Monday, May 14, 2012

အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ဟောပြောပွဲ နိုင်ကျဉ်းအဖွဲ့ပြုလုပ်

အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ဟောပြောပွဲ နိုင်ကျဉ်းအဖွဲ့ပြုလုပ်
2012-05-13
နိုင်ငံရေးအကျဉ်းသားဟောင်းများ ဦးစီးပြီး အလုပ်အကိုင် အခွင့်အလမ်းနှင့် အနာဂတ် မြန်မာနိုင်ငံ ခေါင်းစဉ်နဲ့  ဟောပြောပွဲတရပ်ကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခြံမှာ ဒီကနေ့ မနက်က ကျင်းပခဲ့ပါတယ်။
 ဒါ့အပြင် နိုင်ငံရေးအကျဉ်းသား မိသားစုတွေကို အပတ်တိုင်း ပုံမှန်တွေ့ ဆုံနေကြ အစီအစဉ်အရ အခုတပတ်အတွက် မြင်းခြံထောင်က နိုင်ငံရေးအကျဉ်းသား ဒေါက်တာကျော်ကျော်နဲ့  အင်းစိန်ထောင်က ကိုထွန်းမြတ်သူတို့ရဲ့  မိသားစုတွေကို ဂုဏ်ပြုလက်ဆောင်တွေကို ဒီကနေ့ အခမ်းအနားမှာပဲ ပေးအပ်ခဲ့ပါတယ်။ ဒီဟောပြောပွဲက ဟောပြောချက်တွေ ၊ မေးခွန်းနဲ့ ဖြေဆိုချက်တွေ အပေါ် စုစည်းသုံးသပ်တဲ့  စာတမ်းတစ်စောင် ပြုစုပြီး အစိုးရအဖွဲ့၊ လွှတ်တော် အသီးသီး၊ နိုင်ငံရေးပါတီတွေ နဲ့ လူထု အခြေပြု အဖွဲ့အစည်းနဲ့ ပြည်သူလူထု အကြား စိမ့်ဝင်ပြန့်နှံ့ အောင် ဖြန့်ချိပေးပို့မယ်လို့ သိရပါတယ်။ အခမ်းအနားကို မနက် ၈ နာခွဲကနေ ညနေ ၃နာရီအထိ ကျင်းပခဲ့ရာမှာ ဟံသာဝတီသတင်းစာ ဆရာကြီး ဦးဝင်းတင်၊ ဦးအေးသာအောင် ၊ ရွှေဝါရောင် သံဃာတွေ ကျောင်းသားအဖွဲ့ အစည်းတွေ အပါအ၀င် စိတ်ဝင်စားသူ ပရိတ်သတ် အင်အား ၄၀၀ နီးပါး တက်ရောက်ခဲ့တယ်လို့  သိရပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။