Tuesday, March 19, 2013

ရဲဝန်ထမ်း(၉)ဦး၏ နမ္မချီမှော်ကိစ္စ ပြည်နယ်ရဲမှ ကိုင်တွယ်မည်


မိုးညှင်းမြို့နယ် နမ္မချီမှော်သို့ တာဝန်အရသွားရောက်ခဲ့သည့် ရဲဝန်ထမ်း(၉)ဦးကို တောတွင်း လက်နက် ကိုင် အဖွဲ့အစည်း တစ်ခုမှ ပြန်လွှတ်ပေးပြီးနောက် မြစ်ကြီးနားရဲစခန်းသို့ လွှဲပြောင်းပေးအပ်လိုက်သည့် ရဲဝန်ထမ်များအမှုကို ပြည်နယ်မှ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံက သိရသည်။

အဆိုပါရဲ ၀န်ထမ်းများ၌ မိုးညှင်းမြို့နယ်မှ တပ်ကြပ်လှမင်းအပါအ၀င် ရဲဝန်ထမ်း(၇)ဦး နှင့် မော်ဟန် ရဲစခန်းမှ ၀န်ထမ်း(၂)ဦးကို မတ်လ(၁၈)ရက်နေ့က မြစ်ကြီးနားရှိပြည်နယ်ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာမှ ဆက်လက် စစ်ဆေးသွားမည်ဟု မိုးညှင်းရဲစခန်းက သိရသည်။

 ‘ကွင်းဆက်တရားခံ ဖမ်းရင်းနဲ့ဖြစ်ပွားသွားတာပါ။ လက်နက်တွေတော့ ပါမသွားပါဘူး။ အခုတော့ သူတို့ကို ပြည်နယ်ရဲရုံးက ဆက်လက် စစ်ဆေးသွားမှာပါ။ ကျွန်တော်တို့က အဲဒီကိစ္စကို စစ်ဆေးခွင့်မရှိဘူး။ အထက်ကပဲ ဆက်ပြီး ဆောင်ရွက်သွားမှာပါဟု မိုးညှင်းရဲစခန်းမှ ဒုရဲအုပ် ၀င်းဌေး မှ ပြောသည်။

မိုးညှင်းရဲစခန်းမှူးမှာ ရန်ကုန်သို့ ဆေးကုသရန် လာရောက်နေချိန်တွင် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စခန်းမှူးထံမှ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မိုးညှင်းဒေသခံများအကြား ဝေဖန်သံအမျိုးမျိုးပေါ်ထွက်ပေါ်လျှက်ရှိသည်။

`ဖြစ်စဉ်ကိုတော့ သေချာမသိဘူး၊ သူတို့ကို မနေ့က လက်ထိပ်ခတ်ပြီး ခေါ်သွားတာတော့ တွေ့လိုက်တယ်၊ ပြန်ရောက် လာတာကလည်း ဘာသာရေးအဖွဲ့တွေက ညှိပေးလို့ လွှတ်လာတယ်လို့ ပြောနေကြတာပဲဟု မိုးညှင်းဒေသခံ တစ်ဦးက ပြောသည်။

မိုးညှင်းမြို့နယ်အတွင်း၌ မူးယစ်ဆေးဝါးရောင်းချသည့် နေရာများမှာ လက်ရှိတွင် ပေါများလျက်ရှိပြီး၊ ဒုစရိုက်သားနှင့် ၀န်ထမ်းများအကြား အပေးအယူ ရှိမရှိကိုမူ သေချာမပြောနိုင်ကြောင်း ဒေသခံတို့က သုံးသပ် နေကြသည်။

ပြည်သူတွေလက်မှာ ဘိန်းတွေ့ရင်တောင် အနည်းဆုံးထောင်ဒဏ် ၃နှစ်၊ ၇နှစ် ကနေ တစ်သက်တစ်ကျွန်း ကျသည်အထိ ဖမ်းလာခဲ့တဲ့သူတွေကို ရာထူးလျော့ သတ်မှတ်မယ်လို့ အပြင်မှာ ပြောနေကြတာပဲ၊ ရာထူး လျှော့ချတာလောက်မဟုတ်ပဲ   ပြစ်မှုထင်ရှားရင် ထိုက်သင့်တဲ့ ပြစ်ဒဏ်မျိုးဖြစ်သင့်တယ်ဟု နမ္မချီးမှော်ကိစ္စ၌ ရဲဝန်ထမ်းများပါဝင်ပတ်သက်နေမှုကို  မိုးညှင်းမြို့နယ်မှ ဒီချုပ်ပါတီဝင်တစ်ဦးက ပြောသည်။

မိုးညှင်းမြို့နယ်၊မော်ဟန်ကျေးရွာ၊ နမ္မချီမော်၌် ရဲစခန်းမှ ကွင်းဆက်တရားခံရန်ကြိုးစားခဲ့သည့်ဟု ဆိုထားသည့် ၀န်ထမ်းများမှာ နမ္မချီးမှော်သို့ တရားခံဖမ်းဆီးရန်အတွက် သွားရောက်သူများဆိုပါက လက်နက် ကိုင်ဆောင် သွားမည်ဖြစ်ကြောင်း၊ မည်သည့်အတွက်ကြောင့် လက်နက်ကိုင်အဖွဲ့အစည်းမှ ဖမ်းဆီးသွားသည်ကိုလည်း ဒေသခံတို့က သိရှိလိုကြောင်း သိရသည်။

မိုးညှင်းနှင့် မိုဟန်မှရဲဝန်ထမ်း(၉)ဦးမှာ မတ်လ (၁၂) ညနေပိုင်းတွင် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများမှာ လက်နက်ကိုင်အဖွဲ့အစည်းမှ ပြန်လည်လွှတ်ပေးသဖြင့် မတ်လ(၁၅)နေ့လည်တွင် မိုးညှင်းမြို့သို့   ပြန်လည် ရောက်ရှိလာပြီး မတ်လ(၁၈) မြစ်ကြီးနားမြို့၊ ပြည်နယ်ရဲစခန်းသို့ စစ်ဆေးမှုပြုလုပ်ရန် ခေါ်ဆောင်သွားခဲ့သည်။

ထိုအခင်းဖြစ်ပွားရာနေရာမှာ မိုးညှင်းမြို့မှာ ၂၆ မိုင်ခန့် ကွာဝေးပြီး  အစိုးရတပ်မှလုံခြုံရေးယူထားသည့်  နမ္မချီမော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ်၌ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် KIAအပြင် မူးယစ်ဆေးဝါးရောင်းသူများမှာလည်း လက်နက်ကိုင်ဆောင်လေ့ရှိကြောင်း ဒေသခံများထံက သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။