Wednesday, January 16, 2013

 မြောက်ဥက္ကလာပမြို့နယ်အတွင်း ရက်စက်စွာဖြစ်ပွားခဲ့သော မျက်နှာဖုံးစွပ် လူသတ်မှု တစ်နှစ်ကျော်ပြီ ဖြစ်သော်လည်း တရားလိုပြသက်သေ စစ်ဆေးနေသည့် အဆင့်သာရှိသေး


မြောက်ဥက္ကလာပမြို့နယ်အတွင်း ရက်စက်စွာဖြစ်ပွားခဲ့သော မျက်နှာဖုံးစွပ် လူသတ်မှု တစ်နှစ်ကျော်ပြီ ဖြစ်သော်လည်း တရားလိုပြသက်သေ စစ်ဆေးနေသည့် အဆင့်သာရှိသေးကြောင်း ဖြစ်စဉ်တွင် အသတ်ခံခဲ့ရသည့်သူ၏ မိသားစုထံမှ သိရသည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ည ၈ နာရီခန့်က မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ၆ လမ်းအတွင်းရှိ စားသောက်ဆိုင်တွင် ကိုကျော်မင်းနှင့် သူငယ်ချင်းဖြစ်သူနှစ်ဦးတို့ ရှိနေစဉ် ကျော်မင်းလားဟု မေးကာ လူငါးယောက်မှ ဓားများဖြင့် ၀ိုင်း ၀န်းခုတ်ခဲ့ပြီးနောက် ကိုကျော်မင်းက ဆိုင်ထဲမှ အပြင်သို့ တိမ်းရှောင်ထွက်ပြေးစဉ် အသင့်စောင့်လျက်ရှိသော လူများက ထပ်မံခုတ်သတ်ခဲ့ကြောင်း  ရဲမှုခင်းစစ်ချက်များအရ သိရသည်။

စစ်ပွဲအခြေအနေ ပြင်းထန် လာပါက ကချင်ပြည်နယ် စစ်ပြေး ဒုက္ခသည်များကို တရုတ်နိုင်ငံ ယူနန် ပြည်နယ်က လက်ခံနိုင်ရန် စီစဉ်


တပ်မတော်နှင့် KIA တို့အကြား ဖြစ်ပွားနေသော စစ်ပွဲ အခြေအနေ ပြင်းထန်လာပါက ကချင် စစ်ပြေး ဒုက္ခသည်များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒေဟောင်ဒေးနှင့် ကျင်ပို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ ဒေသခံ အုပ်ချုပ်ရေးအဖွဲ့များက ကချင်ပြည်နယ်မှ ထွက်ပြေးလာသော စစ်ဘေးဒုက္ခသည်များကို လက်ခံနိုင်ရန် စခန်းလေးခု တည်ဆောက်ရန် စီစဉ်နေကြောင်း The Global Times တွင် ဖော်ပြထားချက်အရ သိရသည်။ 

ပိတ်ဆို့မှု အားလုံး ရုတ်သိမ်းရန် ရုရှ နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

နယူးဒေလီ (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ဆက်လက်ထားရှိမှုကို ဆန့်ကျင်လျက် အားလုံးပြန်လည် ရုတ်သိမ်းရန် နေပြည်တော်တွင် ရောက်ရှိနေသည့် ရုရှ နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က တောင်းဆိုလိုက်
သည်။ 

ပြည်ထောင်စု ဝန်ကြီး နှစ်ဦး ရာထူးမှ နုတ်ထွက်

ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဦးသိန်းထွန်း
နှင့် သာသနာရေးဝန်ကြီး သူရ ဦးမြင့်မောင် တို့အား ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း သမ္မတရုံးမှ ဇန်နဝါရီလ ၁၆ ရက် နေ့စွဲခြင့် ထုတ်ပြန်ကြေညာသည်။ 

KIA သို့ မြေပြင် ဝေဟင် တိုက်ခိုက်မှုများ ရှိနေဆဲဟု ကျောင်းသားတပ် ပြော

ချင်းမိုင်(မဇ္စျိမ) ။      ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ လိုင်ဇာမြို့၏ အနောက်ဘက် တောင်ကုန်းများ
နှင့်ယင်းတို့၏ တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၂၃ စစ်စခန်းရှိရာ ခရာဘွမ်တွင် အစိုးရ စစ်တပ်ဘက်မှ
မြေပြင် ထိုးစစ်ဆင် တိုက်ခိုက်မှုတွင် လေကြောင်းမှလည်း ပစ်ကူနေသည်ဟု သိရသည်။

ထိုင်း-မြန်မာ နယ်စပ်တွင် ဘတ်ငွေ သန်း ၈၀ ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းဆီးရမိ

စံခလပူရီ (မဇ္ဈိမ)။     ။ မြန်မာနိုင်ငံဘက်မှ မူးယစ်ဆေး သယ်ဆောင်လာသည့် အဖွဲ့တဖွဲ့နှင့် ထိုင်းနယ်ခြားစောင့်
တပ်ဖွဲ့တို့ နယ်စပ်အနီး တိုက်ပွဲ ဖြစ်ပွားရာမှ ထိုင်းဘတ်ငွေ သန်း ၈၀ ခန့် တန်းဖိုးရှိ ယာဘ စိတ်ကြွဆေးပြား တသန်းကျော် ဖမ်းဆီးရမိကြောင်း ထိုင်း နယ်ခြားစောင့်တပ် အရာရှိတဦးက ပြောသည်။

KIO နှင့် ဆွေးနွေးရန် ရက်ပိုင်းအတွင်း ဦးအောင်မင်း ထပ်မံကမ်းလှမ်းမည်

ချင်းမိုင်(မဇ္စျိမ)။       ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ထပ်မံ တွေ့ဆုံနိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်ရေး ကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း မှ မကြာမီ ရက်ပိုင်းအတွင်း ထပ်မံ ကမ်းလှမ်း
မည် ဖြစ်ကြောင်း Myanmar Peace center (MPC)မှ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။  

အစိုးရတပ်က ကာကွယ်စစ်ဆင်နွှဲနေတာလို့ ဒုတိယ၀န်ကြီး ဦးရဲထွတ် ပြောကြား



2013-01-16
ကေအိုင်အို လိုင်ဇာဌာနချုပ်ကို အစိုးရတပ်တွေက ဦးတည်တိုက် ခိုက်နေတာ မဟုတ်ကြောင်း၊ မိမိတို့ တပ်မတော်စခန်းတွေကို ပိတ်မိနေလို့ ကာကွယ်စစ်ဆင်နေတာဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွတ်က ဒီနေ့ ထပ်မံပြောကြားလိုက်ပါတယ်။
ဇန်န၀ါရီလ ၁၄ရက်နေ့က လိုင်ဇာမြို့ထဲကို  လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တယ်ဆိုတဲ့ကိစ္စမှာလဲ  သူ့အနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို မေးကြည့်လို့သိရသလောက်ဆိုရင်  အဲဒီနေ့က တပ်မတော်ကပစ်ခတ်တာ မဟုတ်ကြောင်း၊ ဒါကြောင့် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဘို့လိုကြောင်း  RFA ကို ပြောသွားပါတယ်။
ဒါ့အပြင် အစိုးရနဲ့ ကေအိုင်အို အပစ်ခတ်ရပ်စဲရေး စကားပြောနိုင်မယ့် အလားအလာတွေနဲ့ ပတ်သက်ပြီး သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးရဲထွတ်ကို RFA ၀ိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

ရေနံနှင့် သဘာဝဓါတ်ငွေ့ စီးပွားဖြစ် ထုတ်နိုင်သည့် အနည်ကျ ဘူမိချိုင့်ဝှမ်း ၁၇ ခုရှိနေ

ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့များ စီးပွားဖြစ် ထုတ်လုပ်နိုင်သည့် အနည်ကျ ဘူမိချိုင့်ဝှမ်း ၁၇ ခု ရှိနေကြောင်း ဘူမိဗေဒ ပညာရှင်များက ပြောသည်။

"မြန်မာနိုင်ငံအတွင်းမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေ ခိုအောင်းနေပြီး အနည်ကျ ကျောက်တွေ ဖြစ်ပေါ်တည်ရှိနေ
တဲ့ အနည်ကျ ဘူမိချိုင့်ဝှမ်းတွေ ၁၇ နေရာရှိတယ်လို့ မြန်မာဘူမိပညာရှင်တွေ ထုတ်ပြန်ခဲ့တာ ရှိခဲ့တယ်။ အဲဒီ
အချက် မှန်မမှန်ကို ဆရာ့ရဲ့ ဂြိုဟ်တုနည်းပညာနဲ့ ရှာကြည့်တာ ၁၇ နေရာ တွေ့ရတယ်။ သွားတိုက်ဆိုင်နေတာ
ကို တွေ့ရတယ်" ဟု ဘူမိဗေဒပညာရှင် အငြိမ်းစား ပါမောက္ခ ဦးစိုးသိန်း က ပြောသည်။

လက်ရှိ ထုတ်လုပ်နေသည့် ဒေသများနှင့်ပတ်သက်၍ စွမ်းအင်ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးက "လက်ရှိ ထုတ်လုပ်နေတဲ့ နေရာတွေက မြန်မာပြည် အလယ်ပိုင်းက ပြည်ဒေသ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်
ကမ်းမြောင်ဒေသ၊ မုတ္တမ ကမ်းလွန်ဒေသနဲ့ တနင်္သာရီ ကမ်းလွန်ဒေသတွေမှာပဲ ရေနံစိမ်းနဲ့ သဘာဝဓါတ်ငွေ့တွေ တူးဖေါ် ထုတ်လုပ်နေပါတယ်" ဟု ဆိုသည်။

စွမ်းအင်တွင် ပြန်လည်ပြည့်ဖြိုးခြင်း မရှိသော စွမ်းအင်အမျိုးအစားနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အမျိုးအစားဟူ၍ နှစ်မျိုး ရှိပြီး ရေနံစိမ်းနှင့် သဘာဝဓါတ်ငွေ့များမှာ ပြန်လည် ပြည့်ဖြိုးခြင်း မရှိသော စွမ်းအင်များ ဖြစ်သည်။

မြန်မာနိုင်ငံတွင် နှစ်အလိုက် ရေနံစိမ်းနှင့် သဘာဝဓါတ်ငွေ့ ထုတ်လုပ်မှုမှာ ၂၀၀၇-၀၈ ခုနှစ်တွင်-ရေနံစိမ်း အမေရိကန်စည် ၈.၅ သန်းနှင့် သဘာဝဓါတ်ငွေ့ ကုဗပေ ၄၁၉,၁၂၄ သန်း။ ၂၀၀၈-၀၉ ခုနှစ်တွင် ရေနံစိမ်း အမေရိကန်စည် ၈.၁ သန်းနှင့် သဘာဝဓါတ်ငွေ့ ကုဗပေ ၃၈၆,၂၆၄ သန်း။ ၂၀၀၉-၁၀ ခုနှစ်တွင် ရေနံစိမ်း အမေရိကန်စည် ၇.၈ သန်းနှင့် သဘာဝဓါတ်ငွေ့ ကုဗပေ ၄၀၅,၂၆၄ သန်း။ ၂၀၁၀-၁၁ ခုနှစ်တွင် ရေနံစိမ်း အမေရိကန်စည် ၇.၅ သန်းနှင့် သဘာဝဓါတ်ငွေ့ ကုဗပေ ၄၃၄,၉၈၄ သန်း ထုတ်လုပ်ခဲ့ကြောင်း စွမ်းအင် ဝန်ကြီး
ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မလေးရှား ကျွန်းတခုတွင် တရားမဝင် မြန်မာ ၃၅၀ ကျော် ဖမ်းမိ

နယူးဒေလီ (မဇ္ဈိမ)။   ။ မလေးရှားနိုင်ငံ၏ ကျွန်းစုလေးတခုဖြစ်သည့် Langkawi တွင် သစ်သားလှေ နှစ်စီးဖြင့် တရားမဝင် ခိုးဝင်လာသော မြန်မာ ၃၅၄ ဦး အင်္ဂါနေ့က ဖမ်းဆီးရမိကြောင်း သိရသည်။ 

ဇန်နဝါရီလ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၁ နာရီတွင် ဒေသခံ တံငါများက ၎င်းတို့အား Kuala Chenang ကမ်းခြေမှ မီတာ ၂၀၀ အကွာ လှိုင်းကာအောက်တွင် ခိုလှုံနေကြသည်ကို ကနဦးတွေ့ရပြီး ဒေသခံ ရဲများက နံနက် ၃ နာရီခန့်တွင် သွားရောက် ဝိုင်းပတ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ခရိုင်ရဲဝန်အား ကိုးကား၍ The Star သတင်း
တရပ်တွင် ရေးသားထားသည်။ 

မီတာ ၂၀ ခန့်ရှည်သည့် သစ်သားလှေနှစ်စီးအနက် တစီးပေါ်တွင် အမျိုးသားကြီး ၉၄ ဦး၊ အမျိုးသမီးကြီး ၁၈ ဦးနှင့် မိန်းကလေး ၃၁ ဦး ပါဝင်ပြီး အခြားတစီးပေါ်တွင် အမျိုးသားကြီး ၂၀၇ ဦးနှင့် ယောက်ျားလေး ၄ ဦးတို့ကို တွေ့ရှိရ
ပြီး အယောက် ၄၀ မှာ ရိက္ခာရှာထွက်နေ၍ မတွေ့ရှိခဲ့ရဟု ဆိုသည်။ 

လှေတစင်းမှာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ လွန်ခဲ့သော ရက် ၂၀ ခန့်ကတည်းက ထိုကျွန်းစုသို့ ဦးတည်လာခဲ့ပြီး အခြားတစီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Peknaf မှ လွန်ခဲ့သော ၁၇ ရက်က ထွက်ခွါလာခဲ့ကာ ထိုကျွန်းစုသို့ပင် ဦးတည်
လာခဲ့ခြင်း ဖြစ်သည်။ 

၎င်းတို့ အားလုံးတွင် ခရီးသွား စာရက်စာတမ်း တစုံတရာ မပါရှိကြ၍ တရားမဝင် ခိုးဝင်မှုဖြင့် ဆက်လက်အရေးယူ
ဆောင်ရွက်ရန် ခရိုင် ရဲဌာနချုပ်တွင် ဖမ်းဆီးထားသည်။ 

ဤအကြိမ်မှာ မလေးရှားနိုင်ငံသို့ ထိုကျွန်းမှတဆင့် မြန်မာနိုင်ငံမှ အစုလိုက်အပြုံလိုက် တရားမဝင် ခိုးဝင်ရန် ကြိုးစားမှု ဒုတိယအကြိမ် ဖြစ်သည်။ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ကလည်း မြန်မာနိုင်ငံမှ လူ ၅၀၀ မှာ
လှေတစီးပေါ်မှ ခုန်ချကာ မီတာ ၅၀၀ အကွာ ထိုကျွန်းစု၏ Teluk Burau ကမ်းခြေသို့ လက်ပစ်ကူးခတ် လာခဲ့ကြ
ဖူးသည်။ ၎င်းတို့အထဲတွင် အချို့ကလေးငယ်များမှာ အသက် ၇ နှစ်မျှသာ ရှိကြသည်။ 

၎င်းအုပ်စုအားလည်း သစ်တောအုပ်တခုတွင် ဖြတ်သန်းနေစဉ် ဒေသခံ ရဲများက အငိုက်ဖမ်းမိခဲ့သည်ဟု ဆိုသည်။

အလားတူ ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးဝင်လာသူ ရိုဟင်ဂျာ ၇၀၀ ခန့်ကို စံခလခရိုင်တွင်း နှစ်ကြိမ်ခွဲ၍ ဖမ်းဆီးရမိ
ခဲ့ပြီး ၎င်းတို့အရေး ကုလသမဂ္ဂ ဒုက္ခသည်ရုံး UNHCR နှင့် မဆွေးနွေးမီ လူသားချင်း စာနာမှု မူများအရ ထိုင်း
အစိုးရဖက်က စောင့်ရှောက်ထားမည်ဟု ထိုင်းဝန်ကြီးချုပ်က အင်္ဂါနေ့တွင် သတင်းထောက်များအား ပြောဆိုခဲ့
သည်။

ကျိုက်ထီးရိုးမှ လက်လုပ်လက်စားဒေသခံများ ပထမဆုံးအကြိမ်ဆန္ဒထုတ်ဖော်

ကျိုက်ထီးရိုးစေတီတော်သို့ ပြေးဆွဲနေသည့်  မော်တော်ယာဉ်လိုင်းနှင့် ပတ်သက်၍   တာဝန်ရှိသူများမှ အမြန်ဆုံးညှိနှိုင်းဖြေရှင်းပေးရန် ဒေသခံ လက်လုပ်လက်စားအများစုက ဇန်နဝါရီလ(၁၅) ရက်နေ့က ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်တောင်းဆိုမှုပြုလုပ်ခဲ့သည်။

 

တောင်းဆိုမှုများတွင် အချက်(၄)ချက်ပါဝင်ပြီး လက်ရှိပြေးဆွဲနေသည့် ယာဉ်လိုင်းများအား ထပ်မံတိုးချဲ့ကာ မည်သူမဆို လိုင်းဆွဲခွင့်ပြုရန်၊ ယာဉ်စီးခများ လျှော့ချပေးရန်၊ ကားများကို အချိန်မှန်ထွက်ပေးရန်နှင့် ရသေ့တောင်တွင် ဂိတ်ဆုံးပေးရန် စသည့်အချက်များကို   တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

 

ဆန္ဒထုတ်ဖော်ပွဲကို ဂေါက်ကွင်းမှ ကျိုက်ထိုမြို့တော်ခန်းမအထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ကာ ၎င်းတို့ တောင်းဆိုချက်များအား (၅)ရက်အတွင်း ညှိနှိုင်းဆောင်ရွက် ပေးခြင်းမရှိပါက ထပ်မံ၍ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူ ဦးဇော်ဝင်းက ပြောသည်။

 

၎င်းတို့ တောင်းဆိုရခြင်းမှာ ကျိုက်ထီးရိုးစေတီတော်ကြီးအား အမှီပြုလုပ်ကိုင်စားသောက်လျက်ရှိသော လက်လုပ်လက်စားများအနေဖြင့် အခက်အခဲအကျပ်အတည်းများရှိလာသည့်အတွက်ကြောင့် ဆန္ဒ ထုတ်ဖော်ရခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

 

"ကားတွေကိုအချိန်မှန်သတ်မှတ်ပေးဖို့ဆိုတာက သူတို့ကအရင်ကအချိန်သတ်မှတ်ထားတယ်။ မနက် (၆) နာရီ၊ ည (၆) နာရီပေါ့။ ခုက ဘုရားဖူးတဲ့သူတွေလာတော့ မနက် (၂) နာရီ လိုင်းဆွဲချင်ဆွဲတယ်။ ညဆိုလည်း (၈) နာရီလောက် မှ ဂိတ်ပိတ်တော့ ဈေးသူဈေးသားတွေ အနေနဲ့ ဈေးရောင်းချလို့မရဘူး။ ဘုရားဖူးတွေက ညကတည်းက ၀င်တယ်။ အဲ့တော့ဆိုင်တွေက မဖွင့်သေးဘူး။ ဆိုင်တွေဖွင့်တော့ ဘုရားဖူးတွေက မရှိတော့ဘူး။"ဟု ကျိုက်ထီးရိုးတောင်ခြေတွင် ဈေးရောင်းချသူတစ်ဦးက ပြောသည်။

 

ထိုသို့ အခက်အခဲများကြုံတွေ့နေရာသည်မှာ အချိန်ကာလကြာမြင့်နေပြီဖြစ်သော်လည်း တာဝန်ရှိ သူများမှ လုပ်ဆောင်ပေးခြင်း မရှိကြောင်း ဈေးသည်တို့ကဆိုသည်။

 

'အဲ့လိုဈေးသည်တွေ ထိခိုက်တယ်ဆိုတာ မှန်ပေမယ့် ဘုရားဖူးတွေအတွက်တော့ ခရီးကိုမြန်မြန် ရောက်တယ်။ အရင်ကဆိုရင် ကင်ပွန်းစခန်းကို ညအချိန်မတော်ရောက်ရင် လမ်းလျှောက်နေရတယ်။ ကင်ပွန်းစခန်းမှာအိပ်စရာနေရာမရှိလို့ လက်ဖက်ရည်ဆိုင်ထိုင်နေရတယ်။' ဟု ကျိုက်ထီးရိုးသို့ မကြာခဏ ဘုရားဖူး လာရောက်သူ တစ်ဦးက ပြောသည်။

 

ဈေးသည်များအနေဖြင့် ကျိုက်ထီးရိုးစေတီတော်ကြီးအား အမှီပြုကာ ဈေးရောင်းချနိုင်ရန်အတွက် ဂေါပကလူကြီးများကို ကွင်းယာဆိုင် တစ်ဆိုင်လျှင် တင်ဒါကြေး ကျပ် (၁၃) သိန်းနှင့် (၁၄) သိန်းခန့် ပေးဆောင်ရနေရကာ ဈေးဝယ်ယူသူမရှိသဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

 

"ကျွန်တော်တို့က တင်ဒါငွေမသွင်းတော့ ဂေါပကလူကြီးကလာပြောတယ်။ ဒီကိစ္စကိုသူပြေလည်အောင်လုပ်ပေးမယ်။ ကားတွေကိုလည်း ရသေ့တောင်မှာ ဂိတ်ဆုံးအောင်သူလုပ်ပေးမယ်လို့ပြောပြီး တင်ဒါငွေတွေ ဘုရားအလှူငွေတွေ ထည့်ခိုင်းတယ်။ အဲ့တော့လည်း ကျွန်တော်တို့က ထည့်လိုက်တယ်။ ဒါပေမယ့်အခုချိန်ထိ မလုပ်ပေးသေးဘူး။" ဟု ဦးဇော်ဝင်းက ဆက်ပြောသည်။

 

ကျိုက်ထီးရိုးစေတီတော်တွင် ဈေးဆိုင်ခန်းပေါင်း ၁၅၀ ၀န်းကျင်ခန့်ရှိကြောင်း သိရသည်။

 

ပုသိမ်-ရန်ကုန် ကားခများ၌ ကုန်သွယ်ခွန်တိုးမြှင့် ကောက်ခံမည်

ပုသိမ်မြို့မှ ရန်ကုန်မြို့သို့ နေ့စဉ်ထွက်ခွာနေသော ခရီးသည်တင်လိုင်းကားခများကို ဇန်န၀ါရီလအတွင်း တိုးမြင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ပုသိမ်ကားလက်မှတ်အရောင်းဌာနများထံမှ သိရှိ ရသည်။

 

ပုသိမ်-ရန်ကုန်ကားလက်မှတ်နှုန်းခမှာ သုံးထောင် ကျပ်ဖြစ်ပြီး ထပ်မံတိုးမြှင့်မည့် နှုန်းထားမှာ ကုန်သွယ်ခွန်(၁၅၀)ကျပ် အသက်အာမခံ (၁၀၀)ကျပ် နှင့် အခြားဝန်ဆောင်မှုအတွက် (၂၅၀)တိုးမြှင့်မည်ဖြစ်၍ ခရီးသည်တစ်ဦးတစ်တွက် (၃၅၀၀)ကျပ် ကျသင့်မည်ဖြစ်ကြောင်း သိရှိရသည်။

 

"နဂိုက ကုန်သွယ်လုပ်ငန်းခွန်ကို ကားဂိတ်တွေက စိုက်ပြီး ပေးသွင်းနေတာပါ။ အခု တိုးကောက်မယ့် ကုန်သွယ်ခွန်အကြောင်းကိုလည်း ခရီးသည်တွေသိအောင် ရှင်းပြသွားမှာပါ။ ၀န်ဆောင်မှုတွေအနေနဲ့ စနိုးတာဝါနဲ့ ရေသန့်ဘူးသေးလေးတွေ ပေးသွားမှာပါ။ ကားလိုင်းတွေ အားလုံးနဲ့ညှိပြီး တပြိုင်တည်း ကောက်ခံသွားမှာပါ။ "ဟု ရန်ကုန်-ပုသိမ် သို့မောင်းနှင်နေသော" မြင့်" ခရီးသွားလုပ်ငန်းမှ လက်မှတ် အရောင်းစာရေးက ပြောသည်။

 

ပုသိမ်မှရန်ကုန်သို့ နေ့စဉ်ပြေးဆွဲနေသော ကားလိုင်း(၁၀)လိုင်းခန့်ရှိပြီး ၀န်ဆောင်မှုအပြည့် ပေးထားကာ ယခင်ကတည်းက ယာဉ်စီးခတိုးမြှင့်ထားသော ဧရာရွှေစင်နှင့် ရွှေမန်းသူ ကားဂိတ်ယာဉ်လိုင်းများအနေဖြင့် ထပ်မံ တိုးမြှင့်သွားမည်မဟုတ်ဟု သိရသည်။

 

"တိုးကောက်မယ်ဆိုရင်တော့ ကားလက်မှတ်အပေါ်မှာလည်း အခွန်ဦးစီးတံဆိပ်တုံးရိုက်ပြီး ယာဉ်စီးခ ကုန်သွယ်ခွန်နဲ့ အသက်အာမခံကြေး စုစုပေါင်း ဘယ်လောက်ဆိုပြီး ဖော်ပြထားရင် ပိုကောင်းမယ် ဒါမှ ခရီးသွားတွေ နားလည်ပြီး အခွန်ဆောင်ချင်လာအောင် အခွန်ဦးစီးရော ကားဂိတ်တွေပါ ရှင်းပြဖို့ တာဝန် ရှိတယ်။ ဒီကခရီးသည်အများစုက နယ်တွေက ဖြစ်နေတော့ ချက်ချင်းနားမလည်နိုင်ဘူး" ဟု ပုသိမ်- ရန်ကုန် ခရီးသည်တစ်ဦးက ပြောသည်။

 

ထိုကဲ့သို့ အခွန်တိုးမြှင့်ကောက်ခံခြင်းနှင့် ပတ်သက်၍ ပုသိမ်မြို့နယ် အခွန်ဦးစီးဌာနမှ ပြည်သူများ အခွန် စနစ်ကို သိရှိပေးဆောင်နိုင်ရေး အလေ့အကျင့်ပြုလုပ်ပေးခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ပုသိမ်မြို့ကို အခြေပြုထွက်ခွာနေသော ကားလိုင်းများနှင့် ရေယာဉ်များအားလုံးပါ ကုန်သွယ်ခွန်ကို တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ရှင်းပြသည်။

 

"ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကို အရင်ကတည်းက ပြဌာန်းထားတာပါ။ အဲ့ဒီအထဲက နောက်ဆက်တွဲ ဇယား(၇)မှာ ရထား ၊ ရေကြောင်း ၊ လေကြောင်းနဲ့ကုန်းလမ်းခရီးတွေမှာ ကုန်သွယ်လုပ်ငန်းခွန် ၅ရာခိုင်နှုန်း ကောက်ခံရမယ်လို့ ညွှန်ကြားထားပါတယ်။ အရင်က ၈ ရာခိုင်နှုန်းအထိ ကောက်ခံပြီး အခုမှ ၅ ရာခိုင်နှုန်းသာ ကောက်ခံတော့တာပါ။ " ဟု ပုသိမ်မြို့နယ် အခွန်ဦးစီးဌာနမှူးက ရှင်းပြသည်။

 

ပြည်တွင်းအခွန်ဦးစီးဌာန၏ မှတ်တမ်းများအရ မြန်မာနိုင်ငံ၏ အခွန်နှင့် GDP အချိုးမှာ ၃.၂၇ ရာခိုင်နှုန်း ရှိပြီး နှစ်စဉ် အခွန်ထမ်းဆောင်သူဦးရေမှာ တိုးလာသော်လည်း အာဆီယံနိုင်ငံများနှင့် ယှဉ်ပါက အလွန်နည်းပါးနေသေးကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် ၂၀၁၁ခုနှစ်အထိ အခွန်ဆောင်သည့် ရာခိုင်နှုန်းမှာ တိုင်းပြည်လူဦးရေ၏ ၁(%) ရာခိုင်နှုန်းသာရှိကြောင်း သိရှိရသည်။

ဆီးဂိမ်းတွင် ပြည်တွင်းကုမ္ပဏီနှစ်ခုမှ တာဝန်ယူ၍ Wi-Fi လွှင့်ပေးမည်

၂၀၁၃ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက်  Wi-Fi အင်တာနက်လွှင့်ပေးနိုင်ရန် ပြည်တွင်း ကုမ္ပဏီနှစ်ခုမှ အဓိကတာဝန်ယူလုပ်ဆောင်သွားဖွယ်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

 

လက်ရှိတွင် Wi-Fi အင်တာနက်လိုင်း အသုံးပြုနိုင်ရေးဆောင်ရွက်ပေးနေသည့် ကုမ္ပဏီကြီးများမှာ Red link၊ ရတနာပုံတယ်လီပို့ကုမ္ပဏီ ၊ အေးရှားမက်ဂါလင့်အစရှိသည့် ကုမ္ပဏီများဖြစ်ကြောင်း သိရသည်။ 

 

"ဆီးဂိမ်းကျင်းပတဲ့အခါ ပြိုင်ပွဲဝင်နိုင်ငံတွေက လာရောက်ယှဉ်ပြိုင်ကြတဲ့ကစားသမားတွေ၊ လာရောက် ကြည့်ရှုအားပေး ကြမယ့် ပရိသတ်တွေအတွက် အဓိကဦးစားပေးပြီး Wi-Fi အခမဲ့သုံးစွဲနိုင်ဖို့ စီစဉ်ပေးမှာ ဖြစ်တယ်၊ ဒီလိုဆောင်ရွက်ပေးတာ အခြားနိုင်ငံတွေမှာ ကျင်းပတဲ့ အားကစားပြိုင်ပွဲတွေလို ဆက်သွယ်ရေးဝန်ဆောင်မှု ကောင်းအောင်ပြုလုပ်ခြင်း ဖြစ်တယ်" ဟု ဆက်သွယ်ရေးနှင့်သတင်း အချက်အလက်နည်းပညာ ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

အဆို Wi-Fi အင်တာနက်ဝန်ဆောင်မှုပေးလို၍ ဆီးဂိမ်းတွင် တင်ဒါလျှောက်ထားသည့် ကုမ္ပဏီ(၂၇)ခု ရှိသည့် အနက်မှ လက်ရှိအချိန်၌ ပြည်တွင်းကုမ္ပဏီနှစ်ခုသာ ရွေးချယ်မည်ဖြစ်ကြောင်းကိုလည်း သိရသည်။

 

 WIFI ထုတ်လွှင့်ပေးမည့်နေရာများမှာ အားကစားကွင်းတည်ရှိရာနေရာများနှင့် ကစားသမား တည်းခိုမည့် နေရာနှင့် မီဒီယာစင်တာများတွင် Wi-Fi စနစ်ရရှိနိုင်အောင် ပြုလုပ်ပေးသွားမည်ဖြစ်သည်။

 

"အခုလို Wi-Fi အသုံးပြုနိုင်အောင်ပြုလုပ်ရမှာလည်း ဆီးဂိမ်းကျင်းပမယ့် နေပြည်တော်၊ ရန်ကုန်၊မန္တလေးနဲ့ ငွေဆောင် အစရှိတဲ့ နေရာတွေမှာ အဓိကထားပြုလုပ်သွားမှာ ဖြစ်ပါတယ်။"ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက   ပြောကြားထားသည်။

 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် အင်တာနက်လိုင်းဆွဲအားပိုမိုမြန်ဆန်စေရေးအတွက် 512 Mbအထိ မြန်နှုန်း အပြည့်အ၀ရရှိစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

 

ဆီးဂိမ်းပြိုင်ပွဲကျင်းပစဉ်ကာလအတွင်း ပြိုင်ပွဲဝင်နိုင်ငံများမှ အသင်းအုပ်ချုပ်သူ နည်းပြနှင့် အားကစာသမားများ အပြင် မီဒီယာသမားများ အနေဖြင့် မိမိတို့သက်ဆိုင်ရာနိုင်ငံများနှင့် အချိန်နှင့်တပြေးညီ ချိတ်ဆက်ပြောဆို ဆက်သွယ်နိုင်ရေး ဆောင်ရွက်ထားရှိ မည်ဖြစ်ကြောင်းကိုလည်း သိရသည်။

 

ဆီးဂိမ်းပြိုင်ပွဲကို အခြားအရှေ့တောင်အာရှိနိုင်ငံများတွင် ကျင်းပခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲထက် ယခု(၂၇)ကြိမ် မြောက်ပွဲတော်အား ပိုမိုကောင်းမွန်ပြည်စုံသည့်အားကစားပြိုင်ပွဲကြီးအဖြစ် အဆင့်အတန်းမြင့်စွာ ကျင်းပ နိုင်ရေးအတွက် ယခုကဲ့သို့  Wi-Fi ၀န်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း ဖြစ်ကြောင်းကိုလည်းသိရသည်။

 

၂၇ကြိမ်မြောက် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲနှင့် ပိတ်ပွဲအခင်းအနား   ဖျော်ဖြေရေး စီအစဉ်များတွင် လိုအပ်သည့်နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များအား တရုတ်ပြည်သူ့သမ္မတနိုင်ငံယဉ်ကျေးမူဝန်ကြီးဌာနနှင့် China Arts and Entertainment Group မှ တာဝန်ရှိသူများနှင့် ကြိုတင်ပြင်ဆင်လေ့ကျင့်ရေးကော်မတီဥက္ကဋ္ဌ ယဉ်ကျေးမှု ၀န်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူမှ ဇန်န၀ါရီလ ဒုတိယအပတ်အတွင်းက တွေ့ဆုံခဲ့ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလတွင် အအေးလှိုင်းဖြတ်ဦးမည်

အအေးလှိုင်းဖြတ်သန်းနေ၍ လူအချို့လေဖြတ်