Wednesday, November 28, 2012

ထိုင်းက မီးဖိုချောင်၊ မြန်မာက ဥယျာဉ်ခြံဟု ထိုင်းကုန်သွယ်ဥက္ကဋ္ဌဆို

နယူးဒေလီ (မဇ္ဈိမ) ။      ။ ထိုင်းနိုင်ငံအား မီးဖိုချာင် အဖြစ် တင်စားပြီး မြန်မာနိုင်ငံအား ထိုမီးဖိုချောင်အတွက် သီးနှံထွက်ရာ ဥယျာဉ်ခြံတခုအဖြစ် တင်စားကာ ထိုင်း ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ ဥက္ကဋ္ဌ အိုလာန် ချိုင်ပရာဝပ် Olarn Chaiprawat က ပြောဆိုလိုက်သည်။

သပိတ်များအား အကြမ်းဖက်မဖြိုခွဲရန် ဗကသ တိုက်တွန်း

နယူးဒေလီ (မဇ္ဈိမ) ။      ။ ရပိုင်ခွင့်များအတွက် ဆန္ဒပြ တောင်းဆိုနေကြသော သပိတ်စခန်းများအား အကြမ်းဖက် ဖြိုခွင်းခြင်း မပြုရန် ဗကသများ အဖွဲ့ချုပ်နှင့် မုံရွာခရိုင် ကျောင်းသားများ သမဂ္ဂက အာဏာပိုင်များအား ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်သည်။

ငြိမ်းချမ်းရေးဖြစ်စဉ် နောက်ပြန်မဆုတ်ရန် ရှမ်းညီလာခံ တိုက်တွန်း

စံခလပူရီ (မဇ္ဈိမ) ။        ။ ပဋိပက္ခများ လုံးဝ အဆုံးသတ်၍ ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရန် အထူးလိုအပ်နေပြီး နောက်ပြန်မဆုတ်သော ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ညီလာခံက ဗုဒ္ဓဟူးနေ့တွင် ကြေညာလိုက်သည်။

‘ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ’ ခေါင်းစဉ်ဖြင့် ပြုလုပ်သော ထိုညီလာခံကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် နိုဝင်ဘာလ ၂၆ ရက်နေ့မှ စ၍ သုံးရက်တိုင် ကျင်းပခဲ့ခြင်း
ဖြစ်သည်။

သေချာသည့် အဖြေတခု ရမှ သံဃာတော်များ ပြန်ကြွမည်

မုံရွာ (မဇ္ဈိမ) ။      ။ လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းအား ကန့်ကွက်နေသော သပိတ်စခန်းများ ဖျက်သိမ်းပေး ရန် ပြည်ထဲရေးဝန်ကြီးဌာနမှ ကြေညာထားသော်လည်း တိကျသေချာသည့် အဖြေတခု မရမချင်း ဆက်လက် ဆန္ဒပြ သွားမည်ဖြစ်ကြောင်း ပင်မ သပိတ်စခန်းတွင် ဆန္ဒပြနေသော မန္တလေး မစိုးရိမ်ကျောင်းတိုက်မှ ဦးတေဇ က မိန့်ကြားသည်။

နမ့်ဆမ် NLD ပါတီဝင်တဦးအား ဒေသခံ စစ်တပ် ဗိုလ်မှူးက ထိုးကြိတ်ခဲ့

စံခလပူရီ (မဇ္ဈိမ) ။      ။ ရှမ်းပြည်နယ် တောင်ပိုင်း၊ နမ့်ဆမ် မြို့နယ် နမ့်မော်ခေါက်ဆင့် ကျေးရွာမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဦးဌေးမောင် အား ဒေသ အခြေစိုက် စစ်တပ်က လုံခြုံရေး နှောင့်ယှက်မှုဟု ဆိုကာ နိုဝင်ဘာလ ၂၆ ရက်နေ့ည ၉ နာရီခန့်တွင် တပ်စခန်းသို့ ခေါ်ဆောင်သွားပြီး ထိုးကြိတ်ခဲ့သည်ဟု ကာယကံရှင် က ပြောသည်။

လက်ပံတောင်းတောင်အရေး ဦးဆောင်သူများအား ပုဒ်မ-၅၀၅/ခ နှင့် စွဲချက်တင်


လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေးအတွက် ရန်ကုန်မြို့တွင် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်မှု ဦးဆောင်သူ(၆)ဦး ကို နိုဝင်ဘာ(၂၇)ရက်နေ့၌ ကျောက်တံတားရဲစခန်းမှ တရားစွဲဆိုမှုတစ်ခု ပြုလုပ်ခဲ့သည်။

 စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ကျေးရွာ ကမ်းပြို၍ နေအိမ် ၆၀ ကျော် ပြောင်းရွှေ့ခဲ့ရ



ha-28-11-7
စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် သိမ်ဇရပ်ကျေးရွာ ဆိပ်ကမ်းသာရပ်ကွက် ကမ်းပြိုမှုကို နိုဝင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်


စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ကျေးရွာ ကမ်းပြို၍ နေအိမ် ၆၀ ကျော် ပြောင်းရွှေ့ခဲ့ရကြောင်း သိရှိရသည်။

 လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုဆန္ဒ ထုတ်ဖော်မှု အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်း၍ ရန်ကုန်မြို့တွင်ပြုလုပ်



281
နိုဝင်ဘာလ ၂၆ ရက်နေ့က ဆူးလေဘုရားအနီး ကြေးနီစီမံကိန်းရပ်ဆိုင်းရေး တောင်းဆိုဆန္ဒထုတ်ဖော်မှုကို တွေ့ရစဉ်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုဆန္ဒထုတ်ဖော်မှုကို အရပ်ဘက် အဖွဲ့အစည်းများ စုပေါင်း၍ ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၃း၃၀ နာရီမှ ညနေ ၅ နာရီ အချိန်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 လာမည့် ၂၀၁၃ ခုနှစ်တွင် ပြုလုပ်မည့် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ရန်ကုန်မြို့ရှိ အားကစားကွင်း ခုနစ်ကွင်းနှင့် ခန်းမနှစ်ခုတို့ကို အသုံးပြုမည်



282
ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် တည်ဆောက်နေသည့် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ အဆင့်မြင့်အားကစားကွင်း စီမံကိန်းအား အောက်တိုဘာလအတွင်းက တွေ့ရစဉ်
လာမည့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) အတွက် ရန်ကုန်မြို့၌ ကစားနည်း ၁၁ မျိုး ယှဉ်ပြိုင်မည်ဖြစ်ပြီး အားကစားကွင်း ခုနစ်ကွင်းနှင့် ခန်းမနှစ်ခုတို့ကို အသုံးပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 ဒေါပုံမြို့နယ်ရှိဟိုတယ်တွင် အတူနေအမျိုးသမီးအား သတ်သွားသူတရားခံအား ဖမ်းဆီးရမိ


ဒေါပုံမြို့နယ်ဟိုတယ်တွင် အတူနေအမျိုးသမီးအားသတ်သွားသူ တရားခံအား ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရသည်။
သတ်သွားသူတရားခံအား ရန်ကုန်တိုင်းဒေသကြီး၊ထန်းတပင်မြို့နယ်ရှိ ယောက်ဖတော်စပ်သူနေအိမ်၌ နိုဝင်ဘာလ ၂၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

 သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မြန်မာ-အမေရိကန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုညီလာခံ ရန်ကုန်၌ ကျင်းပမည်၊ ညီလာခံတွင် အမေရိကန် လုပ်ငန်းရှင်များနှင့် တိုက်ရိုက်ဆွေးနွေး လုပ်ကိုင်နိုင်ရန် မြန်မာလုပ်ငန်းရှင်များ စတင်ပြင်ဆင်

သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မြန်မာ-အမေရိကန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုညီလာခံကို မြန်မာနိုင်ငံတွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် RUMFCCI မှ ထုတ်ပြန်ချက်များအရ သိရသည်။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ RUMFCCI အသင်းချုပ်ရုံးတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ဆန္ဒဖော်ထုတ်နေသူများမှ အချက်သုံးချက်ပါသော တောင်းဆိုမှုအား တာဝန်ရှိသူများထံ ပေးပို့

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ဆန္ဒဖော်ထုတ်လျက်ရှိသော အဖွဲ့အစည်းများမှ စီမံကိန်း ဧရိယာအတွင်း တာဝန်ယူထားသော ပြည်ထဲရေးဝန်ကြီးဌာန လုံခြုံရေး တာဝန်ရှိသူများထံသို အချက်သုံးချက် ပါသည့် တောင်းဆိုချက် ကို နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်က ပေးပို့ခဲ့ကြောင်း သိရသည်။

မှုခင်းရဲတပ်ဖွဲ့ (CID) ၏ ဓာတ်ခွဲစမ်းသပ်မှု နည်းပညာ (DNA) နှင့် လက်ဗွေစစ်ဆေးမှု အပိုင်းတို့တွင် အားနည်းမှုများရှိနေ၍ ရဲတပ်ဖွဲ့ဝင်များကို ပြည်ပနိုင်ငံများသို့ ပညာသင်စေလွှတ်မည်


ha-28-11-6
မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်တွင် မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်အား စစ်ဆေးနေသည့် CID ရဲတပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ မှုခင်းရဲတပ်ဖွဲ့(CID) တွင် လုပ်ငန်းစဉ်ဖြစ်သည့် ဓာတ်ခွဲစမ်းသပ်မှု နည်းပညာ (DNA) နှင့် လက်ဗွေစစ်ဆေးမှု အပိုင်းတို့တွင် အားနည်းမှုများရှိနေသောကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို ပြည်ပနိုင်ငံများရှိ ရဲတပ်ဖွဲ့ ဝင်သင်တန်းများသို့ ပညာသင်စေလွှတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲချုပ်ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။

လက်ပန်းတောင်း သပိတ်စခန်းတွေကို ဖယ်ရှားဖို့ အာဏာပိုင်တွေ အမိန့်ထုတ်

2012-11-28
မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်နဲ့ တရုတ်ကုမ္ပဏီတွေ ပူးပေါင်းလုပ်ကိုင်နေတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့ အနီးအနား ကျေးရွာလူထုတွေနဲ့ သံဃာတော်တွေ ဖွင့်လှစ်ထားတဲ့ သပိတ်စခန်းတွေကို ညတွင်းချင်း ဖယ်ရှားပေးရမယ်လို့ အာဏာပိုင်တွေက မနေ့ညက အမိန့်ပေးခဲ့ပါတယ်။ အဲဒီအမိန့်ကို နိုင်ငံပိုင်ရုပ်မြင်သံကြားကလည်း နိုဝင်ဘာ ၂၇ ရက်နေ့ ညသတင်း အစီအစဉ်တွေမှာ ထုတ်လွှင့်ကြေညာခဲ့ပါတယ်။

ကြေးနီတောင်စီမံကိန်း ရပ်ဆိုင်းရေး ပြည်မြို့မှာလည်း ဆန္ဒဖေါ်ထုတ်

2012-11-28
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ပေါ်မှာ ဒေသခံ (၃ဝ) ကျော်ဟာ ဒီကနေ့ မနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
လက်ပန်းတောင်းတောင်ကြီး ပျောက်ကွယ်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှာကို မလိုလားတဲ့တွက် အခုလို ဆန္ဒပြရတာလို့ ဒီပွဲကိုဦးဆောင်တဲ့ ဦးမြင့်စိုးက RFAကို ပြောပါတယ်။

ရှမ်းတိုင်းရင်းသားအဖွဲ့အစည်းတွေ နှီးနှောဖလှယ်ပွဲပြီးဆုံး

2012-11-28
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နောက်ပြန်မဆုတ်နိုင်အောင် တွန်းအားပေး ဆောင်ရွက်သွားမယ်လို့ ရန်ကုန်မြို့မှာ ဒီကနေ့ ပြီးဆုံးသွားတဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း (၃) ရက်ကြာ ဆွေးနွေးပွဲကနေ ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
နောက်ပြန်မဆုတ်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တည်ဆောက်နိုင်ဖို့အတွက် နေရာအလိုက် အဆင့်အလိုက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဒီကနေ့ အခမ်းအနားအပိတ်မှာ ထုတ်ပြန်တဲ့ ကြေညာချက်ကို ဖတ်ကြားသွားခဲ့ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ တနင်္သာရီတိုင်း ခရီးစဉ်ပြီးဆုံး

2012-11-28
၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေး လူထုတွေ့ဆုံပွဲကို ဒီကနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ မနက် ၈ နာရီခွဲက ကော့သောင်းမြို့ ဘောလုံးကွင်းတိုက်တန်းလမ်းထိပ်က မဉ္ဇူသကခန်းမရှေ့မှာ ကျင်းပခဲ့ပါတယ်။
ဒီကနေ့ကျင်းပတဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က တနင်္သာရီတိုင်းဟာ တိုင်းပြည်ရဲ့ဘဏ္ဍာကို အများဆုံးရှာပေးနေပြီး လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့ အခြေအနေကို  အခုလို ပြောကြားသွားပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများရဲ့ တနင်္သာရီတိုင်းခရီးစဉ် ကော့သောင်းမှာ အဆုံးသတ်

2012-11-27
၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်တွေရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေး တနင်္သာရီတိုင်းခရီးစဉ်ရဲ့ နောက်ဆုံးအစီအစဉ်အဖြစ် ကျောင်းသားခေါင်းဆောင်တွေဟာ မနေ့ည ၈ နာရီ က ကော့သောင်းမြို့ကို ရောက်ရှိလာခဲ့ကြပါတယ်။
Photo: RFA/Nay Myo Htun
၈၈မျိုးဆက်ကျာင်းသားများရဲ့ တနင်္သာရီတိုင်းခရီးစဉ်တွင် ဘုတ်ပြင်းမြို့က ဟောပြောပွဲကို တွေ့ရစဉ်

ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် စွမ်းအင်သုံးစွဲရန် လိုအပ်

2012-11-27
မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေ မှုလျှော့ချပြီး ဖွံ့ဖြိုးတိုးတက်နိုင်ရေး အတွက် စွမ်းအင်ပိုမိုသုံးစွဲဖို့ လိုအပ်နေကြောင်း၊ စွမ်းအင်ရင်းမြစ်တွေ အမြောက်အများရှိနေပေမဲ့ ထုတ်ယူသုံးစွဲနိုင်တဲ့ အခြေအနေ မရှိဘဲဖြစ်နေကြောင်း ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့အခြေစိုက် ADB အာရှဖွံ့ဖြိုးရေးဘဏ် က ပြောပါတယ်။
RFA
မဟာမဲခေါင်ဒေသ ဖွံ့ဖြိုးရေးအတွက် ၆ နိုင်ငံ ၀န်ကြီးများနှင့် ADB အာရှ ဖွံ့ဖြိုးရေးဘဏ်၏ အာရှ ပစ္စဖိတ်နဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ အကြီးအကဲဖြစ်သူ မစ္စတာ Stephen Groff တို့ ဇွန်လ ၂၈ ရက်နေ့က တွေ့ဆုံဆွေးနွေးသည့် သတင်းကို ဖော်ပြထားသော ADB ၏ အင်တာနက် စာမျက်နှာတစိတ်တပိုင်းပုံ ဖြစ်ပါသည်။