Wednesday, November 20, 2013

အထည်ချုပ် လုပ်ငန်းဖွံ့ဖြိုးရေး ဆွစ်ဇာလန် ကူညီမည်

ဆွစ်ဇာလန်က မြန်မာနိုင်ငံအထည်ချုပ်ကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီမည်ဟု နိုင်ငံရေးနှင့် စီးပွားရေးရာ ကောင်စစ်ဝန် မစ္စစ်ကော်ရင်း ဟန်ချိုပဂ္ဂနာမီက မဇ္ဈိမကို နိုဝင်ဘာ ၁၉ တွင် ပြောသည်။
မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၈ရက်မှ ၂၀ အထိ နှစ်ရက်ကြာလာရောက်သည့် ဆွစ်ဇာလန် စီးပွားရေးရာ ဒုတိယ၀န်ကြီး၏ ခရီးစဉ်အတွင်း ကတိပြုခဲ့သည်ဟု ဆိုသည်။
ယခုနှစ်ကုန်ပိုင်းတွင်း စတင်ကူညီမည်ဖြစ်ပြီး အထည်ချုပ်လုပ်ငန်းရှင်များ အသင်းနှင့် သဘောတူညီချက် ရယူထားသည်။
အထည်အလိပ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် မဟာဗျူဟာ ချမှတ်နိုင်ရေးအတွက် ကူညီမည်ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO)နှင့်ပူးပေါင်း ကူညီမည်ဖြစ်ပြီး အလုပ်သမားရေးရာများကိုပါ ဆောင်ရွက်မည်ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။