Tuesday, March 19, 2013

ဘုရားသုံးဆူမြို့ကို ဆက်သွယ်ရေး ကောင်းမွန်အောင် လုပ်ဆောင်မည်


ထိုင်း-မြန်မာ နယ်စပ်ရှိ ဘုရား သုံးဆူ မြို့ကို လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရန် လေ့လာ ကွင်းဆင်းမှု စတင် ပြုလုပ် ပြီဟု သိရသည်။ ၁၉၉ဝ ခုနှစ် ကစ၍ အစိုးရ အုပ်ချုပ် မှုသို့ ပြန်လည် ရောက်ရှိ လာခဲ့သည့် အဆိုပါ မြို့မှာ လူဦးရေ ၁ သိန်းကျော် နေထိုင် နေပြီး နှစ် ၂ဝ ကျော်သည် အထိ အစိုးရ အကြီး အကဲတို့ ရောက်ရှိမှု မရှိခဲ့ရာ ၄င်းမြို့ကို ပိုမို တိုးတက် စေလိုသည့် အပြင် ငြိမ်းချမ်းရေးလည်း ရရှိနေ သည့်အတွက် ယခုကဲ့သို့ သက်ဆိုင်ရာ ဝန်ကြီး ဌာန တို့က ဆောင်ရွက် ခြင်း ဖြစ်သည်ဟု လေ့လာ သူအဖြစ် လိုက်ပါ သွားသူ Myanmar Peace Centre မှ ဒေါက်တာ မင်းဇော်ဦးက ပြောသည်။

စီမံကိန်း အရ မြေသားလမ်း အဖြစ် ရှိနေသော ဘုရား သုံးဆူ လမ်းကို ကတ္တရာ လမ်းအဖြစ်လည်း ကောင်း၊ ရှိထားပြီး ခဲ့သော သေမင်း တမန်ရ ထားလမ်းကို အသစ်ပြန် ဆောက်ရန် အတွက် ဆောင်ရွက် မည်ဟု ၄င်းက ဆိုသည်။
မတ်လ ၁၆ ရက်နေ့က ရထား ပို့ဆောင်ရေး ဝန်ကြီး ဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဌာနတို့မှ တာဝန်ရှိ သူများနှင့် ငြိမ်းချမ်းရေး အကျိုးဆောင် များသည် ဘုရားသုံး ဆူကို ကွင်းဆင်း လေ့လာမှု ပြုလုပ်ပြီး တိုင်းရင်းသား အဖွဲ့တို့နှင့်လည်း တွေ့ဆုံခဲ့သည်။ ဘုရား သုံး ဆူမှာ မော်လမြိုင် နှင့် ၆၄ မိုင်သာ ဝေးသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု ရှိခဲ့သည့်အပြင် သွားရာလမ်းတစ် လျှောက်တွင်လည်း ယခင် လူသူ နေထိုင်မှု မရှိခဲ့ကြောင်း၊ ယခုတွင် ကားလမ်းဟောင်းဘေး၌ အခြေချ မှု အချို့ရှိနေသည်ဟု ဒေါက်တာ မင်းဇော်ဦးက ပြောသည်။  

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။