အိန္ဒိယက မြန်မာကို စစ်ပစ္စည်းတွေ ဆက်ရောင်းနေ
Saturday, May 26, 2012
လွတ်တော်အမတ်တချို့နဲ့ စကားပြောခြင်း
လွန်ခဲ့တဲ့နှစ် ၂၀-ကျော်ကာလ အတွေ့အကြုံအရဆိုရင် ဒီလို မေလ ၂၇-၀န်းကျင်မှာရေးတဲ့ ဆောင်းပါးတွေဟာ ၁၉၉၀- မေလ ၂၇-ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနှစ်ပါတ်လည်နဲ့ အဲဒီရွေးကောက်ပွဲ မှာအနိုင်ရခဲ့တဲ့ လွတ်တော်အမတ်တွေအကြောင်းဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီတခါ မေ ၂၇-မှာ ကျနော် ရေးမဲ့ဆောင်းပါးက ၉၀-ရွေးကောက်ခံအမတ်တွေအကြောင်းမဟုတ်ဘဲ ၂၀၁၀-နိုဝင်ဘာရွေးကောက်ပွဲ နဲ့ ၂၀၁၂-ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲကနေတက်လာတဲ့ အမတ်တချို့နဲ့တွေ့ဆုံမှုအကြောင်းဖြစ် ပါတယ်။
ယနေ့  ဖားကန့်ဒေသက ဥရုချောင်း မြင်ကွင်း (ဓါတ်ပုံ)

ဖားကန့်ဒေသက ဥရုချောင်း အတွင်း ရွှေမျော လုပ်ကွက်တစ်ခု. .. zawmoehetet. .
မြန်မာ့ လျှပ်စစ်စွမ်းအင် ပြဿနာ တရုတ်ကူညီလို
မြန်မာ့ လျှပ်စစ်စွမ်းအင် ပြဿနာ တရုတ်ကူညီလို
2012-05-25
မြန်မာနိုင်ငံမှာ လျှပ်စစ်စွမ်းအင် မလုံမလောက်ဖြစ်နေတာကို ကူညီဖို့အတွက် မြန်မာ့ဓာတ်အားပေးလုပ်ငန်း အဆင့်မြှင့်တင်ပေးရာမှာ ပူးပေါင်းပါဝင်ရေး ဆွေးနွေးကြဖို့ မိမိတို့ပြည်တွင်းက ကုမ္ပဏီတွေကို အားပေး တိုက်တွန်းမယ်လို့ တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။
(Photo: AFP)
NLDအမတ် ဦးဖြိုးဇေယျာသော် ကျောက်တံတားမြို့ နယ် အဖွဲ့ ချုပ်ရုံးဖွင့်ပွဲမှာ မိန့် ခွန်းပြောကြားစဉ် (အသံဖိုင်)
မေးခွန်း(၃)ခု ကို ပြန်လည်ဖြေကြားပေးတဲ့ ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း (အသံဖိုင်)
မေလ(၂၅)ရက်နေ့  ညနေ ၆နာရီ အချိန်တွင် ကျောက်တံတားမြို့ နယ်ရှိ
NLD မြို့ နယ်ရုံးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။
အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်အား မြို့ နယ်နေ ပြည်သူတို့ က
အောက်ပါ မေးခွန်းသုံးခုကို မေးမြန်းခဲ့သည်----
(၁) ပြီးခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီကြီးတစ်ခုမှ ၄င်းတို့ အနိုင်
ရရှိက လျှပ်စစ်မီး အချိန်ပြည့်ရရှိရေး ကူညီပေးမည်ဟု ပြောခဲ့ကြောင်း၊
ယခုအခါ လျှပ်စစ်မီး မရရှိခြင်းမှာ ၄င်းတို့ အနိုင်မရ၍ မီးပြတ်ခြင်း ဖြစ်ရသည်မှာ ဟုတ်မဟုတ် ?
(၂)လမ်းဘေးဈေးသည်များအား မြို့တော်စည်ပင်ရဲများက အခွင့်အာဏာသုံး ဆက်ဆံမှုများပြုကာ တာဝန်ထက်ပို၍ နှိပ်ကွက်ခြင်းများ၊ ယင်းကို ဆင်းရဲသားပပျောက်ရေး လား၊ ဆင်းရဲသား ဖိနှိပ်ရေးလား?
(၃)ဒီမိုကရေစီနိုင်ငံ အသီးသီးတွင် သိက္ခာရှိ ၀န်ကြီးများသည် ၄င်းတို့ တာဝန် ယူထားသော ဌာနတွင် ပြည်သူအတွက် ထိခိုက်နစ်နာသည့် အဖြစ်မျိုးပြုလုပ်မိခဲ့လျှင် အမှားကို ၀န်ချတောင်းပန်ပြီး တာဝန်မှ နုတ်ထွက်ကြောင်း၊ မြန်မာနိုင်ငံတွင် ယင်းကဲ့သို့  ၀န်ကြီးမျိုးရှိပါသလား?
စသည်ဖြင့် မေးခွန်းသုံးခုမေးမြန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ မေးခွန်း သုံးခုကို လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မှ ပြန်လည်
ဖြေကြားထားချက်အပြည့်အစုံကို အသံဖိုင် မှာ နားထောင်နိုင်ပါသည်။
Myanmar News Now
သုံးဆယ်မြို့ မှာ လျပ်စစ်မီးရရှိရေး ဖယောင်တိုင်ထွန်းပြီး ဆန္ဒပြသူတွေ ထိုးကြိတ်ခံရ
ပဲခူးတိုင်း သုံးဆယ်မြို့ မှာ လျပ်စစ်မီးရရှိရေး ဖယောင်တိုင်ထွန်းပြီး
ဆန်ဒဖေါ်ထုတ်တဲ့ လူငယ်တွေကို စခန်းမှူးကိုယ်တိုင်
ဝင်ရောက်ထိုးကြိတ်ခဲ့ကြောင်း အထိုးခံရတဲ့လူငယ်တွေက ပြောပါတယ်။
အလုံမြို့နယ် အဖွဲ့ ချုပ် ရုံးခန်းဖွင့်ပွဲ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည်
ယနေ့မေလ ၂၅ ရက်နေ့ ညနေ၅ နာရီအချိန်ခန့်က အလုံမြို့နယ်ရုံးခန်းဖွင့်ပွဲတွင်
တတ်ရောက်အမှာစကားပြောကြားခဲ့သည်။
ယနေ့မေလ ၂၅ ရက်နေ့ ညနေ၅ နာရီအချိန်ခန့်က အလုံမြို့နယ်ရုံးခန်းဖွင့်ပွဲတွင်
တတ်ရောက်အမှာစကားပြောကြားခဲ့သည်။
အစာငတ်ခံ ဆန္ဒပြ အလုပ်သမားများ ကျန်းမာရေးထိခိုက်နေ
ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်ရှိ Hi-Mo နှင့် Hight-Art ဆံပင်တု စက်ရုံ နှစ်ရုံတွင် ယမန်နေ့ နံနက်ပိုင်းက စတင် အစာငတ်ခံ ဆန္ဒပြ နေကြသော အလုပ်သမား ၂၀၀၀ နီးပါးအနက် အလုပ်သမ ၂၅၀ ကျော်မှာ ကျန်းမာရေးထိခိုက်မှု ရှိနေကြောင်း သတင်းရရှိသည်။
မန္တလေးမြို့တွင် အလှည့်ကျရရှိသော လျှပ်စစ်မီး ပြတ်တောက်ခြင်း မရှိစေရန် ရွေ့လျားမီးစက်များဖြင့် လှည့်လည်၍ ဓာတ်အားပေးမှုကို မေလ ၂၁ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိ
မန္တလေးမြို့တွင် အလှည့်ကျပုံ မှန်မီးရရှိချိန်အတွင်း ပြတ်တောက်ခြင်း
မရှိစေရန် ရွေ့လျားမီးစက် ၂၄ လုံးဖြင့် လှည့်လည်ဓာတ်အားပေးမှုကို မေလ ၂၁
ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ယာဉ်တင်မီးစက်များကို လျှပ်စစ်ဓာတ်အား ရရှိချိန် လျော့ နည်းသည့် နေရာများနှင့် မြို့တော်စည်ပင် ရေပေးဝေရေး စက်ရုံများတွင် လိုအပ်သလို ထားရှိဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရှိရသည်။
အဆိုပါ ယာဉ်တင်မီးစက်များကို လျှပ်စစ်ဓာတ်အား ရရှိချိန် လျော့ နည်းသည့် နေရာများနှင့် မြို့တော်စည်ပင် ရေပေးဝေရေး စက်ရုံများတွင် လိုအပ်သလို ထားရှိဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရှိရသည်။
အိန္ဒိယ၀န်ကြီးချုပ်၏ ပထမဆုံး မြန်မာပြည်ခရီး စတင်တော့မည်
အိန္ဒိယ ၀န်ကြီးချုပ် မာမိုဟမ်ဆင်း၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်ကို တနင်္ဂနွေနေ့တွင် စတင်မည် ဖြစ်သည်။
မာမိုဟမ်ဆင်း၏ အဆိုပါ ၃ ရက်ကြာ ခရီးစဉ်သည် အိန္ဒိယ ၀န်ကြီးချုပ်များ၏ ၂၅ နှစ်တာ ကာလအတွင်း ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ် ဖြစ်ပြီး ၎င်းနှင့် အတူ အိန္ဒိယနိုင်ငံခြားရေး ၀န်ကြီး အက်စ်အမ် ခရစ်ရှနား၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် အိန္ဒိယ စီးပွားရေး လုပ်ငန်း အဖွဲ့အစည်းများမှ စီးပွားရေး လုပ်ငန်းရှင်များလည်း ပါဝင်မည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘဏ်ရုံးခွဲအား ဇွန်လအတွင်း အင်းလျားလိတ်ဟိုတယ်၌ စတင်ဖွင့်လှစ်မည်ဟု သိရ
မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘဏ်ရုံးခွဲအား အင်းလျားလိတ်ဟိုတယ်၌
စတင်ဖွင့်လှစ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်းနှင့် လာမည့် ဇွန်လအတွင်း
စတင်ဖွင့်လှစ်မည်ဟု သတင်းရရှိပါသည်။
မီးမရရင် ပင်လယ်စာတွေ ပုပ်ကုန်မယ်
စက်ရုံ၊ အလုပ်ရုံများအား လျှပ်စစ်မီး လုံးဝဖြတ်တောက်လိုက်ခြင်းကြောင့်
ပြည်ပတင်ပို့ရန် သိုလှောင်ထား သည့် အမေရိ ကန်ဒေါ်လာ သန်း ၂၀၀ ၀န်း ကျင်
တန်ဖိုး ရှိသည့် ငါး၊ ပုစွန် များ ဆုံးရှုံးသွားနိုင်ဖွယ် ရှိကြောင်း
သိရသည်။
ထာဝရငြိမ်းချမ်း 67 လက်မှတ်ရေးထိုး လှုပ်ရှားမှု
နယူးဒေလီ (မဇ္ဈိမ) ။ ။ တနှစ်ခန့်ကြာ ကချင်ပြည်နယ်တွင်း ထိုးစစ်များ အပါအဝင် နှစ်ပေါင်း ၆ဝ ကျော်
ပြည်တွင်းစစ် ရပ်စဲခြင်း မရှိသေး၍ “ထာဝရငြိမ်းချမ်း 67” ခေါ် လက်မှတ်ရေးထိုး လှုပ်ရှားမှုတခု စတင်တော့မည်ဟု သိရသည်။
ပြည်တွင်းစစ် ရပ်စဲခြင်း မရှိသေး၍ “ထာဝရငြိမ်းချမ်း 67” ခေါ် လက်မှတ်ရေးထိုး လှုပ်ရှားမှုတခု စတင်တော့မည်ဟု သိရသည်။
သမဂ္ဂအဆောက်အဦး ပြန်လည်ပေါ်ထွန်းရေး ဗကသ ကြိုးပမ်းနေ
နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း တကသ အဆောက်အဦး နေရာဟောင်းတွင်
ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည် တည်ဆောက်ခွင့်ရရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) က တောင်းဆိုလှုပ်ရှားနေသည်ဟု ဆိုသည်။
ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည် တည်ဆောက်ခွင့်ရရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) က တောင်းဆိုလှုပ်ရှားနေသည်ဟု ဆိုသည်။
မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ပေါ်ထွက်လာရန်ရှိ
ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု
ဥပဒေသစ်ကို ပြင်ဆင်ရေးဆွဲလျက်ရှိပြီး အသစ်ထွက်ပေါ် လာမည့် ထိုဥပဒေသစ်တွင်
ဝင်ငွေခွန်နှင့် အကောက်ခွန် ကင်းလွတ်ခွင့်များ ပါရှိမည် ဖြစ်ကြောင်း
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှုး
ဦးကျော်ထွန်းက ပြောကြားသည်။
အမေရိကန်လူ့အခွင့်အရေးအစီရင်ခံစာမှာ မြန်မာအခြေအနေ တိုးတက်လာ
ပြီးခဲ့တဲ့တနှစ်အတွင်း ကမ္ဘာအ၀ှမ်းမှာ လူ့အခွင့်အရေးအခြေအနေတွေ သိသိသာသာ
တိုးတက်ပြောင်းလဲ လာတဲ့အထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်လို့ အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောပါ တယ်။ နှစ်စဉ်ထုတ်ပြန်နေကျ
အမေရိကန်နိုင်ငံခြားရေးဌာန အခုနှစ် လူ့အခွင့်အရေး အစီရင်ခံစာထဲမှာ
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေ
တိုးတက်မှုရှိတယ်ဆိုတာကိုဖော်ပြပေမဲ့ စိုးရိမ်စရာ အခြေအနေတွေ
ရှိနေတုန်းပဲဆိုတာကိုလည်း ထောက်ပြထားပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့
နှစ်စဉ်ထုတ် လူ့အခွင့်အရေး အစီရင်ခံစာပါ မြန်မာနိုင်ငံအကြောင်း
ဖော်ပြချက်ကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးပါမယ်။
ဒေါ်စု ကို Johns Hopkins တက္ကသိုလ် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်
မေလ (၂၄) ရက် မနေ့က အမေရိကန်ပြည်ထောင်စု Maryland ပြည်နယ်၊ Johns
Hopkins တက္ကသိုလ်မှာ ကျင်းပတဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်
ပါရဂူဘွဲ့ (Doctor of Humane Letters) ချီးမြှင့်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ AIDS ရောဂါ ကာ ကွယ် ကုသစောင့်ရှေက်မှုတွေ မကြာခဏသွားရောက်
လုပ်ဆောင်ခဲ့သူ Johns Hopkins တက္ကသိုလ် လူထု ပညာရေးဌာနက ပါမောက္ခ ဒေါက်တာ
ခရစ်(စ်) ဘိုင်ယာ (Dr. Chris Beyrer)
လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှု ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ 2012-05-25 မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အချိန်ပြည့် လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနေတာတွေကို ထောက်ခံကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပြီး တစ်နိုင်ငံလုံး နေ့ချင်းညချင်း လျှပ်စစ်မီး ရရှိဖို့ ဆိုတာ ကတော့ မဖြစ်နိုင်ဘူးလို့ ဒီကနေ့ ပြောဆိုပါတယ်။ Photo courtesy of NLD မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ် မေလ ၂၅ ရက်နေ့က NLD အလုံမြို့နယ် ရုံးခန်းဖွင့်ပွဲသို့ တက်ရောက်လာစဉ်။ ရန်ကုန် အလုံမြို့နယ်မှာ ကျင်းပတဲ့ NLD ရုံးခန်းဖွင့်ပွဲ အခမ်းအနားမှာ အဲဒီလို ပြောကြားခဲ့တာပါ။ " ကျွန်မတို့ တတွေ ဒီဓာတ်မီးကိစ္စနဲ့ စကြစို့၊ ဘာဖြစ်လို့လဲဆိုတော့ ဓာတ်မီးကိစ္စဆိုတာ ကျွန်မတို့ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ကိစ္စဖြစ်တယ်။ ဒါပေမဲ့ ကျွန်မတို့ ဒီကိစ္စကိုတော့ လက်တွေ့ကျကျ ပြည်သူတွေကို ရှု့မြင်ချင်၊ မြင်ချင်တယ်။ တစ်နိုင်ငံလုံး ဓာတ်မီးရရှိရေးဆိုတာ နေ့ချင်းညချင်းနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဆယ်စုနှစ်နဲ့ ချီပြီးတော့ ကျွန်မတို့စနစ်က မမှန်ခဲ့လို့ အခုဓာတ်မီး မှန်မှန်မရတာ ဖြစ်တယ်။ ဆယ်စုနှစ်နဲ့ ချီပြီးတော့ မမှန်ခဲ့တဲ့ ကိစ္စတွေကို ပြန်ပြင်ဖို့ ဆိုတာဟာ နေ့ချင်း ညချင်းတော့ မဖြစ်နိုင်ဘူးဆိုတာ ကျွန်မတို့သိတယ်။ ဒါပေမဲ့လည်း ဖြစ်အောင်လုပ်၊ ကျွန်မတို့ လုပ်ရမှာပါ။ ပြည်သူတိုင်းရဲ့ တာဝန်ပါပဲ။ ဒါကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်တာကို ကျွန်မတို့ အနေနဲ့ ထောက်ခံပါတယ်။ ဒါပေမဲ့ ဥပဒေနဲ့ ကိုက်ညီအောင်လည်းလုပ်ပါ" ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဥပဒေမဲ့လုပ်ရပ်တွေကို ကန့်ကွက်ကြောင်းနဲ့ ဥပဒေမဲ့ ဖမ်းဆီးခံနေရတာတွေကိုလည်း ကန့်ကွက်ကြောင်း ပြောပါတယ်။ တရားဥပဒေ စိုးမိုးရေးဟာ အဓိက ကျတာကြောင့် အခုလို တိုက်တွန်းပြောဆိုရတာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။
လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှု ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ
2012-05-25
မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အချိန်ပြည့် လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနေတာတွေကို ထောက်ခံကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပြီး တစ်နိုင်ငံလုံး နေ့ချင်းညချင်း လျှပ်စစ်မီး ရရှိဖို့ ဆိုတာ ကတော့ မဖြစ်နိုင်ဘူးလို့ ဒီကနေ့ ပြောဆိုပါတယ်။
Photo courtesy of NLD
ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်စခန်း သွားဖို့အစီအစဉ်ရှိ
ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်စခန်း သွားဖို့အစီအစဉ်ရှိ
2012-05-25
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေး ညီလာခံကို တက်ရောက်မယ့် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း ထိုင်း ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်နဲ့အတူ နယ်စပ်က မယ်လ ဒုက္ခသည် စခန်းကို သွားရောက်မယ်လို့ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် အဖွဲ့အစည်းတွေက လာတဲ့သတင်းတွေအရ သိရပါတယ်။
Subscribe to:
Posts (Atom)