မာပိုင်း)

ရခိုင်ပြည်နယ်အတွင်းသို့ နစကလက်ထက် ပြစ်မှုများဖြင့် ထွက်ပြေးသွားသူများ ပြန်လည်ဝင်ရောက်နေ

 မောင်တော၊ သြဂုတ်-၁၇

ရခိုင်ပြည်နယ်တွင် ပြဿနာပေါင်းစုံ ဖမ်းတီးခဲ့ ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသော ဘင်္ဂလီများ သည်ယခုခါတွင် မောင်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် စစ်တွေမြို့နယ်များအပြင် အခြားသော မြို့နယ်အချို့သို့လည်း ၀င်ရောက်နေကြောင်း လုံခြုံရေးတပ်ဖွဲ့မှ အမည်မဖော်လိုသော သူတစ်ဦး က ယနေ့နံနက်ပိုင်းက ပြောကြားခဲ့ပါသည်။

ထိုသို့ ၀င်ရောက်လာသူများတွင် ယခင်က ဘင်္ဂလီများအား ဦးဆောင်ခဲ့သူများဖြစ်ကြောင်းနှင့် ရပ်ကွက်/ကျေး ရွာများတွင် အစိုးရကိုအတိုက်အခံလုပ်သူများ၊ စည်းရုံးလှုပ်ဆော်သူများဖြစ်ကြောင်းလည်းသိရသည်။ ယခင် က နစက ရှိစဉ်တွင်ပြစ်မှုများဖြင့် ထွက်ပြေးသွားသော်လည်း ယခုအခါတွင် လုံထိန်းရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးတာ ၀န်ယူထားပြီဖြစ်သဖြင့် ထွက်ပြေးသွားသော စာရင်းဇယားများ ပျောက်ကွယ်နေကြောင်းလည်းသိရသည်။

"ရာနဲ့ချီပြီး ထွက်ပြေးသွားတဲ့သူတွေဟာ အခုလုံထိန်းတွေ ရောက်လာတော့ ဟိုက၀င်၊ ဒီက၀င် ၀င်လာကြတယ်။ ကမ်းခြေလုံခြုံရေးဆိုတာကလည်း ဘယ်လိုပြောရမှန်းမသိဘူး။ အခုတော့ သူတို့နောက်ကို လိုက်နေတယ်။ ဘင်္ဂလီတွေကလည်း လုံးဝသတင်းမပေးတော့ဘူး။ အယင်တုန်းကတော့ ကျေးရွာတွေမှာ တာ ၀န်ပေးထားသူတွေရှိတယ်။အခု တော့ တစ်ယောက်ကိုမှ တာဝန်ပေးလို့မရတော့ဘူး။ အစိုးရလုပ်တာကို လက် မခံတော့ဘူး။ ဒီလိုခိုးဝင်လာတာဟာ အန္တရာယ်အရမ်းများတယ်"ဟုလည်း အဆိုပါ ပုဂ္ဂိုလ်မှ ပြောကြားခဲ့ပါသည်။

ယခုလပိုင်းအတွင်း ဘင်္ဂလီများသည် တိုင်းရင်းသားများ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် လုံခြုံရေးတပ်ဖွဲ့ ၀င်များအား မည်သည့်စကားမျှ မပြောရန်နှင့် ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခြင်းကိုလည်း ပြန်လည်ဖြေကြားခြင်း မပြုရန် စည်းရှုံးထားကြောင်းလည်း လုံခြုံရေးတပ်သားများထံမှ သိရသည်။

ယင်းအတွက် ထွက်ပြေးသွားပြီး ပြန်လည်ခိုးဝင်လာသောဘင်္ဂလီများအားဖော်ထုတ်ဖမ်းဆီးရေးနှင့် ရခိုင်တိုင်း ရင်းသားများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သူများအား ဖမ်းဆီးအရေးယူပေးရန် လိုအပ်နေပြီဖြစ်ကြောင်းလည်း သိရှိရပါသည်။

ထိုသို့ ၀င်ရောက်လာခြင်းမှာလည်း ၀င်နိုင်သော လမ်းကြောင်းများစွာရှိနေခြင်းနှင့် လုံခြုံမှုမရှိသည်ကို ဖော်ပြ နေပြီဖြစ်ကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။ ထိုသို့ ဘင်္ဂလီများ ရာနှင့်ချီပြီး ပြန်လည်ဝင်ရောက်နေ ခြင်းများကို သိရှိထားသော်လည်းဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်းနှင့် ဒေသခံတိုင်းရင်းသားများက စိုးရိမ်နေကြ ကြောင်းလည်းမောင်တောမြို့နယ်အတွင်းမှ ဒေသခံများထံမှ သိရှိရပါသည်။

RSV (Facebook)

မြန်မာနိုင်ငံသား ၉၉ ယောက် ဘင်္ဂလာဒေခ်ျ့က ပြန်ပို့

မြန်မာမှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ နယ်စပ် ဖြတ်ကျော် ၀င်ရောက်လာသော လူပေါင်း ၉၉ ယောက်ကို ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက မြန်မာဘက်သို့ ပြန်လည် ပို့ဆောင်လိုက်သည်ဟု ဆိုသည်။

ပို့ဆောင်လိုက်သူ အထဲတွင် အမျိုးသမီးများနှင့် ကလေးငယ်များလည်း ပါဝင်ပြီး ယမန်နေ့ က ပြန်လည်ပို့ဆောင်လိုက်သည်ဟု ဘင်္ဂလာဒေခ်ျ့ နယ်စပ် အာဏာပိုင်များက ပြောသည်။

သူတို့အား ဘင်ဒရိုဘင် (ရွာတော်) နှင့် ကော့စ်ဘဇား( ဖလောင်းချိတ်) ခရိုင် အတွင်းသို့ တနင်္ဂနွေနေ့က တရားမ၀င် နယ်စပ်ကို ဖြတ်ကျော်ပြီး ၀င်ရောက်လာကြစဉ် ဘင်္ဂလာဒေခ်ျ့ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသားများသည် တက်ကနက်မြို့နယ် Golarchar/ Jaliapara/ Dumdomia နယ်မြေများနှင့် စစ်တကောင်း တောင်တန်းနယ် ဘင်ဒရိုဘင် (ရွာတော်) ခရိုင် ခေါင်းတုံး- တောင်ပြို နယ်စပ်မှ ၀င်ရောက်လာကြသည်ဟု နယ်စပ် လုံခြုံရေး တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

တက်ကနက် အခြေစိုက် အမှတ် (၄၂) တပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူးကြီး ဂျာဟစ် ဟူစိန်က တနင်္ဂနွေနေ့ နေ့လည် ၁၂ နာရီ ၃၀ မိနစ်မှ နေ့လည် ၂ နာရီထိ ပြုလုပ်သော တစ်နာရီ ခွဲကြာ စစ်ဆင်ရေး တစ်ခု အတွင်း မြန်မာနိုင်ငံသားများနှင့် မြန်မာ တိုင်းရင်းသား ၆၇ ယောက်ကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ပြောသည်။

တစ်ခြား ဖြစ်စဉ် တစ်ခုတွင် သစ်သား စက်လှေ တစ်စီးဖြင့် မြန်မာဘက်မှ ဘင်္ဂလာဒေခ်ျ့သို့ ၀င်ရောက် လာသူ လူပေါင်း ၃၂ ယောက်ကို ဖမ်းဆီးမိခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူများမှာ မွတ်ဆလင်များ ဖြစ်ကြပြီး မိန်းမများနှင့် ကလေးငယ်များ ပါဝင်သည်။ တက်ကနက် (ကယုချောင်း) မြို့နယ် ဆားပြင် အုပ်စု ဂိုလာချာရာ ကျေးရွာအနီးတွင် ဖမ်းဆီးမိသည်ဟု သူက ဆိုသည်။

ဝင်ရောက်လာသူ ၉၉ ယောက်စလုံးကို မြန်မာနိုင်ငံသို့ ယမန်နေ့က  ပြန်လည် ပို့ဆောင်လိုက်သည်ဟု ဆက်ပြောသည်။

ဒေသခံများ၏ အပြောအရ ပြန်လည် ပို့ဆောင်သူများကို မြန်မာ အာဏာပိုင်များ လက်သို့ တရားဝင် လွဲပြောင်းခြင်းမျိုး မဟုတ်ဘဲ သူတို့ဝင်ရောက်လာရာ လမ်းကြောင်းမှ တဆင့် ကိုယ့်အစီအစဉ်ဖြင့်ကိုယ် ပြန်သွားကြရန် ပို့ဆောင် လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နယ်စပ် တလျှောက်တွင် မြန်မာဘက်မှ နယ်စပ်ကို သံဆူးကြိုးများဖြင့်  ခြံခတ်ပြီး ကာရံထားသော်လည်း ယခုအချိန်ထိ  မြန်မာနယ်စပ်ကို လုံခြုံအောင် ကာကွယ်နိုင်ခြင်း မရှိဘဲ ဖြစ်နေသဖြင့် တရားမ၀င် နယ်စပ် ဖြတ်ကျော် သွားလာနေမူများနှင့် အတူ မှောင်ခို လုပ်ငန်းများမှာ အကြီးအကျယ် ဖြစ်ပွားနေသည်ဟု ဒေသခံများက ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက နယ်စပ်ကို ဖြတ်ကျော်ပြီး ၀င်ရောက်လာသူများဟု စွပ်စွဲခံရသူများကို နေ့စဉ် နှင့် အမျှ မြန်မာဘက်သို့ ပြန်ပို့နေသော်လည်း ပြန်ပို့ခံရသူများကို မြန်မာဘက်မှ တစ်စုံတစ်ရာ  စိစစ်အရေးယူ ဆောင်ရွက်မူများ  ပြုလုပ်သည်ဟု မကြားရကြောင်း မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြို၊ ငခူရ၊ နံ့သာတောင် ကျေးရွာ ဒေသခံများက ပြောသည်။

(နိရဉ္စရာ- ၁၇ ဇွန် ၂၀၁၃

မြန်မာနယ်စပ်လုံခြုံရေး တပ်ဖွဲ့နှင့် ရိုဟင်ဂျာ RSO လက်နက်ကိုင်အဖွဲ့ နှစ်ရက်ကြာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ဟု ဆို

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် ရိုဟင်ဂျာ အဖွဲ့ အစည်း တစ်ခုဖြစ်သော RSO နှင့် မြန်မာဘက်မှ နယ်စပ်လုံခြုံမှု ထိန်းသိမ်းရေးအဖွဲ့ တို့  နှစ်ရက်ကြာ အပြန်အလှန် ပစ်ခတ်မှုများ သြဂုတ်လ(၁၄)ရက်တွင် စတင်ဖြစ်ပွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းစာ Dhaka Tribune က သြဂုတ်လ (၁၇)ရက်တွင် ရေးသားဖော်ပြလိုက်သည်။ 

၁၈-၈-၂-၁၃ ရက် (တနင်္ဂနွေနေ့) ထုတ် ပြည်မြန်မာနေ့စဉ် သတင်းစာမှ

ပစ္စတိုသေနတ်တစ်လက်နဲ့ လူငါးယောက် ကေတီဗွီဆိုင်ထဲ၌ သောင်းကျန်းမှုဖြစ်ပွား

မုံရွာ၊ သြဂုတ် ၁၆ ရက်နေ့

မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ ကေတီဗွီဆိုင်တစ်ခုတွင် ယခုလ ၁၆ ရက်နေ့ည ၁၀ နာရီအချိန်ခန့်က ပစ္စတိုသေနတ် တစ်လက်နှင့် လူငါးယောက်မှ ဆူပူသောင်းကျန်းလျှက်ရှိကြောင်း သက်ဆိုင်ရာမှ သိရှိရသဖြင့် အချိန်မီသွားရောက် စီစစ်ခဲ့ရ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မုံရွာမြို့သို့ အလည်အပတ်ရောက်ရှိနေသည့် ဧည့်သည်တော် သစ်ပွဲစားတစ်ဦးနှင့် သစ်ထုတ်ရေးဝန်ထမ်း တစ်ဦး အပါအ၀င် လူငါးယောက်တို့သည် မုံရွာ စက်မှုဇုန်ရပ်ကွက်ရှိ ကေတီဗွီ ဆိုင်တစ်ဆိုင်သို့ ညနေ ၄ နာရီအချိန်မှစတင် ၍ရောက်ရှိကာ သီချင်းဆိုခြင်း၊ အဖျော်ရည်ယမကာများအား မှာယူစားသောက်ခြင်းများပြုလုပ်ခဲ့ကြောင်း၊ စက်ရှင်(၆)နာရီမျှ ယူခဲ့ကြောင်း၊ ၎င်းဆိုင်များအား ည ၁၀ နာရီ အချိန်တွင် ဆိုင်ပိတ်ချိန်အဖြစ် သက်ဆိုင်ရာမှ သတ်မှတ်ထားသည့်အတွက် ဆိုင်ပိတ်ချိန်ကျရောက်နေသည့်အတွက် ဆိုင်တာဝန်ခံမှ မေတ္တာရပ်ခံခဲ့ရာ ထိုလူငါးယောက်အနက်မှ ကိုစိုင်းဆိုသူ သစ်ပွဲစား မှ ပစ္စတိုသေနတ်တစ်လက်ထုတ်၍ ၎င်းမှာ ဦးခွန်ဆာအဖွဲ့မှဖြစ်ကြောင်း၊ ဦးခွန်ဆာနှင့်လည်း မွေးချင်းတော်စပ်ကြောင်း၊ စသဖြင့် ပြောဆို၍ ဆိုင်လုပ်သားများအပေါ် မဖွယ်မရာ ပြုမူဆက်ဆံခဲ့သည်ဟု ၎င်း ဆိုင်ဝန်ထမ်းများမှ ဆိုသည်။

အဆိုပါ လူငါးယောက်၏ အမည်/အသက်/ မှတ်ပုံတင်အမှတ်/ နေရပ်လိပ်စာများအား အစုံအလင် သိရှိပြီးဖြစ်သော် လည်း သတင်းသမားတို့၏ ကျင့်ဝတ်အရ ဖော်ပြရန် မသင့်လျော်ဟု ယူဆရသဖြင့် ထုတ်ဖော်ရေးသားခြင်းမပြုရန် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်သည်။

သက်ဆိုင်ရာ၏ စစ်ဆေးပေါ်ပေါက်ချက်များအရ အဆိုပါ လူငါးယောက်မှ ကိုင်ဆောင်သော ပစ္စတိုသေနတ် တစ်လက်သည် မုံရွာမြို့၊ ကျောက္ကာလမ်းမကြီပေါ်ရှိ စတိုးဆိုင်ကြီးတစ်ခုမှ ငွေကျပ် ၅၀၀၀ ဖြင့်ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း သေနတ်အား ပစ်ခတ်အသုံးပြုရန် ကျည်ဆံအလုံးလေးများ ပါရှိကြောင်း သိရှိရသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ကြည့်သည့်အခါတွင် သစ်ပွဲစားလုပ်ငန်း လုပ်ကိုင်သူတစ်ယောက်အနေဖြင့် တောတောင်များအတွင်း အချိန်အခါမတော် သွားလာရသည့်အတွက် ဟိတ်ဟန် အဆောင်အယောင်တစ်ခုအဖြစ် အသုံးပြု ရန် ရည်ရွယ်ချက်များဖြင့် ၎င်း ပစ္စတိုသေနတ်(အတု)အား ၀ယ်ယူခဲ့ခြင်းဖြစ်နိုင်ကြောင်း၊ ရည်ရွယ်ချက်သဘော ရိုးသည်ဟု မဆိုသာသော်လည်း အပျော်လွန်၍ အသုံးပြုမှုလွဲမှာကာ အများပြည်သူ အထိတ်တလန့်ဖြစ်စေနိုင်သော လုပ်ရပ်များအဖြစ် အသွင်ကူးပြောင်းသွားသည့်အတွက် မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာကိစ္စရပ်များပေါ်ပေါက်လာနိုင်ကြောင်း၊ ၎င်း သေနတ်သည် အတု သို့တည်မဟုတ် အစစ် ဖြစ်စေကာမူ ယင်းလုပ်ရပ်သည် မြို့၏ ဂုဏ်သိက္ခာအား ထိခိုက်နစ်နာ နိုင်စေကြောင်း၊ ရိုးသားမှုကိုအခြေခံ၍ ပျော်ရွှင်မှုများကို အမျိုးမျိုး ရယူနိုင်ပါကြောင်း၊ ဒေသခံ တစ်ယောက်အနေဖြင့် အကျွှနှုပ် သုံးသပ်ထင်မြင်မိရတော့သည်။

သတင်း+ဓာတ်ပုံ = ကိုတိုး(ချင်းတွင်း) 

စာသင်ခန်း ထိုင်ခုံအခက်ခဲကြောင့် မိုးကာခင်း၍သင်နေရ

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်နယ်မြေ လိုင်ဇာ အလဲန်ဘွမ် (Alen Bum) တွင် အသစ်ထပ်မံတိုး ချဲ့ဖွင့်လှစ်ထားသည့် ဒုက္ခသည် IDP ကျောင်းတွင် စာသင်ခန်းနေရာထိုင်ခင်းများ အခက်ခဲဖြစ်နေသောကြောင့် မိုးကာများအသုံးပြုနေရကြောင်းသိရသည်။

လွန်ခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့မှ တလနောက်ကျ၍ ဖွင့်နိုင်ခဲ့သော အဆိုပါအလဲန်ဘွမ်အထက်တန်းကျောင်း ကို ဘော်ဒါအဖြစ်ပူးတွဲထားခြင်းဖြစ်ပြီး စားဝတ်နေရေးနှင့် စာသင်ခန်းအသုံးအဆောင်များကို KIO ဒုက္ခသည် ကယ်ဆယ်ရေးအသင်းမှ စီမံခန့်ခွဲကူညီပေးနေရာ ယခုချိန်ထိ စာသင်ခန်းအခက်ခဲဖြစ်နေဆဲဟု ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီဥက္ကဌဆလန်ကဘာဒွဲပီဆာ က ပြောသည်။

လိုင်ဇာအနီး Woichyai ဒုက္ခသည် ကျောင်း။

လိုင်ဇာအနီး Woichyai ဒုက္ခသည် ကျောင်း။

"အခက်ခဲဖြစ်နေတာကတော့ ကျွန်တော်တို့ ကျောင်းသားကများတော့ သူတို့ကိုကျွေးမွေးရတယ်။ IDP အထက်တန်းကျောင်းဆိုပြီးဖွင့်လှစ်လိုက်ရတော့ အခု ကျောင်းသားတွေကို တော်တော်လေး ကြည့်ရှုပေးနေရ ပါတယ်။ စာသင်ခန်းမှာ ထိုင်ခုံမရှိတော့ မိုးကာ ခင်းပြီး ထိုင်ရင်းသင်ပေးနေရတယ်။ ကူညီတဲ့သူတွေက တော့ရှိပါတယ်။ ဒါမေမယ့် မပြီးသေးတာတို့ မရောက်သေးတာတို့ဖြစ်တော့ ခက်ခဲတာပါ။ တကယ်တမ်း ဒီမှာလေ့လာကြည့်ရှုသွားတဲ့ သူတွေက တချို့တမျိုးစီပေးတာနဲ့ပဲ သွားနေတာပါ။"

လိုင်ဇာ၊ မိုင်ဂျာယန် ဒုက္ခသည်စခန်းအသီးသီးမှ ကျောင်းသားဦးရေ ၁၈၀၀ ကျော် တက်ရောက် သင်ယူနေ ခြင်းဖြစ်ရာ ၅ တန်းမှ ၈ တန်းကြားက ကျောင်းသားများတွင် ထိုင်ခုံလိုအပ်နေခြင်းဖြစ်သည်ဟု ပြောသည်။

လိုအပ်သည့်အခက်ခဲများကို စေတနာရှင်များ၊ NGO အဖွဲ့များက ကူညီပေးပံ့ပိုးပေးမှုကြောင့် အခက်ခဲဖြေရှင်း ပေးနေချိန်လည်းဖြစ်သည်ဟု အစားအသောက်အတွက်တာဝန်ယူနေသော KIO ဖက်မှ ဒုက္ခသည်ကယ်ဆယ် ရေး ကော်မတီဥက္ကဌဆလန်ကဘာဒွဲပီဆာက KNG ကချင်သတင်းဌာနသို့ ပြောသည်။

"ကျွန်တော်တို့ တော်တော်လေးကို အလုပ်ရှုပ်နေကြပါတယ်။ ဒါပေမယ့် ကူညီတဲ့သူတွေက တယောက်တမျိုး ကူညီမှုလည်းပေးနေလို့ အခုလို လည်ပတ်နေကြတာပေါ့။ အစွန်ဆုံး အချိန်ုပြည့် သူတို့စားဖို့ ဟင်းကိစ္စ မီးကိစ္စတွေကို ကြည့်ပေးနေတယ်။"

လွန်ခဲ့သည့်လများအတွင်း အလဲန်ဘွမ် (Alen Bum) ကျောင်းအဆောင်သစ်တွင် ကျောင်းသားများအတွက် စာရေးကိရိယာများနှင့် နေရာထိုင်ခင်း၊ ဆရာ၊ ဆရာမ အခက်ခဲအမျိုးမျိုးရင်ဆိုင်ခဲ့ရသောကြောင့် ပုံမှန်စာသင်နှစ်ထက် နောက်ကျသွားခဲ့သည်။

အဆိုပါအသစ်ဖွင့်လှစ်လိုက်သော အလဲန်ဘွမ်ကျောင်းတွင် ပညာသင်စနစ်ကို ဒုက္ခသည်ကျောင်းသားများ အတွက် အသက်မွေးဝမ်းကျောင်းနှင့်ဆိုင်သော ပညာရပ်များအပါအ၀င် ပို့ချသွားမည်ဖြစ်ကြောင်းကျောင်း အုပ်ကြီး ဦးခေါင်လွမ်း ပြောသည်။

သို့သော် KIO နယ်မြေအတွင်း ခိုလှုံနေသောဒုက္ခသည်ကျောင်းသားများသည် အစိုးရနှင့် အခြားနိုင်ငံများသို့ ပညာဆက်လက်သင်ယူရန် အသိမှတ်ပြုခြင်းကို စိုးရိမ်ပူပန်နေကြပြီး ယခုကဲ့သို့ နိုင်ငံရေးပြဿနာဖြစ်ချိန်တွင် နှစ်ရှည်ပညာရေးထိခိုက်၍ နောက်ကျသွားမည်ကို အနာဂတ်အတွက် စိုးရိမ်ပူပန်နေကြသည်။

အလဲန့်ဘွမ် (Alen Bum) တောင်ကုန်းရှိ IDP ကျောင်းကို လိုင်ဇာမြို့အနီးတ၀ိုက်ရှိ ဒုက္ခသည်စခန်းများတွင် အထက်တန်း တက်ရောက်မည့် ကျောင်သားများ ပိုမိုတိုးလာကာ စာသင်ကျောင်းဆောင် မလုံလောက်သည့် အခက်အခဲကြောင့် ယခုနှစ်မှ ထပ်မံတိုးချဲ့ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

မောင်တောမှဘင်္ဂါလီလုပ်ငန်းရှင်များ၏ သိုလှောင်ဆန် ဘင်္ဂလားဒေရှ်သို့ပို့မည်မဟုတ်

ရခိုင်ပြည်နယ် မောင်တောဒေသတွင်းစီးပွားရေးလုပ်ငန်းများကို အဓိကလွမ်းမိုးချုပ်ကိုင်ထားသည့် ဘဂါင်္လီစီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် ဒေသထွက်ကုန် ဆန်စပါးတန်ပေါင်းများစွာကို ယခုနှစ်နွေရာသီကာလအတွင်းက အလုံးအရင်းဖြင့် ဂိုဒေါင် သွင်း ၀ယ်ယူသိုလှောင်မှုများရှိခဲ့ရာ ဆန်များကို ဘင်္ဂလားဒေရှ်သို့ပို့ရန် အစီအစဉ်မရှိသည့်အတွက် ဒေသတွင်း စားနပ်ရိက္ခာ အတွက် ထိခိုက်မှုမရှိနိုင်ဟု ဒေသခံတို့က ဆိုသည်။

 

မောင်တောဒေသတွင်း ဘဂါင်္လီလူဦးရေ တစ်နှစ်ထက်တစ်နှစ် ထူထပ်များပြားမှုနှင့် ဘင်္ဂါလီစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဒေသထွက် ဆန်စပါးများကို ဘင်္ဂါလီလူမျိုးများအတွက် မိုးတွင်းကာလအတွင်း  ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရန်  ၀ယ်ယူသိုလှောင်မှုများ ပြုလုပ်လာခြင်းဖြစ်ကြောင်း မောင်တောဒေသခံဘင်္ဂါလီစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြော သည်။

" ဒီနှစ်တော့ ဘင်္ဂါလီစီးပွားရေးလုပ်ငန်းရှင်တွေက သိုလှောင်ဆန်တွေကို ဘဂါင်္လီတွေကိုမှ တစ်ပါး     တခြားဒေသခံဆန်ဒိုင်၊ ဆန်ဆိုင်တွေကို လုံးဝမရောင်းချကြပါဘူး။ သူတို့မရောင်းချပေမယ့် ရသေ့တောင်၊ စစ်တွေဒေသထွက် ဆန်တွေဝင်နေလို့  စားနပ်ရိက္ခာအတွက် ဘာမှထိခိုက်မှုမရှိပါဘူး"ဟု မောင်တောမြို့ခံလူမှုစီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဘဂါင်္လီစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို မေးမြန်းကြည့်ရာ ၄င်းက ဘင်္ဂလီဘာသာစကားဖြင့် ယခုကဲ့သို့ ဆိုသည်။

"ကျွန်တော်တို့က ဘဂါင်္လီတွေကို သီးသန့်ရောင်းတယ်ဆိုပေမယ့်ဒေသခံတွေအနေနဲ့ ကျွန်တော်တို့ တောင်းတဲ့ဈေး အတိုင်းပေးနိုင်ရင်        အချိန်မရွေးလာရောက်ဝယ်ယူနိုင်ပါတယ်။ ဒီနှစ် သိုလှောင်ဆန်တွေကို ဘင်္ဂလားဒေ့ရှ်သို့လည်းပို့ဖို့ အစီအစဉ် မရှိပါဘူး။ အကုန်ဒေသတွင်းမှာပဲ ရောင်းချသွားမှာပါ"ဟု ဘင်္ဂလီကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။

မောင်တောဒေသတွင်းရှိ ဒေသခံများမှာ လယ်ယာမြေပိုင်ဆိုင်မှုကင်းမဲ့နေသည့်အတွက် စားနပ်ရိက္ခာများကို ရခိုင်ပြည်တွင်း ဒေသများမှ တင်သွင်းစားသုံးနေကြရခြင်းဖြစ်သည်ဟု  မောင်တောမြို့ခံ ဆန်အရောင်းဆိုင်များမှ သိရသည်။

၂၀၁၂ ခုနှစ် လူမျိုးရေးပဋိပက္ခဖြစ်ပွားပြီးနောက် ဒေသခံရခိုင်လူနည်းစုများနှင့် ဒေသဧည့်နေ ဘဂါင်္လီလူမျိုးအများစုများ အကြား တစ်ဖက်နှင့်တစ်ဖက်ယုံကြည်မှု လုံးဝပျက်စီးသွားရာ ရခိုင်လူနည်းစုစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဘဂါင်္လီများနှင့် စီးပွားရေး အရောင်းအ၀ယ်ချိတ်ဆက်လုပ်ကိုင်မှူကို ရှောင်ရှားလာကြပြီး သီးခြားရပ်တည်လုပ်ကိုင်ခြင်းကြောင့် ယခုကဲ့သို့ စားနပ် ရိက္ခာအတွက် စိတ်ပူပန်လာကြရခြင်းဖြစ်သည်ဟု ရခိုင်ဒေသခံတို့က ဆိုသည်