Monday, August 13, 2012

မြောင်းမြမြို့ နယ် NLD ပါတီဝင်များ ပါတီကို ပြန်လည် ဆန္ဒပြ



 သြဂုတ်လ 12 ရက်နေ့ မနက် 12;00 ချိန်မှာ မြောင်းမြမြို့၊ NLD ပါတီက ဦးမြင့်ကျော် ဦးဆောင်ပြီးတော့ ဧရာဝတီတိုင်း ဒေသကြီး အတွင်းမှာရှိတဲ့ မြို့နယ် အသီးသီးက 11 ရက်နေ့ညမှာ လာရောက် ပူးပေါင်းကြတဲ့ ပါတီဝင်များနဲ့ စုစုပေါင်း အင်အား (500)ခန့်ဟာ ယနေ့ မြောင်းမြမြို့၊ မြို့နယ်ပါတီရုံး...

ရခိုင်လွှတ်တော် ကိုယ်စားလှယ်တွေ ရခိုင်အရေး ပြေလည်အောင် ကြိုးစား

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ လူမျိုးရေး အကြမ်းဖက်မှုပဋိပက္ခတွေကို  ပြေလည်စေဖို့ အတွက် ရည်ရွယ်ပြီးတော့ RNDP  က တာဝန် ရှိသူတွေဟာ ပါတီအဖွဲ့ဝင်တွေ.. ဒေသခံပြည်သူတွေနဲ့  စစ်တွေမြို့မှာ ဒီကနေ့ စတင် တွေ့ဆုံခဲ့ပါ တယ်။ ရခိုင် ပြည်နယ် အရေး ကိစ္စနဲ့ပတ်သက်ပြီး မကြာသေးခင်က သမ္မတ ဦးသိန်းစိန်ရဲ့ မေတ္တာရပ်ခံချက်တွေကို အကောင် အထည် ဖော်တဲ့ ခြေလှမ်း အစလည်း ဖြစ်ပါတယ်။ ကျောက်တော်မြို့နယ်မှာတော့  ညမထွက်ရအမိန့်  ထုတ်ပြန် ထားဆဲ ဖြစ်ပါ တယ်။ ဒီအကြောင်းတွေကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ မနန္ဒာချမ်း က ဆက်ပြောပြပေးပါရှင်။

 သာပေါင်းမြို့နယ်၏ ၈၀ ရာခိုင်နှုန်းကျော် ရေဘေးဒုက္ခခံစားနေရသဖြင့် အရေးပေါ်ကယ်ဆယ်ရေး အမြန်လိုအပ်လျက်ရှိ



သာပေါင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခု၌ ရေကြီးရေလျံမှု ဖြစ်ပေါ်နေစဉ်
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်တွင် ဇူလိုင်လ အစောပိုင်းမှစတင်၍ အဆက်မပြတ် ရွာသွန်းခဲ့သည့်မိုးကြောင့် င၀န်မြစ်ရေ ရေကြီးရေလျံမှုများ ဖြစ်ပေါ်လျက်ရှိပြီး ယင်းမြို့နယ်၏ ၈၀ ရာခိုင်နှုန်းကျော်မှာ ရေကြီးနေ၍ ရေဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

 ရွှေဂုံတိုင်ခုံးကျော်တံတား ဆောက်လုပ်ရန်အတွက် အောက်ခံမြေသား ခံနိုင်ရည်စစ်ဆေးခြင်း Soil Test ပြုလုပ်



ရွှေဂုံတိုင်မီးပွိုင့်အနီး၌ အောက်ခံမြေသား ခံနိုင်ရည်စစ်ဆေးမှု ပြုလုပ်နေစဉ်
ရွှေဂုံတိုင်ခုံးကျော်တံတား ဆောက်လုပ်ရန်အတွက် အောက်ခံမြေသား ခံနိုင်ရည်စစ်ဆေးခြင်း(Soil Test) ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

၈၈ မျိုးဆက် မြိုင်မြို့နယ်မှာ လူထုစည်းဝေးပွဲ ကျင်းပ



2012-08-12
ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ မနေ့က ပခုက္ကူခရီးစဉ်မှာ ၂၀၀၇ ရွှေဝါရောင် သံဃာ့ တော်လှန်ရေး စတင်ချိန်က အရေးပါခဲ့တဲ့ အလယ်တိုက် ဘုန်းတော်ကြီးကျောင်းကို သွားရောက်ခဲ့ပါတယ်။ အဲဒီနောက် မြိုင်မြို့နယ်မှာ လူထုစည်းဝေးပွဲ ကျင်းပခဲ့တယ်လို့ ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက ပြောပါတယ်။

ကိုင်းတန်းညဈေး ဆန္ဒပြပွဲ ဦးဆောင်သူ ၃ ဦး ဆူပူလှုံ့ဆော်မှုနှင့် စစ်ဆေးမည်



2012-08-12
အခုလ (၆) ရက်နေ့ ညက မန္တလေးမြို့ ကိုင်းတန်းညဈေး ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ကိုအေးသိန်းအပါအ၀င် အဖမ်းခံခဲ့ရသူ (၃) ဦးကို ဒီကနေ့ သြဂုတ်လ (၁၃) ရက်နေ့မှာ ဆူပူလှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ တရားရုံးမှာ စတင်စစ်ဆေးမှာ ဖြစ်တယ်လို့ အဲဒီအမှုအတွက် လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးမြင့်သွင်က RFA ကို ပြောပါတယ်။

မောင်တောမြို့နယ် သင်ထောက်ကူ ပစ္စည်းအတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ လုပ်မည်



2012-08-12
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး ပဋိပက္ခ တွေကြောင့် ပျက်စီးခဲ့ရတဲ့ စာသင်ကျောင်းတွေ ပြန်လည် ဆောက်လုပ်နိုင်ဖို့ အတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ တစ်ခုကို သြဂုတ် ၁၉ ရက်နေ့ ည ၆ နာရီကနေ ည ၁၁ နာရီထိ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်မယ်လို့ ရခိုင်အမျိုးသား ကွန်ရက်က ဦးတင်ထူးအောင်က RFA ကို ပြောပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားသော အကြမ်းဖက်မှုကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနှင့် ဓမ္မာရုံတွင် ခိုလှုံနေကြသော ဒုက္ခသည်များ

အလုံမြို့ အဆင့်မြင့် ဆင်မင်းဈေးသစ် စတင် ဆောက်လုပ်

ရန်ကုန် (မဇ္ဈိမ)  ။   ။ ရန်ကုန်တိုင်း၊ အလုံမြို့နယ်ရှိ ဆင်မင်းဈေး(သိပ္ပံဈေး)အား ရှစ်ထပ် အဆင့်မြင့်ဈေး အဖြစ်
ဆောက်လုပ်ရန် စတင်အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း မြို့တော် စည်ပင်သာယာရေး ကော်မတီ က ပြော
သည်။

ရန်ကုန် အမှိုက်များမှ လျှပ်စစ်ဓါတ်အား ထုတ်ရန် စီစဉ်

ရန်ကုန် (မဇ္ဈိမ)။   ။ ရန်ကုန်မြို့မှ အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်၍ ထွက်ရှိလာသည့် အမှိုက်အစို တန်ချိန် ၆၀၀ ဖြင့်  နေ့စဉ် လျှပ်စစ်ဓါတ်အား ထုတ်ရန် စီစဉ်နေကြောင်း မြို့တော် စည်ပင်ယာရေးကော်မီ က ပြောသည်။
Garbage

တက္ကသိုလ် လိုင်းကားများ စည်းကမ်းဖောက်မှု အရေးယူတော့မည်

ရန်ကုန် (မဇ္ဈိမ) ။   ။ ရန်ကုန်တိုင်း အတွင်းရှိ တက္ကသိုလ်များသို့ ပြေးဆွဲနေသော ယာဉ်လိုင်းများ၏ စည်းကမ်း
ဖောက်မှုများကို ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်း သိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီ (မထသ) မှ တာဝန်ရှိသူများက ဆိုသည်။

 သာပေါင်းမြို့နယ်၏ ၈၀ ရာခိုင်နှုန်းကျော် ရေဘေးဒုက္ခခံစားနေရသဖြင့် အရေးပေါ်ကယ်ဆယ်ရေး အမြန်လိုအပ်လျက်ရှိ



သာပေါင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခု၌ ရေကြီးရေလျံမှု ဖြစ်ပေါ်နေစဉ်
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်တွင် ဇူလိုင်လ အစောပိုင်းမှစတင်၍ အဆက်မပြတ် ရွာသွန်းခဲ့သည့်မိုးကြောင့် င၀န်မြစ်ရေ ရေကြီးရေလျံမှုများ ဖြစ်ပေါ်လျက်ရှိပြီး ယင်းမြို့နယ်၏ ၈၀ ရာခိုင်နှုန်းကျော်မှာ ရေကြီးနေ၍ ရေဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

 သြဂုတ် ၁၃ ရက်နေ့မှစ၍ မောင်တောမြို့ရှိ အခြေခံပညာကျောင်းအချို့ ပြန်လည်ဖွင့်လှစ်မည်


သြဂုတ်လ ၁၃ ရက်နေ့မှ စ၍ မောင်တောမြို့ရှိ အခြေခံပညာကျောင်းအချို့ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ ပြန်လည်ဖွင့်လှစ်မည့်ကျေင်းများမှာ အ.မ.က ၁၊ အ.မ.က ၃၊ အ.မ.က ၄၊ အ.မ.က (အောင်ဗလ)၊ အ.လ.က ၂ (၄မိုင်)၊ အ.လ.က (ကျီးကန်းပြင်)၊ အ.ထ.က (မောင်တော) ကျောင်းများ ဖြစ်ကြောင်း သိရှိရပါသည်။ "အ.ထ.က(မောင်တောင်)ကျောင်းလည်း ပြန်ဖွင့်ပါမယ်။ ဒါပေမယ့် တက္ကသိုလ်ဝင်တန်းတစ်တန်းကိုပဲ ပြန်ဖွင့်ပါဦးမယ်။ အဲ့ကျောင်းမှာ နံနက် ၇နာရီကနေ ၁၁ နာရီထိ ရခိုင်လူမျိုးကျောင်းသားတွေကို သင်ကြားပေးမှာဖြစ်ပြီး၊ နေ့လယ် ၁၂ နာရီကနေ ၄ နာရီထိကိုတော့ ဘင်္ဂါလီကျောင်းသားတွေကို သင်ပေးမှာပါ။" ဟု မြို့နယ်ပညာရေးမှုး ဦးကြာလှထွန်းကပြောပါသည်။

 မြန်မာ့စက်မှုဆိပ်ကမ်း ဧရိယာတိုးချဲ့ရန်အတွက် ဖယ်ရှားပေးခဲ့ရသည့် အလုံသင်္ဘောကျင်းအား ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ပြောင်းရွှေ့တည်ဆောက်



7458
မြန်မာ့စက်မှုဆိပ်ကမ်း တိုးချဲ့ရန်အတွက် ဖယ်ရှားပေးခဲ့ရသော အလုံသင်္ဘောကျင်း တစ်နေရာ
မြန်မာ့စက်မှုဆိပ်ကမ်း ဧရိယာ တိုးချဲ့ရန်အတွက် ဖယ်ရှားပေးခဲ့ရသည့် အလုံသင်္ဘောကျင်းအား ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ပြောင်းရွှေ့ တည်ဆောက်လျက်ရှိပြီး ခြောက်လမှတစ်နှစ်အတွင်း အပြီး တည်ဆောက်ကာ သင်္ဘောကျင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင် သွားနိုင်မည်ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်၏ ပြောကြားချက်အရ သိရသည်။

 ဈေးရောင်းချခြင်း မပြုရန် တားမြစ်ခံရသည့် ဈေးသည်များ လှုပ်ရှားမှုပြုလုပ်ခဲ့သည့် အတွက် ထိန်းသိမ်းခံခဲ့ရ



7457
ဈေးရောင်းချခွင့် တားမြစ်ခြင်းခံခဲ့ရသော ဈေးသည်များကို အင်းစိန်ပန်းခြံအနီးတွင် တွေ့ရစဉ်
အင်းစိန်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ အင်းစိန်ပန်းခြံအနီးတွင် ရောင်းချနေသော လမ်းဘေး ဈေးရောင်းသူများကို ဈေးရောင်းချခြင်း မပြုရန် တားမြစ်မှုများပြုလုပ်ခဲ့သည့်အပေါ် အဆိုပါဈေးသည်များက လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည့်အတွက် သက်ဆိုင်ရာမှ ဈေးသည်များကို ခေါ်ယူထိန်းသိမ်းခဲ့ကြောင်းနှင့် နောက်တစ်ရက်တွင် အာမခံဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

 လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်းရေးကော်မရှင်ကို အဖွဲ့ဝင် ဦးရေ ၆၀ ဖြင့် ဖွဲ့စည်း


လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး အတွက် စုံစမ်းရေးကော်မရှင်ကို အဖွဲ့ဝင် ၆၀ ဦး ဖြင့် သြဂုတ်လ ၈ ရက်နေ့မှစတင်ကာ ဖွဲ့စည်းခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့် က ထုတ်ပြန်ခဲ့သည်။

 တူရကီနိုင်ငံခြားရေးဝန်ကြီး စစ်တွေရှိ ရခိုင်နှင့်ဘင်္ဂါလီ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လေ့လာ



7454
တူရကီနိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့အား ရခိုင်ကယ်ဆယ်ရေး စခန်းတစ်ခုတွင် တွေ့ရစဉ်
တူရကီသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး H.E Mr Ahmet Davutoglu နှင့် ဇနီး Mrs. Sare Davutoglu၊ ၀န်ကြီးချုပ် ဇနီး Mrs. Emine Erdogan နှင့် ၀န်ကြီးချုပ်သမီး Miss Sumeyye Erdogan တို့သည် မြန်မာနိုင်ငံ နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၊ နတလ ညွှန်ကြားရေးမှူးချုပ်တို့ နှင့် သီးခြားကိုယ်စားလှယ်အဖွဲ့ဝင်များ ၉၉ ဦးပါဝင်သည့် အဖွဲ့သည် သြဂုတ် လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ မိ နစ် ၄၀ ခန့်တွင် စစ်တွေမြို့သို့ရောက်ရှိလာခဲ့ပြီး ဘင်္ဂါလီကယ်ဆယ်ရေး စခန်းတစ်ခုနှင့် ရခိုင်ကယ်ဆယ်ရေး စခန်းတစ်ခုသို့ သွားရောက် လေ့လာခဲ့ကြောင်း သိရှိရသည်။

သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ထပ်မံတွေ့ဆုံ


သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ထပ်မံတွေ့ဆုံ

2012-08-12
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ နေပြည်တော်မှာ တတိယအကြိမ်မြောက် တွေ့ဆုံခဲ့တယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က RFA ကို အတည်ပြု ပြောကြားပါတယ်။
RFA
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်

KIO နဲ့ ဆက်သွယ်မှု ပုဒ်မတပ်ဖမ်းဆီးခံရသူ ၇၀ ကျော်ရှိ



2012-08-12
ကချင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစလို့ ဒီကနေ့ ထိ KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အဆက်အသွယ် ရှိတယ်ဆိုပြီး မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ဖမ်းဆီးခံထားရသူ အယောက် (၇၀) ကျော်ရှိနေပြီလို့ ပြည်နယ်တရားရုံးနဲ့ နီးစပ်သူတွေထံက စုံစမ်းသိရပါတယ်။
ပုဒ်မ ၁၇ (၁) တပ်ပြီး   နည်းမျိုးစုံနဲ့ စစ်ဆေးရာမှာ လုံးဝ အပြစ်မရှိသူတွေကို  ရမန်ကာလအတွင်း တခြား ပုဒ်မတွေနဲ့ ပြောင်းလဲစွဲဆိုပြီးနောက် ပြစ်ဒါဏ် ချမှတ်နေတယ်လို့လည်း  အကျိုးဆောင် ရှေ့နေတွေက ပြောပါတယ်။ ဖမ်းဆီး စစ်ဆေးပြီး ဖြောင့်ချက်ယူရာမှာ  နှိပ်စက်မှုတွေ အပါအ၀င် အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်လို့ အကျိုးဆောင် ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။

မြိတ်ခရိုင် တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းမှု အာဏာပိုင်များ လိုက်လံစုံစမ်း



2012-08-12
တနင်္သာရီတိုင်း မြိတ်ခရိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို သြဂုတ်လ ၁၁ ရက်နေ့က ဖွဲ့စည်းခဲ့ပြီးနောက် ဒီကနေ့ တနင်္ဂနွေနေ့ မနက်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ကျောင်းသား ခေါင်းဆောင်တွေကို လိုက်လံစစ်ဆေး မေးမြန်းနေတယ်လို့ သိရပါတယ်။
Photo Courtesy of NLD (Myeik)
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ဖွဲ့စည်းလိုက်သော တနင်္သာရီတိုင်း မြိတ်ခရိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် တချို့ကို တွေ့ရပုံ။

အကြမ်းဖက်မီးရှို့မှု သံသယရှိသူ အာဏာပိုင်တွေ ဖမ်းဆီးစစ်ဆေး



2012-08-11
မကြာသေးခင်က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မီးရှို့မှုတွေနဲ့ ပတ်သက်တယ်လို့ ယူဆရသူတွေကို စစ်တပ်နဲ့ ဒေသ အာဏာပိုင်တွေက လိုက်လံ စစ်ဆေး ဖမ်းဆီးနေတယ်လို့ သိရပါတယ်။
ကျောက်တော်မြို့နယ် တောင်ဘွေ ကျေးရွာသူတစ်ဦးက RFA ကို အခုလို ပြောပါတယ်။

ဘင်္ဂါလီ ရိုဟင်ဂျာတွေကို ကူညီထောက်ပံ့ဖို့ မြန်မာ အစိုးရက ခွင့်ပြုကြောင်း OIC ကြေညာ


2012-08-11
ရခိုင်ပြည်နယ်က ဘင်္ဂါလီ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့ မြန်မာအစိုးရက ခွင့်ပြုလိုက်ပြီ် ဖြစ်ကြောင်း ဆော်ဒီအာရေဗျ အခြေစိုက် OIC ခေါ် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအသင်းက စနေနေ့က ကြေညာလိုက်ပါတယ်။

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ ဆန္ဒပြပွဲ လူနှစ်ဦး သေဆုံး



2012-08-11
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ ဒေသခံ တိုင်းရင်းသားတွေနဲ့ မူဆလင်တွေကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ ဆန္ဒပြပွဲ ကျင်းပခဲ့ရာမှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့တဲ့အတွက် အနည်းဆုံး လူနှစ်ယောက် သေဆုံးပြီး (၅၀) နီးပါး ဒဏ်ရာရခဲ့ ကြပါတယ်။

ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားတွေ ချင်းမိုင်မှာ တွေ့ဆုံ



2012-08-11
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေ အပါအ၀င် ပြည်နယ် ၇ ခုက တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးစီ ပါဝင်ဖွဲ့စည်းထားတဲ့ တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့ WGEC အဖွဲ့ဝင်တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သြဂုတ်လ ၅ ရက်ကနေ ၉ ရက် အထိ တွေ့ဆုံခဲ့ကြပါတယ်။

အမေရိကန်အမတ် နဲ့ ၈၈ မျိုးဆက်တွေ့ဆုံ



2012-08-11
မြန်မာနိုင်ငံရဲ့အပြောင်းအလဲမှာ လူထုအခြေပြု အဖွဲ့အစည်းတွေ ပါဝင်ခွင့်နဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု ရီပါပလင်ကင်ပါတီ အောက်လွှတ်တော်အမတ် အုပ်ချုပ်မှုဆိုင်ရာ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ David Dreier ဦးဆောင်တဲ့ အဖွဲ့ဟာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တချို့နဲ့ ဒီကနေ့ စနေနေ့ နေ့လည်ပိုင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
Photo courtesy of the 88 Generation Students Group
အမေရိကန် ပြည်ထောင်စု ရီပါပလင်ကင်ပါတီ အောက်လွှတ်တော်အမတ် အုပ်ချုပ်မှုဆိုင်ရာ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ David Dreier ဦးဆောင်သည့်အဖွဲ့ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက်ကျောင်းသားများရုံးကို လာရောက် တွေ့ဆုံဆွေးနွေးနေစဉ်။