ယခင်က လုံခြုံရေးအရ အချိန်ပိုင်းသာ ဖွင့်ခဲ့သော သံလွင်တံတား (မော်လမြိုင်) အား ဇန်နဝါရီ ၁၀ ရက်နေ့မှ စတင်ကာ ၂၄ နာရီ အချိန်ပြည့် ဖွင့်လှစ် လိုက်ပြီ ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရမှ သိရသည်။ ယခင် သံလွင်တံတား (မော်လမြိုင်)သည် လုံခြုံရေးအရ မနက် လေးနာရီမှ ည ဆယ်နာရီ အထိသာ ကားများ ဖြတ်သန်းခွင့် ပြုခဲ့သော်လည်း ယခုအချိန်၌KNUနှင့် မွန်ပြည်သစ် ပါတီကဲ့သို့ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ပြီ ဖြစ်သဖြင့် တံတားကြီးအား အချိန်ပြည့် ဖွင့်လှစ် လိုက်ကြောင်း သိရသည်။ တံတားကြီးအား အချိန် အကန့်အသတ်ဖြင့် ဖွင့်လှစ်ခြင်း ပြုလုပ်နေစဉ်၌ မော်တော်ယာဉ်များ အနေဖြင့် တံတားဖွင့် ချိန်မှီရန် အမြန် မောင်းနှင်ခြင်း ကြောင့် အန္တရယ်များ ဖြစ်ပွား နိုင်ကြောင်းနှင့် တံတား ဖွင့်ချိန်အား ရပ်တန့် စောင့် စားရသည့်အတွက် ခရီးသည်များ အချိန်ကြာလင့် ဒုက္ခတွေ့မှုများ တွေ့ကြုံခဲ့ရကြောင်း ဒေသခံ တစ်ဦးက ပြောသည်။ သံလွင်တံတား(မော်လမြိုင်)သည် မြန်မာနိုင်ငံ၌ ပခုက္ကူတံတား(ဧရာဝတီ) အောက် ဒုတိယ အရှည်ဆုံး တံတားကြီးဖြစ်ပြီး နေ့စဉ် မော်တော်ယာဉ်နှင့် ဆိုင်ကယ်ပေါင်း ထောင်ချီ၍ ဖြတ်သန်းလျက်ရှိကြောင်း သိရသည်။
Tuesday, January 15, 2013
Post titleမိုဘိုင်းဖုန်းကတ် ရောင်းချရန် ခွင့်ပြုမိန့် မရသေးဟု ဆက်သွယ်ရေးအင်ဂျင်နီယာချုပ် ပြောကြား
မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်းလိုင်းကတ်များကို ဈေးနှုန်းလျော့ချ ရောင်းချပေးနိုင်ရန် ခွင့်ပြုချက်မရရှိသေးကြောင်း မြန်မာ့ ဆက်သွယ်ရေးမှလုပ်ငန်းမှ သိရှိရသည်။
ထက်ဝက်သက်သာသည့် စရိတ်ဖြင့် အင်္ဂလန် BE ဘွဲ့ ရယူနိုင်
Manchester Metropolitan University မှ ပေးအပ်မည့် အင်ဂျင်နီယာဘာသာရပ်အသစ်များအကြောင်း ဆွေးနွေးပွဲတစ်ရပ်ကို ဇန်န၀ါရီလ(၂၅)ရက်နေ့ Summit Parkview Hotel တွင် ရှင်းလင်းပြောကြားသွားမည် ဖြစ်ကြောင်း မြန်မာ့ပညာရေးဝန်ဆောင်မှု အသိုင်းအ၀ိုင်းက သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်ဘူတာနှင့် နဘားဘူတာကြား ရထားသံတံတားတစ်ခု မိုင်းခွဲခံရ

မိုင်းခွဲမှုကြောင့် ပျက်စီးသွားသော တံတားညီနောင်အား တွေ့ရစဉ် (ဓါတ်ပုံ-စိုးစံ-အင်းတော်)
ဇန်န၀ါရီလ ၁၄ ရက်နေ့ ည ၈နာရီ ၇မိနစ် အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်၊ အင်းတော်ဘူတာနှင့် နဘားကြားဘူတာကြား တံတားအမှတ် (၃၄၆)ပေ (၂၀၀)ရှည် စော်မှော်ချောင်းကို ဖြတ်သန်း တည်ဆောက်ထားသော နဘားချောင်းတံတား ဒေသအခေါ် တံတားညီနောင်တံတားကို ကေအိုင်အေ မှ မိုင်းခွဲခံရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
လိုင်ဇာမြို့ထဲ လက်နက်ကြီး ကျည်ဆံတစ်ချို့ကျရောက် ပေါက်ကွဲ
2013-01-14
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အခြေစိုက်တဲ့ လိုင်ဇာမြို့လယ်ကို ဒီကနေ့ ဇန်န၀ါရီလ ၁၄ရက်နေ့ မနက်ပိုင်းက လက်နက်ကြီး ၃လုံး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အရပ်သားသုံးဦး သေဆုံးခဲ့ပြီး လေးဦးကို အရေးပေါ်ဆေးရုံတင်ထားရပါတယ်။
ကချင်တိုက်ပွဲများကြောင့် ကယ်ဆယ်ရေး စခန်းများတွင် ဒုက္ခသည်ဦးရေးတိုးလာ
2013-01-15
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်း ပတ်ဝန်းကျင်ကျေးရွာ တဝိုက်မှာ အစိုးရတပ်နဲ့ ကေအိုင်အေ တပ်တွေအကြား လတ်တလော ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် လုံးခင်းနဲ့မှော်စီစာကျေးရွာက ကယ်ဆယ်ရေးစခန်း (၇) ခုမှာ လာရောက် ခိုလှုံကြတာကြောင့် ဒုက္ခသည်တွေ နှစ်ဆခန့် ပိုတိုးလာပါတယ်။
လက်နက်ကြီး ပစ်ခတ်မှုသံကြောင့် ဖားကန့်စာသင်ကျောင်းများပိတ်လိုက်ရ
2013-01-15
ကချင်ပြည်နယ် ဖားကန့်မြို့ စစ်ဗျူဟာကုန်းနဲ့ ကေအိုင်အေတပ်တွေ အခြေစိုက်တဲ့ လမောင်ကုန်းနဲ့ မှော်မောင်းကုန်း ပတ်ဝန်းကျင်တွေဘက်ကနေ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီခွဲလောက်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံအချို့ကို ကြားပြီးနောက်ပိုင်း နေ့လည်ပိုင်းကနေစပြီး ဖားကန့်အထက်တန်းကျောင်းကို ပိတ်လိုက်ရတယ်လို့ စုံစမ်းသိရှိရပါတယ်။
ယာဉ်မောင်းလိုင်စင်များ အဆင်ပြေရန် မန္တလေးတိုင်းအတွင်း ဆောင်ရွက်ပေးနေ
2013-01-14
မန္တလေးတိုင်းဒေသကြီး အတွင်း ဝေးလံတဲ့မြို့နယ်တွေအတွက် ယာဉ်မောင်းလိုင်စင် ကိစ္စဆောင်ရွက် ရာမှာ မန္တလေးအထိလာစရာမလိုဘဲ သက်ဆိုင်ရာမြို့နယ်မှာပဲ ဆောင်ရွက်နိုင်အောင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက စီစဉ်နေတယ်လို့ သိရပါတယ်။
ကြေးနီတောင်စီမံကိန်းမှာ ညမထွက်ရအမိန့် ဆက်လက်ထုတ်ထားဆဲ
2013-01-14
လက်ပန်းတောင်းတောင်ဒေသမှာ ညမထွက်ရအမိန့် ပုဒ်မ၁၄၄ ကို ဆက်လက်ထုတ်ပြန်ထားတာ ဟာ ဒေသခံပြည်သူတွေကို အကန့်အသတ်လုပ်ထားတာဖြစ်ပြီး တစ်ချိန်တည်းမှာလည်း ကြေးနီစီမံကိန်းဆောင် ရွက်နေတဲ့ ကုမ္ပဏီတွေကို အကာအကွယ်ပေးထားတာသာဖြစ်တယ်လို့ ကြေးနီစီမံကိန်းရပ်ဆိုင်းရေး သပိတ်စခန်းကော်မတီ က ဇန်န၀ါရီလ ၁၄ရက် ဒီကနေ့နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ရွှေလင်ပန်း စက်မှုဇုန်၊ အထည်ချုပ်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ
2013-01-14
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ၊ ရွှေလင်ပန်း စက်မှုဇုန်မှာရှိတဲ့ ဆုလာဘ်ထက်သာ အထည်ချုပ် စက်ရုံက အလုပ်သမား တစ်ရာကျော် ဟာ စက်ရုံကနေ ရှားပါးစရိတ်ထောက်ပံ့ငွေကို အလုပ်ရှင်ဘက်က ထုတ်မပေးတာကြောင့် ဆန္ဒပြတောင်းဆိုတာ ဒီကနေ့နဲ့ဆို ၂ရက် ကြာမြင့်ခဲ့ပေမယ့် ဒီကနေ့ ဇန်န၀ါရီလ ၁၄ ရက်နေ့အထိ ညှိနှိုင်းဆောင်ရွက်ပေးတာတွေ မရှိသေးဘူးလို့ သိရပါတယ်။
Subscribe to:
Posts (Atom)