Thursday, May 17, 2012
နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်အတွင်း အမေရိကန်-မြန်မာဆက်ဆံရေး ထူးခြားမှုတွေ့နိုင်
နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးတဦးရဲ့
ပထမဆုံး တရားဝင် အမေရိကန် ပြည်ထောင်စု ခရီးစဉ်ကို ကြည့်မယ်ဆိုရင် အမေရိကန်
မြန်မာဆက်ဆံရေး သိသိသာသာ တိုးတက် ကောင်းမွန်လာတဲ့ လက္ခဏာဖြစ်တယ်လို့
လေ့လာသူတွေက ယူဆပါတယ်။ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ
ဒီကနေ့ဆိုရင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ၀ါရှင်တန်ဒီစီမှာ
တွေ့ဆုံပြီး ပူးတွဲသတင်းစာ ရှင်းလင်းပွဲလုပ်ဖို့လည်း စီစဉ်ထားပါတယ်။ ဒီ
ခရီးစဉ်အပေါ် မေးမြန်းသုံးသပ်ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးရဲ့ အမေရိကန်ခရီးမှာ ပိတ်ဆို့မှုတွေ ပိုလျှော့ပေးဖွယ်ရှိ
နိုင်ငံခြားရေးဝန်ကြီးရဲ့ အမေရိကန်ခရီးမှာ ပိတ်ဆို့မှုတွေ ပိုလျှော့ပေးဖွယ်ရှိ
2012-05-16
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ဒီကနေ့ ၀ါရှင်တန်ဒီစီမြို့တော်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် အပါအ၀င် အမေရိကန် ထိပ်ပိုင်းအရာရှိတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
AFP
မိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်းကျရောက် မှုကြောင့် ကြို့ ပင်ကောက်၌ အိမ်ခြေ နှစ်ရာကျော် ပျက်စီး
မေလ ( ၁၆ ) ရက်နေ့  ညနေ ၅ နာရီခန့် က မိုးသည်းထန်ရွာ သွန်းမှု အတူ
လေပြင်းကျရောက်မှု ကြောင့် ကြို့ ပင်ကောက် မြို့ ပေါ်နှင့် ကျေးရွာ အချို
့တွင် အိမ်ခြေ နှစ်ရာ ကျော် ခန့် ပြိုလဲပျက်စီးခဲ့ပြီး ကျွဲ၊ နွား
တိရိစ္ဆာန် အချို့ သေကြေခဲ့ကြောင်း မြို့ ခံများ၏ ပြောကြားချက် အရသိရသည်။
မှော်ဝန်းမြေမှ ငိုရှိုက်သံများ
မြန်မာနိုင်ငံသည် မိခင် ဧရာဝတီသည်မရှိမဖြစ်အရေးပါသကဲ့သို့ မှော်ဝန်းချောင်းမှာ
လည်းသုံးခွမြို့ ၏မိခင်သဖွယ်အရေးပါလှပါသည်။
လည်းသုံးခွမြို့ ၏မိခင်သဖွယ်အရေးပါလှပါသည်။
မြန်မာ့ပညာရေးနိမ့်ကျရခြင်း၏အဓိကတရားခံ (တက္ကသိုလ်တန်းဝင်စာမေးပွဲစနစ်)
![]() |
တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း များကို ထုတ်ပြန်ကြေညာခဲ့ရာ အောင်စာရင်းကြည့်ရှုနေသူများကို တွေ့ရစဉ်။ |
လှိုင်သာယာ အထည်ချုပ်စက်ရုံ သုံးရုံမှ လုပ်သား ၁၀၀၀ကျော် ဆန္ဒပြ
ရန်ကုန်၊ မေ ၁၆
လုပ်ခလစာ ပြဿနာဖြင့် ဆန္ဒပြမှု ဆက်တိုက် ဖြစ်ပေါ်နေသော လှိုင်သာယာမြို့နယ်
စက်မှုဇုန် အထည်ချုပ်စက် ရုံသုံးခုက အလုပ်သမား ၁၀၀၀ကျော် မေလ
၁၆ရက်နေ့(ယနေ့)တွင် မရမ်းကုန်းမြို့နယ် အလုပ်သမားရုံးတွင် ဆန္ဒပြ တောင်းဆို
ကြကြောင်း အဆိုပါ အလုပ်သမားများက ပြောကြား ကြသည်။
လုပ်ခလစာ ပြဿနာဖြင့် ဆန္ဒပြမှု ဆက်တိုက် ဖြစ်ပေါ်နေသော လှိုင်သာယာမြို့နယ် စက်မှုဇုန် အထည်ချုပ်စက် ရုံသုံးခုက အလုပ်သမား ၁၀၀၀ကျော် မေလ ၁၆ရက်နေ့(ယနေ့)တွင် မရမ်းကုန်းမြို့နယ် အလုပ်သမားရုံးတွင် ဆန္ဒပြ တောင်းဆို ကြကြောင်း အဆိုပါ အလုပ်သမားများက ပြောကြား ကြသည်။
နွေရာသီရေရှားပါးမှုပြဿနာ ရေရှည်အမြင်ဖြင့်ဖြေရှင်းသွားရန် အရေးတကြီးလိုအပ်
သုံးခွမြို့ နယ်မှာ အလှူရှင်များလှူဒါန်းထားတဲ့ ရေတွင်းမှ ရေသယ်ယူနေကြစဉ် (ဓါတ်ပုံ-ပိုးအိဖြူ) |
ပိုင်ပိုင် (YPI)
ကန်ရေကို အဓိကထား အသုံးပြုနေရသော ဒေသများတွင် ရေရှားပါးမှုပြဿနာများကို နှစ်စဉ်နီးပါး ကြုံတွေ့လာရသောကြောင့် ရေရှည်အမြင်ဖြင့် ဖြေရှင်းသွားရန် အရေးတကြီး လိုအပ်လာကြောင်း ယင်းဒေသများမှ ဒေသခံများကပြောသည်။
ညီနောင်တိုင်းရင်းသား ပါတီကြီးတစ်ခု တည်ထောင်ဖို့ စည်းရုံးလှုပ်ရှား
ချင်း၊ ရခိုင်၊ မွန်၊ ကရင် စတဲ့ တိုင်းရင်းသားပါတီ အသီးသီးနဲ့
စုဖွဲ့ထားတဲ့ ညီနောင်တိုင်းရင်းသား ပါတီကြီးတစ်ခုကို အခု ၆ လအတွင်း
တည်ထောင်နိုင်ဖို့ စည်းရုံးလှုပ်ရှားမှုတွေ စတင်ဆောင်ရွက်နေပြီလို့
ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ
ဦးဇိုဇမ်က RFA ကို ဒီကနေ့ အတည်ပြု ပြောကြားလိုက်ပါတယ်။
RFA
နှစ်ပေါင်း ၃၀ အတွင်း တောင်ကိုရီးယား ခေါင်းဆောင်တစ်ဦး၏ ပထမဆုံးခရီးစဉ်အဖြစ် သမ္မတလီမြောင်ဘတ် နှစ်ရက်ကြာလာရောက် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ချက်များကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ဆွေးနွေး

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်တို့ နိုင်ငံတော်သမ္မတအိမ်တော်၌ တွေ့ဆုံဆွေးနွေးစဉ်
ပြည်သူလူထု ပြုပြင်ပြောင်းလဲစေချင်သည့် ပြည်ထောင်စု ၀န်ကြီးဌာန၊ ရုံးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအထိ စီမံအုပ်ချုပ်ရေး အဆင့်ဆင့် မပြေလည်မှုများအပေါ် အစိုးရဌာန စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးဖြစ်သည့် (Public Administration Reform) ပြုလုပ်ရန် လိုအပ်နေကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြောကြား

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ညှိနှိုင်းအစည်းအဝေးတွင် အမှာစကားပြောကြားနေစဉ် (ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်)
လစာနည်းပါးသောကြောင့် လှိုင်သာယာစက်မှုဇုန် စက်ရုံသုံးရုံတွင် အလုပ်သမားများက တောင်းဆိုမှုများဖြစ်ပေါ်၊ သီတင်းနှစ်ပတ်အတွင်း အလုပ်သမားတောင်းဆိုမှု ငါးခုထိရှိလာ

ပုလဲစက်ရုံမှ အလုပ်သမားများ လစာနည်းမှုကြောင့် တောင်းဆိုသည့် စက်ရုံဝန်းကျင်မြင်ကွင်း
ART ဆေးဝါးမရရှိသည့် HIV ဝေဒနာရှင် ၈၀၀၀၀ ကျော်ရှိနေ၊ ၂၀၁၁ ခုနှစ်အတွင်း အေ့ဒ်စ်ရောဂါဖြင့် သေဆုံးသူ ၁၈၀၀၀ ကျော် ရှိခဲ့ကြောင်းသိရ

၂၀၁၁ ခုနှစ် စစ်တမ်းများအရ မြန်မာနိုင်ငံတွင် HIV/AIDS ကူး စက်ခံရသူ ခန့်မှန်း ၂၁၅၀၀၀ ရှိခဲ့ပြီး အဆိုပါလူဦးရေမှာ အသက် ၁၅ နှစ် အထက်လူဦးရေ၏ ၀ ဒသမ ၅၃ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
မေလ ၁၂ ရက်နေ့က Central Hotel တွင် ကျင်းပသော မြန်မာနိုင်ငံ HIV ဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသည့် ရပ်ရွာအခြေပြုကွန်ရက်များနှင့် မူဝါဒဆိုင်ရာ ပုဂ္ဂိုလ်များ တွေ့ဆုံပွဲတွင် UNAIDS မှ ဒေါက်တာစိုးနိုင်က ဆိုပါသည်။
GSM ဖုန်း အလုံးရေ လေးသိန်းကျော်နှင့် WCDMA ဖုန်းအလုံးရေ လေးသောင်းကျော် ချထားပြီးခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီးမှာ ၀ယ်လိုအား အများဆုံးဖြစ်
GSM မိုဘိုင်းဖုန်းများ၏ ပထမနှစ်စီမံကိန်းအရ မိုဘိုင်းဖုန်းအလုံးရေ
လေးသန်းချထားပေးမည် ဖြစ်ပြီး ယခု အခါပြည်နယ်နှင့် တိုင်းဒေသကြီးများ၌
ယင်းဖုန်း အရေအတွက်ထဲမှ GSM မိုဘိုင်းဖုန်း အလုံးရေ လေးသိန်းကျော် နှင့်
WCDMA မိုဘိုင်းဖုန်း အလုံးရေ လေးသောင်းကျော် ချထားပေးခဲ့ရာတွင်
ရန်ကုန်တိုင်းဒေသကြီးမှာ ၀ယ်လိုအား အများဆုံးဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်း၏ ထုတ်ပြန်ချက်များ အရ သိရသည်။
Pioneer Music Lounge တွင် မေလ ၁၆ ရက်နေ့ နံနက်ပိုင်းက ဂဟေဆော်ရာမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွား

အလုံမြို့နယ်၊ အလုံလမ်းရှိ Pioneer Music Lounge တွင် မေလ ၁၆ရက်နေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ကိုးလအရွယ် ကလေးငယ်ကို သုံးလအတွင်း ဘာမီတွန်ဆေးပြား ၄၅ ပြား တိုက်ကျွေးသည့် ကလေးထိန်းအား အရေးယူထား
ကလေးထိန်းဖြစ်သူက ကိုးလသားအရွယ် ကလေးငယ်တစ်ဦးကို သုံးလကျော်ကြာသည်အထိ
ဘာမီတွန် တစ်ခြမ်း နေ့စဉ်တိုက်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
ကွန်ကရစ်လမ်းခင်းခြင်း မပြီးသေးသောကြောင့် မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းမကြီးတစ်လျှောက်တွင် အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့မှု နေ့စဉ်ဖြစ်ပေါ်

မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းမကြီးတစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှုမြင်ကွင်း
ပါရမီယာဉ် နောက်လိုက်တစ်ဦး၏ ဖခင်ဖြစ်သူနှင့် အဖွဲ့မှ ဓားဖြင့်ဝိုင်းခုတ်မှုကြောင့် တစ်ဦးသေဆုံး
ဓားဖြင့် ၀ိုင်းဝန်းခုတ်မှု ဖြစ်ပွားရာ ပါရမီ ၂၃၂ ဂိတ်ရုံးအား တွေ့ရစဉ်
ဓားဖြင့်ဝိုင်းခုတ်မှုကြောင့် ဈေး ကြိုပို့ယာဉ်မောင်းနှင့် ပါလာသည့်
ပိတ်လှောင်ခိုင်းစေခံရသည့် မြန်မာအလုပ်သမား ၁၅၀ ခန့်ကို ကယ်ဆယ်
ထိုင်းနိုင်ငံတောင်ပိုင်း မဟာချိုင်ဒေသရှိ စက်ရုံတခုတွင် လှောင်ပိတ်
ခိုင်းစေခံထားရသည့် မြန်မာအလုပ်သမား ၁၅၀ ခန့်အား ထိုင်းရဲတပ်ဖွဲ့နှင့်
အလုပ်သမား အရေးဆောင်ရွက်နေသည့် အဖွဲတို့ ပူးပေါင်းပြီး ယမန်နေ့က
ကယ်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြေလျော့ဗီဒီယိုဆင်ဆာတွင် ဦးကျော်သူ၏ ရင်ခုန်နှင်းဆီနှင့် လွတ်လပ်ခြင်း ဇတ်ကားများ ပါဝင်လာ
တစ်ဆယ့်နှစ်နှစ်တာကာလအတွင်း
ဆင်ဆာပိတ်ထားသော ဗွီဒီယိုဇာတ်ကားများမှ ဇတ်ကား(၂၉)ကားအား
ဖြေလျော့ပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သိရှိရသည်။
ပြန်ကြားရေးဝန်ကြီးဌာနက
ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း နှင့်
မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့နှင့် တွေ့ဆုံစဉ်တွင်
၂၀၀၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ဆင်ဆာ ပိတ်ထား သောဇတ်ကား (၇၀)ရှိသည့် အနက်မှ
ယခုကဲ့သို့ ဖြေလျော့ခြင်းဖြစ်သည်။
ဈေးခွန် ပိုမိုကောက်ခံသောအဖွဲ့များအား လိုင်စင်သိမ်းရန်ရှိ
ဈေးရောင်းချသူများထံမှ
သတ်မှတ်နှုန်းထားအတိုင်းကောက်ခံခြင်းမဟုတ်ဘဲ အပိုကောက်ခံသော ဈေးအခွန်
လိုင်စင်ရအဖွဲများအား လိုင်စင်ရုတ်သိမ်းရန်ရှိကြောင်း သိရှိရသည်။
စစ်တွေမြို့နယ်
စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချရာတွင်
ပါဝင် သည့် နာဇီဈေးသည် လည်း အပါအဝင်ဖြစ်ရာ ပြီးခဲ့သည့် အပတ်က
ဈေးကောက်များအား အပိုကောက်ခံသဖြင့် ဈေးသူများက ဆန္ဒပြတောင်းဆိုရာကနေ
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဖြေရှင်းပေးခဲ့ရသည်။
နေပြည်တော်တွင် မိုဘိုင်းလ်ဖုန်းနှင့် အင်တာနက်သုံးစွဲသူ နည်းပါး
နေပြည်တော်ဒေသကြီးတွင်း
ချထားပေးသည့် မိုဘိုင်းဖုန်းများတွင် အင်တာနက်လိုင်းလျှောက်ထားနိုင်သော်
လည်း အသုံးပြုသူနည်းပါး လျက်ရှိကြောင်း နေပြည်တော်
မိုဘိုင်းဖုန်းဆိုင်များမှ သိရသည်။
ညီနောင်တိုင်းရင်းသား ပါတီကြီးတစ်ခု တည်ထောင်ဖို့ စည်းရုံးလှုပ်ရှား
ညီနောင်တိုင်းရင်းသား ပါတီကြီးတစ်ခု တည်ထောင်ဖို့ စည်းရုံးလှုပ်ရှား
2012-05-16
ချင်း၊ ရခိုင်၊ မွန်၊ ကရင် စတဲ့ တိုင်းရင်းသားပါတီ အသီးသီးနဲ့ စုဖွဲ့ထားတဲ့ ညီနောင်တိုင်းရင်းသား ပါတီကြီးတစ်ခုကို အခု ၆ လအတွင်း တည်ထောင်နိုင်ဖို့ စည်းရုံးလှုပ်ရှားမှုတွေ စတင်ဆောင်ရွက်နေပြီလို့ ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က RFA ကို ဒီကနေ့ အတည်ပြု ပြောကြားလိုက်ပါတယ်။အိန္ဒိယရောက် မြန်မာဒုက္ခသည် ရေရှည်နေထိုင်ခွင့်ဗီဇာ ထုတ်ပေးမည်
အိန္ဒိယရောက် မြန်မာဒုက္ခသည် ရေရှည်နေထိုင်ခွင့်ဗီဇာ ထုတ်ပေးမည်
2012-05-16
အိန္ဒိယနိုင်ငံမှာ ခိုလှုံခွင့်လျှောက်ထားတဲ့ မြန်မာဒုက္ခသည် ၂၅၀၀ ကျော်အတွက် တရားဝင် ရေရှည်နေထိုင်ခွင့် ဗီဇာတွေ ထုတ်ပေးတော့မယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက သတင်း ထုတ်ပြန်လိုက်ပါတယ်။
UNHCR
UNHCR လက်ထောက်မဟာမင်းကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံစဉ်။
မြန်မာနိုင်ငံက ပါတီခေါင်းဆောင် ၅ ဦး နှီးနှောဖလှယ်ပွဲတက်ရန် သြစတြေးလျနိုင်ငံသွားမည်
မြန်မာနိုင်ငံက ပါတီခေါင်းဆောင် ၅ ဦး နှီးနှောဖလှယ်ပွဲတက်ရန် သြစတြေးလျနိုင်ငံသွားမည်
2012-05-16
သြစတြေးလျနိုင်ငံ Center for Democracy Institution က စီစဉ်ဆောင်ရွက်ပြီး ကမ်ဘာရာမြို့တော်ရှိ သြစတြေးလျ အမျိုးသားတက္ကသိုလ်မှာ ကျင်းပမယ့် နိုင်ငံရေးပါတီခေါင်းဆောင်များ နှီးနှောဖလှယ်ပွဲကို မြန်မာနိုင်ငံက နိုင်ငံရေး ပါတီခေါင်းဆောင် အနည်းဆုံး ၅ ဦး တက်ရောက် ဆွေးနွေးမယ်လို့ သတင်းရရှိပါတယ်။
Subscribe to:
Posts (Atom)