Saturday, September 15, 2012

၂၀၁၅ အတွက် NLD ကြိုတင်ပြင်ဆင်မှုလုပ်နေ


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု တခုအဖြစ် တိုင်းနှင့် ပြည်နယ် ၁၃ ခုမှ အဖွဲ့ဝင်လူငယ်များကို ပထမဆုံးအကြိမ် ၁၅ ရက်ကြာ ဖွံ့ဖြိုးရေးသင်တန်းပေးရာ ယမန်နေ့က သင်တန်းပြီးဆုံးသည်။
အဆိုပါသင်တန်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နိုင်ငံတကာဆက်ဆံရေး၊ ပြည်တွင်းဥပဒေ၊ လူ့အခွင့်အရေး၊ စီးပွားရေး၊ ဒီမိုကရေစီနှင့် နိုင်ငံရေး၊ သတင်းနှင့် နည်းပညာ စသည့် ကဏ္ဍများကို ရခိုင်ပြည်နယ်မှအပ တခြားပြည်နယ်နှင့် တိုင်းများမှ တက်ရောက် လာသော NLD အဖွဲ့ဝင် လူငယ် စုစုပေါင်း ၅၄ ဦးကို သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းက ဒုက္ခသည်များ ပြန်ပို့မည်


ထိုင်း-မြန်မာ နယ်စပ်တလျှောက် ဒုက္ခသည် စခန်းများရှိ ဒုက္ခသည် တသိန်း နှစ်သောင်းခန့်သည် တနှစ်အတွင်း မြန်မာနိုင်ငံသို့ ပြန် ရနိုင်ဖွယ်ရှိကြောင်း ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီ(NSC)က ကြာသပတေး နေ့တွင် ထုတ်ဖော် ပြောကြားလိုက်သည်။
ဒုက္ခသည် အရေးနှင့် ပတ်သက်၍ လွန်ခဲ့သည့် သီတင်းပတ်က NSC မှ တာဝန်ရှိသူများ နေပြည်တော် သို့သွားရောက်၍ မြန်မာ အစိုးရ သမ္မတရုံး ၀န်ကြီးတဦး ဖြစ်သည့် ဦးအောင်မင်းနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ ကြောင်းလည်း NSC ၏ ကြေညာချက်တွင် ပါရှိသည်။
“တနှစ် အတွင်း အဆင်သင့် ဖြစ်စေဖို့ ပြန်လည် နေရာချထားရေး အတွက် အိမ်ရာများ၊ အဆောက် အအုံများ ဆောက်လုပ်ရန်ပြင်ဆင် နေရင်း နယ်စပ် တလျှောက် မြေမြှုပ်မိုင်း ရှင်းလင်းရေး တွေလည်း မြန်မာက လုပ်ဆောင်နေပါပြီ”ဟု NSC အထွေထွေ အတွင်း ရေးမှူး Wichean Potephosree က ဆိုသည်။

ရခိုင်ပြည် လုံခြုံရေး စိတ်မချရသေး


ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ၃ လ ကျော်ပြီ ဖြစ်သော်လည်း တည်ငြိမ်မှု၊ လုံခြုံမှု မရှိသည့် အခြေအနေများ
နှင့်ရင်ဆိုင် ကြုံတွေ့နေရဆဲ ဖြစ်ကာ လူသတ်မှု၊ လုယက်မှု၊ ခိုးမှု စသည်တို့လည်း ဖြစ်ပွားနေကြောင်း သိရသည်။
ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့် ကျောက်တော်မြို့နယ် သရက်အုပ်ကျေးရွာသား ဦးကျော်မောင်ချေ (အသက် ၆၄ နှစ်) သည် စက်တင်ဘာလ ၁၁ ရက်တွင် သတ်ဖြတ်ခံလိုက်ရသည့် ဖြစ်ရပ်သည် ရခိုင်ဒေသတွင်း နေထိုင်သည့် ပြည်သူများ ၏ စိုးရိမ်မှုကို ကြီးမားစေပြီး ဘ၀လုံခြုံမှုအတွက် ခြိမ်းခြောက်မှုတခု အဖြစ်လည်း ရှုမြင်ကြောင်း ဒေသခံများ က ဆိုကြသည်။

ကျောက်စိမ်းတန် ၇၀၀ အသုံးပြု၍ ကျောက်စိမ်း စေတီ အမရပူရတွင် တည်မည်


စေတီနှင့် အတူ ကျောက်စိမ်း ဓမ္မာရုံကိုပါ ကျပ်သိန်းပေါင်း သောင်းချီ ကုန်ကျ ခံကာ ကျောက်စိမ်းအတိဖြင့် တည်ဆောက်မည် ကျောက်စိမ်းတန် ၇၀၀ ကို အသုံးပြု၍ မန္တလေးမြို့အနီး ရန်ကုန်-မန္တလေး ကားလမ်းဘေးတွင် ကျောက်စိမ်းစေတီနှင့် ကျောက်စိမ်းဓမ္မာရုံ တည်ဆောက် လှူဒါန်းမည်ဖြစ်ကြောင်း တည်ဆောက် လှူဒါန်းမည့် အေးအေးခိုင် ကျောက်မျက် ကုမ္ပဏီပိုင်ရှင် ဦးစိုးနိုင်က ပြောသည်။

အသစ်သွင်း ကားပိုင်ရှင်များ ကားအပို ပစ္စည်းရှားပါးမှုနှင့် တန်ဖိုးကြီးမြင့်မှု ကြုံနေရ


ပြည်ပမှ ဝင်ရောက် လာသည့် မော်တော်ယာဉ် များ၌ ယာဉ်အပို ပစ္စည်း ရှားပါးမှုနှင့် တန်ဖိုးကြီးမြင့်မှုတို့ ကြုံတွေ့နေရကြောင်း ကားပိုင်ရှင်များက ပြောသည်။ အထူးသဖြင့် ၂၀၀၇ မော်ဒယ်အထက် ယာဉ်များ၌ ယင်းပြဿနာကို အများဆုံး ကြုံတွေ့နေရပြီး Land Rover, Surf, Caldina အစရှိသော တန်ဖိုးမြင့် ယာဉ်များ၏ ယာဉ်အပိုပစ္စည်းများ အဓိက ရှားပါးနေခြင်းလည်း ဖြစ်သည်။

မန္တလေးမြို့ပြ နှစ် ၃၀ စီမံကိန်း မကြာမီ အကောင်အထည် ဖော်မည်ဟုဆို


မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီက မန္တလေးမြို့ပြ (City Plan) နှစ် ၃၀ စီမံကိန်းကို ရေးဆွဲကာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မကြာမီ အကောင်အထည်ဖော် ဆောင်ရွက်ဖွယ်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန၊ ဌာနမှူး ဦးမျိုးအောင်က ပြောသည်။ အဆိုပါ မန္တလေးမြို့ပြ နှစ် ၃၀ စီမံကိန်းတွင် မန္တလေးမြို့သူမြို့သားများ မျှော်လင့်နေသည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ပါဝင်မည်ဖြစ်ပြီး အဓိကဇုန်ကြီး ရှစ်ဇုန် ခွဲခြားထားကာ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ကော်မတီဝင် (၃) ဦးထွန်းကြည်က လွန်ခဲ့သော ၁၀ နှစ်ကျော်က မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဂျပန်ကုမ္ပဏီတစ်ခုတို့ ပူးပေါင်း ရေးဆွဲထားသည့် မန္တလေးမြို့ပြ စီမံကိန်း (Star Ruby Project) ကို အခြေခံ ရေးဆွဲထားခြင်း ဖြစ်ကြောင်း ဦးမျိုးအောင်က ပြောသည်။

တန်ဖိုးနည်း အိမ်ရာ တိုက်ခန်းများ ရောင်းချရန် ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခု စီစဉ်


အဆင့်မြင့်နှင့် တန်ဖိုးနည်း အိမ်ရာ တိုက်ခန်း များအား ၂၀ ရာခိုင်နှုန်း ဦးစွာ ပေးချေ၍ ကျန်ငွေများကို ငါးနှစ်အရစ် ကျဖြင့် ရောင်းချပေး ရန် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှ စီစဉ်ပေးလျက် ရှိကြောင်း သိရသည်။ ထိုသို့ ရောင်းချပေးရာတွင် ၆-၉-၂၀၁၂ မှ ၉-၉-၂၀၁၂ ရက်အထိ ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ ကျင်းပမည့် အိမ်ရာ အထူး ဈေးရောင်းပွဲတော်မှ စတင်၍ ရောင်းချပေးနေကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ စာသွားသင်သည့် မြန်မာ ကျောင်းသားများ စက်လှေမှောက်၍သေ


တရုတ်နိုင်ငံသို့ မဲခေါင်မြစ်ဖြတ်၍ ကျောင်းသွားတက် သည့် မြန်မာ ကလေးငယ် ၁၄ ဦးမှာ ၂-၉-၂၀၁၂ ရက်က စက်လှေ နစ်၍ သေဆုံး ခဲ့ရကြောင်း ၅-၉-၂၀၁၂ ရက်က သိရသည်။ တရုတ်-မြန်မာ နယ်စပ်အနီးရှိ မိုင်းလား ၄ နယ်မြေမှ ကလေးငယ်များဖြစ်ပြီး တရုတ်နိုင်ငံသို့ အပတ်စဉ် တနင်္ဂနွေမှ သောကြာနေ့အထိ သွားရောက်ကာ စာသင်ကြားနေသော မြန်မာကျောင်းသားများ ဖြစ်ပြီး ၎င်းတို့ စီးနင်းလာသော စက်လှေမှာ ခရီးသည် ၃၀ ကျော် ပါဝင်ပြီး ၂၂ ဦးမှာ သေဆုံးခဲ့ရသည်ဟု သိရသည်။

ပြည်သူလူထုကို ဆက်သွယ်ရေး ရှယ်ယာ အချို့ ရောင်းချရန် သမ္မတအကြံပေး အကြံပြု


မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍကို Model Business အသွင် ကူးပြောင်း၍ Reform Plan များ ပြုလုပ်ရာတွင် ဆက်သွယ်ရေး၏ ရှယ်ယာ များကို နိုင်ငံတော်က ချုပ်ကိုင် ထားခြင်းမျိုး မဟုတ်ဘဲ  ရှယ်ယာ အချို့ကို ပြည်သူ လူထုသို့ ထုတ်ရောင်း၍ လုပ်ဆောင် သင့်ကြောင်း နိုင်ငံတော် သမ္မတ၏ နိုင်ငံရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်မှ ၇-၉-၂၀၁၂ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ ပြုလုပ်သော ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ၌ အကြံပြု ပြောကြားခဲ့သည်။

အွန်လိုင်းမှ ငွေပေးချေမှုကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ပြီ


အွန်လိုင်းမှ ငွေပေးချေမှု တွင် အသုံးပြုသူ များ အတွက် ပိုမို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရန် MyanPay Account များတွင် GeoIP Tracking နည်းပညာကို ထပ်မံ ထည့်သွင်းလိုက်ပြီ  ဖြစ်သည်။ ထို GeoIp Tracking စနစ်ကို ထည့်လိုက်ခြင်းဖြင့် MyanPay Account ထဲသို့ မယုံကြည်ရသည့် တစ်နေရာမှ Longing ရယူဖို့ ကြိုးစားနေလျှင် ချက်ချင်းသိနိုင်သည်။

ဖားကန့်မြို့လယ်တိုက်ပွဲကြောင့် ဆန်တစ်အိတ်ကျပ်ငါးသောင်းအထိမြင့်တက်


ကချင်ပြည်နယ် ဖားကန့်မြို့၌ မြို့တွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဆန်ဈေးမှာ တစ်အိတ်လျှင်ကျပ်ငါးသောင်းအထိ   မြင့်တက်လာကြောင်း ဒေသခံများထံက သိရှိရသည်။

စက်တင်ဘာလ(၁၃)ရက်နေ့  နေ့လည်ပိုင်းက ဖားကန့်မြို့လယ် မော်ဝမ်းကြီးနှင့် မော်ဝမ်းလေး ရပ်ကွက်နှင့် ဧရာဦးဆေးဆိုင်ရှေ့တွင် တပ်မ(၃၃)နှင့် KIOအဖွဲ့တို့  တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဂျပန်ထုတ်ကုန်ပစ္စည်းများ ပြသမည်

ရန်ကုန် (မဇ္ဈိမ)။        ။ ဂျပန် ထုတ်ကုန်ပစ္စည်းပြပွဲ ၂ဝ၁၂ ကို အောက်တိုဘာလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ဒဂုံမြို့နယ်ရှိ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါပွဲ စီစဉ်သည့် Myanmar Professioinal Services Company Limited မှ Executive Director ဒေါက်တာ ဇာနည်မောင်မောင်က ပြောသည်။

ပုသိမ်မြို့နယ် NLD ရုံး ဗဟိုက 'အသိအမှတ်မပြု'

ရန်ကုန် (မဇ္ဈိမ) ။        ။ ဧရာဝတီတိုင်းမြို့တော် ပုသိမ်မြို့တွင် ဖွင့်လှစ်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မြို့နယ်ရုံးကို 'အသိအမှတ်မပြု' ကြောင်း ပါတီဗဟိုဌာနချုပ်က ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာ လိုက်သည်။

ပါတီ ဗဟိုညီလာခံ ကျင်းပရေးကော်မရှင်၏ ထုတ်ပြန်မှုတရပ်တွင် ပုသိမ်မြို့ အမှတ် ၅၇၂ စကားဝါလမ်း အမှတ် ၃ ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် ရုံးသည် “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အသိအမှတ်မပြုသဖြင့် တရားဝင်ရှိနေ
သော အဖွဲ့ချုပ် ရုံးခန်း မဟုတ်ပါ” ဟု ဖော်ပြပါရှိသည်။

သာပေါင်းမြို့နယ် ကျေးရွာအချို့ရှိ ကလေးငယ် ၁၀၀ ကျော်ခန့်တွင် တုတ်ကွေးဟု ယူဆရသော ဖျားနာခြင်းများ ဖြစ်ပေါ်နေ


ဧရာဝတီတိုင်း ဒေသကြီး သာပေါင်းမြို့နယ်ရှိ ကျေးရွာအချို့၌ သြဂုတ်လအတွင်းက ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျံမှု နောက်ဆက်တွဲ ပြဿနာအဖြစ် ကလေးငယ် ၁၀၀ ကျော်ခန့်တွင် တုတ်ကွေးဟု ယူဆရသော ဖျားနာခြင်းများ ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။ 

 လှော်ကားကန်မှ ရန်ကုန်မြို့တွင်း ရေပေးဝေလျက်ရှိသော ရေပို့ပိုက်မကြီး ပေါက်သွား၍ မြို့နယ် ၁၄ ခုအား ရေပေးဝေမှု သုံးရက်ကြာ ဖြတ်တောက်မည်


လှော်ကားကန်မှ ရန်ကုန်မြို့ တွင်းသို့ ရေပေးဝေလျက်ရှိသော အချင်း ၆၆ လက်မရှိသော ရေပို့ပိုက်မကြီး ပေါက်သွားသောကြောင့်  ပိုက်လိုင်းပြုပြင်နေစဉ်ကာလအတွင်း အဓိကမြို့နယ် ၁၄ ခုအား ရေပေးဝေမှု သုံးရက်ကြာ ဖြတ် တောက်ထားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
မြို့နယ် ၁၄ ခုကို စက်တင် ဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရေဖြတ်တောက်မည်ဖြစ်ပြီး စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပုံမှန်အတိုင်း ရေပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

VISA ကတ် မြန်မာနိုင်ငံသို့ သုံးလအတွင်း ၀င်ရောက်နိုင်ရန် ပြင်ဆင်နေပြီး မြန်မာဘဏ် သုံးဘဏ်နှင့် စတင်ချိတ်ဆက် ဆောင်ရွက်မည်


Visa ကတ်စနစ်ကို မြန်မာနိုင်ငံတွင် သုံးလအတွင်း အသုံးပြုနိုင်ရန် ပြင်ဆင်နေပြီး ကနဦး အနေဖြင့် မြန်မာဘဏ်များဖြစ်သော ကမ္တောဇဘဏ်၊ သမ၀ါယမဘဏ်(CB)နှင့် မြန်မာ့စီးပွားရေးဘဏ်များနှင့် စတင် ချိတ်ဆက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း  သတင်းရရှိပါသည်။

 ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည် အများစုပါဝင်သော အထောက်အထားမဲ့ မြန်မာ ၅ သိန်းနှင့် တစ်သန်းကြားကို ယခုနှစ်မကုန်မီ အထောက်အထားများ ပြုလုပ်ပေးသွားမည်


ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်အများစုပါဝင်သော အထောက်အထားမဲ့ မြန်မာလူမျိုး ၅ သိန်းနှင့် တစ်သန်းကြားကို ယခုနှစ်မကုန်မီ အထောက်အထားများ ပြုလုပ်ပေးရန် စီစဉ်လျက်ရှိကြောင်း လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။
ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များနှင့် အထောက်အထားမဲ့ မြန်မာ လူမျိုးများအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့မှ အဓိကထား၍ အထောက်အထားများ လုပ်ဆောင် ပေးသွားမည်ဟု သိရှိရသည်။

 Debit ကတ်အဖြစ် အသုံးပြုနိုင်မည့် MPU ကတ် အများပြည်သူသို့ စတင်ဝန်ဆောင်မှုပေးမည်ဖြစ်ပြီး ယခုဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတကာသုံးကတ်များ သုံးစွဲနိုင်ရန် ပြင်ဆင်နေ



MPU ကတ်နှင့် ပတ်သက်၍ တာဝန်ရှိသူများအား ရှင်းပြနေစဉ်
ATM(Automatic Teller Machine)ကတ်နှင့် Debit ကတ်အဖြစ် အသုံးပြုနိုင်မည့် MPU (Myanmar Payment Union) ကတ်ကို မြန်မာဘဏ်များက စတင်ဝန်ဆောင်မှုပေးတော့မည်ဖြစ်ပြီး ယခုဘဏ္ဍာရေးနှစ်အတွင်း  နိုင်ငံတကာသုံးကတ်များကို ယခုဘဏ္ဍာရေးနှစ်အတွင်း သုံးစွဲနိုင်ရန်ပြင်ဆင်နေကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် Myanmar Payment Union ရုံးနှင့် National Switch(Data Center) ဖွင့်ပွဲတွင် ပြောကြားခဲ့ပါသည်။

 ဖားကန့်မြို့နယ်အတွင်း စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများကြောင့် ကိုးတန်းကျောင်းသူတစ်ဦး သေဆုံး


ကချင်ပြည်နယ် ဖားကန့်မြို့နယ် မော်ဝမ်းရပ်ကွက် (၁) ဆွတ်ငိုင်ယန် တွင် စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများကြောင့် ကိုးတန်းကျောင်းသူ တစ်ဦး သေဆုံးခဲ့ပြီး အရပ်သားအချို့ ဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်ဒေသခံအချို့က Eleven Media Group သို့ ပြောကြားခဲ့ပါသည်။

ကြေးနီစီမံကိန်း ရပ်တန့်ရေး လှုပ်ရှားသူများ ပြန်လည်လွှတ်မြောက်



2012-09-14
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ဖို့ လှုပ်ရှားဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဝေလု အပါအ၀င် ဖမ်းဆီး ထိန်းသိမ်းထားတဲ့ မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းနဲ့ မအေးနက်တို့ကို အာမခံတွေနဲ့ ဒီကနေ့ ညနေ ၅ နာရီမှာ လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ် တနင်္ဂနွေနေ့ စတင်မည်



2012-09-14
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ အမေရိကန်ပြည်ထောင်စု ခရီးအတွက် လာမယ့် တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံကနေ အမေရိကန် ပြည်ထောင်စုကို ထွက်ခွာမှာဖြစ်ပါတယ်။

မြန်မာ့သွင်းကုန် ပိတ်ဆို့မှုတချို့ ဖြေလျှော့ပေးဖို့ အမေရိကန်အစိုးရ ကြိုးပမ်းနေ



2012-09-14
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ရဲ့ အမေရိကန် ခရီးစဉ်ကာလနဲ့ တိုက်ဆိုင်ပြီး မြန်မာနိုင်ငံကနေ အမေရိကန်ကို တင်ပို့တဲ့ သွင်းကုန်ပိတ်ဆို့ အရေးယူမှုတချို့ကို ဖြေလျှော့ပေးဖို့ အမေရိကန် အစိုးရက ကြိုးပမ်းနေတယ်လို့ မနေ့ကထုတ်ဝေတဲ့ Financial Times သတင်းစာကြီးက ရေးသားလိုက်ပါတယ်။

၈၈ မျိုးဆက် မြစ်ဆုံဒေသအခြေအနေ သွားရောက်လေ့လာ

2012-09-14
မြစ်ဆုံဆည်ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့်အခမ်းအနားကို တက်ရောက်ဖို့အတွက် ကချင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင်နဲ့ (၈၈)မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဟာ ဒီကနေ့ မြစ်ဆုံဒေသအခြေအနေတွေကို သွားရောက်လေ့လာခဲ့သလို စီမံကိန်းကြောင့် နေရာရွှေ့ပြောင်းခံခဲ့ရတဲ့ အောင်မြေသာ စံပြကျေးရွာကိုလည်း သွားရောက်ခဲ့ပါတယ်။

အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဖျက်သိမ်း



2012-09-13
မြန်မာ့ ဒီမိုကရေစီရေးအတွက် နှစ်ပေါင်း (၂၀) ကျော် ဆောင်ရွက်လာခဲ့တဲ့ အဝေးရောက် အမျိုးသားညွန့်ပေါင်း အစိုးရ (NCGUB) ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ၀န်ကြီးချုပ် ဒေါက်တာ စိန်ဝင်း လက်မှတ်ရေးထိုးပြီး ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ကေအိုင်အိုနှင့်အစိုးရတပ် ဖားကန့်မြို့တွင်း တိုက်ပွဲဖြစ်



2012-09-13
ကေအိုင်အိုနဲ့ အစိုးရတပ်တွေ မနေ့က ညနေ ၄ နာရီကနေ ည ၈ နာရီကျော်လောက်အထိ ဖားကန့် မြို့တွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့လို့ ဒေသခံတွေ နီးစပ်ရာ ဒုက္ခသည် စခန်းတွေကို ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။
အစိုးရတပ်က တပ်မ ၃၃ လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အို တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့တွေ မြို့ထဲမှာ ကျောင်းဆင်းချိန် တိုက်ပွဲဖြစ်တဲ့အကြောင်း ဖားကန့်မြို့ခံ တစ်ယောက်က ပြောပြပါတယ်။

ကျောက်တော်မြို့နယ်တွင် လုယက်သတ်ဖြတ်မှုဖြစ်ပွား



2012-09-13
မကြာခင်ရက်ပိုင်းက ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ သတ်ဖြတ်ခံခဲ့ရတဲ့ သရက်အုပ်ကျေးရွာနေ ဦးကျော်မောင်ချေကို မနေ့နေ့လည်ပိုင်းက ကျောက်တော်မြို့မှာ သဂြိုဟ်ခဲ့ရာမှာ မြို့ပေါ်နဲ့ ကျေးရွာတွေက ဒေသခံ နှစ်သောင်းနီးပါး လိုက်ပါ ပို့ဆောင်ခဲ့ကြကြောင်း မြို့ခံတစ်ဦးဖြစ်သူ ကိုဗျာလာခိုင်က RFA ကို ပြောပါတယ်။