Wednesday, February 20, 2013

ရန်ကုန်မြို့မှာ နွေရာသီကာလအတွင်း လျှပ်စစ်အလုံအလောက် ရနိုင်ဖွယ်ရှိ



ရန်ကုန်မြို့တော်အတွင်း အခုလာမယ့် နွေရာသီမှာ လျှပ်စစ်ဓာတ်အားတွေ လုံလုံလောက်လောက် ရရှိဖို့အတွက် မီဂါဝပ်အား ၅၀ ရှိတဲ့ Gas Engine သုံး ဓာတ်အားပေး စက်ရုံ ၄ ရုံကို အမြန်တည်ဆောက်နေပြီလို့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဒီကနေ့ ပြည်ထောင်စုလွှတ်တော် မှာ ပြောကြားလိုက်ပါတယ်။

တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေကို ဒေသအနှံ့ အကော်အထည်ဖော်မည်




တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေကို ဝင်ငွေနည်းပါးသူတွေ အရစ်ကျဝယ်ယူနိုင်မယ့် ဈေးနှုန်း နဲ့ မြန်မာနိုင်ငံ ဒေသအသီးသီးမှာ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ် လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ မနေ့က တင်ပြခဲ့ပါ တယ်။

Post titleတန့်ယန်းမြို့နယ်မှာ အစိုးရနဲ့ SSA မြောက်ပိုင်းတပ်တွေ တိုက်ပွဲဖြစ်



2013-02-20
ရှမ်းပြည်တပ်မတော် မြောက်ပိုင်းလို့ လူသိများတဲ့ SSPP/SSA တပ်တွေနဲ့ အစိုးရတပ်တွေ တန့်ယန်းမြို့နယ် အတွင်းမှာ ဖေဖေါ်ဝါရီလ ၂ဝ ရက်နေ့ ဒီကနေ့ ထပ်မံတိုက်ပွဲဖြစ်ကြတယ်လို့ သိရပါတယ်။

၈၈မျိုးဆက် ခေါင်းဆောင်တွေ နဲ့ ပြင်သစ် ခေါင်းဆောင်တွေ ဆွေးနွေး



2013-02-20
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ကို ရောက်ရှိနေတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့နှစ်ဦးဟာ မြန်မာ့အရေး လှုပ်ရှားသူတချို့နဲ့အတူ ဖေဖော်ဝါရီ ၁၉ ရက် မနေ့က ပြင်သစ်သမ္မတ ဖရန်စွာ အော်လန်ဒ်ရဲ့ အာရှတိုက်ဆိုင်ရာ အကြံပေးအရာရှိနဲ့ တွေ့ဆုံခဲ့ သလို ပြင်သစ်နိုင်ငံခြားရေးဌာန ထိပ်တန်းအရာရှိတွေနဲ့လည်း မြန်မာပြည်ဆိုင်ရာ ပြဿနာတွေကို ဆွေးနွေး ခဲ့ပါတယ်။

ရွှေ(၆)ဆုဆွတ်ခူးရန် ကြိုးပမ်းမည်ဟု ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဆို

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ အားသာချက်ရှိသည့်    မြန်မာရိုးရာအားကစားနည်းများဖြင့် ရွှေတံဆိပ်များစွာ ရရှိအောင်ကြိုးစားသွားမည် ဖြစ်ကြောင်း    မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးနိုင်က ဆိုသည်။

 

လက်ရှိတွင် ခြင်းလုံးအားကစားနည်းအတွက် ကုန်ကျစရိတ်သိန်း(၇၀၀၀)ထောင်ကျော် ကုန်ကျခံပြီး လေ့ကျင့် လျက်ရှိကြောင်းကိုလည်း သိရသည်။

 

သက်ဆိုင်ရာနိုင်ငံများအားပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ဖိတ်ခေါ်ခဲ့ပြီးဖြစ်ကြောင်း ခြင်းလုံးကစားနည်းက   မြန်မာရိုးရားအားကစားနည်းဖြစ်သောကြောင့်  ကုန်အကျခံ၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ၀င်ယှဉ်ပြိုင် ရမည့် ခြောက်ပွဲမှ ရွှေတံဆိပ်ခြောက်ခုရရန် မျှော်မှန်းထားကြောင်းကိုလည်း သိရသည်။

 

`မြန်မာနိုင်ငံမှာ အာဆီယံဆီးဂိမ်းပြိုင်ပွဲကို နှစ်ပေါင်းလေးဆယ်ကျော်မှ ကျင်းပခွင့်ရတာပါ၊ဒါကြောင့် အားကစားနည်းများ စွာမှာ မြန်မာနိုင်ငံက အားနည်းနေချက်ရှိနေတဲ့အတွက် ပထမဆုံးအကြိမ်ပါဝင်မဲ့ ရိုးရာအားကစားနည်း လည်းဖြစ် အားသာချက်များတဲ့ ခြင်းလုံးအားကစားနဲ့ ရွှေတံဆိပ်များစွာရရှိအောင် လုပ်သွားမှာပါ´ဟု ဦးစိုးနိုင်  က ပြောသည်။

 

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်း(၃၃)မျိုးပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ် ပြီး ပထမဦးဆုံး ထည့်သွင်းယှဉ်ပြိုင်မည့် ရိုးရာခြင်းလုံးပြိုင်ပွဲအတွက် ငွေကြေးအကုန်အကျများစွာ အသုံးပြု ထားသည့်အတွက် ယခုကဲ့သို့ အားသာချက်ရှိသည်ဟု ပြောခြင်းကြောင်းကိုလည်း သိရသည်။

 

ခြင်းလုံးအားကစားနည်းတွင် မူလအဆင့်မျိုးကွဲပြိုင်ပွဲ၊ မူလအဆင့်မျိုးတူ ပြိုင်ပွဲ၊ မူလအဆင့်အတွဲ ပြိုင်ပွဲ၊ ဒုတိယအဆင့်မျိုးကွဲပြိုင်ပွဲတို့အား အမျိုးသား၊အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ အစရှိသည့် အားကစားနည်း ရှစ်မျိုးအနက် မြန်မာနိုင်ငံမှ ခြောက်မျိုးဝင်ရောက်ယှဉ်ပြိုင်ကာ ရွှေဆု(၆)ဆုမျှော်မှန်းခြင်းဖြစ်သည်။

 

အဆိုပါပြိုင်ပွဲအတွက် သက်ဆိုင်ရာနိုင်ငံအလိုက် နည်းစနစ်များ သိရှိစေရန် ပြသပေးခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ဒိုင်အဖွဲ့ဝင်(၈၃)ဦး ထားရှိပြီးဖြစ်ကြောင်းနှင့် ယှဉ်ပြိုင်မည့် အားကစားသမားး ကျား(၂၅)ဦး၊မ(၂၅) ဦး ကိုလည်း ရွေးချယ်ထားရှိကာ နေပြည်တော်၌ စခန်းသွင်းလေ့ကျင့်လျက်ရှိကြောင်း သိရသည်။

 

ထိုင်း၊လာအို၊ဗီယက်နမ်၊စင်ကာပူ၊ကမ္ဘာဒီယားနိုင်ငံများသို့ မြန်မာခြင်းလုံးအားကစားသမားများအား စေလွှတ်ခဲ့ခြင်းကြောင်း၊ နည်စနစ်ပိုင်းဆိုင်ကဏ္ဍများလည်း ဖွံ့ဖြိုးလာကြောင်းကိုလည်း သိရသည်။

 

လက်ရှိအချိန်အထိ မြန်မာဆီးဂိမ်းခြင်းလုံးပြိုင်ပွဲများအတွက် မည်သည့်နိုင်ငံများမှ ပါဝင်ယှဉ်ပြိုင်မည်ဆိုသည်ကို သိရှိရခြင်းမရှိသေးကြောင်း အား/ကာဦးစီးအရာရှိ ဒေါ်ခင်အေးမူက ဆိုသည်။

 

မြန်မာ့ဆက်သွယ်ရေး လောကကို ကိုင်လှုပ်မည့်သူ (သို့) စိန်ခေါ်မှုနှင့်အတူ ရင်းနှီးမြုပ်နှံခွင့်ရမည့် အခွင့်အရေး

အာရှတွင် ဂျီဒီပီအနည်းဆုံးနိုင်ငံများစာရင်းဝင် မြန်မာနိုင်ငံမှ ဆက်သွယ်ရေးဈေးကွက်အား ရင်းနှီးမြှုပ်နှံခွင့်ရသည့် ရှားပါးအခွင့်အလမ်းရရှိသည့် ကုမ္ပဏီမှာ အကျိုး အမြတ်နှင့်အတူ ဆိုးကျိုးများပါ မျှဝေခံစားရမည်ဟု စင်္ကာပူဈေးကွက်   လေ့လာရေးကုမ္ပဏီက သုံးသပ်ထားသည်။

 

" ကမ္ဘာပေါ်မှာကျန်ရှိနေသေးတဲ့ အလားအလာ အကောင်းဆုံး ဈေးကွက်တွေထဲက တစ်ခုပါပဲ၊ ဈေးကွက်အလားအလာ ကတော့ တကယ် ကောင်းပါတယ်၊ဒါပေမယ့် စိန်ခေါ်မှုတွေ ရှိလာနိုင်တယ် " ဟု စင်ကာပူအခြေစိုက် နိုမူရာကုမ္ပဏီမှ အကြီးတန်းလေ့လာ ဆန်းစစ်သူ ဆာချင်ဂုပတားက ပြောသည်။

 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဝန်ဆောင်မှုကို ရင်းနှီးမြှုပ်နှံခွင့်ရသူမှာ ပထမဆုံးအဆင့်အနေဖြင့် ၎င်း၏ ဆက်သွယ်ရေး ကွန်ယက်ကို မြန်မာနိုင်ငံတဝှမ်းလုံး ဖြန့်ကျက်နိုင်ရန် ကုန်ကျစရိတ်ကို စတင်စဉ်းစားရမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

 

ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ခွင့်ရမည့်သူမှာ စာချုပ်သက်တမ်း အနှစ် နှစ်ဆယ်အထိ ချုပ်ဆိုနိုင်ပြီး ထပ်မံသက်တမ်း တိုးနိုင်ခွင့်လည်း ရှိမည်ဖြစ်သည်။

 

တင်ဒါအောင်မြင်သူများတွင် ရှိသင့်သည့် အရည်အချင်းများမှာ " ငွေကြေးအလုံအလောက် အသုံးပြုနိုင်ပြီး ဝန်ဆောင်မှုကို ကာလာရှည်ကြာစွာ ပေးနိုင်သူများ " ဖြစ်သင့်သည်ဟု စင်ကာပူ UOB Kay Hian မှလေ့လာဆန်းစစ်သူ ဂျိုနသန်ကော့ ကပြောသည်။

 

အရှေ့တောင်အာရှမှ တင်ဒါတင်သွင်းသူ ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့် တင်ဒါအောင်မြင်ရန် အခွင့်အလမ်း ပိုမိုများကြောင်းကိုလည်း သိရသည်။

 

" အရင်ကတည်းက ဒီအစိုးရနဲ့ ပတ်သက်ဆက်သွယ်မှု၊အဆက်အဆံရှိခဲ့တဲ့ နိုင်ငံကဆက်သွယ်ရေးကုမ္ပဏီဖြစ်ဖို့ များတယ်၊ ဂျပန်က စီးပွါးရေးလုပ်ငန်းတော်တော်များများ ဒီနိုင်ငံမှာရှိတယ်၊ဂျပန်က ဆက်သွယ်ရေး ကုမ္ပဏီလည်း ဖြစ်နိုင်တယ်၊ တင်ဒါလျှောက်သူတွေထဲမှာ မြန်မာပါတနာနဲ့ အလုပ်လုပ်တဲ့သူတွေပါရင် ပိုကောင်းတာပေါ့၊ " ဟု Phillip Securities မှ ကန်အန်က ပြောသည်။

 

ဩစတေးလျ၏ ဒုတိယအကြီးဆုံး ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီ၊အခြား ထိုင်း၊ဖိလစ်ပိုင်နှင့် အိန္ဒိယ အစရှိသော နိုင်ငံများ ၏ ဆက်သွယ်ရေးဝန်ဆောင်မှုများတွင် ပါတနာဖြစ်သော SingTel က ၎င်း၏မြန်မာဈေးကွက် အပေါ် စိတ်ဝင်စားမှုကို တင်ဒါတင်သွင်းခြင်းဖြင့်ပြသခဲ့သည်။

 

SingTel က မိုဘိုင်းလ် ဝိုင်ယာလက်အပေါ်တွင် အဓိကရင်းနှီးလိုကြောင်း၊ တစ်နိုင်ငံလုံးအား ဆက်သွယ်မှုလျင်မြန်စွာ ပေး၍ ရင်းနှီးမြှုပ်နှံမှုအပေါ်အထိရောက်ဆုံးကြိုးစားလိုခြင်းကြောင့် ဖြစ်သည်ဟု SingTel မှ အမှုဆောင်အရာရှိချုပ် ချွာဆွတ်ကွန်း က Bloomberg Television မှပြုလုပ်သော အင်တာဗျူးတွင် ပြောကြားခဲ့သည်။

 

အခြားတင်ဒါတင်သွင်းသူများမှ ကွာလာလမ်ပူအခြေစိုက် Axiata နှင့် ST Telemedia မှာ Temasek Holdings Pte ၏အစိတ်အပိုင်းတခုဖြစ်သည်။Axiata မှာ အိန္ဒိယ၊အင်ဒိုနီးရှား၊ဘဂ်လားဒေ့ရှ် နှင့် သီရီလက်ာတို့တွင် ဆက်သွယ်ရေး ဝန်ဆောင်မှုများ လုပ်ကိုင်နေပြီး ST Telemedia မှာ စင်ကာပူရှိ ဒုတိယအကြီးဆုံးဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း StarHub Ltd. နှင့် မလေးရှား၊ဗီယက်နမ်တို့တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများလုပ်ကိုင်နေသည့် ကုမ္ပဏီဖြစ်သည်။

 

လာမည့် ဇွန်လတွင် မြန်မာပြည်သူ ၆၄သန်းအတွက် ဆက်သွယ်ရေးဝန်ဆောင်မှုပေးနိုင်ရန် ကုမ္ပဏီနှစ်ခုကို တင်ဒါ ခေါ်ယူခဲ့ရာ စိတ်ဝင်စားသော ကုမ္ပဏီပေါင်း ပြည်တွင်းပြည်ပ (၉၁)ခုအထိရှိခဲ့ပြီး ထိုအတွင်းမှ စင်ကာပူ အခြေစိုက် Singapore Telecommunications Ltd. မှာ အရှေ့တောင်အာရှတွင် အကြီးဆုံးသော ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီကြီးတစ်ခုလည်း အပါအ၀င် ဖြစ်သည်။

 

အခြားထင်ရှားသော ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီများမှာ မလေးရှားမှ Axiata Group Bhd နှင့် နော်ဝေမှ Telenor ASA တို့ဖြစ်ကြသည်။

 

မြန်မာနိုင်ငံတွင်လက်ရှိ မိုဘိုင်းလ်ဖုန်းသုံးသူလူဦးရေမှာ ၆၄သန်း၏ ကိုးရာခိုင်နှုန်းမျှသာ ရှိပြီး အစိုးရက ၂၀၁၆တွင် ၈၀% အထိတိုးတက်စေရန် မျှော်မှန်းထားသည်။

 

ကမ္ဘောဒီယားနိုင်ငံ၏ မိုဘိုင်းလ်ဖုန်းသုံးစွဲသူ လူဦးရေမှာ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်၊လာအိုတွင် ၈၇ ရာခိုင်နှုန်းခန့်နှင့် ထိုင်းနိုင်ငံတွင် ၁၀၀ ရာခိုင်နှုန်း ကျော်သည်။

 

လာရောက်လျှောက်ထားသည့် ကုမ္ပဏီ ၉၁ခုထဲတွင် အာရှ၊အမေရိက၊ အရှေ့အလယ်ပိုင်း၊ ဥရောပ၊သမုဒရာပိုင်းဇုံ   နှင့်အာဖရိကမှ အကြီးဆုံးသော ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီကြီးများပါဝင်သည်ဟု မြန်မာ့ဆက်သွယ်ရေးမှ ဖေဖော်ဝါရီ ၁၅ ရက်တွင် ၎င်း၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသော ကြေငြာချက်အရ သိရှိရသည်။

 

မြန်မာနိုင်ငံမှာ အာရှတွင် ဂျီဒီပီအနည်းဆုံးနိုင်ငံများထဲတွင် တခုအပါအဝင်ဖြစ်ပြီး လူတဦးချင်းစီ၏ တစ်နှစ်တာဝင်ငွေမှာ ယူအက်စ်ဒေါ်လာ ၈၅၅ ခန့်သာရှိပြီး ထိုင်းတွင် ယူအက်စ်ဒေါ်လာ ၅၈၅၁ ဒေါ်လာခန့်ရှိသည်ဟု International Monetary Fund estimates ၏ ကောက်ခံထားသည့် အချက်အလတ်များအရသိရသည်။

 

Asian Development Bank ၏ မနှစ်က ဇွန်လအတွင်းထုတ်ပြန်သော ထုတ်ပြန်ချက်များအရ လူထု၏ လေးပုံတစ်ပုံမှာ ဆင်းရဲမွဲတေမှုဖြင့် ရင်ဆိုင်နေရပြီး လူဦးရေ ၄ဦးတွင် ၃ဦးမှာ အခြေခံလူမှုအခွင့်အရေးဖြစ်သော လျှပ်စစ်ဓာတ်အားကို အသုံးပြုခွင့် မရကြပေ။

 

မိုဘိုင်းလ်ဖုန်းများကို စတင်ချပေးခဲ့သည့် ၂၀၀၁ခုနှစ်မှ စတင်၍ မိုဘိုင်းလ်ဖုန်းဆိုသည်မှာ   ငွေကြေးတတ်နိုင်သူများအဖို့သာ ဖြစ်ခဲ့သည်။

 

မိုဘိုင်းလ်ဖုန်းများတွင် အသုံးပြုနိုင်သော ဝန်ဆောင်မှုမှာလည်း အကန့်အသတ်ဖြင့်ဖြစ်ခဲ့သည်။တချိန်က သိန်းလေးဆယ် နီးပါးခန့် ဈေးပေါက်ခဲ့သော ဆင်မ်ကတ်များမှာလည်း ယခုအခါတွင် ကျပ်နှစ်သိန်းခန့်မျှဖြင့် ဝယ်ယူနိုင်ပြီဖြစ်သည်။ သို့သော် ပြည်သူအများမှာ ဆင်မ်ကတ်ကို ဈေးကြီးပေးလိုက်ရသဖြင့် ဟန်းဆက်ကို တန်ဖိုးနည်း ဝယ်ယူရတော့သည်။

 

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဆိုင်ရာ ရည်မှန်းချက်မှာ ဆက်သွယ်ရေးဝန်ဆောင်မှုများကို   ပြည်သူအများထံသို့   နေရာ ဒေသမရွေး ဝန်ဆောင်မှုပေးရန်နှင့် ဈေးနှုန်းသက်သာစေရန်ဖြစ်သည်ဟု   ကြေငြာထားသော်လည်း   မြန်မာ့ဆက်သွယ်ရေး၏ အကျင့်ပျက်ခြစားမှုများကြောင့် ပြီးခဲ့သောလတွင် ဝန်ကြီးအပြောင်းအလဲ ဖြစ်သည်အထိဖြစ်ခဲ့ပြီး သတ်မှတ်ထားသော ကျပ်ငွေနှစ်သိန်းအောက် လျှော့နည်းသည့် ဆင်းမ်ကတ်များကိုလည်း အခုထိ ထုတ်ဝေနိုင်ခြင်း မရှိသေးပေ။

 

 မြန်မာနိုင်ငံတွင် ၅.၄၄ သန်းသော မိုဘိုင်းလ်ဖုန်းအသုံးပြုသူများရှိသော်လည်း ၎င်းမှာ နိုင်ငံလူဦးရေ၏ ၉% မျှသာ ဖြစ်သည်။ ၁.၃ရာခိုင်နှုန်းမျှသာ ကြိုးဖုန်းပိုင်ဆိုင်သူရှိပြီး ၀.၀၃ ရာခိုင်နှုန်းမျှသာ မြန်နှုန်းမြင့်အင်တာနက် အသုံးပြုနိုင်သူ များဖြစ်သည်ဟု ADB က ထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရသည်။

 

" သန်း၆၀မျှသော မိုဘိုင်းလ်ဖုန်းအသုံးပြုမယ့် သူတွေရှိပါတယ်၊ ဒါပေမယ့်သူတို့အတွက် မိုဘိုင်းလ် ကွန်ယက်ကိုတော့ အစအဆုံး တည်ဆောက်ရလိမ့်မယ် " ဟု ရင်းနှီးမြှုပ်နှံသူတဦးကြောင့် အာရှ၏ဆက်သွယ်ရေး ဝန်ဆောင်မှုကို မနှစ်ကလေ့လာခဲ့သော နိုမူရာကုမ္ပဏီမှ အကြီးတန်းလေ့လာဆန်းစစ်သူ ဂုပတားက ပြောသည်။

 

မည်သို့ပင် ဖြစ်စေပြည်သူအများစုကတော့ ဝန်ဆောင်မှု ကောင်းကောင်းနှင့်ဈေးသက်သက်သာသာပေးနိုင်သော ဆက်သွယ်ရေး ဝန်ဆောင်မှုအား မျှော်လင့်နေဆဲဖြစ်သည်။

 

" နိုင်ငံရေး အနေနဲ့လည်း စိန်ခေါ်မှုတွေ ရှိလာနိုင်တယ၊်နိုင်ငံရေးတည်ငြိမ်မှုကတော့ အရင်ကနဲ့စာရင် တိုးတက် လာပါပြီ၊ ဒါပေမယ့် အချို့နေရာတွေမှာ မသေချာမှုတွေရှိနေတုန်းပဲ၊နိုင်ငံခြားသားပိုင်တဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို အမြင်တမျိုးနဲ့ ကြည့်လာနိုင်တယ် " ဟု စင်ကာပူအခြေစိုက် လေ့လာဆန်းစစ်သူ Phillip Securities Pte မှ ကန်းအန် ကပြောသည်။

 

ပထမအဆင့် တင်ဒါအောင်မြင်သူများကို နောက်လာမည့်အပါတ်များတွင်ကြေငြာမည်ဟု မြန်မာ့ဆက်သွယ်ရေးမှ ဇန်န၀ါရီလ ဒုတိယအပတ်အတွင်းက ကြေငြာခဲ့သည်။

 

" ဈေးကွက်အတွေ့အကြုံရှိရင်တော့ ပိုကောင်းတာပေါ့၊အရင်းအနှီးတတ်နိုင်ပြီးတော့ ဆက်သွယ်ရေးဝန်ဆောင်မှုအတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာ နဲ့ ဟန်းဆက်နဲ့ပါတ်သက်တဲ့ ကုမ္ပဏီတွေနဲ့ အဆက်အသွယ်ရှိရင်ပိုကောင်းတယ်၊ ဆက်သွယ် ရေးကို အဆင့်မြှင့်တင်မှ ကျန်တာတွေလဲ တိုးတက်နိုင်မယ်၊လူမှုလုံခြုံရေးကိုတော့ ဂရုစိုက်ဖို့လိုလိမ့်မယ် " ဟု ဆက်သွယ်ရေးဝန်ဆောင်မှုပေးမည့် အော်ပရေတာအသစ်နှင့်ပါတ်သက်၍ ဂုပတားကပြောသည်။

 

မြန်မာနိုင်ငံ၏ပထမဆုံးဆက်သွယ်ရေးဥပဒေမူကြမ်းအား ယခုနှစ် နှစ်ဝက်အစောပိုင်းတွင် လွှတ်တော်မှ အတည် ပြုမည်ဖြစ်ပြီး အဆိုပါဥပဒေမူကြမ်းတွင် လွပ်လပ်စွာဆောင်ရွက်နိုင်သည့် ပုဂ္ဂလိကအခန်းကဏ္ဍလည်း    ပါဝင်လာ မည်ဖြစ်သည်။

 

မြန်မာပြည်သူအများစုကတော့ ဖေဖော်ဝါရီလအတွင်း ထွက်ရှိလာမည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး ရက်ရွှေ့သွားသော မြန်မာ့ဆက်သွယ်ရေး၏ တန်ဖိုးနည်းဆင်းမ်ကတ်များကို မျှော်နေဆဲ။

 

မိုဘိုင်းလ်ဖုန်းများတွင်အင်တာနက် လိုင်းကောင်းလာမည့် ရက်ကို မျှော်လင့်ခြင်းကြီးစွာဖြင့် စောင့်စားနေဆဲဖြစ်သည်။


စပစ်ဖိုင်းယားလေယာဉ်များ ဆက်လက်ရှာဖွေမည်

ရန်ကုန် (မဇ္ဈိမ)။     ။ မြန်မာနိုင်ငံတွင် မြှပ်နှံခဲ့သည် မမြှပ်နှံခဲ့သည်ကို ဝိဝါဒ ကွဲပြားနေသော ဒုတိယ ကမ္ဘာစစ် လက်ကျန် စပစ်ဖိုင်းယား တိုက်လေယာဉ်များကို ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း ယင်းရှာဖွေရေးကို ဦးဆောင်နေသည့် ရွှေတောင်ပေါ် ကုမ္မဏီနှင့် DJC ကုမ္မဏီတို့က ဖေဖောဝါရီလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ ၌ ပြောကြားလိုက်သည်။

နိုင်ငံတကာ သတင်းများတွင် စပစ်ဖိုင်းယား လေယာဉ်များ မရှိနိုင်ဟု ပြောကြားခြင်းနှင့် ပတ်သက်ပြီး ရှာဖွေမှုကို ဦးဆောင်နေသူ Mr. David J Cundal က လေ့လာမှုအဆင့်ကို ထပ်မံ တိုးမြှင့်ရန် နိုင်ငံခြားမှ ကျွမ်းကျင်ပညာရှင်များဖြင့်  မြေပြင် ရေဒါ (Ground Rador) စက်များဖြင့် ထပ်မံ ရှာဖွေသွားမည်ဖြစ်ကြောင်း
နှင့် လာမည့်သတင်းပတ် နှစ်ပတ်ခန့်အတွင်း သတင်းကောင်းပေးနိုင်မည်ဟု မျှော်လင့်ကြောင်းကို သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

၎င်းက "ကျွန်တော်တို့အနေနဲ့ လေ့လာမှုတွေ မပြီးသေးပါဘူး။ ဒီလိုမျိုးအပြီးသတ် ရလဒ် သေချာမသိရသေးတဲ့ အချိန်မှာ ဒီလိုမျိုး ထုတ်ဖော်ပြောဆိုတာ  လုပ်ဆောင်ချက်တွေကို သေချာ မသိလို့ ဖြစ်ပါလိမ့်မယ်" ဟုလည်း ယင်းက ပြောသည်။

စပစ်ဖိုင်းယား ရှာဖွေရေးတွင် ပါဝင်သူ ဘူမိဗေဒ ပညာရှင် ဦးမြတ်ခိုင်ကလည်း စပစ်ဖိုင်းယား လေယာဉ်များ
တွေ့နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းပြောကြားသည်။

မြေပြင်ရေဒါ (Ground Rador )စမ်းသပ်လေ့လာမှုများ ပြုလုပ်ရန် နိုင်ငံခြားမှ ပညာရှင်များ ယခုလကုန်နှင့် လာမည့် လဆန်းပိုင်းတွင် လာရောက်မည် ဖြစ်ပြီး ဇန်န၀ါရီလ အတွင်းက လုပ်ဆောင်ခဲ့သော လေ့လာမှုများ အရ ရန်ကုန် ၊ မင်္ဂလာဒုံ လေဆိပ်၏ မြေအောက်လေ့လာရာ သတ္တုဖြင့် ပြုလုပ်ထားသော အရာဝတ္ထုများ 
တွေ့ရှိရ၍ ယခုကဲ့သို့ တိုးမြှင့်ပြီး လေ့လာမှုများ ပြုလုပ်ရခြင်း ဖြစ်သည်ဟု Mr. David Cundal က ပြောသည်။

ယခင်က ငွေကြေး ထောက်ပံ့ပေးသော War-Gaming ကုမ္မဏီ ရှာဖွေမှုမှ ထွက်သွားခဲ့သော်လည်း ရှာဖွေမှုကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကာ ငွေကြေးအတွက်လည်း စိုးရိမ်စရာမရှိကြောင်း ရွှေတောင်ပေါ် ကုမ္မဏီ၏ အထွေထွေ မန်နေဂျာ ဦးထွန်းကျော်က ပြောကြားသည်။

Spitfire အမျိုးအစား လေယာဉ်များမှာ မြန်မာပြည်တွင် အစီးရေ ခြောက်ဆယ်ခန့်ရှိပြီး ရန်ကုန်၊ မြစ်ကြီးနားနှင့် မိထ္ထီလာတို့တွင် ရှိခြင်းဖြစ်သည်ဟု ရွှေတောင်ပေါ် ကုမ္မဏီ၏  ထုတ်ပြန်ချက်အရ သိရသည်။

 ရန်ကုန်တွင် အဆိုပါ လေယာဉ်များအား  တူးဖော်ခြင်းကို ဇန်န၀ါရီလ ၉ ရက်နေ့တွင် စတင်၍ ဆောင်ရွက်
နေပြီးဖြစ်ပြီး စာရင်းအရ ရန်ကုန်တွင် အစီးရေ ၃၆ စီး ရှိသည်ဟု သိရသည်။

ရှာဖွေရရှိသော လေယာဉ်များကို ပိုင်ဆိုင်မှု အချိုးအစား ခွဲဝေရာတွင် မြန်မာနိုင်ငံ အစိုးရက ၅၀ ရာခိုင်နှုန်း၊ ဗြိတိန်နိုင်ငံက လာရောက်ရှာဖွေသော ကုမ္မဏီဘက်က ၃၀ ရာခိုင်နှုန်းနှင့် ရွှေတောင်ပေါ်အုပ်စု ကုမ္မဏီက ၂၀ ရာခိုင်နှုန်းဖြစ်သည်ဟု သိရပြီး ယင်းအချိုးအစားမှာ လေယာဉ်နှင့် ဆက်စပ် ပစ္စည်းများအတွက်သာ ဖြစ်သည် ဟုလည်း ယင်းကုမ္မဏီက ပြောကြားသည်။ တူးဖော်ရာတွင် လေယာဉ်နှင့် မသက်ဆိုင်သော အခြား ပစ္စည်းများ တွေ့ရှိပါက နိုင်ငံတော် အစိုးရ၏ ပိုင်ဆိုင်မှုသာ ဖြစ်သည်ဟု သဘောတူစာချုပ် ချုပ်ထားပြီး
ကြောင်းလည်း သိရသည်။

သပိတ်စခန်း ဖြိုခွင်းမှုတွင်သုံးသည့် လက်နက်နှင့် ပတ်သက်၍ ဒုဝန်ကြီး တုံ့ပြန်

ရန်ကုန် (မဇ္ဈိမ)။    ။ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းအတွင်း သပိတ် စခန်းများ ဖြိုခွင်းမှုတွင် မီးစုန်းဓာတ် Phosphorous များ အသုံးပြု၍ နှိမ်နင်းသည် ဟူသော သုံးသပ်ပြောဆိုမှုများကို ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က ပယ်ချလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏တွေ့ရှိချက်ကိုသာ အတည်ပြုနိုင် မည်ဟု AFP သို့ပြောကြားလိုက်သည်။

မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်နှင့် အမေရိကန်အခြေစိုက်တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေး
ထွန်းကားရေး ဆောင်ရွက်နေသော နိုင်ငံတကာအဖွဲ့အစည်း Justice Truth တို့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့
ရန်ကုန်မြို့ တော်ဝင်နှင်းဆီ တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအပေါ် ဦးရဲထွဋ်က တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

Justice Truth က သူ၏ တွေ့ရှိမှုများကို ထုတ်ပြန်ရာတွင် သပိတ်စခန်းများတွင် အသုံးပြုသည့်
လက်နက်များသည်  မီးစုန်း  Phosphorous ပါဝင်ပြီး အဆိုပါ မီးစုန်းသည် လေထဲတွင် ပေါက်ကွဲကာ မီးလောင်စေသည့် မီးစုန်းအမှုန့်များ ထွက်လာရာမှ ရေနှင့်တွေ့လျှင် အပူဓာတ်အလွန်မြင့်မားသည့် မီးစုန်းအက်ဆစ် ဖြစ်ပေါ်လာကာ မီးလောင်စေသည့် လက်နက်အမျိုးအစား ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ထိုတွေ့ရှိချက်နှင့်ပတ်သက်၍ ဦးရဲထွဋ်က ''ကျွန်တော်တို့အနေနဲ့တစ်ဦးတစ်ယောက်တည်းရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်မပြုလိုပါဘူး''ဟုလည်း AFP သို့ ပြောကြားထားသည်။

ယင်းအပြင် အဆိုပါထုတ်ပြန်မှုသည်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် စုံစမ်းစစ်ဆေးမှုများကိုပါ
အနှောက်အယှက် ဖြစ်စေနိုင်သည်ဟု သူကဆိုသည်။

Justice Truth အဖွဲ့ ဒါရိုက်တာ အပြည်ပြည်ဆိုင်ရာဥပဒေ နှင့်လူ့အခွင့်ရေးဆိုင်ရာပါမောက္ခ Roger Normand ကမူ  ''ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့သူတွေကို ဖြိုခွင်းဖို့ ရဲတွေက ကြိုတင်စီစဉ်ထားပုံရပါတယ်။ သူတို့အသုံးပြုတဲ့ လက်နက်ဟာ စစ်တပ်မှာသာ ရှိနိုင်တဲ့ လက်နက်ဖြစ်ပြီး စစ်ဖြစ်နေတဲ့ အနေအထားမှာတောင် လူတွေဆီကို ရည်ရွယ်ပြီး ပစ်ခတ်ခြင်း မပြုအောင် ပယ်ဖျက်ထားတဲ့ လက်နက် အမျိုးအစားပါ''ဟု ဖေဖော်ဝါရီ ၁၄ ရက်နေ့
သတင်းစာရှင်းလင်းမှုအတွင်း ပြောသွားသည်။

စုံစမ်းစစ်ဆေးချက်များအရအဆိုပါနယ်မြေအတွင်း လယ်ယာမြေမရောင်းချလိုသူများအား ဖမ်းဆီးချုပ်နှောင်ခြင်း၊
ဒေသတွင်း ဘုန်းတော်ကြီးကျောင်းများနှင့် မူလတန်းကျောင်းကိုပိတ်ခဲ့ပြီး ကျောင်းသား မိဘများ စာချုပ်တွင် သဘောတူ လက်မှတ်မထိုးပါက အနီးဝန်းကျင်ကျောင်းများသို့ ဝင်ခွင့်ထောက်ခံ ချက်မပေးခြင်း၊ စာချုပ်ပါ
အချက်အလက်များအား ဒေသခံများအားဖတ်ရှုခွင့် မပေးခြင်း စသည့် ဥပဒေကို အလွဲသုံးခြင်းများ တွေ့ရှိခဲ့ရသည်
ဟုလည်း ရှေ့နေများကွန်ရက် (မြန်မာနိုင်ငံမှ) ဦးအောင်သိန်းက ပြောသည်။

လက်ပန်တောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်နှင့် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ကမူ
ကော်မရှင် အနေဖြင့် လာမည့် ဖေဖော်ဝါရီ လကုန်တွင် အပြီးသတ်အစီရင်ခံစာကိုသမ္မတနှင့် ပြည်သူအား
တင်ပြမည် ဖြစ်သည်ဟုဆိုသည်။

ယခုကဲ့သို့ ပြည်တွင်းပြည်ပမှ စုံစမ်းမှုများကိုကြိုဆိုသော်လည်း ကော်မရှင်၏ အစီရင်ခံစာကိုလည်း ပြည်သူများ
အနေဖြင့် စောင့်စေလိုကြောင်း ဆိုသည်။

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရန် ဝမ်ပေါင်ကုမ္ပဏီရှေ့တွင် သပိတ်စခန်းများဖွင့်ကာ ဆန္ဒထုတ်ဖော် ခဲ့ကြသော သံဃာတော်များနှင့်ဒေသခံများကိုအာဏာပိုင်များက ၂ဝ၁၂ခုနှစ် နိုဝင်ဘာလ ၂၉ ရက် နံနက် ၃ နာရီခန့်တွင် ဖြိုခွင်းရာ သံဃာအပါး ၁ဝဝ ကျော်မီးလောင်ဒဏ်ရာများရရှိခဲ့ကြသည်။

ပြည်တွင်း ရွှေဈေး အနည်းငယ်တက်၊ ပြည်ပ ရွှေများ ဈေးကွက်သို့ အ၀င်ရှိ

ကမာ့္ဘရွှေ ဈေးအနည်းငယ် ပြန်တက်လာကာ ပြည်တွင်း ရွှေဈေးလည်း အနည်းငယ်ပြန်တက်လာမှုကြောင့်
ပြည်ပရွှေများ ရန်ကုန်ဈေးကွက်သို့ အဝင်ရှိခဲ့ကြောင်း ရွှေကုန်သည်များထံက သိရသည်။ 

"ဖေဖေါ်ဝါရီ၁၁ရက်မှ၁၆ရက်အထိ တစ်ပတ်အတွင်း နေ့တိုင်းလိုလို ပြည်ပရွှေတွေ အ၀င်ရှိနေတယ်။
ဈေးကွက်သဘောအရ မြင့်ရာကနိမ့်ရာကို စီးတာ ဈေးကွက်သဘာဝပါဘဲ။ ပြည်ပ ရွှေဈေးကမြင့်ပြီး
ပြည်တွင်းရွှေဈေးက နိမ့်ရင်ပြည်တွင်းရွှေပြည်ပကိုထွက်မယ်၊ ပြည်တွင်း ရွှေဈေးကမြင့်နေရင် ပြည်ပ
ရွှေပြည်တွင်းကိုအ၀င်ရှိနိုင်တယ်" ဟု အလုံမြို့နယ်မှ  ရွှေကုန်သည် ဦးစံမြင့်ကလည်း ပြောသည်။ 

ယခုအပတ်အတွင်းဖြစ်ပေါ်ခဲ့သည့် ရွှေဈေးနှုန်းများမှာ အရပ်ဝယ်လက်ကြိုက် ဈေးနှုန်းများဖြစ်သဖြင့်  ရန်ကုန်ရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ပိုင်း၊နှစ်ပိုင်းမှ ၁ပိသာ၊၂ပိသာစသည်ဖြင့်ဝယ်လက်စုံခဲ့သည်။ 

ဖေဖေါ်ဝါရီ ၁၁ ရက်ညနေပိုင်း ကမ္ဘာ့ရွှေဈေးမှာ ၁၆၄၃.၅ဒေါ်လာဖြင့် ဈေးပိတ်ခဲ့ကာ ပြည်တွင်းရွှေဈေးမှာ ၁ကျပ်သားလျှင် ၇၆၂၉၀၀ ကျပ်ဖြင့်ဈေးဖွင့်ခဲ့ပြီး၊ ကျပ် ၇၅၉၀၀၀ဖြင့် ပိတ်ခဲ့သည်။ 

"ဖေဖေါ်ဝါရီ ၁၂ရက်မှာ ကမ္ဘာရွှေဈေးမှာ ၁၆၄၇ဒေါ်လာနဲ့ဖွင့်ပြီး၊ ညနေမှာ ၁၆၅၀ဒေါ်လာနဲ့ ပိတ်ခဲ့တယ်။
ပြည်တွင်းရွှဈေးက ၇၅၈၀၀၀ ကျပ် နဲ့ဖွင့်ပြီး၊ ၇၆၀၀၀၀ဖြင့် ပိတ်ခဲ့တယ်။ ၁၄ ရက်နေ့မှာတော့ ကမ္ဘာ့ဈေးက ၁၆၅၁ဒေါ်လာမှာ ရှိပြီး  ပြည်တွင်းရွှေဈေး ကျပ် ၇၅၉၇၀၀နဲ့ ပိတ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောကြားသည်။

"ဒီတစ်ပတ်လုံးကမာ့္ဘရွှေဈေးနဲ့အတူ မြန်မာရွှေဈေးနည်းနည်းပြန်တက်လာတယ်။ဒီတစ်ပတ်လုံး ကျပ် ၇၅၀၀၀၀  ၀န်းကျင် အနိမ့်ဈေးနဲ့အရောင်းအ၀ယ်ရှိခဲ့တယ်"ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး  ဦးဝင်းမြင့်က ရွှေဈေးကွက်နှင့် ပတ်သက်၍သုံးသပ်ပြောကြားခဲ့သည်။ 

လာမည့်အပတ်အတွင်း အခေါက်ရွှေများ ဈေးကွက်သို့ တောက်လျှောက်အ၀င်ရှိနိုင်ပြီး၊ ကမာ့္ဘရွှေဈေးတက်လာ
သော်လည်း ပြည်တွင်းရွှေဈေးလိုက်မတက်နိုင်ဘဲ၊ ဈေးထပ်ကျသွားနိုင်ကြောင်း ရွှေဈေးကွက်ကျွမ်းကျင်သူများ
ကသုံးသပ်ကြသည်။

မျက်နှာဖုံးစွပ်လူသတ်မှု တရားရုံးက အပြီးသတ် မစစ်ဆေးနိုင်သေး