Monday, August 13, 2012

 ရွှေဂုံတိုင်ခုံးကျော်တံတား ဆောက်လုပ်ရန်အတွက် အောက်ခံမြေသား ခံနိုင်ရည်စစ်ဆေးခြင်း Soil Test ပြုလုပ်



ရွှေဂုံတိုင်မီးပွိုင့်အနီး၌ အောက်ခံမြေသား ခံနိုင်ရည်စစ်ဆေးမှု ပြုလုပ်နေစဉ်
ရွှေဂုံတိုင်ခုံးကျော်တံတား ဆောက်လုပ်ရန်အတွက် အောက်ခံမြေသား ခံနိုင်ရည်စစ်ဆေးခြင်း(Soil Test) ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

Soil Test စစ်ဆေးခြင်းကို ရွှေဂုံတိုင်မီးပွိုင့် အနီးပတ်ဝန်းကျင် လေးနေရာကို ပြုလုပ်ခြင်းဖြစ်ပြီး သြဂုတ်လ ၁၀ ရက်နေ့မှစတင် ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။ Soil Test ပြုလုပ်ပြီး ထွက်ရှိလာသော အဖြေပေါ်မူတည်၍ ဒီဇိုင်းရေးဆွဲသွား မည်ဖြစ်ကြောင်း သိရသည်။ 
''အခု Soil Test လုပ်နေပါတယ်။ ဒါပြီးရင်တော့ ရရှိလာတဲ့အဖြေပေါ်မူတည်ပြီး ဒီဇိုင်းထုတ်ရမှာပါ။ ဒီဇိုင်းမဆွဲရသေးဘူးဆိုတော့ ဘယ်လောက်စဆောက်ဖြစ်မယ်ဆိုတာတော့ ပြောလို့မရသေးပါဘူး''ဟု ရွှေဂုံတိုင်ခုံးကျော်တံတားအား တာဝန်ယူတည်ဆောက်မည့် Capital Development Limited မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု များပြားသော လမ်းဆုံးမီးပွိုင့်များဖြစ်သည့် လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်၊ တာမွေအ၀ိုင်းငါးလမ်းဆုံ စသည့်နေရာများတွင် ယာဉ်ကြောပိတ်ဆို့များ ပြေလည်စေရန် ခုံးကျော်တံတားများ ဆောက်လုပ်ရန်အတွက် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်းက စီစဉ်မှုများရှိခဲ့ကြောင်း၊ ယင်းအနက် လှည်းတန်းခုံးကျော်တံတားကို ပထမဆုံး စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ လှည်းတန်းခုံးကျော်တံတားမှာ အောက်ခံဖောင်ဒေးရှင်းအပိုင်း စတင် နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့်တံတားဌာနမှ သိရှိရသည်။ 
ဘုရင့်နောင် ခုံးကျော်တံတားမှာ ဒုတိယမြောက်ဆောက်လုပ်ရန် စီစဉ်နေသည့် တံတားဖြစ်လာပြီး တံတားဆောက်လုပ်ရန်အတွက် အကြိုအင်ဂျင်နီယာလုပ်ငန်းများ ပြုလုပ်နေပြီဖြစ်ကာ FMI ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။