Tuesday, July 23, 2013
19.7.2013 မှ 25.7.2013 ရက်အထိ ၇ရက်ဟောစာတမ်း
တနင်္ဂနွေ
မရောက်ဖူးသောခရီး၊ မပေါင်းဘူးသော မိတ်ဆွေ မလုပ်ဘူးသော အလုပ်တို့လုပ်ဖြစ်မည်။ စူးစမ်းမှု၊ စုံစမ်းမှုတွေ လုပ်ဖြစ်မည်။ အထင်လွဲစွပ်စွဲမှုများခံရမည်။ သင့်ချစ်သူကိုယ်တိုင်ကလည်း သင့်အပေါ် အထင်လွဲမည်။ လုပ်နေသောအလုပ်အပြင် အလုပ်နှင့်မဆိုင်သော လုပ်ရပ်များလည်း လုပ်ဖြစ်မည်။ ရှယ်ယာလုပ်ငန်းအောင်မြင်မည်။လက်ဆောင်များလည်းရမည်။ မိသားစုအရေးကြောင့် ခရီးယာယီ ထွက်ဖြစ်မည်။
အကျိုးပေးဂဏန်း ၅၊၀၊၃
အထူးဟော       ထစ်ငေါ့ပြီးမှအောင်မြင်မည်။
ယတြာ            တနင်္ဂနွေနေ့နံနက်မှာ ကလေးငယ်များကို မုန့်ဝေလိုက်ပါ။
တနင်္လာ
သံယောဇဉ်တွေများလာမည်။ ရင်းနှီးသောအပေါင်းအသင်းများနှင့် ခွဲခွာမှုတွေဖြစ်မည်။ အမှတ်တရလေးများ လုပ်ဖြစ်မည်။ စွန့်စားမှု၊ စူးစမ်းမှုများ အကောင်အထည်ဖော်ဖြစ်မည်။ မရည်ရွယ်သောခရီးများလည်း ရောက်ဖြစ်မည်။ ထီထိုးပါ။ ထီပေါက်လိမ့်မည်။ လက်ဆောင်လေးတွေရမည်။ စက်၊ရွှေ၊မြေ ဝင်မည်။ ထွက်ဖြစ်မည်။ မိတ်ဆွေသစ်တွေများလာမည်။
အကျိုးပေးဂဏန်း ၂၊၄၊၈
အထူးဟော        ပျော်ရွှင်မှုများတွေ့လိမ့်မည်။
ယတြာ              ငါးအရှင်၁၅ကောင် တနင်္ဂလာနေ့တွင်လွှတ်ပါ။
အင်္ဂါ
ဒေါသထွက်စရာများ၊ စိတ်တိုင်းမကျမှုများ ကြုံရသည့်ကြားက အတတ်နိုင်ဆုံးပြုံးပြနေရခြင်းများ ဖြစ်နေမည်။ အလုပ်ကလည်းရှုပ်ပြီး မိသားစုအရေးကလည်း ရှုပ်ခြင်းကြောင့် စိတ်ပင်ပန်းမှုတွေ ဖြစ်နေမည်။ ဒါပေမယ့် ဝမ်းသာစရာတွေကတော့ တစ်ခုပြီးတစ်ခု ရမှာပါ။ ငွေဝင်ခြင်းနှင့် ချစ်သူ တစ်ယောက်တိုးလာလို့ဖြစ်ပါသည်။ မျှော်လင့်ချက်လေးတွေလည်း အောင်မြင်မည်။ လက်ထပ်ရက် ကတော့ ရွှေ့ဖြစ်တတ်သည်။
အကျိုးပေးဂဏန်း ၃၊၆၊၅
အထူးဟော        စိတ်ပင်ပန်းနေသော်လည်း စိတ်ချမ်းသာရမှာပါ။
ယတြာ               အင်္ဂါနေ့နံနက်တွင် ဘုရားကို ဇီးပေါင်းလှူပါ။
ဗုဒ္ဓဟူး
ဝေးလေဆွေးလေဖြစ်ရတတ်သည်။ ခရီးဝေးတွေရောက်မည်။ ချစ်သူနှင့်ဝေး၍ ခွဲခွာနေရတတ်သည်။ သို့သော် သင့်ချစ်သူက သင့်အပေါ် အထင်တမျိုးလွဲ နေသည်။ သူ့ကိုမလိုချင်လို့ ခွဲခွာသွားသည် ဟုထင်နေသည်။ ကတိမတည် သစ္စာမရှိဟုထင်သော်လည်း သင့်အပေါ်မေတ္တာရှိနေဆဲ ဖြစ်ပါသည်။ တစ်ယောက်မက ချစ်တတ်သော သင့်စိတ်ကြောင့် ရောက်သည့်နေရာမှာ ချစ်သူထပ်တွေ့ပါမည်။ အလုပ်အကိုင်၊ပညာရေးအားလုံး အဆင်ပြေမည်။ ကြီးသူ၊အဒေါ်နှင့် အမေ ကျန်းမာရေးဂရုစိုက်ခိုင်းပါ။ စက်ပစ္စည်းအဝယ်မှားတတ်၍ ဂရုစိုက်ပါ။
အကျိုးပေးဂဏန်း ၄၊၉၊၆
အထူးဟော        အားလုံးအဆင်ပြေပါမည်။
ယတြာ              ဘုရားကို ဗုဒ္ဓဟူးနေ့ သောက်တော်ရေသန့်ကပ်လှူပါ။
ကြာသပတေး
ရွေးပေါင်းတတ်သော သင့်စိတ်ကြောင့်လည်းကောင်း၊ အပြောကြမ်းပြီး ပွင့်လင်းတတ်သော သင့်စိတ်ကြောင့် လည်းကောင်း၊ အားမနာတတ်သော စိတ်ဓာတ်တို့ကြောင့်လည်းကောင်း၊ အနေအထိုင်တည်ကြည်ပြီး လူတိုင်းကိုမရောတတ်သော သင့်စိတ်တို့ကြောင့် သင့်ကိုဘဝင်မြင့်သည်၊ မာနကြီးသည်ဟု အထင်ခံနေရခြင်း ဖြစ်မည်။ ရွေးပေါင်းသည့်ကြားက လူပေါင်းမှားကိန်းရှိနေသည်။ ပညာရေးထူးချွန်လာမည်။ အချစ်ရေးအဆင်ပြေပြီးမှခွဲခွာရမည်။ မုန်းလို့လည်းရ၊ ချစ်လို့လည်းရသော စိတ်ကြောင့် ဝမ်းနည်းမှု့မရှိဖြစ်မည်။ အလုပ်ကိစ္စ၊ စာမေးပွဲ ကိစ္စများ၊ အင်တာဗျူးများ မုမျအောင်မြင်မည်။ ခရီးသွားရန်ရှိသော်လည်း မသွားဖြစ်တတ်ပါ။
အကျိုးပေးဂဏန်း ၅၊၀၊၁
အထူးဟော        သင်ကံကောင်းမည်။
ယတြာ              ပေါက်စီ၅လုံးဘုရားကပ်ပါ။ကြာသပတေးနေ့နံနက်တွင်ကပ်ပါ။
သောကြာ
တစ်ယောက်မက ချစ်တတ်ပြီး တဇွတ်ထိုးလုပ်တတ်မှုတွေကြောင့် ချစ်သူတွေများလာမည်။ ခရီးဝေးယာယီမြင်သည်။ ကျန်းမာရေးအနည်းငယ်ချူချာမည်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ အောင်မြင်မည်။ စာမေးပွဲ၊ အလုပ်အင်တာဗျူးအောင်မြင်မည်။ မမျှော်လင့်ဘဲ အိမ်ထောင်ပြုဖြစ်မည်။ အဝေးခရီးရောက်မည်။ လက်ဆောင်တွေရမည်။ ဆွေမျိုး၊သားချင်းအတွက် စိတ်ရှုပ်ရမည်။
အကျိုးပေးဂဏန်း ၆၊၁၊၉
အထူးဟော        အဆင်ပြေမည်။
ယတြာ              သောကြာနံနက်တွင် မြောက်အရပ်ရှိလမ်းကို သန့်ရှင်းရေးလုပ်ပါ။
စနေ                                                                                                                                                                                                            
စိုးရိမ်မှုများနှင့်ဖြစ်ပါ့မလားဟု တွေးပြီး လျှောက်လမ်းမှုများရှိနေမည်။ စိုးရိမ်မှုမလိုပါ။ အောင်မြင်မည်။ ဖြစ်ပါ့မလားဟုတွေးပြီး တထစ်ချ မဆုံးဖြတ်နိုင်မှုများရှိနေမည်။ မစိုးရိမ်နှင့်မုချဖြစ်ပါသည်။ ရပါ့မလား ဟုတွေးပြီး ဆောင်ရွက်မှုများလည်းရှိနေမည်။ မစိုးရိမ်နှင့်မုချရပါသည်။ ဘာလို့လည်းဆိုတော့ ဒီတပတ် သင့်ကံဇာတာ ကောင်းနေလို့ပါ။ မုန်းနေသူတို့ပြန်ချစ်မည်။ ခွဲခွာနေသူတို့ပြန်ဆုံမည်။ ဖုန်း၊အင်တာနက်နှင့် ပြောဆိုနေသောသူနှင့် လူကိုယ်တိုင်တွေ့ဖြစ်မည်။ သားချင်း၊မိသားစုတွေ အားလုံး စီးပွားရေး၊ကျန်းမာရေး အဆင်ပြေလာမည်။ သင်လည်းအောင်မြင်လာမည်။ ချစ်သူလည်း ကိုယ်နှင့်အဆင်ပြေပါမည်။
အကျိုးပေးဂဏန်း  ၇၊၀၊၂
အထူးဟော         အားလုံးကံကောင်းမည်။
ယတြာ               စနေနေ့နံနက်တွင် အိမ်ဘုရားကို ရေသက်စေ့ ရေအေးသပ္ပာယ်ပါ။
လိင်မှုဆိုင်ရာ အကြမ်းဖက်မှု၊ ကလေးစစ်သား အသုံးပြုမှု ရပ်တန့်သည့် စာချုပ် KNU နှင့် Geneva Call တို့ လက်မှတ်ထိုး
ကရင် အမျိုးသား အစည်းအရုံး (KNU) သည် ကလေး သူငယ်များဆိုင်ရာ အခွင့်အရေး ကာကွယ်ရေးနှင့် လိင်မှုဆိုင်ရာ အကြမ်းဖက်မှုများ ပိတ်ပင် တားဆီးရေး စာချွန်လွှာကို ဂျီနီဗာ အခြေစိုက် Geneva Call အဖွဲ့နှင့် နက်ဖြန်တွင် ကရင်ပြည်နယ် ဖါးအံမြို့ရှိ ဇွဲကပင် ဟိုတယ်၌ သဘောတူ စာချုပ် ချုပ်ဆိုမည်ဟု ပြောခွင့်ရသူ ပဒိုမန်းမန်းက ဆိုပါသည်။
" ဒီသဘော တူစာချုပ် လက်မှတ်ထိုးပွဲမှာ MPC က ၀န်ကြီး ဦးအောင်မင်းရယ်၊ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းရယ်၊ သူတို့နှစ်ဦး ကိုလည်း သီးသန့် ဖိတ်ကြား ထားပါတယ်" ဟု ဆိုပါသည်။
လက်မှတ် ရေးထိုး ကြမည့် အကြောင်းအရာများမှာ လက်နက်ကိုင် ပဋိပက္ခကြောင့် သက်ရောက်မှု ခံစားရသော ကလေး သူငယ်များအား၊ ကာကွယ်ရေး ဆိုင်ရာ သန္ဓိဌာန်ပြု ၀န်ခံမှု စာချွန်လွှာ (Deed of commitment under Geneva Call for the protection of Children from the effect of armed conflict) နှင့် လက်နက်ကိုင် ပဋိပက္ခ အခြေအနေတွင် လိင်မှုဆိုင်ရာ အကြမ်းဖက်မှုများကို ပိတ်ပင် တားမြစ်ခြင်း နှင့် လိင်ကွဲပြားမှု အပေါ် ခွဲခြားဖိနှိပ် ဆက်ဆံမှုများ အဆုံးသတ်ရေး ဆိုင်ရာ သန္ဓိဌာန်ပြု ၀န်ခံမှု စာချွန်လွှာ (Deed of commitment under Geneva Call for the prohibition of several violence in situations of armed conflict and towards the elimination of gender discrimination) နှင့် ပါတ်သက်သည့် စာချွန် လွှာများ ဖြစ်ပါသည်။  
ယင်းစာချုပ် လက်မှတ် ရေးထိုး ပွဲသို့ KNU အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်း ဦးဆောင်ပြီး၊ စစ်ဦးစီးချုပ် (GOC) ဗိုလ်ချုပ်ကြီး ဂျော်နီတို့ တက်ရောက် လက်မှတ် ရေးထိုးမည် ဖြစ်သည်။ Geneva Call ဖက်မှ (Rascal Bongard, Jonathan Somer, Reno Meyer and Christopher Rush တို့က လက်မှတ် ရေးထိုးမည်ဖြစ်သည်။
ဤလက်မှတ် ရေးထိုးပွဲသည် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး စံချိန်စံညွှန်းများကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် အနေနှင့် လိုက်နာသွားမည့် ဂတိခံ ၀န်စာချုပ် လက်မှတ် ရေးထိုးပွဲဖြစ်ပါသည်။
ဤသို့ကြောင့် စာချုပ်ချုပ်ဆိုပွဲကို မြန်မာ့ ငြိမ်းချမ်းရေး စင်တာ (MPC) မှ ခေါင်းဆောင်များနှင့် ကရင်ပြည်နယ် ၀န်ကြီး များကိုပါ ဖိတ်ကြားခဲ့ခြင်း ဖြစ်ပါသည်။ ထို့အပြင် အခြားသော တိုင်းရင်းသား အဖွဲ့အစည်းများနှင့် လူထု အခြေပြု အဖွဲ့အစည်း များကိုလည်း ဖိတ်ကြားထားကြောင်း ဆိုပါသည်။
Geneva Call သည် ကုလသမဂ္ဂ္ဂ၏  အခွင့်အရေး ဆိုင်ရာ အဖွဲ့အစည်းများ အနက်၊ ကလေး အခွင့်အရေးနှင့် မြေမြုပ်မိုင်း ဆိုင်ရာ ကိစ္စများကို ဆောင်ရွက်နေသော အဖွဲ့ဖြစ်ပါသည်။ ၄င်းတို့သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သော  မွန်ပြည်သစ်ပါတီ (NMSP)နှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့နှင့် စာချုပ် ချုပ်ဆိုခဲ့ပြီး ဖြစ်ပါသည်။
ထို့အပြင် အခြား စာချုပ် မချုပ်ရသေးသော တိုင်းရင်းသား အဖွဲ့အစည်း များနှင့်လည်း အပြန်အလှန် နားလည်မှု ရရှိနေပြီး ဖြစ်ကြောင်း၊ ၄င်းတို့၏ လုပ်ထုံးလုပ်နည်းအရ စာချုပ်မချုပ်ဆိုနိုင်ခင် ထုတ်ဖေါ်ပြောဆို လေ့ မရှိသည့် အတွက် မည်သည့် အဖွဲ့အစည်းနှင့် သဘော တူညီချက် ရရှိထားသည်ကို ထုတ်ပြန် ပြောဆိုခြင်း မရှိပေ။
မိသားစုအရေး စိတ်ဖိစီးမှုကြောင့်ကလေးသုံးယောက်၏မိခင် ကြိုးဆွဲချသေ
ကယားပြည်နယ် လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာမှ ကလေးသုံးဦးမိခင်ဖြစ်သူ ဒေါ်ခင်ချိုသင်း ဆိုသူသည် မိသားစုအရေး စိတ်ဖိစီးမှုတွေ အဆင်မပြေမှုတွေ များလာ၍ မိမိကိုယ်ကို ကြိုးဆွဲချ သေဆုံးခဲ့တဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့တယ်လို့ နွားလ၀ိုးကျေးလက် ကျန်းမာရေးဌါနခွဲမှ သားဖွားဆရာမ ဒေါ်ခင်ချိုဝင်းက ပြောပါတယ်။
ဖြစ်စဉ်မှာ လင်မယားနှစ်ဦး အမြဲတမ်း ရန်တွေ့ စကားများကြ၍ တစ်အိမ်ထဲ အတူနေသော်လည်း အခန်းခွဲနေကြတာဖြစ်ပြီး မိသားစု အားလုံး အိပ်မောကျနေချိန်မှာ မိခင်ဖြစ်သူက ၁၂ ရက်နေ့ည ၉ နာရီခွဲဝန်းကျင်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင် ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
"သူကတော့ သူ့အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ တော်တော့်ကို စိတ်ဆင်းရဲနေတာပေါ့နော်။ ကျန်တဲ့အကြောင်းအရာကတော့ ဘာမှမရှိပါဘူး။ သူအိမ်ထောင်ရေးမသာယာတဲ့ အပေါ်မှာ မူတည်ပြီးတော့ သူ့တစ်ယောက်ထဲ ရုန်းကန်ရတာများတော့ ဘ၀ကိုလေ။ ရုန်းကန်ရတာများလာတဲ့ အခါကျတော့ ကြာတော့ သူ့ရဲ့စိတ်က မခံနိုင်တော့ဘူး" လို့ ကျေးလက်သားဖွားဆရာမ ဒေါ်ခင်ချိုဝင်းက ပြောပါတယ်။
ဒေါ်ခင်ချိုသင်း၏ အမျိုးသားဖြစ်သူမှာ အမြဲတမ်း အရက်သောက် မူးယစ်ကာ မယားဖြစ်သူကို အနိုင်ကျင့် နှိမ့်စက်လျက်ရှိကြောင်း၊ မိသားစုဝမ်းရေးအတွက် သားသမီး သုံးဦးကို မိခင်ဖြစ်သူ တဦးတည်းသာ ကြုံရာကျပန်းလုပ်ငန်းဖြင့် လုပ်ကျွေးပြုစုနေရတာဖြစ်တယ်လို့ သိရပါတယ်။
ထိုအလောင်းကို ရဲ၊ ဆရာဝန် များ စစ်ဆေးချက်အရ သေဆုံးသူမှာ မိမိကိုယ်ကို သေကြောင်းကြံခြင်း ခိုင်လှုံကြောင်း ဆိုပါတယ်။
သေဆုံးသူမှာ အရင်က မိမိကိုယ်ကို သေကြောင်းကြံဖူးခဲ့တယ်လို့ ၎င်းနီးစပ်ရာ အိမ်နီးနားချင်းမှ ဒေသခံတွေက ပြောပါတယ်။
နွားလ၀ိုးကျေးရွာနေ အိမ်အမှတ် န/၂၀ တွင်နေထိုင်တဲ့ သေဆုံးသူ ဒေါ်ခင်ချိုသင်းမှာ အသက် (၃၁) နှစ်ရှိပြီး အမျိုးသားဖြစ်သူမှာ ဦးဝေဖြိုး အသက် (၃၈) ရှိသူဖြစ်တယ်လို့ သိရပါတယ်။
ကျန်ရစ်သူသားသမီးသုံးဦးမှာ သမီးကြီး ဝေနှင်းဖြူ အသက်(၉)နှစ် စတုတ္ထတန်း၊ သား အောင်မင်းဝေ (၆) နှစ် ပထမတန်း နှင့် (၂)နှစ် သမီး ချမ်းဇာဖြူတို့ ဖြစ်ကြပါတယ်။
ဆာမူရိုင်းဂိုဏ်းပြဿနာ ချင်းမိုင်အာဏာပိုင်များနှင့် သျှမ်းအဖွဲ့ပူးပေါင်းအဖြေရှာ
ဂျူလိုင် ၂၁ ရက် မွန်းလွဲ ၁ နာရီမှာ ညနေ ၄ နာရီ သျှမ်းအဖွဲ့များစုပေါင်း၍ ထိုင်းနိုင်ငံ ချင်းမိုင် မြို့ အုပ်ချုပ် ရေးပိုင်းဆိုင်ရာ အကြီးအကဲများအား ပင့်ဖိတ်ကာ ဖြစ်ပေါ်ခဲ့သော ဆာမူရိုင်း ဂိုဏ်းပြဿနာအား ၀ပ်ကူတောက် ဘုန်းကြီးကျောင်း၌ ဆွေးနွေးတိုင်ပင် ဝိုင်းဝန်းအဖြေရှာကြ ခြင်း ဖြစ်သည်။
လူမှုအသိုင်းအဝိုင်းတွင်အထူတကွနေထိုင်နိုင်ဖို့နှင့် နားလည်မှုတည်ဆောက်ခြင်းဆဲမ်မီနာ
လူမှုအသိုင်းအဝိုင်းတွင်အထူတကွနေထိုင်နိုင်ဖို့နှင့် နားလည်မှုတည်ဆောက်ခြင်းဆဲမ်မီနာ
"မဖြစ်ပေါ်ခင် ကြိုတင်တားဆီးဖို့၊ ဖြစ်နေသောပြဿနာကို ဖြေရှင်းဖို့ ဖြစ်တယ်။ ဒါကြောင့် ကျနော်ကိုယ်တိုင် ပါ ၀င်တဲ့ သျှမ်းဘက်က ကိုယ်စားလှယ် ၁၀ ယောက်အဖွဲ့ဖွဲ့တယ်။ ချင်းမိုင်အာဏာပိုင် တွေနဲ့ လက်တွဲ ပြီး ပြဿနာကို စုပေါင်းဖြေရှင်းသွားမယ်" - ဟု ထိုင်းနိုင်ငံ သျှမ်းပညာရေးနှင့် ယဉ်ကျေးမှု အသင်း ဥက္ကဌ စိုင်းဆိုင်မိဏ်း မန်းကောန်း က ပြောသည်။
ထို့အတူ ထိုင်းနိုင်ငံ ချင်းမိုင် ဒုတိယ အုပ်ချုပ်ရေးမှူး မစ္စတာ အဒီးဆွန် ကမ်နွတ်ဆီကလည်း - "ကျနော်က ဖှန် (ဖှန်မြို့နယ်သား) ဇာတိ ကျနော့်အနွယ်လဲ ထိုင်းယိုင် (သျှမ်း) လူမျိုးပါ ဘဲ။ ကျနော့် တာဝန်က ထိုင်းအမျိုးသား လုံခြုံရေးအဓိကဖြစ်တယ်။ ဖြစ်ပေါ်လာတဲ့ ပြဿနာကို ကျနော်တို့ လက်တွဲ ဖြေရှင်းသွားရပါလိမ့်မယ်။ အခု တင် ပြ ဆွေးနွေးတဲ့အချက်တွေ လဲ ကျနော်မှတ်သားပြီး ကြပ်မှတ် စီစစ်သွားပါ့မယ်" - ဟု ပြောသည်။
အခမ်းအနားသို့ တက်ရောက်လာသည့် လူပေါင်း ၂၀၀ ကျော်ထဲက - ပြဿနာဖြစ်လာလျှင် ဝါးလုံးရှည်ဖြင့် မရမ်း သင့်ကြောင်း၊ ငါးခုံးမ တကောင်ကြောင့် တလှေလုံးပုပ် ဆိုသကဲ့သို့ မိမိဝမ်းရေး အတွက် ရိုးသားစွာ ရှာဖွေစား သောက်ကြသူများပါ အခက်အခဲကြုံတွေ့ စေကြောင်း၊ ထိုင်း သတင်း သမားများလည်းဘက်မျှစွာ ရေးသား ထုတ် လွှင့်သင့်ကြောင်း၊ ဆာမူရိုင်း ဂိုဏ်း ပြဿနာအပြင် ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထား သူများ လွတ်လပ်စွာ သွားလာလုပ်ကိုင်ခွင့်၊ လွတ်လပ်စွာဗီဇာတိုးခွင့်၊ ထိုင်းလူမျိုးများ တန်းတူ ဘတ်သုံး ဆယ်တန်ဆေးဝါးကုသခွင့်များ - - စသဖြင့်တင်ပြကြသည်။
စိုင်းဆိုင်မိန်း မန်းကောန်းနှင့် မစ္စတာအဒီးဆွန် ကမ်နွတ်ဆီ
စိုင်းဆိုင်မိန်း မန်းကောန်းနှင့် မစ္စတာအဒီးဆွန် ကမ်နွတ်ဆီ
လူမှုအသိုင်းအဝိုင်းတွင် အတူတကွနေထိုင်ဖို့နှင့် နားလည်မှုတည်ဆောက်ဖို့ ဆဲမ်မီနာကို ချင်းမိုင်မြို့ သျှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ နှင့် ထိုင်းနိုင်ငံ သျှမ်းပညာရေးနှင့် ယဉ်ကျေးမှုအဖွဲ့တို့ကမကထပြု ကျင်းပခဲ့ခြင်းဖြစ်သည်။
ဂျွန်လနှောင်းပိုင်းက သျှမ်းလူငယ်ဟု ယူဆရသည့် ဆာမူရိုင်းဂိုဏ်းအမည်ရ လူတစု က ချင်း မိုင် ခရိုင်အတွင်း ညပိုင်းသွားလာသူများအား ဓါးဖြင့်လိုက်လံ ခုတ်သတ်မှုဖြစ်ပေါ် ခဲ့ကြောင်း၊ ထို့အတွက် ထိုင်းနိုင်ငံ အမှတ် ၅ ရဲဌာနချုပ်မှ  တညလျှင် လမ်းသွားလာသူ သျှမ်းလူမျိုးများ အား စိစစ်သည့်အမှု ၅၀ အနည်းဆုံးရှိရမည်ဖြစ် ကြောင်း ရဲစခန်းတိုင်းသို့ ညွှန်ကြားခဲ့သည်။ ထို့အပြင် ရွှေ့ပြောင်းအလုပ်သမားတန်းလျားများသို့လည် မကြာခဏ ၀င်ရောက်စစ်ဆေးမှု ပြုလုပ်ခဲ့သည်။
ထို့ကြောင့် ကာရာအိုကေဆိုင်များ၊ စားသောက်ဆိုင်များ၊ ညဆိုင်းအလုပ် ဆင်းသူများ၊ ညပိုင်း ပညာလေ့လာ ဆည်းဖူးသူများ အတွက် အခက်အခဲဖြစ်စေသည့်အပြင် မကျေနပ်သည့် ထိုင်း လူငယ်တစု တုန့်ပြန်ရန်စ ရိုက်နှက် သတ်ဖြတ်မှုများလည်း ပေါ်ပေါက် ခဲ့သည်ဟု အခမ်းအနား တက်ရောက်လာသူများက ပြောပါသည်။
ဝါဆိုလပြည့် အခါသမယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားနှင့် တန်ခိုးကြီးဘုရားများတွင် ၀ါဆို ရွှေကြာသင်္ကန်းကပ်လှူပွဲ၊ ဘုရားဆွမ်းတော်ကြီးကပ်လှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပ
7.21.3
ရွှေတိဂုံစေတီတော်ကို ၀ါဆိုလပြည့်နေ့ နံနက် ၄ နာရီအချိန်ခန့်က ဖူးတွေ့ရစဉ်
ဇူလိုင်လ ၂၂ရက်၊ ၀ါဆိုလပြည့် အခါသမယနေ့၌ ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားနှင့် တန်ခိုးကြီးဘုရားများတွင် ၀ါဆိုကြာသင်္ကန်းကပ်လှူပွဲ၊ဘုရားဆွမ်းတော်ကြီး ကပ်လှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်မြို့ရှိ တန်ခိုးကြီး စေတီတော်ဖြစ်သော ရွှေတိဂုံဘုရားတွင် နံနက်အစောပိုင်း ၄နာရီအချိန်၌ စေတီတော်၏ အရပ်လေးမျက်နှာရှိ ဘုရားများကို မျက်နှာတော်သစ်တော်မှုခြင်း၊ သောက်တော်ရေချမ်း ကပ်လှူခြင်း၊ ဆွမ်းတော်ကြီးများ ကပ်လှူခြင်း၊သစ်သီးဆွမ်း၊အချိုအချဉ် ခဲဘွယ်ဘော ဇယ်များ ကပ်လှူခြင်းနှင့် ၀ါဆို ရွှေကြာသင်္ကန်း ကပ်လှူခြင်းများကို ဘုရားဂေါပကအဖွဲ့များ ဦးဆောင်၍ ဘာသာရေး အသင်းအဖွဲ့များ၊၀န်ထမ်းများမှ ပြုလုပ်ခဲ့ကြပြီး ဘုရားဖူး အလှူရှင်များနှင့် နံနက် စောစောပိုင်း အချိန်ခါတွင် စည်ကားလျက်ရှိကြောင်း သိရသည်။
7.21.1
''အမေတို့က ၀ါဆိုလပြည့်နေ့ဆို နှစ်တိုင်းရွှေတိဂုံဘုရားကို လာဖူးမျှော်ရင်း အလှူဒါန ပြုဖြစ်ပါတယ်။ နံနက်စောစော ဆိုတော့ လူလည်းနည်းနည်း ရှင်းတယ်။ ဘုရားဆွမ်းကပ်တာတို့ ရေသပ္ပါယ်တာတို့ ပြုလုပ် ဖြစ်ပါတယ်'' ဟုပြောကြားခဲ့သည်။   
ဝါဆိုလပြည့် အခါသမယ နေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ ဆူးလေဘုရား၊ ကမ္ကာအေးစေတီတော်၊စွယ်တော်စေတီတော်နှင့် ဗိုလ်တထောင် စေတီတော်တို့တွင် ၀ါဆိုကြာသင်္ကန်း ကပ်လှူပွဲ၊ ဘုရားဆွမ်းတော်ကြီး ကပ်လှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။   
"ရွှေတိဂုံဘုရားမှာ ၀ါဆိုလပြည့်နေ့မှာ ဒီလိုအခမ်းနားတွေ စည်စည်ကားနဲ့ နှစ်တိုင်းပြုလုပ်ဖြစ်တယ် အလှူရှင်တွေ လှူထားတဲ့ငွေကြေးတွေနဲ့ စုပေါင်းပြီး ပြုလုပ်တာလည်း ဖြစ်ပါတယ်။ ပြုလုပ်ရခြင်း အကြောင်းရင်းကလည်း ဗုဒ္ဓသာသနာ ရေရှည်တည်တံ့နိုင်ဖို့ အတွက်ရယ်ပါ'' ဟု ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်း တွင် Daily Eleven သို့ ပြောကြားခဲ့သည်။
7.21.2
ဗိုလ်တထောင် စေတီတော်အား လာရောက်ဖူးမျှော်ကြသူများကို ၀ါဆိုလပြည့်နေ့ နံနက်ပိုင်းက တွေ့ရစဉ်
ထို့အပြင် ဗိုလ်တထောင်ဘုရားတွင်လည်း လာရောက်ဖူးမျှော်ကြ သူများဖြင့် အထူးစည်ကားလျက် ရှိကြောင်း သိရသည်။
ဝါဆိုလပြည့်နေ့သည် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် ဖြစ်သည့် အတွက် လူကြီးများ သာမကပဲ လူငယ်များ၊ ကလေးများဖြင့် အထူးစည်ကား လျက်ရှိပြီး လူငယ်ပရဟိတအဖွဲ့များ၊ သူငယ်ချင်းများ စုပေါင်း၍လည်း စတုဒီသာ အလှူများ လာရောက်ပြုလုပ် ကြကြောင်း သိရသည်။     
ဗိုလ်တထောင်ဘုရားပေါ်တွင် စတုဒီသာအနေဖြင့် အအေး၊ ကြာဇံကြော် လှူဒါန်းခြင်းအပြင် မဏ္ဍပ်ဆောက်လုပ်၍ နေ့လည်စာ ထမင်း၊ ဟင်းများ စတုဒီသာ ပြုလုပ်လျက်ရှိပြီး ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်း၊ အုန်းပွဲ၊ ငှက်ပျောပွဲများ ကပ်လှူပူဇော်ခြင်း ငှက်လွှတ်၍ ကုသိုလ်ပြုခြင်း၊ ငါးစာ၊ လိပ်စာများ ကျွေးခြင်း စသည်ဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြကြောင်းလည်း သိရသည်။
7.21.5
စွယ်တော်မြတ် စေတီတော်အား လာရောက်ဖူးမျှော်ကြသူများကို ၀ါဆိုလပြည့်နေ့ နံနက်ပိုင်းက တွေ့ရစဉ်
ထို့အပြင် စွယ်တော်စေတီတော် တွင်လည်း ၀ါဆိုသင်္ကန်း ကပ်လှူခြင်းနှင့် ဘုရားဖူးဧည့်သည်များကို စတုဒီသာ ကျွေးမွေးခြင်း၊ နေ့လည်စာ ထမင်းဟင်း ကျွေးမွေးဧည့်ခံမှုများကို ဘုရားဂေါပက တာဝန်ရှိသူများမှ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးရှိ စက်မှုဇုန်မြေကွက် ရယူထားသူများ မြေကွက်တန်ဖိုး အကျေ မပေးသွင်းပါက ၀ယ်ယူခွင့် ပယ်ဖျက်မည်ဖြစ်ပြီး ပေးသွင်းငွေ ပြန်အမ်းမည်
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန် မြေကွက်ရယူထားသူများ မြေကွက်တန်ဖိုး အကျေမပေးသွင်းပါက ၀ယ်ယူခွင့် ပယ်ဖျက်မည်ဖြစ်ပြီး ပေးသွင်းထား သည့် ငွေများ ပြန်အမ်းပေးမည် ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက ဇူလိုင် ၂၂ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန်များအနက် မြေကွက်ရယူထားပြီး မြေကွက်တန်ဖိုး အကျေပေးသွင်းရန် ကျန်ရှိနေသေးသည့် စက်မှုဇုန်များဖြစ်သော ရွှေပြည်သာ မြို့နယ်ရှိ ၀ါးတရာ စက်မှုဇုန်၊ မှော်ဘီမြို့နယ်ရှိ မြောင်းတကာ သံမဏိသံရည်ကျို စက်မှုဇုန်၊ သန်လျင်မြို့နယ်ရှိ သီလ၀ါ စက်မှုဇုန်၊ ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ စက်မှုဇုန် အပိုင်း(၁)၊ ဒဂုံအရှေ့ပိုင်း မြို့နယ်ရှိ စက်မှုဇုန် အပိုင်း(၁)၊ ဒဂုံတောင်ပိုင်း မြို့နယ်ရှိ ကျန်စစ်သားရိပ်မွန် စက်မှုဇုန်အပိုင်း(၁)တို့တွင် စက်မှုဇုန်မြေကွက် ၀ယ်ယူရရှိပြီး မြေကွက်တန်ဖိုး အကျေပေးသွင်းရန် ကျန်ရှိသူများသည် ယခုလကုန် နောက်ဆုံးထား၍ ပေးသွင်းရမည် ဖြစ်ကြောင်း သတင်းရရှိသည်။
မြေကွက်တန်ဖိုး အကျေပေးသွင်းရန် ကျန်ရှိသူများသည် ဇူလိုင် ၃၁ ရက် နောက်ဆုံးထား ပေးသွင်းရမည်ဖြစ်ပြီး ထိုသို့ မပေးသွင်းပါက မြေကွက်ဝယ်ယူခွင့် အလိုအလျောက် ပယ်ဖျက်ပြီး ဖြစ်ကြောင်းနှင့် ပေးသွင်းထားသည့်ငွေကို ပြန်အမ်းပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ထူထောင်ပြီး စက်မှုဒေသ ၁၈ ခုရှိပြီး စက်မှုဇုန် အများအပြားတွင် မြေကွက်တန်ဖိုး အကျေမပေးသွင်း ထားသည့် မြေကွက်များနှင့် ၀ယ်ယူပြီး မည်သည့်စက်မှု လုပ်ငန်းမှ မတည်ထောင်သော မြေကွက် အများအပြား ရှိကြောင်းနှင့် စက်မှုဇုန် မြေကွက်များ ဈေးနှုန်းအဆမတန် မြင့်မားမှုကြောင့် အမှန်တကယ် စက်မှုလုပ်ငန်း တည်ထောင်လိုသော ပြည်တွင်းပြည်ပ လုပ်ငန်းများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ခွင့်ပြုထားသည့် စက်မှုဇုန် ၂၄ ဇုန်ဝန်းကျင် ရှိသော်လည်း စက်မှုဇုန် အချို့သည် လုပ်ငန်းလည်ပတ်မှု နည်းပါးနေဆဲဖြစ်ပြီး လက်ရှိစက်မှုဇုန်များတွင် လုပ်ငန်းလည်ပတ်နေသည့် စက်ရုံ ၄၀၀၀ ကျော်သာ ရှိကြောင်းနှင့် စက်မှုဇုန်များတွင် လျှပ်စစ်မီး ရရှိနိုင်အောင်လည်း ဆောင်ရွက်နေကြောင်း သိရသည်။
ရန်ကုန်မြို့တွင် အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းဟူ၍ ခရိုင်လေးခု ခွဲခြားထားသော စက်မှုဇုန်များ ရှိနေပြီး အဆိုပါ စက်မှုဇုန်များအနက် အချို့မှာ သီလ၀ါ စက်မှုဇုန်၊ မင်္ဂလာဒုံ စက်မှုဥယျာဉ်၊ ရွှေလင်ပန်း စက်မှုဇုန်၊ ဒဂုံဆိပ်ကမ်း စက်မှုဇုန်၊ ဒဂုံအရှေ့ပိုင်း စက်မှုဇုန်၊ လှိုင်သာယာ စက်မှုဇုန်- ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ မြောက်ဒဂုံ စက်မှုဇုန်၊ မြောက်ဥက္ကလာပ စက်မှုဇုန်၊ ရွှေပြည်သာ စက်မှုဇုန်- ၁၊ ၂၊ ၃၊ ၄ ၊ သာဓုကန် စက်မှုဇုန်၊ တောင်ဒဂုံ စက်မှုဇုန်- ၁၊ ၂၊ ၃၊ တောင်ဥက္ကလာပ စက်မှုဇုန်၊ သာကေတ စက်မှုဇုန်များ ဖြစ်ကြောင်း သိရသည်။
ငြိမ်းချမ်းမှုကို မြတ်နိုးသော ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ် ၀ါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့၌ တန်ခိုးကြီး ဘုရားများတွင် ဘုရားဖူးလာ ပရိသတ်များဖြင့် စည်ကား
7.22.13
ဇူလိုင်  ၂၂  ရက် ၀ါဆိုလပြည့်နေ့တွင် ရွှေတိဂုံစေတီတော်၌ ဘုရားဝတ်ပြုနေသော အဘွားအိုနှင့် ကလေးငယ်အချို့ (ဓာတ်ပုံ-၀င်းမြင့်ကျော်)
ငြိမ်းချမ်းမှုကို မြတ်နိုးသော ဗုဒ္ဓဘာသာ ၀င်တို့၏ အထွတ်အမြတ် ၀ါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့၌ တန်ခိုးကြီး ဘုရားများတွင် ဘုရားဖူးလာ ပရိသတ်များဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂၂ ရက် ၀ါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား အပါအ၀င် အခြားတန်ခိုးကြီး ဘုရားများ၌ ၀ါဆိုကြာသင်္ကန်း ကပ်လှူပွဲ၊ ဘုရားဆွမ်းတော်ကြီး ကပ်လှူပွဲများဖြင့် ဘုရားဖူး ပရိသတ်များဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ တန်ခိုးကြီး စေတီတော် ဖြစ်သော ရွှေတိဂုံဘုရားတွင် နံနက်အစောပိုင်း ၄ နာရီ အချိန်၌ စေတီ၏ အရပ်လေးမျက်နှာရှိ ဘုရားများကို မျက်နှာတော် သစ်တော်မူခြင်း၊ သောက်တော်ရေချမ်း ကပ်လှူခြင်း၊ ဆွမ်းတော်ကြီးများ ကပ်လှူခြင်း၊ သစ်သီးဆွမ်း၊ ချိုချဉ်ခဲဖွယ် ဘောဇဉ်များ ကပ်လှူခြင်းနှင့် ၀ါဆိုရွှေကြာသင်္ကန်း ကပ်လှူခြင်းများကို ဘုရားဂေါပက အဖွဲ့များက ဦးဆောင်၍ ဘာသာရေး အသင်းအဖွဲ့များ၊ ၀န်ထမ်းများမှ ပြုလုပ်ခဲ့ကြပြီး ဘုရားဖူး အလှူရှင်များနှင့် နံနက်စောစောပိုင်း အချိန်အခါတွင် စည်ကားလျက်ရှိသည်။
''အမေတို့က ၀ါဆိုလပြည့်နေ့ဆို နှစ်တိုင်း ရွှေတိဂုံဘုရားကို လာဖူးမြော်ရင်း အလှူဒါန ပြုဖြစ်ပါတယ်။ နံနက်စောစော ဆိုတော့ လူလည်း နည်းနည်းရှင်းတယ်။ ဘုရားဆွမ်းကပ်တာတို့ ရေသပ္ပာယ်တာတို့ ပြုလုပ်ဖြစ်ပါတယ်'' ဟု ဘုရားလာဖူးသူ အသက် ၆၂ နှစ် အရွယ် အဘွားအို တစ်ဦးက ပြောကြားသည်။
7.22.14
''ရွှေတိဂုံဘုရားမှာ ၀ါဆိုလပြည့်နေ့မှာ ဒီလို အခမ်းအနားတွေ စည်စည်ကားကားနဲ့ နှစ်တိုင်း ပြုလုပ်ဖြစ်တယ်။ အလှူရှင်တွေ လှူထားတဲ့ ငွေကြေးတွေနဲ့ စုပေါင်းပြီး ပြု လုပ်တာလည်း ဖြစ်ပါတယ်။ ပြုလုပ်ရခြင်း အကြောင်းရင်းကလည်း ဗုဒ္ဓသာသနာ ရေရှည်တည်တံ့နိုင်ဖို့ အတွက်ပါ'' ဟု ဘုရားဂေါပက ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းကြိုင်က ဇူလိုင် ၂၂ ရက် နံနက်တွင် Daily Eleven သို့ ပြောကြားခဲ့သည်။
ဝါဆိုလပြည့်နေ့တွင် ဗိုလ်တထောင်ဘုရား၌ လာရောက် ဖူးမြော်သူများဖြင့် စည်ကားခဲ့ပြီး ဘုရားပေါ်တွင် အအေး၊ ကြာဆံကြော်တို့ လှူဒါန်းခြင်းအပြင် မဏ္ဍပ်ဆောက်လုပ်၍ နေ့လယ်စာထမင်း၊ ဟင်းများကို ဧည့်ခံကျွေးမွေး လျက်ရှိသည်။
ရွှတိဂုံဘုရားမှာ ၀ါဆိုလပြည့်နေ့မှာ ဒီလို အခမ်းအနားတွေ စည်စည်ကားကားနဲ့ နှစ်တိုင်း ပြုလုပ်ဖြစ်တယ်။ အလှူရှင်တွေ လှူထားတဲ့ ငွေကြေးတွေနဲ့ စုပေါင်းပြီး ပြု လုပ်တာလည်း ဖြစ်ပါတယ်။ ပြုလုပ်ရခြင်း အကြောင်းရင်းကလည်း ဗုဒ္ဓသာသနာ ရေရှည်တည်တံ့နိုင်ဖို့ အတွက်ပါ...
ဝါဆိုလပြည့်နေ့သည် အစိုးရ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များ ဖြစ်သဖြင့် ဗိုလ်တထောင် ဘုရားပေါ်တွင် လူကြီးများ သာမက လူငယ်များ၊ ကလေးငယ်များဖြင့် အထူးစည်ကားလျက်ရှိပြီး လူငယ် ပရဟိတ အဖွဲ့များမှ စတုဒိသာ အလှူများ လာရောက်ပြုလုပ်ခဲ့ကြောင်း သိရသည်။
''ကျွန်တော်တို့က တာဝတက္ကသိုလ် ကျောင်းသားတွေပါ။ ပရဟိတအဖွဲ့ ရယ်လို့တော့ မဟုတ်ပါဘူး။ သူငယ်ချင်းတွေ စုပြီးတော့ အအေးအလှူဒါန လာပြုတာပါ။ အခုလိုလာလှူတာ ပထမဦးဆုံး အကြိမ်ပါ။ နောင်နှစ်တွေလည်း ဒီလိုမျိုး ထပ်ပြီးတော့ လှူသွားမှာပါ'' ဟု တာဝတက္ကသိုလ်ကျောင်းသား ကိုထင်က ပြောသည်။
7.22.15
စွယ်တော်မြတ် စေတီတော်တွင် ၀ါဆိုလပြည့်နေ့က လာရောက်ဖူးမြော်ကြစဉ်
ထို့အပြင် စွယ်တော်စေတီတော်တွင်လည်း ၀ါဆိုသင်္ကန်း ကပ်လှူခြင်းနှင့် ဘုရားဖူး ဧည့်သည်များကို စတုဒိသာ ကျွေးမွေးခြင်း၊ နေ့လယ်စာ ထမင်းဟင်း ကျွေးမွေးဧည့်ခံမှုများကို ဘုရားဂေါပက တာဝန်ရှိသူများက ပြုလုပ်ခဲ့ကြသည်။
''၀ါဆိုလပြည့်နေ့တိုင်း စွယ်တော်စေတီမှာက နှစ်စဉ်လုပ်ဖြစ်တယ်။ ဆယ့်နှစ်လရာသီ ပွဲတွေရှိတိုင်း ရာသီအလိုက် ပွဲတွေကို လုပ်ဖြစ်ပါတယ်။ ဘုရားဖူးတွေရဲ့ လုံခြုံရေး အခြေအနေကိုလည်း ဂရုစိုက်တဲ့ အတွက် လုံခြုံရေး အခြေအနေကို ပုံမှန်ထက် တိုးမြှင့်ထားပါတယ်'' ဟု ဘုရားဂေါပက အဖွဲ့ဝင် ဦးစိန်ဟန်က ပြောကြားသည်။
အဆိုပါ စေတီတော်ရှိ ဓမ္မာရုံတွင် ကလေးဝ ဆရာတော်မှ ၀ါဆိုလပြည့်နေ့ ဓမ္မစကြာ တရားတော်ကို ဟောကြားပေးခဲ့ကြောင်း သိရသည်။
ကမ္ဘာအေး စေတီတော်တွင် နံနက် ၉ နာရီခွဲခန့်တွင် ဘုရားဖူးလာသူများကို သီလပေးခြင်း၊ မွန်းလွဲ ၁ နာရီခန့်တွင် ဓမ္မစကြာ အခါတော်နေ့ အခမ်းအနား စတင်ကျင်းပကာ ညနေပိုင်းတွင် စေတီတော်တွင်းရှိ ရုပ်ပွားတော်များကို ၀ါဆိုသင်္ကန်း ကပ်လှူပူဇော်ခဲ့ကြောင်း ကမ္ဘာအေး စေတီတော် ဂေါပကအဖွဲ့မှ သိရသည်။
ဝါဆိုလပြည့် အခါသမယနေ့တွင် ရန်ကုန်မြို့ရှိ တန်ခိုးကြီး ဘုရားများ ဖြစ်သော ရွှေတိဂုံစေတီတော်၊ ဆူးလေစေတီတော်၊ ကမ္ဘာအေးစေတီတော်၊ စွယ်တော်စေတီတော်နှင့် ဗိုလ်တထောင် စေတီတော်တို့တွင် ၀ါဆိုကြာသင်္ကန်း ကပ်လှူပွဲ၊ ဘုရားဆွမ်းတော်ကြီး ကပ်လှူပွဲ၊ ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း၊ အုန်းပွဲ၊ ငှက်ပျောပွဲများ ကပ်လှူပူဇော်ခြင်း၊ ငါးစာ လိပ်စာများ ကျွေးခြင်း၊ ငှက်လွှတ်ကုသိုလ် ယူသူများနှင့် စည်ကားလျက်ရှိသည်။
7.22.16
ဝါဆိုလပြည့်နေ့နှင့် ပတ်သက်သည့် ထူးခြားချက်များမှာ ၀ါဆိုလပြည့်နေ့တွင် ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် တုသိတာ နတ်ပြည်မှ သက်ဆင်း၍ လူ့ပြည်၌ ပဋိသန္ဓေ တည်ခဲ့သည်။ ၀ါဆိုလပြည့်နေ့မှာပင် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် တောထွက်တော် မူခဲ့သည်။
ထို့ပြင် ၀ါဆိုလပြည့်နေ့မှာပင် ဘုရားရှင်သည် ပဉ္စ၀ဂ္ဂီ ငါးဦးအား ဓမ္မစကြာ တရားဦး ဟောတော်မူခဲ့သည်။
ဝါဆိုလပြည့်နေ့၌ပင် ဘုရားရှင်သည် သာဝတ္ထိပြည် သရက်ဖြူပင်ရင်း၌ တိတ္ထိများကို နှိမ်နင်း၍ တန်ခိုးပြာဋိဟာ ပြတော်မူခဲ့သည်။
ထို့ကြောင့်ပင် (သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လ၀ါဆို) ဟု ရှေးအစဉ်အဆက် ကတည်းကပင် မှတ်သားထားကြသည်။ ထိုထို အကြောင်းများကြောင့် ၀ါဆိုလပြည့်နေ့ကို ဗုဒ္ဓဘာသာဝင်တို့က နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ဓမ္မစကြာတရား ဟောတော်မူသည့် ၀ါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ ဟူ၍လည်း သတ်မှတ် ထားကြသည်။
(၁) ပဋိသန္ဓေ တည်သည့်နေ့ - မဟာ သက္ကရာဇ်-၆၇၊ ၀ါဆိုလပြည့် (ကြာသပတေးနေ့)
(၂) တောထွက်သည့်နေ့ - မဟာသက္က ရာဇ်-၉၇၊ ၀ါဆိုလပြည့် (တနင်္လာနေ့)
(၃) ဓမ္မစကြာတရားဦး ဟောသည့်နေ့ - မဟာသက္ကရာဇ်-၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့)
(၄)သောတာပန်လူသား စပေါ်သည့်နေ့ -မဟာသက္ကရာဇ်-၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့)
(၅) သံဃာရတနာစပေါ်သည့်နေ့ - မဟာသက္ကရာဇ်-၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့)