Tuesday, March 19, 2013

လိုက်ထရပ်နေရာ မီနီဘတ်စ်နှင့် အစားထိုးလဲလှယ်ရန်စီစဉ်မှု စတင်


မန္တလေးမြို့နှင့်နယ်မြို့များတွင် ခရီသည်ယာဉ်အဖြစ်အသုံးပြုလျက်ရှိသောLight Truck (လိုက်ထရပ်ကား) များမှာ ခရီးသည်များအတွက်လုံခြုံမှုပိုင်းနှင့်ကြံ့ခိုင်ရေးပိုင်းဆိုင်ရာအားနည်းချက်များကြောင့်အဆိုပါယာဉ်အစား mini bus (မီနီဘတ်စ်ကား)များကို ဈေးနှုန်းသက်သာစွာဖြင့်လဲလှယ်ပေးရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်းမန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။


ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံမှုပြုလုပ်ရခြင်းကြောင့် မော်တော်ယာဉ်စီးရေလိုအပ်ချက်ရှိလာခြင်း၊ဈေးနှုန်း သက်သာ စွာဖြင့် ၀ယ်ယူနိုင်ခြင်းနှင့်ခရီးသည်နှင့်ကုန်ပစ္စည်းများ တင်ပို့နိုင်ခြင်းတို့ကြောင့် မန္တလေး၌ light truck များအသုံးပြုမှု တိုးတက်လာခဲ့ရာမှ ယခုအခါတွင် ခရီးသည်များအတွက်လုံခြုံမှုပိုင်းဆိုင်ရာနှင့် ယာဉ်အန္တရာယ်ဖြစ်ပွားနိုင်သဖြင့် ယခုကဲ့သို့အစားထိုးရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

`မြို့တွင်းမှာပြေးဆွဲနေတဲ့ light truck တွေက ခရီးသည်တွေအတွက်ဆိုရင်တော့အပြည့်အ၀ စိတ်ချရခြင်းမရှိပါဘူး၊ဒါကြောင့် သူတို့ကို mini bus တွေနဲ့သူတို့ကားတွေကိုလဲလှယ်ပေးဖို့ပြောထားပါတယ်။ mini bus တင်သွင်းရာမှာလည်း ဈေးနှုန်းသက်သာအောင်ပြုလုပ်ပေးဖို့ စီစဉ်ပေးမှာပါ´ဟုကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာန တိုင်းဦးစီးမှူး ဦးသိန်းဦးကပြောသည်။

 အဆိုပါ လဲလှယ်ပေးမည့်အစီအစဉ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက်သက်ဆိုင်ရာ ယာဉ်လိုင်းများထံသို့ ပြောဆိုထားခဲ့သော်လည်းယခုအချိန်အထိမော်တော်ယာဉ်တစ်စီးမျှ လာရောက် လဲလှယ်ရန်အတွက်တင်ပြတောင်းဆို တင်ပြလာခြင်း မရှိသေးကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။

`ကျွန်တော်တို့အနေနဲ့ လတ်တလောပိုင်းမှာတော့အတင်းအကြပ်ပြောင်းဖို့မပြောသေးပါဘူး၊ ဒါပေမယ့်ခရီးသည် တွေအတွက်စိတ်ချရဖို့အတွက် တဖြည်းဖြည်းပြောင်းလဲသွားဖို့တော့ရှိပါတယ်၊ အဲဒီယာဉ်တွေကroad safely မဖြစ်လို့ အခုလိုပြုလုပ်ဖို့စီစဉ်တာဖြစ်ပါတယ် ´`ဟုတိုင်းဦးစီးမှူးက ဆက်ပြောသည်။

 မန္တလေးခရိုင်အတွင်းတွင် light truckယာဉ်စီးရေ ရာဂဏန်းဝန်းကျင်ရှိကြောင်းနှင့် လတ်တလောပိုင်းမှ နံပါတ်အနီများကို အလွယ်တကူထုတ်ပေးခြင်းကြောင့်ပိုမိုများပြားလာခြင်းဖြစ်သည်။

`ကျွန်တော်တို့အနေနဲ့တော့ lighttruckယာဉ်ကို အပ်နှံလိုခြင်း မရှိပါဘူး၊ဘာလို့လည်းဆိုတော့ သွားရေး လာရေး အဆင်ပြေတယ် ၊ပြီးတော့ဈေးနှုန်းကလည်း မကြီးမြင့်ပါဘူး၊ ဒါကြောင့် အပ်နှံဖို့အတွက် မစဉ်းစားပါဘူး၊အတိုင်းပဲပြေးဆွဲသွားမှာပါ´ဟု ရတနာပုံတက္ကသိုလ်သို့ ပြေးဆွဲနေသည့် light truckယာဉ်မောင်း ကိုဇော်ဇော်ကပြောသည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။