လူမှုဖူလုံရေးဝန်ကြီးဌာန လက်အောက်ရှိအလုပ်သမားများ လူမှုဖူလုံရေးစရိတ်လုံလောက်စွာမရရှိပါက လူမှုဖူလုံရေးအဖွဲ့သို့ တိုင်တန်းနိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ဥက္ကဌက ဆိုသည်။
အာမခံထားရှိသည့် အလုပ်သမားများအပေါ်တွင် ကျန်းမာရေးစောင့်ရှောက်မှုစာအုပ်များအား
လူမှုဖူလုံ ရေးအဖွဲ့က ထုတ်ဝေထားကြောင်း၊ အဆိုပါစာအုပ်တွင် မှာပါသော
ခံစားခွင့်များအား အလုပ်သမားများ ရရှိခြင်းမရှိပါက အလုပ်သမားဝန်ကြီးဌာန
လူမှုဖူလုံရေးအဖွဲ့သို့တိုင်ကြားနိုင်ပါကြောင်း လူမှုဖူလုံရေး အဖွဲ့ ဥက္ကဌ ဦးယုလွင်အောင်က ပြောကြားလိုက်ခြင်းဖြစ်သည်။
“ရသင့်ရထိုက်တဲ့
အခွင့်ရေးကို အများသိစေချင်လို့ ဒီစာအုပ်ကို ဝေပေးတာ၊ ဒါကိုမရဘူးဆိုရင်
တိုင် ကြားနိုင်တာပေါ့၊ တိုင်ကြားရင်ဘာမှမခက်ခဲဘူး၊ စာလေးတစ်စောင်ရေးပြီး
ဥက္ကဌ လူမှုဖူလုံရေးအဖွဲ့ အာမခံနံပါတ်၊ နာမည် အလုပ်လုပ်တဲ့နေရာရေးပြီး
တိုင်ကြားနိုင်ပါတယ်”ဟု လူမှုဖူလုံရေးအဖွဲ့ ဥက္ကဌ ဦးယုလွင်အောင်က
အတည်ပြုပြောသည်။
လုပ်ငန်းခွင်တွင်
ထိခိုက်မှုကြောင့် အလုပ်မဆင်းနိုင်ပါက ဥပဒေအရ ယာယီမသန်စွမ်းမှု စရိတ်သည်
မိမိတစ်လထည့်ဝင်ကြေး၏ (၅၃၃)ဆ အကျိုးခံစားခွင့်ရှိကြောင်းကိုလည်း သိရှိရသည်။
လစာသုံးသောင်းနှင့်အထက်ရရှိသောအလုပ်သမားများသည်
အမှန်ဝင်ငွေ ခြောက်သောင်း တစ်သိန်း မည်မျှပင်ရရှိစေကာ အလုပ်သမားက
(၄၆၅)ကျပ် အလုပ်ရှင်(၇၇၅)ကျပ် စုစုပေါင်း(၁၂၄၀)ကျပ် ထည့်
ဝင်ရမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ထုတ်ပြန်ချက်အရ သိရှိရသည်။
လူမှုဖူလုံရေးအဖွဲ့သို့ဝင်ရောက်ရန်
အလုပ်ရှင်မှလုပ်ပေးရမည့် တာဝန်ရှိကြောင်း၊ အလုပ်သမားက
လူမှုဖူလုံရေးအဖွဲ့ဝင်ရန် အလုပ်သမားထည့်ဝင်ငွေနှင့်
အလုပ်ရှင်ထည့်ဝင်ငွေလိုအပ်ကြောင်း ၁၉၅၄ လူမှုဖူလုံရေးအက်ဥပဒေအရ အရေးယူမှုအားနည်းကြောင်း ၂၀၁၂ လူမှုဖူလုံရေးဥပဒေအရ အရေးယူ မှုပြင်းထန်လာမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
“အခု
၂၀၁၂ လူမှုဖူလုံရေး ဥပဒေကို ရေးဆွဲတာ သုံးနှစ်ရှိပြီ၊
အခုအမျိုးသားလွှတ်တော်က အတည်ပြု ပြီ ပြည်သူ့လွှတ်တော်က အတည်ပြုပြီးပြီ
လာမယ့်ပြည်ထောင်စု လွှတ်တော်ကြရင် အတည်ပြုတော့ မယ်” ဟု လူမှုဖူလုံရေးအဖွဲ့
ဥက္ကဌ ဦးယုလွင်အောင်ကပြောသည်။
လူမှုဖူလုံရေးလက်အောက်ရှိ အလုပ်သမားဆေးရုံ (၃)ရုံနှင့် မြို့နယ်ဆေးခန်း(၉၃)ခန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဆေးရုံများတွင်ကုသခံပါက ဆေးဖိုးငွေများ ခရီးစရိတ်များကို လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်နှင့်အညီ ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
လူမှုဖူလုံရေးကဒ်ရရှိထားသူတစ်ဦးက မွေးဖွားစဉ်က မွေးဖွားစရိတ် (ကျပ်-၇၀၀.၈၀ပြား)နှင့်ပိတ်ကြမ်း (၁၀)ကိုက်သာ ရရှိကြောင်းကိုလည်း အလုပ်သမားတစ်ဦးထံက သိရှိရသည်။
“ကုမ္ပဏီကလျောက်ထားပေးလို့
လူမှုဖူလုံရေးကဒ်ရထားပါတယ်၊ အဲ့ဒီအတွက် မွေးဖွားစရိတ် ကျပ်-(၇၀၀)နဲ့
ပိတ်ကြမ်း(၁၀)ကိုက်ရမယ်လို့ သိရတယ်”ဟု လူမှုဖူလုံရေးရုံးသို့
တယ်လီဖုန်းဆက်သွယ် မေးမြန်းခဲ့သော Elite ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။