Wednesday, September 4, 2013

အေးရှားဝေါလ် ကုမ္ပဏီ၏ ရေအားလျှပ်စစ် စီမံကိန်းမှ ဓာတ်အားကို တစ်ယူနစ် ကျပ် ၇၀ ဖြင့် အစိုးရက ပြန်ဝယ်ရမည်၊ စီမံကိန်းမှာ ကျပ် ၂၃၀ ဘီလျံကျော်ကုန်ပြီး ယခုတစ်နှစ်တည်း အတွက်ပင် ကျပ်ဘီလျံ ၃၀ အေးရှားဝေါလ် ပြန်ရ

အေးရှားဝေါလ် ကုမ္ပဏီ (ရွှေစွမ်းအင်ကုမ္ပဏီ)မှ BOT စနစ်ဖြင့် တည်ဆောက်လုပ်ကိုင်ခွင့် ရရှိထားသော သောက်ရေခပ် (၂) ရေအားလျှပ်စစ် စီမံကိန်းမှ ထွက်ရှိသည့် ဓာတ်အားများကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တစ်ယူနစ် ကျပ် ၇၀ နှုန်းဖြင့် ပြန်လည်ဝယ်ယူရန် သဘောတူထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

ယခု ၂၀၁၃ ခုနှစ် တစ်နှစ်တည်းအတွက်ပင် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ အေးရှားဝေါလ် ကုမ္ပဏီသို့ ပေးချေရမည့် ပမာဏမှာ ကျပ်ဘီလျံ ၃၀ (ကျပ်သန်းပေါင်း ၃၀၀၀၀ နီးပါး) အထိ ရှိကြောင်းနှင့် သောက်ရေခပ် (၂) စီမံကိန်း ကုန်ကျစရိတ် (ရင်းနှီးမြှုပ်နှံမှု ပမာဏ) မှာ ကျပ် ၂၃၀ ဘီလျံကျော် ဖြစ်သည်ဟုလည်း သိရသည်။

ပဲခူးတိုင်းဒေသကြီး အတွင်းရှိ သောက်ရေခပ် ချောင်းပေါ်တွင် တည်ဆောက်ထားသော သောက်ရေခပ် (၂) ရေအားလျှပ်စစ် စီမံကိန်းအား BOT စနစ်ဖြင့် လုပ်ကိုင်ရန် ၂၀၀၈ ခုနှစ် မေ ၂ ရက်က လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် အေးရှားဝေါလ် ကုမ္ပဏီတို့ နှစ်ဖက်နားလည်မှု စာချွန်လွှာရေးထိုးခဲ့ပြီး ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ပဋိညာဉ်စာချုပ် ချုပ်ဆိုလုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

အေးရှားဝေါလ် ကုမ္ပဏီမှ တစ်ယူနစ် ၇၅ ကျပ်နှုန်း စတင်တောင်းခံခြင်းဖြစ်ပြီး ကုန်ကျစရိတ်များအား ပြန်လည်တွက်ချက်ကာ တစ်ယူနစ် ကျပ် ၇၀ နှုန်းဖြင့် ၀ယ်ယူရန် ပြင်ဆင်ညှိနှိုင်း ခဲ့ကြခြင်းဖြစ်ကြောင်း၊ ယခု ၂၀၁၃ ခုနှစ် တစ်နှစ်တည်းအတွက်သာ တစ်ယူနစ် ကျပ် ၇၀ နှုန်းဖြစ်ပြီး နှစ်စဉ်တစ်ယူနစ် ဓာတ်အားခဈေးနှုန်းကို ပြင်ဆင်သွားရန် ရှိသည်ဟု . . . . .

သောက်ရေခပ် (၂) ရေအားလျှပ်စစ် စီမံကိန်းအား ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလထဲတွင် စီးပွားဖြစ် စတင်လုပ်ကိုင်ခြင်း ဖြစ်ကြောင်းနှင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ ဓာတ်အားများကို စာချုပ်ဝယ်ယူခြင်းဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအထိ အေးရှားဝေါလ် ကုမ္ပဏီထံမှ လျှပ်စစ်ဓာတ်အား ယူနစ်သန်းပေါင်း ၄၂၇ ကျော်ကို ၀ယ်ယူမည် ဖြစ်ကြောင်းနှင့် ယခုတစ်နှစ်စာအတွက် အေးရှားဝေါလ် ကုမ္ပဏီသို့ ကျပ်သန်းပေါင်း ၃၀၀၀၀ (၃၀ ဘီလျံနီးပါး) နီးပါးအထိ ကုမ္ပဏီသို့ ပေးချေရမည် ဖြစ်သည်။

အဆိုပါ ကုန်ကျငွေများကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ ဘတ်ဂျက်အတွင်းမှ စိုက်ထုတ်ပေးချေရမည် ဖြစ်ကြောင်းလည်း သိရသည်။

သောက်ရေခပ် (၂) စီမံကိန်းရှိ စက်တပ်ဆင်အားမှာ ၁၂၀ မဂ္ဂါဝပ်ဖြစ်ကြောင်း၊ ဓာတ်အားများကို ၀ယ်ယူပြီး မဟာဓာတ်အားလိုင်း စနစ်အတွင်း ပို့လွှတ်ဖြန့်ဖြူးကြောင်း သိရသည်။

အေးရှားဝေါလ် ကုမ္ပဏီမှ တစ်ယူနစ် ၇၅ ကျပ်နှုန်း စတင်တောင်းခံခြင်းဖြစ်ပြီး ကုန်ကျစရိတ်များအား ပြန်လည်တွက်ချက်ကာ တစ်ယူနစ် ကျပ် ၇၀ နှုန်းဖြင့် ၀ယ်ယူရန် ပြင်ဆင်ညှိနှိုင်း ခဲ့ကြခြင်းဖြစ်ကြောင်း၊ ယခု ၂၀၁၃ ခုနှစ် တစ်နှစ်တည်းအတွက်သာ တစ်ယူနစ် ကျပ် ၇၀ နှုန်းဖြစ်ပြီး နှစ်စဉ်တစ်ယူနစ် ဓာတ်အားခဈေးနှုန်းကို ပြင်ဆင်သွားရန် ရှိသည်ဟုလည်း သိရသည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေဖြင့် လက်ရှိတွင် ၀န်ကြီးဌာန၏ လျှပ်စစ်ဓာတ်အား တစ်ယူနစ် ပျမ်းမျှထုတ်လုပ်ကုန် ကျစရိတ်မှာ ၇၈ ကျပ်အထိရှိပြီး ပြန်လည်ဖြန့်ဖြူးရာတွင် ပျမ်းမျှတစ်ယူနစ် ၅၆ ကျပ်သာ ပြန်ရ၍ တစ်ယူနစ် ၂၂ ကျပ် အရှုံးပေါ်နေသည်ဟုလည်း ထုတ်ပြန်ထားသည်။

သို့သော် မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် ထုတ်လုပ်ရာ၌ တာပိန် (၁)၊ အထက်ကွမ်းလုံကဲ့သို့ ရေအားလျှပ်စစ် စီမံကိန်းများ၏ ဓာတ်အားခဈေးနှုန်းမှာ တစ်ယူနစ်လျှင် ကျပ် ၃၀ ကျော်သာ ကျသင့်မည့် အနေအထား ရှိသည်ဟုလည်း သိရသည်။

ထို့ထက်ပို၍ ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးသည့်လုပ်ငန်း လုပ်ကိုင်မည့် ကုမ္ပဏီ အသိုင်းအ၀ိုင်းအတွင်း ပြောကြားချက် အချို့အရ ရဲရွာ၏ တစ်ယူနစ် ဓာတ်အားကုန်ကျစရိတ်မှာ ကျပ် ၃၀ မှ ၄၀ ကြားသာ ကျသင့်သည်ဟုလည်း စုံစမ်းသိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။