Monday, May 14, 2012

 ဒီဗီဒီဇာတ်ကားဈေးကွက် ကျဆင်းသွားခြင်းကြောင့် ဒီဗီဒီဇာတ်ကားသစ် ရိုက်ကူးမှုမှာလည်း အတန်ငယ် နည်းပါးသွား

 Saturday, 12 May 2012

၂၀၁၂ ခုနှစ်အတွင်း ဒီဗီဒီဇာတ်ကားဈေးကွက်မှာ ကျဆင်းသွားခြင်း ကြောင့် ဒီဗီဒီဇာတ်ကားသစ် ရိုက်ကူးမှုမှာလည်း အတန်ငယ် နည်းပါးသွားခဲ့သည်ဟု ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ယင်းသို့
 နည်းပါးသွားခြင်းမှာ ရုပ်ရှင်ရုံများသို့ ပရိသတ် လာရောက်ကြည့်ရှုသည့်နှုန်းကပင် ယခုနှစ်အတွင်း သိသာစွာ ကျဆင်းသွားခြင်း၊ ရုံတင်ပြသသည့် ဒီဗီဒီဇာတ်ကားအများစုမှာလည်း ဟာသဇာတ်ကားများသာ ဖြစ်နေခြင်း၊ ဒီဗီဒီအဖြစ် ရုံတင်ပြသ ချိန်နှင့် ဗီဒီယိုခွေအဖြစ် ပြန်လည်ထွက်ရှိချိန်မှာ များစွာ ကွာခြားမှုမရှိခြင်းတို့ကြောင့် ဖြစ်နိုင်သည်ဟု အနု ပညာအသိုင်းအ၀န်းမှ သုံးသပ်ခဲ့ကြသည်။

''ဒီဗီဒီကားသစ်ရိုက်တာ ဒီနှစ်ထဲမှာတော်တော်ကို နည်းသွားတယ်လို့ ဆိုလို့ရတယ်။ ရိုက်တဲ့ကားတွေကလည်း ကိုယ့်ကားရဲ့ကွာလတီကို သေချာပြင်ဆင်ရိုက်သလို အများစုကတော့ နောက်ပိုင်းရုပ်ရှင်ကားကြီးအဖြစ် ပြန်ပြောင်းနိုင်ဖို့ ရိုက်တာမျိုးတွေလည်းပါတယ်''ဟု ဒီဗီဒီဇာတ်ကား အများအပြား ရိုက်ကူးထားသူ ဒါရိုက်တာတစ်ဦးက ရှင်းပြခဲ့သည်။

ထို့အပြင် ရွှေမန်းရုပ်ရှင်ရုံမှ ဦးသက်လွင်ကလည်း ''အခုချိန်မှာ ရုပ်ရှင်ဈေးကွက်တွေတောင် သိသိသာသာ ကျနေတဲ့အချိန်ဆိုတော့ ဇာတ်လမ်းဇာတ်အိမ်ပိုင်းလည်း သိပ်ထူးထူးခြားခြား မရှိတဲ့အတွက် ဒီဗီဒီကားတွေအပေါ် ပရိသတ်စိတ်ဝင်စားမှုက ကျသွားတယ်လို့ ယူဆရပါတယ်'' ဟု သုံးသပ်ခဲ့ပါသည်။

၂၀၁၂ ဇန်န၀ါရီလမှ ဧပြီလကုန်ပိုင်းအထိ ဒီဗီဒီရုံများတွင်ပရိသတ် ၀င်ရောက်မှုမှာ သိသာစွာ လျော့ကျသွားခဲ့သည်ဟု သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။