Wednesday, November 28, 2012

 ဒေါပုံမြို့နယ်ရှိဟိုတယ်တွင် အတူနေအမျိုးသမီးအား သတ်သွားသူတရားခံအား ဖမ်းဆီးရမိ


ဒေါပုံမြို့နယ်ဟိုတယ်တွင် အတူနေအမျိုးသမီးအားသတ်သွားသူ တရားခံအား ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရသည်။
သတ်သွားသူတရားခံအား ရန်ကုန်တိုင်းဒေသကြီး၊ထန်းတပင်မြို့နယ်ရှိ ယောက်ဖတော်စပ်သူနေအိမ်၌ နိုဝင်ဘာလ ၂၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ဒေါပုံမြို့နယ်၊ဆိပ်ကမ်းသာလမ်းနှင့်န၀ဒေးလမ်းထောင့်ရှိ သိရိစံဟိုတယ်တွင် သုဝဏ္ဏ၊သင်္ဃန်းကျွန်းမြို့နယ်နေသူ  မစိမ့်ဆန်းရင်(ခ)မစိမ့်စိမ့်ယဉ်နှင့်အတူ လာရောက်တည်းခိုသူ မောင်လေး(ခ)မောင်မောင်လေး(ခ)ဟာနစ်တို့ လာရောက်နေထိုင်ခဲ့ကြောင်း၊ ၂၄  ရက်နေ့ ည  ၉ နာရီခွဲခန့်တွင် ဟာနစ်မှာ ဟိုတယ်တာဝန်ရှိသူများအား မုန့်သွားဝယ်မည်ဟုဆိုကာ  ထွက်သွားခဲ့ကြောင်း သိရသည်။
၂၅ ရက်နေ့က နံနက် ၁၁ နာရီတွင် ဟိုတယ်မန်နေဂျာဖြစ်သူမှ တည်ခိုခန်းအားဆက်လက် ငှားရမ်းလိုခြင်းရှိ/မရှိ သိရှိနိုင်ရေးအတွက် ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိသဖြင့် လူကိုယ်တိုင် အခန်းတံခါးအား သွားခေါက်ခဲ့သော်လည်း မရသဖြင့် ၁ နာရီခွဲအချိန်တွင် သန့် ရှင်းရေးလုပ်သား ကိုသိန်းပိုင်စိုးနှင့်အတူ အခန်းအားသော့ဖွင့်ကာ ၀င်ရောက်ခဲ့ကြောင်း၊ထိုသို့ဝင်ရောက် မစိမ့်ဆန်းရင်မှာ ကုတင်အောက်၌  ပတ်လက်အနေအထားဖြင့် ရင်ဘတ် ၊၀မ်းဗိုက်၊နောက်ကျောတို့တွင် ထိုးသွင်းဒဏ်ရာများ၊ယာလက်ဖျံ၌ ပြတ်ရှဒဏ်ရာတို့ဖြင့် ပါးစပ်အတွင်း အမြှပ်များထွက်နေပြီး စောင်ဖြင့်အုပ်လျက်   သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့သို့ သေဆုံးနေသည်ကို တွေ့ရှိရ၍ သက်ဆိုင်ရာရဲစခန်းသို့ အကြောင်းကြားမှုများပြုလုပ်ခဲ့ပြီး ဒေါပုံမြို့နယ်ရဲစခန်း(ပ) ၄၆၇/၂၀၁၂ ၊ပုဒ်မ-၃၀၂ ဖြင့် အမှုစစ်မှ အမှုဖွင့် ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။