Wednesday, November 20, 2013

အထည်ချုပ် လုပ်ငန်းဖွံ့ဖြိုးရေး ဆွစ်ဇာလန် ကူညီမည်

ဆွစ်ဇာလန်က မြန်မာနိုင်ငံအထည်ချုပ်ကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီမည်ဟု နိုင်ငံရေးနှင့် စီးပွားရေးရာ ကောင်စစ်ဝန် မစ္စစ်ကော်ရင်း ဟန်ချိုပဂ္ဂနာမီက မဇ္ဈိမကို နိုဝင်ဘာ ၁၉ တွင် ပြောသည်။
မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၈ရက်မှ ၂၀ အထိ နှစ်ရက်ကြာလာရောက်သည့် ဆွစ်ဇာလန် စီးပွားရေးရာ ဒုတိယ၀န်ကြီး၏ ခရီးစဉ်အတွင်း ကတိပြုခဲ့သည်ဟု ဆိုသည်။
ယခုနှစ်ကုန်ပိုင်းတွင်း စတင်ကူညီမည်ဖြစ်ပြီး အထည်ချုပ်လုပ်ငန်းရှင်များ အသင်းနှင့် သဘောတူညီချက် ရယူထားသည်။
အထည်အလိပ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် မဟာဗျူဟာ ချမှတ်နိုင်ရေးအတွက် ကူညီမည်ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO)နှင့်ပူးပေါင်း ကူညီမည်ဖြစ်ပြီး အလုပ်သမားရေးရာများကိုပါ ဆောင်ရွက်မည်ဖြစ်သည်။

မန္တလေး စပါးနှံတာယာစက်ရုံ လုပ်သား ၃၀၀ ဆန္ဒပြ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ပန်းခြံလမ်းရှိ စပါးနှံတာယာစက်ရုံမှ အလုပ်သမား ၃၀၀ ခန့်သည် တနင်္ဂနွေနေ့ အလုပ်ပိတ်ပေးရန်နှင့် လစာငွေ နှစ်သောင်းတိုးပေးရန် ထိုစက်ရုံရှေ့၌ပင် သပိတ်စခန်းဖွင့် တောင်းဆိုလျှက်ရှိသည်။

ဧရာဝတီဘဏ်တွင် မာစတာကတ် နှင့် China Union Pay Card များဖြင့် ငွေထုတ်နိုင်

ဧရာဝတီဘဏ်တွင် Master Card နှင့် China Union Pay Card များဖြင့် ငွေထုတ်ယူခြင်းများ နိုဝင် ဘာလ ၁၉ ရက်မှ စတင်ကာ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ဧရာဝတီဘဏ်မှ ထုတ်ပြန်သည်။
နိုင်ငံတစ်ဝန်းမှ ဧရာဝတီဘဏ်များရှိ ATM စက်များတွင် အဆိုပါကတ်များဖြင့် ငွေထုတ်ယူနိုင်ပြီဖြစ် သည်။
ဧရာဝတီဘဏ်၏ မန်နေဂျင်းဒါရိုက်တာ ဦးဖြိုးအောင်က “ဧရာဝတီဘဏ်အနေနဲ့ ငွေထုတ်ယူခြင်း ၀န် ဆောင်မှုတွေကို ဆီးဂိမ်းကိုလာမယ့် ခရီးသွားဧည့်သည်တွေ အဆင်ပြေပြေနဲ့ အသုံးပြုနိုင်ဖို့ အချိန်မီ ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်” ဟု ပြောသည်။

အမျိုးသားနေ့တွင် NLD က တစ်နိုင်ငံလုံးရှိ ပါတီရုံးများတွင် စာကြည့်တိုက်ဖွင့်မည်

ရန်ကုန် (မဇ္ဈိမ)။   ။   လာမည့် နိုဝင်ဘာ ၂၇ တွင်ကျရောက်မည့် ၉၃ နှစ်မြောက် အမျိုးသားနေ့တွင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ပါတီရုံးများတွင် စာကြည့်တိုက်ဖွင့်သွားမည်ဟု NLD(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ၏ လူငယ်စာကြည့်တိုက်ဖြစ်မြောက်ရေး ဗဟိုကော်မတီမှ တာဝန်ခံ ဦးခင်ဇော်လင်းက နိုဝင်ဘာ ၂၀ ရက်တွင် မဇ္ဈိမကို ပြောသည်။
“ဗဟုသုတတွေ အဖက်ဖက်က မြင့်မားလာဖို့ဆိုတာ စာအုပ်စာပေတွေကရမှာပဲလေ။ ဒါတွေကို စာဖတ်တဲ့အခါကျတော့ အဖက်ဖက်က တိုးတက်လာအောင် ထောက်ပံ့ကူညီပေးတဲ့သဘောပဲ။ ပါတီလုပ်ငန်းလုပ်သလို လူထုအကျိုးပြုလုပ်ငန်းပါပူးတွဲလုပ်တဲ့သဘောနဲ့ ဒါကိုစလုပ်တာပါ” ဟု သူက ပြောသည်။

ရွှေညဝါ ဆရာတော်တရားပွဲ ခွင့်ပြုချက်မရဘဲပြုလုပ်သည်ဟုဆိုကာ ပွဲစီစဉ်သူကို တရားစွဲ

ရန်ကုန် (မဇ္ဈိမ)။          ။ ကြည့်မြင်တိုင်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သော ရွှေညဝါဆရာတော် တရားပွဲကို ခွင့်ပြုချက်မရှိဘဲ ပြုလုပ်သည်ဟုဆိုကာ တရားပွဲစီစဉ်သူများ တရားစွဲခံရသည်ဟု နိုဝင်ဘာ ၂၀ ရက်တွင် တရားစွဲခံထားရသူက မဇ္ဈိမကို ပြောကြားလိုက်သည်။

မြန်မာ-မွန်ဂိုလီးယား ဆက်ဆံရေး တိုးမြှင့်လာခြင်း ပြုပြင်ပြောင်းလဲရေး အထောက်အကူဖြစ်စေနိုင်

သံတမန်ဆက်သွယ်ရေး ထူထောင်ထားသော်လည်း အဆက်အသွယ် နည်းလွန်းခဲ့သည့် မြန်မာနှင့် မွန်ဂို လီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးမြှင့်လာခြင်းသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖော် ဆောင်မှုများကို ပိုမိုမြန်ဆန်စေရန် အထောက်အကူဖြစ်နိုင်ဟု နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်အချို့က မဇ္ဈိမကို သုံးသပ် ပြောကြားလိုက်သည်။