Monday, May 14, 2012
မြန်အောင်မြို့ ကြံ့ခိုင်ရေးရုံး ဗုံးခွဲသည့် တရားခံအား ဖမ်းမိ
တရားခံ သန်းကိုဦး မြန်အောင်မြို့ ကြံ့ခိုင်ရေး ရုံးသို့ ဝင်ရောက် ဆောင်ရွက်ခဲ့ပုံများကို သရုပ်ပြ လိုက်လံပြသနေပုံ |
ဖြစ်စဉ်တစ်ရပ်ဖြစ်ပွားခဲ့ရာ တရားခံအား မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ နှင့်
ပြည်သူများပူးပေါင်းကာ လိုက်လံစုံစမ်းဖော်ထုတ်ခဲ့ရာ တရားခံ သန်းကိုဦး
အသက် ၂၂နှစ် အား ဖမ်းမိခဲ့ပါသည်။
တောင်တွင်းကြီးမြို့နယ်၊ပန်းတောကျေးရွာ မီးလောင်မှု
တောင်တွင်းကြီးမြို့နယ်၊ပန်းတောကျေးရွာ
မီးလောင်မှုသတင်း....11 နာရီကျော်ကျော် 14-5-2012 နေ့တွင် မီး အပြင်းအထန်
လောင်ကျွမ်းနေကြောင်း ၁၂ နာရီ၄၅ မိနစ် ယခုသတင်းပို့ချိန်အထိ
မီးညွှန့်မကျိုးသေးကြောင်း သတင်းရရှိပါသည်။
မီးလောင်မှုကြောင့် ရွာသားများ စိတ်ဒုက္ခအလွန်ရောက်နေရသောမြင်ကွင်းများအား
သတင်းပေးပို့ အပ်ပါသည်။ လောင်ကျွမ်းမှုတန်ဖိုးနှင့် စလောင် သော
အိမ်၊ တန်ဖိုးအား မသိရှိရသေးပါခင်ဗျာ။
ပန်းတောကျေးရွာမီးလောင်မှု သတင်းဓါတ်ပုံများ
မီးလောင်မှုကြောင့် ရွာသားများ စိတ်ဒုက္ခအလွန်ရောက်နေရသောမြင်ကွင်းများအား
သတင်းပေးပို့ အပ်ပါသည်။ လောင်ကျွမ်းမှုတန်ဖိုးနှင့် စလောင် သော
အိမ်၊ တန်ဖိုးအား မသိရှိရသေးပါခင်ဗျာ။
ပန်းတောကျေးရွာမီးလောင်မှု သတင်းဓါတ်ပုံများ
မအူပင်မြို့နယ်က လယ်သမားများ ပြည်ခိုင်ဖြိုးက သိမ်းသွားသောလယ်မြေများအတွက် သမ္မတထံစာတင်မည်
ဝင့်သင်ဇာကျော် (မြစ်မခ)
မေ (၁၄)ရက် ၊ ရန်ကုန်မြို့။
မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၁၆)အုပ်စုကတောင်သူလယ်သမားများနှင့် ရေလုပ်သား(၄၀၅)ဦး ကျော် လက်မှတ်ရေးထိုးထားသောတောင်းဆိုချက်(၇)ချက်အား နိုင်ငံတော်သမ္မတထံ စာတင်ရန် အစီအစဉ်ရှိ ကြောင်း
မစုစုနွေးထံက သိရသည်။
မေ (၁၄)ရက် ၊ ရန်ကုန်မြို့။
မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၁၆)အုပ်စုကတောင်သူလယ်သမားများနှင့် ရေလုပ်သား(၄၀၅)ဦး ကျော် လက်မှတ်ရေးထိုးထားသောတောင်းဆိုချက်(၇)ချက်အား နိုင်ငံတော်သမ္မတထံ စာတင်ရန် အစီအစဉ်ရှိ ကြောင်း
မစုစုနွေးထံက သိရသည်။
နိုင်ငံတော် သမ္မတ အမိန့်ဖြင့် စာနယ်ဇင်းကောင်စီ ဖွဲ့စည်းမည်
ရန်ကုန်၊ မေ ၁၄
မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးတွင်
စတုထ္တ မဏ္ဍိုင်၏ အရေးပါမှုကို အသိမှတ်ပြုလေးစားသော အားဖြင့် စာနယ်ဇင်း
ကောင်စီကို နိုင်ငံတော် သမ္မတအမိန့်ဖြင့် ပထမဦးဆုံးအကြိမ်
ဖွဲ့စည်းပေးသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးနျင့် ယဉ်ကျေးမှု ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ယနေ့ မွန်းလွှဲ ၁နာရီခန့် မြန်မာအသံနှင့်
ရုပ်မြင်သံကြားဌာန တွင် ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲ၌ အတည်ပြု ခဲ့သည်။
စံပယ်ဖူး စက်ရုံမှ လုပ်သားများ မကျေနပ်ချက်တင်ပြ
လုပ်ခ လစာငွေမလုံလောက်သည်ကို ဖြေရှင်းပေးဖို့ တင်ပြရန် အတွက် လှိုင်သာယာမြို့နယ် စက်မှုဇုံ ၄ မင်းကြီးမဟာမင်းခေါင်လမ်းပေ
တောင်ကိုးရီးယားသမ္မတ မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေး 2012-05-14
တောင်ကိုးရီးယားသမ္မတ မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေး
2012-05-14တောင်ကိုရီးယား သမ္မတ Lee Myung-bak ဟာ မြန်မာနိုင်ငံ ၂ ရက်ကြာ ခရီးစဉ်အဖြစ် နေပြည်တော်ကို ရောက်ရှိနေပြီး သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးနေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီးမကျေနပ်သည့် ဒေသခံ ၁၅၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ရှားခဲတိုက်နယ်၊
ရှားခဲကျေးရွာရှိ ရှားခဲအင်းလေလံဆွဲသည့် ကိစ္စနှင့် ပတ်သက်ပြီး မကျေနပ်သည့်
ဒေသခံ ၁၅၀ ခန့်က ဆန္ဒပြလျက်ရှိနေပြီး ၄င်းတို့ထဲမှာ ကိုယ်စားလှယ် သုံးဦးအား
တာဝန်ရှိသူများမှ ခေါ်ယူပြီး စစ်ဆေးညှိနှိုင်းမှုများ
ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။ ထိုဖြစ်ရပ်ကြောင့် ယနေ့ နံနက်ပိုင်းတွင်
ပုသိမ်မြို့၌် ပြုလုပ်လျက်ရှိသော လေလံတင်ပွဲတွင် ရှားခဲအင်း လေလံကိစ္စကို
ခေတ္တရပ်ဆိုင်းထားကြောင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသည့်
တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု ဒေသခံများက ပြောကြားပါသည်။
မြန်မာ ရိုက်ကူးရေးအဖွဲ့များနှင့် ပူးပေါင်းကာ ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးရန် ထိုင်းနိုင်ငံမှ အများဆုံး ကမ်းလှမ်းထား
Saturday, 12 May
မြန်မာနိုင်ငံမှ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့များနှင့် ပူးပေါင်းကာ
ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးရန်အတွက် ထိုင်းနိုင်ငံမှ
ရုပ်သံရိုက်ကူးရေးအဖွဲ့များမှ အများဆုံး ကမ်းလှမ်းထားကြောင်း သိရသည်။
ထို့အပြင် တရုတ်၊ အိန္ဒိယနှင့် ကိုရီးယားနိုင်ငံတို့မှလည်း
ကမ်းလှမ်းမှုအချို့ရှိသည်ဟု မြန်မာအနုပညာ အသိုင်းအ၀န်းမှ စုံစမ်းသိရှိရသည်။
Dream Hotels ရုပ်သံစီးရီး ရိုက်ကွင်းတစ်နေရာကို တွေ့ရစဉ်
ဒါရိုက်တာအလွှာမှ ဒါရိုက်တာအားလုံးကို ဖိတ်ခေါ်၍ အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်မည်
Saturday, 12 May 2012
ဒါရိုက်တာအလွှာမှ ဒါရိုက်တာများအားလုံးကို ဖိတ်ခေါ်၍ ကြုံတွေ့ရလျက်ရှိသည့်
အခက်အခဲများကို ဆွေးနွေးတင်ပြစေမည့် အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို
မေလလယ်ပိုင်းတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ပြုလုပ်ရန်
စီစဉ်ထားသည်ဟု သတင်းရရှိသည်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ဧပြီလအတွင်းက ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတစ်ရပ်
ကချင် ထိုးစစ်မရပ်လျှင် နိုင်ငံတကာ ပိတ်ဆို့မှု မရုပ်သိမ်းရဟု UNFC ပြော
ကချင် ထိုးစစ်မရပ်လျှင် နိုင်ငံတကာ ပိတ်ဆို့မှု မရုပ်သိမ်းရဟု UNFC ပြော
ကချင်ဒေသတွင် ပြုလုပ်နေသော အစိုးရတပ်များ၏ ထိုးစစ်များ တလအတွင်း မရပ်လျှင် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများ မရုပ် သိမ်းရန် တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့ ပူးပေါင်း ဖွဲ့စည်းထားသည့်(UNFC) က ယမန်နေ့တွင် တောင်းဆိုလိုက်သည်။ UNFC ကို တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ များဖြစ်သော KIO , KNU , SSA , NMSP , KNPP, CNF အဖွဲ့၆ ဖွဲ့နှင့် တခြားသော နိုင်ငံရေး လှုပ်ရှားသည့်အဖွဲ့များ ပူးပေါင်း၍ ယခုနှစ် ဖေဖော်ဝါရီလ က စတင် ဖွဲ့စည်းခဲ့သည်။ UNFC အဖွဲ့ဝင်များသည် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာ၌ တဖွဲ့ချင်းမဆွေးနွေးဘဲ အားလုံးနှင့် ဆွေးနွေးရန် မူဝါဒ ချမှတ်ထားသည်။ထိုင်းတောင်ပိုင်း၌ မြန်မာများ အဖမ်းခံရ
ထိုင်းတောင်ပိုင်း၌ မြန်မာများ အဖမ်းခံရ
ထိုင်းနိုင်ငံ တောင်ပိုင်း ချုံဖော်ခရိုင်သို့ တရားမ၀င် ရောက်ရှိလာသော မြန်မာနိုင်ငံသား ၄၉ ဦးကို ထိုင်းအာဏာပိုင်များက ပြီးခဲ့ သည့် စနေနေ့က ဖမ်းဆီးခဲ့သည်။ အဆိုပါ ချုံဖော် ခရိုင်မှတဆင့် မလေးရှားနိုင်ငံသို့ သွားရောက်မည့် မြန်မာနိုင်ငံသား အမျိုးသမီး ၁၂ ဦးနှင့် အမျိုးသား ၃၇ ဦးတို့ကို နေအိမ်တခု၌ ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ကြောင်း ထိုင်း သတင်းများတွင် ဖော်ပြထားသည်။ ဒီဗီဒီဇာတ်ကားဈေးကွက် ကျဆင်းသွားခြင်းကြောင့် ဒီဗီဒီဇာတ်ကားသစ် ရိုက်ကူးမှုမှာလည်း အတန်ငယ် နည်းပါးသွား
Saturday, 12 May 2012
၂၀၁၂ ခုနှစ်အတွင်း ဒီဗီဒီဇာတ်ကားဈေးကွက်မှာ ကျဆင်းသွားခြင်း ကြောင့် ဒီဗီဒီဇာတ်ကားသစ် ရိုက်ကူးမှုမှာလည်း အတန်ငယ် နည်းပါးသွားခဲ့သည်ဟု ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ယင်းသို့
၂၀၁၂ ခုနှစ်အတွင်း ဒီဗီဒီဇာတ်ကားဈေးကွက်မှာ ကျဆင်းသွားခြင်း ကြောင့် ဒီဗီဒီဇာတ်ကားသစ် ရိုက်ကူးမှုမှာလည်း အတန်ငယ် နည်းပါးသွားခဲ့သည်ဟု ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ယင်းသို့
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ ဒု-သမ္မတ ဖြစ်လာမလား
ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးမှ နုတ်ထွက်စာ တင်ခဲ့ကြောင်း
သတင်းတွေ ထွက်ပေါ်ပြီး ရာထူးနေရာကို အစားထိုးခန့်အပ်ဖို့ ထိပ်ဆုံးက
ထင်ကြေးပေးခံရသူများစာရင်းမှာ လက်ရှိ ဒု ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ကြည်းရေလေ
ညှိုနှိုင်းရေးမှူးဗိုလ်ချုပ်ကြီးလှဌေးဝင်းတို့အပြင် အခုနောက်ဆုံး
ရှေ့တန်းကို ထွက်လာသူက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေပါ။
ရှစ်နှစ်ကြာပြသခွင့် ပိတ်ပင်ခံထားရသည့် ‘မော်ကင်းဥဒါန်း’ ရုပ်ရှင်ဇာတ်ကား ဇွန်လတွင် ပြသခွင့်ရရှိမည်

၂၀၀၄ ခုနှစ် ဇန်န၀ါရီလတွင် ဆင်ဆာခွင့်ပြုချက် ရရှိပြီးနောက် ရုံတင်ပြသရန် စီစဉ်ပြီးချိန်တွင် ပြသခွင့် ပိတ်ပင်ခံခဲ့ရသည့် ‘မော်ကင်းဥဒါန်း’ ရုပ်ရှင်ဇာတ်ကားအား ယခုအခါ ပြန်လည်ပြသခွင့် ရရှိပြီဖြစ်ပြီး ရုံတင်ပြသနိုင်ရန် အတွက် ရုံရက်ချိတ်ရယူနိုင်ရန် စီစဉ်ရာတွင် ယခုနှစ် ဇွန်လကုန်ပိုင်း၌ ပြသခွင့်ရရှိထားပြီ ဖြစ်သည်ဟု သတင်းရရှိသည်။
ကော့သောင်း ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံသည် လူနေအိမ်ခြေများနှင့် နီးကပ်နေ၍ မြို့နှင့် ၁၀ မိုင်ခန့် ကွာဝေးသောနေရာသို့ ရွှေ့ပြောင်းပေးရန် ဒေသခံများ တောင်းဆို

ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံကို တွေ့ရစဉ်
ကော့သောင်း ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံသည် လူနေအိမ် ခြေများနှင့် နီးကပ်နေသည့် အတွက် ကျန်းမာရေးပိုင်း သက်ရောက်မှုများ ရှိနိုင်၍ မြို့နှင့် ၁၀ မိုင်ခန့် ကွာဝေးသောနေရာသို့ ရွှေ့ပြောင်းပေးပါရန် ဒေသခံများက နိုင်ငံတော် သမ္မတထံသို့ တင်ပြခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ် မန်တုံမြို့နယ်အတွင်း၌လည်း ပဋိပက္ခကြောင့် တိမ်းရှောင်သူများရှိနေ

မန်တုံမြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်းတစ်နေရာအား တွေ့ရစဉ်
iPay Card ဖြင့် ယာဉ်စီးခ ပေးချေသည့်စနစ်အား ပန်းဆိုးတန်း ဒလရေယာဉ်များနှင့် မြို့ပတ်ရထားများတွင်ပါ အသုံးပြုသွားရန် စီစဉ်

iPay Card ဖြင့်ယာဉ်စီးခ ပေးချေသည့်စနစ်ကို ပန်းဆိုးတန်း-ဒလ ပြေးဆွဲနေသည့် ရေယာဉ်များနှင့် မြို့ပတ်ရထားများတွင်ပါ အသုံးပြုသွားရန် စီစဉ်လျက်ရှိကြောင်း ယင်းစနစ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် KISPA NADI EXPRESS LTDမှ သတင်းရရှိပါသည်။
ပန်းလှိုင်မြစ်ကောလာပြီး ရန်ကုန်မြစ်နှင့်ဆုံရာနေရာတွင် မြစ်လယ်ထိ သွားရောက် ရေကစားသူများပင်ရှိ

နုန်းပို့ချမှု ပိုမိုများပြားလာသောကြောင့် ပန်းလှိုင်မြစ်ကောလာပြီး ကြည့်မြင်တိုင်မြို့နယ် အေးရွာအနီး ရန်ကုန်မြစ်နှင့်ဆုံရာ နေရာတွင် ကလေး၊ လူကြီးများ မြစ်အတွင်းသို့ ဆင်း၍ ရေကစားသူများရှိကြောင်း သိရသည်။
အာဖဂန် ငြိမ်းချမ်းရေးကောင်စီဝင် လုပ်ကြံခံရ
အာဂန်နစ္စတန်နိုင်ငံမှာ သေနတ်သမားတယောက်က အာဖဂန် ထိပ်တန်း ငြိမ်းချမ်းရေး
စေ့စပ်ညှိနှိုင်းသူတဦးကို တနင်္ဂနွေနေ့က လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်က
ဆယ်စုနှစ်ချီ ကြာလာခဲ့ပြီဖြစ်တဲ့ စစ်ပွဲတွေ အဆုံးသတ်ရေး ကြိုးပမ်းမှုတွေ
အတွက် ကြီးမားတဲ့ အနှောက်အယှက်ကြီးတခု ဖြစ်စေတယ်လို့ အာဖဂန်အစိုးရ
အရာရှိတဦးက ပြောပါတယ်။ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင် ၇၀ ထဲက
အကြီးတန်းအဖွဲ့ဝင် တဦးဖြစ်တဲ့ Arsala Rahmani ဟာ အလုပ်ကိုအသွား၊
လမ်းအသွားအလာ ပိတ်ဆို့မှုတွေ ဖြစ်နေတဲ့အချိန် အနီးက ကားပေါ်ကနေ
ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာပါ။
မန္တလေးစည်ပင်မှကွက်ကြားဆောင်ရွက်ခြင်းနှင့် လမ်းနှစ်လမ်းပိတ်ဆို့ ရောင်းချခြင်း အဖြစ်မှန်
သစ်ထူးလွင်မှ သတင်းတပုဒ်ဖြစ်သော မန္တလေးမြို့ စည်ပင်သာယာမှတဖက်သက်
လုပ်ဆောင်နေခြင်း သတင်းကို ဖတ်လိုက်ရလို့  ကိုယ်တွေကြုံယနေ့ ဖြစ်ပေါ်
နေခြင်းကို ရေးပို့လိုက်ရပါသည် ။
လုပ်ဆောင်နေခြင်း သတင်းကို ဖတ်လိုက်ရလို့  ကိုယ်တွေကြုံယနေ့ ဖြစ်ပေါ်
နေခြင်းကို ရေးပို့လိုက်ရပါသည် ။
မိုးကုတ် အိပ်မက်
အချိန်က ညနေ ၃ နာရီခွဲခန့်။ မန္တလေးတိုင်း မိုးကုတ်မြို့နယ်ရှိ
ကျပ်ပြင်ရပ်မှ ထာပွဲရှိရာ လမ်းတိုလေးမှာတော့ လူစည်စပြုနေပါပြီ။
ကောက်ရိုးခမောက်ကိုယ်စီ၊ ပလတ်စတစ် ခွေးခြေခုံပုလေးတွေ လမ်းဘေးတလျှောက်
ချထိုင်ပြီးတော့ လက်တ၀ါးစာ သာသာရှိ “မဲ့ထာ” ခေါ် ကြေးလင်ဗန်းလေးတွေထဲမှာ
ကျောက်ရောင်စုံတွေ ထည့်ထားကြပါတယ်။
လိုင်ဇာနှင့် ကန်ပိုက်တီးဝင်ပေါက်မှ ၀င်ရောက်လာသော တရုတ်နိုင်ငံသား ဧည့်သည်များအား မြစ်ဆုံအထိ ကြိုတင် ခွင့်ပြုချက်ဖြင့် သွားလာခွင့်ပြု

ကချင်ပြည်နယ်အတွင်းရှိ မြစ်ဆုံဒေသအား ယခုနှစ်မတ်လအတွင်းက တွေ့ရစဉ်
မြန်မာနိုင်ငံတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လာရောက် လည်ပတ်မှုများနှင့် ပတ်သက်၍ ခွင့်ပြုဒေသများနှင့် ကန့်သတ်ဒေသများ စသည်ဖြင့်ရှိပြီး ကချင်ပြည်နယ်ရှိ ဒေသအချို့သည်
သုံးလအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၂၇၀ကျော် ၀င်ရောက်

ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းမည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတစ်နေရာအား တွေ့မြင်ရစဉ်
ဧရာဝတီတံတား (စင်းခန်း)အနီး ကုမ္ပဏီတစ်ခုမှ ဦးဆောင်၍ လှေအများအပြားဖြင့် ရွှေသတ္တုတူးဖော်ခြင်းကို ဆောင်ရွက်နေသဖြင့် တည်ဆဲဥပဒေအရ အရေးယူနိုင်ရန် ကွင်းဆင်းစစ်ဆေး ဖော်ထုတ်သွားမည်ဟုသိရ

ကချင်ပြည်နယ်အတွင်း စက်ကြီးများ အသုံးပြုပြီးရွှေတူးဖော်နေသော လုပ်ကွက်တစ်ခုအား ဖေဖေါ်ဝါရီလအတွင်းက တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံပညာသင် ကျောင်းများတွင် ကွန်ပျူတာ ဘာသာရပ်အား တွဲဖက်သင်ရိုးအဖြစ် သင်ကြားပေးရန် စီစဉ်နေ
အခြေခံ ပညာသင်ကျောင်းများတွင် ကွန်ပျူတာ ဘာသာရပ်အား တွဲဖက်သင်ရိုးအဖြစ်
စတင်သင်ကြား ပေးရန်စီစဉ်သည့် အနေဖြင့် ဆရာ၊ ဆရာမများအား ရန်ကုန်ကွန်ပျူတာ
တက္ကသိုလ်၌ လေးပတ်ကြာသင်တန်း ပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ရန်ကုန်တိုင်း ဒေသကြီးအတွင်းမြို့နယ်ပေါင်း ၄၃ မြို့နယ်ရှိအခြေခံပညာကျောင်းပေါင်း ၈၀၀ မှ ဆရာ၊ ဆရာမများတက် ရောက်သင်ယူလျက်ရှိသည်ဟုသိရ သည်။
အဆိုပါ သင်တန်းကို ရန်ကုန်တိုင်း ဒေသကြီးအတွင်းမြို့နယ်ပေါင်း ၄၃ မြို့နယ်ရှိအခြေခံပညာကျောင်းပေါင်း ၈၀၀ မှ ဆရာ၊ ဆရာမများတက် ရောက်သင်ယူလျက်ရှိသည်ဟုသိရ သည်။
မြန်မာဟိုတယ် ဝန်ထမ်း အမျိုးသမီးနှင့် ဂျပန် ပါးရိုက်တဲ့ အမှု တရားရုံး ပြောင်းစစ်
ရန်ကုန်၊ မေ ၁၂
ရန်ကုန်မြို့ Orchid Hotel တွင် ဂျပန် စီးပွားရေး လုပ်ငန်းရှင်က မြန်မာ ဟိုတယ်ဝန်ထမ်း အမျိုးသမီးကို ပါးရိုက်သည် ဆိုကာ အပြန်အလှန် အမှုဖွင့်၍ ပုဇွန်တောင် မြို့နယ် တရားရုံးတွင် အမှုရင်ဆိုင် နေသည့် အမှုကို ခရိုင် တရားရုံး၏ ခွင့်ပြုချက်ဖြင့် မင်္ဂလာတောင်ညွန့် တရားရုံးတွင် ပထမဆုံး ရုံးပြောင်း စစ်ဆေးခဲ့ကြောင်း ယင်းအမှုနှင့် ပတ်သက်သူများ၏ အဆိုအရ သိရသည်။
ရန်ကုန်မြို့ Orchid Hotel တွင် ဂျပန် စီးပွားရေး လုပ်ငန်းရှင်က မြန်မာ ဟိုတယ်ဝန်ထမ်း အမျိုးသမီးကို ပါးရိုက်သည် ဆိုကာ အပြန်အလှန် အမှုဖွင့်၍ ပုဇွန်တောင် မြို့နယ် တရားရုံးတွင် အမှုရင်ဆိုင် နေသည့် အမှုကို ခရိုင် တရားရုံး၏ ခွင့်ပြုချက်ဖြင့် မင်္ဂလာတောင်ညွန့် တရားရုံးတွင် ပထမဆုံး ရုံးပြောင်း စစ်ဆေးခဲ့ကြောင်း ယင်းအမှုနှင့် ပတ်သက်သူများ၏ အဆိုအရ သိရသည်။
ပုသိမ် လယ်သမားသမဂ္ဂဖွဲ့စည်းခွင့် တားမြစ်ခံရ
ပုသိမ် လယ်သမားသမဂ္ဂဖွဲ့စည်းခွင့် တားမြစ်ခံရ
2012-05-13
ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ကြက်ပေါင်တိုက်နယ်က လယ်သမားတွေ စုပေါင်းပြီး လယ်သမားသမဂ္ဂ ဖွဲ့စည်းခဲ့တာကို နည်းဥပဒေ ပေါ်ထွက်လာခြင်း မရှိသေးတဲ့အတွက် ဆိုကာ မြို့နယ်အာဏာပိုင်တွေက တားမြစ်ခဲ့တယ်လို့ သတင်း ရရှိပါတယ်။
RFA
ချောင်းသာလူနေအိမ် ၂၅၀ ကျော် ၃ လအတွင်း ပြောင်းရွှေ့ပေးဖို့ အမိန့်ပေး
ချောင်းသာလူနေအိမ် ၂၅၀ ကျော် ၃ လအတွင်း ပြောင်းရွှေ့ပေးဖို့ အမိန့်ပေး
2012-05-13
ဧရာဝတီတိုင်းဒေသကြီး ရွှေသောင်ယံမြို့နယ် ချောင်းသာကျေးရွာက အိမ်ခြေ (၂၅၀) ကျော်ကို ကျေးရွာဥက္ကဋ္ဌ အပါအ၀င် မြေစာရင်းဦးစီးဌာန တာဝန်ရှိသူတွေက အစိုးရပိုင်မြေပေါ် ကျူးကျော်နေတယ် ဆိုပြီး ၃ လအတွင်း ထွက်ခွါပေးဖို့ သတိပေးခဲ့တယ်လို့ သိရပါတယ်။ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အိမ်ပြန်ရေး အတားအဆီးတွေ ရှိနေဆဲ
ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ
မြန်မာနိုင်ငံ တိုးတက်ရေး အတွက် ပြန်လာကြဖို့ သမ္မတဦးသိန်းစိန်က ထပ်ပြီး
ဖိတ်ခေါ်လိုက်ပေမဲ့ ပြန်လာချင်သူတွေရော ပြည်တွင်းကနေ နိုင်ငံရပ်ခြား
အတွေ့အကြုံ ယူချင်သူတွေ အတွက်ပါ အခက်အခဲတွေ အမျိုးမျိုး ရှိနေတယ်လို့
တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။ မေလ ၁၁
ကလောသစ်သီးခြံ ဧက ၂၀ ဆက်သွယ်ရေး အာဏာပိုင်တွေ ဖျက်ဆီး
ကလောသစ်သီးခြံ ဧက ၂၀ ဆက်သွယ်ရေး အာဏာပိုင်တွေ ဖျက်ဆီး
2012-05-13
ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်က သီးနှံစိုက်ပျိုးထားတဲ့ ခြံမြေဧက ၂၀ ခန့်ကို ဆက်သွယ်ရေး အာဏာပိုင်တွေက ၀င်ရောက် ဖျက်ဆီးနေတဲ့ အတွက် ပိုင်ရှင်ဒေသခံပြည်သူ စိုက်ပျိုးထားဆဲ သီးနှံပင်တွေ ပျက်စီးဆုံးရှုံးကုန်ပြီး၊ မြေယာမဲ့ဘ၀ ကို ရောက်ရမယ့် အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။စိုက်ပျိုးထားတဲ့ သီးနှံပင်တွေ ခုတ်ထွင်ခံနေရတဲ့ မြေနေရာတွေကတော့
အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ဟောပြောပွဲ နိုင်ကျဉ်းအဖွဲ့ပြုလုပ်
အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ဟောပြောပွဲ နိုင်ကျဉ်းအဖွဲ့ပြုလုပ်
2012-05-13
နိုင်ငံရေးအကျဉ်းသားဟောင်းများ ဦးစီးပြီး အလုပ်အကိုင် အခွင့်အလမ်းနှင့် အနာဂတ် မြန်မာနိုင်ငံ ခေါင်းစဉ်နဲ့  ဟောပြောပွဲတရပ်ကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခြံမှာ ဒီကနေ့ မနက်က ကျင်းပခဲ့ပါတယ်။မြောက်ကိုရီးယား ရန်စမှု ဒေသတွင်း အင်အားကြီး ၃နိုင်ငံသတိပေး
မြောက်ကိုရီးယားဘက်က ရန်လိုတဲ့အပြုအမူမျိုးကို နောင်မှာ
သည်းခံမှာမဟုတ်ဘူးလို့ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတို့က
ပြောလိုက်ပါတယ်။ မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်ဖောက်ခွဲမှု
အသစ်လုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေတဲ့အချိန်
ဒီသတိပေး ပြောဆိုချက် ထွက်လာတာပါ။
၈၈ မျိုးဆက်ကျောင်းသားတွေ ဒလမှာ သောက်သုံးရေလှူဒါန်း
၈၈ မျိုးဆက်ကျောင်းသားတွေ ဒလမှာ သောက်သုံးရေလှူဒါန်း
2012-05-13
သောက်သုံးရေးရှားပါးမှုနဲ့ ကြုံနေရတဲ့ ဒလ မြို့နယ်ကို ဒီကနေ့ ၈၈ မျိုးဆက်ကျောင်းသားတွေ သွားရောက်ခဲ့ပြီး သောက်သုံးရေ လှူဒါန်းခဲ့သလို၊ ရေရရှိရေး အတွက် ဒေသခံတွေနဲ့ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
RFA
မန္တလေးတိုင်းအတွင်း အခမဲ့ဆေးခန်း NLD ဖွင့်မည်
မန္တလေးတိုင်းအတွင်း အခမဲ့ဆေးခန်း NLD ဖွင့်မည်
2012-05-13
မန္တလေးတိုင်း အတွင်းက ဆင်းရဲနွမ်းပါးတဲ့ ဒေသခံပြည်သူတွေ အတွက် NLD ပါတီက အခမဲ့ဆေးခန်းတွေ ဖွင့်လှစ်သွားဖို့ ရှိကြောင်း သိရပါတယ်။
Subscribe to:
Posts (Atom)