Friday, August 31, 2012

NED ၏ ၂၀၁၂ ဒီမိုကရေစီဆု ကိုမင်းကိုနိုင်၊ ဦးခွန်ထွန်းဦး အပါအ၀င် မြန်မာနိုင်ငံမှ ဒီမိုကရေစီအရေး လူပ်ရှားသူ (၅) ဦး ကို ချီးမြှင့်

National Endowment for Democracy ( NED) မှ ၂၀၁၂ ခုနှစ်အတွက် ချီးမြှင့်မည့် ဒီမိုကရေစီဆုအား မြန်မာနိုင်ငံမှ ရှစ်ဆယ်ရှစ် မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးနှင့်  နောက်ထပ် အထင်ကရ ဒီမိုကရေစီ အရေး လူပ်ရှားသူ ၃ ဦးတို့ကို ချီးမြှင့်သွားမည်ဟု သတင်း ရရှိသည်။
(၂၀၀၈ ခုနှစ်က NED က ချီးမြှင့်သော Democracy Award)

ပတ်စ်ပို့အတုဖြင့် မြန်မာနိုင်ငံမှ မွတ်ဆလင် ၁၆ဦး ဒက္ကားလေဆိပ်တွင် ဖမ်းဆီးခံရ


ဘင်္ဂလာဒေခ်ျ့  ပတ်စ်ပို့ အတုကိုင်ဆောင်ပြီး နိုင်ငံခြား တိုင်းပြည်များသို့ ထွက်ခွာရန် ကြိုးစားသူ မြန်မာနိုင်ငံသား မွတ်ဆလင် ၁၆ဦးကို ဘင်္ဂလားဒေ့ခ်ျ ရဲတပ်ဖွဲ့မှ ဒက္ကားမြို့ နိုင်ငံတကာ လေဆိပ်တွင် ယမန်နေ့က  ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးခံရသူများနှင့် သက်သေခံ အထောက်အထားများ (ဓါတ်ပုံ- Star)
ဘင်္ဂလာဒေခ်ျ့ထုတ် သတင်းများတွင်  ရိုဟင်ဂျာများ ဟု ဖေါ်ပြပြီး မြန်မာနိုင်ငံ အစိုးရက ဘင်္ဂလီများဟု ခေါ်ဆိုသူ ၁၆ ဦးအား  ဒက္ကားလေဆိပ်မှနေ၍ မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံသို့ မထွက်ခွာမီ ဒက္ကားလေဆိပ်သို့ အ၀င်တွင် ဘင်္ဂလာရဲက ဖမ်းမိခြင်း ဖြစ်သည်။

အရှင်ဝီရသူ ဦးဆောင်သည့် ဆန္ဒဖော် ထုတ်ပွဲ မန္တလေး၆ မြို့ တွင် ပြုလုပ်မည်


ရခိုင် ပဋိပက္ခနှင့် ပတ်သက် ပြီးနိုင်ငံတော် သမ္မတ အားထောက်ခံကာ မစ္စတာ ကင်တားနားကို ကန့်ကွက် ဆန္ဒထုတ်ဖော်ပွဲအား မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဓမ္မသဟာ ရကျောင်းနာ ယက ဆရာတော် အရှင်ဝီရသူ(မစိုးရိမ်)က ဦးဆောင်ကာ မန္တလေး(၆) မြို့နယ်တွင် ပြုလုပ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြု ဇာတ်လမ်း ရိုက်ကူးမှု လူအများ ထိပ်လန့်


ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြု ဇာတ်လမ်း ရိုက်ကူးမှု လူအများ ထိပ်လန့်ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ပုဇွန်တောင် စာတိုက် မှတ်တိုင် အနီးရှိ ကြည်တော် ရဲတပ်ဖွဲ့ လူနေ လိုင်းခန်းတွင် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြု ဇာတ်လမ်း ရိုက်ကူးမှုကြောင့် လမ်းသွား လမ်းလာများ၊ မော်တော်ယာဉ်စီး ခရီးသည် များနှင့် ဒေသခံ ပြည်သူများကြား အထိပ်တလန့် ဖြစ်ခဲ့ရကြောင်း ၎င်းတို့၏ ပြောကြားချက်အရ သိရသည်။

မန္တလေးရှိ သမိုင်းဝင် ယဉ်ကျေးမှုအမွေ အနှစ်များ ပြုပြင်ထိန်းသိမ်းမှု များ ပြုလုပ်မည်


မန္တလေးမြို့ရှိ မြနန်း စံကျော် ရွှေနန်းတော်၊ နန်းမြို့ရိုးနှင့် ကျုံး၊ သမိုင်းဝင် ခံတပ် များကို Historical Park များအဖြစ် အကြီးစားပြုပြင် မွမ်းမံ ထိန်းသိမ်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြင်ဆင်မှုများ ပြုလုပ်ရာတွင် ရွှေဘိုမြို့ရှိ ရွှေဘုံရတနာ မင်္ဂလာနန်းတော် နှင့်ပဲခူးမြို့ရှိကမ္ဘောဇသာဒီနန်းတော်တို့လည်းပါဝင်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့်စာကြည့်တိုက် ဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ဦးကျော်လွင်ဦးမှပြောကြားခဲ့သည်။ ထိုသို့မွမ်းမံမှုများ လုပ်ကိုင်ဆောင်ရွက်ရန်အတွက်လည်း ပုဂ္ဂလိက လုပ်ငန်းရှင်များအားဖိတ်ခေါ်ထားသည်ဟုသိရှိရသည်။

မြန်မာသဘာဝ ဘေးအန္တရာယ်ကြောင့် စီးပွားရေးတိုးတက်မှု ထိခိုက်နိုင်ကြောင်း သတိပေး


မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသော သဘာဝ ဘေးအန္တရာယ် များကြောင့် တိုင်းပြည်၏ ဘဏ္ဍာရေးကို ထိခိုက်လာနိုင်ကြောင်း  ADB နှင့် သဘာဝ ဘေးအန္တရာယ် လေ့လာရေးအဖွဲ့ Maplecroft အဖွဲ့က ၂၂-၈-၂၀၁၂ ရက်တွင် သုံးသပ် ပြောကြားလိုက်သည်။

နိုင်ငံတော်ဘတ်ဂျက်ကိုမမှီခိုဘဲ ဆက်သွယ် ရေးလုပ်ငန်းကို တိုးတက်အောင် ဆောင် ရွက်မည်


မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်းကို နိုင်ငံတော်၏ ဘတ်ဂျက်ကို မမှီခိုဘဲ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ်၍ ဆက်သွယ်ရေး ကဏ္ဍ တိုးတက် လာအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးသိန်းဦးက ၂၆-၈- ၂၀၁၂ ရက်တွင် ပြောသည်။

၂၀၃၀ တွင် မြန်မာနိုင်ငံ၏ လူတစ်ဦးချင်း ဝင်ငွေလက်ရှိထက် သုံးဆ တက်လာမည် ဟုဆို


လာမည့် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ လူတစ်ဦး ချင်းစီ၏ ဝင်ငွေ လက်ရှိ ထက် သုံးဆ တက်လာနိုင်မည် ဖြစ်ကြောင်း  အာရှ ဖွံ့ဖြိုးရေး ဘဏ် (ADB) ၏ အရှေ့တောင် အာရှ၊ တောင်အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ဒုတိယ အကြီးအကဲ စတီဇင်ဂရောင်၏ အစီရင်ခံစာ တစ်ရပ်တွင် ဖော်ပြထားသည်။

တရုတ်သို့ ဆန်များ တရားမဝင် စီးဆင်းပြီး ဈေးနှိမ်ခံနေရမှု ညှိနှိုင်းမည်


စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်သည် စက်တင်ဘာလ၌ တရုတ်နိုင်ငံကို သွားရောက်ကာ တရားမဝင် ဆန်ဝယ်ယူ နေသည့် ကိစ္စကို တရားဝင် ရောင်းဝယ်မှု ဖြစ်ပေါ်စေရေးအတွက် ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

အကြီးစားပြုပြင်မှုများအား ထပ်မံမျှော်လင့်နေသည့် မယူတောင်ကြားဥမင်လှိုင်ခေါင်း


မြန်မာ-ဘင်္ဂလာဒေ့ရှ် နယ်စပ်ကုန်စည် လည်ပတ်စီးဆင်းမှုတွင် အဓိကအရေးပါသော   ဘူးသီးတောင်-မောင်တော မယူတောင်ကြားလမ်းရှိ ဥမင်လှိုင်ခေါင်းကြီးအား  အကြီးစားပြုပြင်မွမ်းမံရန် လိုအပ်နေပြီဖြစ်ကြောင်း ယာဉ်မောင်းများထံက သိရသည်။

နှစ်ကာလသက်တမ်းကြာမြင့်လာသည်နှင့် လှိုင်ခေါင်း ခေါင်မိုးနံရံများ နိမ့်ကျလာခြင်း၊ မြေသားနံရံများကွာကျလာခြင်းနှင့်   ရေစိမ့်ကျမှုများရှိလာရာ ရေရှည်အနာဂါတ်ကာလ များတွင် ဆက်လက်အသုံးပြု  သွားလာနိုင်ရန်အတွက် အကြီးစားပြုပြင် မွမ်းမံရန် လိုအပ်နေခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

နယ်စပ်တက်ဝယ်နေခြင်းကြောင့် ဆိုင်ကယ်ဝယ်ရောင်းဈေးကွက်ပျက်လုနီးပါးဖြစ်နေ


ရှမ်းပြည်နယ်မြောက်ပိုင်း ဆိုင်ကယ်ဈေးကွက်တွင် ဝယ်ရောင်းလုပ်ကိုင်သူများနှင့် တင်သွင်းသူများမှာ လုပ်ငန်း ရပ်နားထားရသည့်အထိ အရောင်းအဝယ်ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။

စလစ်ဈေး (၅)သိန်းဝန်းကျင်မြင့်တက်၊ ဗ/ဘ နံပါတ်ကုန်ပါက ပုံမှန်အနေအထားပြန်ရောက်ဖွယ်ရှိ


ရန်ကုန်ကားဈေးကွက်အတွင်း စလစ်ဈေး (၅)သိန်းဝန်းကျင်ပြန်လည်မြင့်တက်ခဲ့ပြီး ဗ နှင့် ဘ နံပါတ်တွေ ထွက်သွားပါက စလစ်ဈေးကပုံမှန်ပြန်ဖြစ်သွားနိုင်ကြောင်း ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းကသိရှိရသည်။

အင်ဒိုနီးရှား ကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ် ရောက်လာ

စစ်တွေ (မဇ္ဈိမ) ။        ။ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းရန်အတွက် အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဌာန အကြီးအကဲ မစ္စတာ အရီဖင် မူဟာဒီ Mr. Arifin Muh Hadi သည် အဖွဲ့ဝင် ခုနှစ်ဦး လိုက်ပါလျက် စစ်တွေမြို့သို့ ကြာသပတေးနေ့ နံနက်ပိုင်းက ရောက်ရှိလာသည်။

အစိုးရပေါ်လစီမှသည် အရည်အချင်း အကယ်ဒမီဆုသို့

ရန်ကုန် (မဇ္ဈိမ) ။       ။ ပြန်ကြားရေးဝန်ကြီးဌာနက ထိန်းချုပ်ခဲ့ပြီး အစိုးရအကြိုက် ပေါ်လစီကား များကိုသာ ဦးစားပေး ရွေးချယ်လေ့ရှိသော အကယ်ဒမီ ရုပ်ရှင် ထူးချွန်ဆု ရွေးချယ်မှုကို ၂ဝ၁၃ နှစ်အတွက်မှ စတင်၍ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးကသာ ဦးဆောင် ချီးမြှင့်သွားတော့မှာ ဖြစ်သည်။

လျှပ်စစ်ဓါတ်အား ဖြန့်ဝေရေးလုပ်ငန်း ပုဂ္ဂလိကသို့ စတင်ပေး

ရန်ကုန်(မဇ္ဈိမ) ။        ။ မန္တလေးတိုင်း၊ ချမ်းမြသာစည်ရှိ လျှပ်စစ်ဓါတ်အား ဖြန့်ဝေရေး လုပ်ငန်းကို စက်တင်္ဘာ လဆန်းမှ စတင်၍ ပုဂ္ဂလိက ကုမ္ပဏီတခုအား လုပ်ကိုင်ခွင့် ပြုလိုက်ကြောင်း တိုင်းဒေသကြီး မြန်မာ့ လျှပ်စစ်ဓါတ်အား လုပ်ငန်းက ပြောသည်။

တိုက်ပွဲများကြောင့် ဖားကန့်မြို့နယ် လောင်စာဆီ သိုလောင်ရုံတခု ပေါက်ကွဲ

ချင်းမိုင်(မဇ္စျိမ) ။        ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရတပ်တို့အကြား ပစ်ခတ် တိုက်ခိုက်မှုများကြောင့် ဖားကန့်မြို့နှင့် နှစ်မိုင်အကွာ ဆိုင်းဂျာဘွမ် ကျေးရွာရှိ ဝေအောင်ကမ္ဘာ အကျိုးတူ ကုမ္ပဏီပိုင် လောင်စာဆီ သိုလောင်ရုံထဲသို့ လက်နက်ကြီး ကျကာ ပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း သိရသည်။ 

ထားဝယ် စီမံကိန်းအတွက် ကလုံးထာ ကျေးရွာ ပြောင်းဖို့ ငြင်းဆန်

ရန်ကုန် (မဇ္ဈိမ) ။       ။ ရေကာတာ တည်ဆောက်ရန် အတွက် အိမ်ထောင်စု ၁၈ဝ ကျော်ရှိ ရွာတရွာကို ရွှေ့ပြောင်း
ပေးရန် ထားဝယ် ဖွံ့ဖြိုးမှု စီမံကိန်း ဆောင်ရွက်နေသည့် အီတာလျံ-ထိုင်းကုမ္ပဏီ ITD က ညှိနှိုင်းနေသော်လည်း ရွာသားများက ပြောင်းရွှေ့ရန် ငြင်းဆန်နေကြသည်။

 ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည့် ဒေသအချို့ ရေပြန်ကျသွားပြီဖြစ်သော်လည်း ကူညီထောက်ပံ့မှုများ လိုအပ်နေသေးကြောင်း သိရ


ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည့် ဒေသအချို့တွင် ရေအနည်းငယ် ပြန်ကျသွားပြီဖြစ်သော်လည်း ကူညီထောက်ပံ့မှုများ လိုအပ်နေသေးကြောင်း ဒေသခံများထံမှ သိရသည်။ 
ဧရာဝတီတိုင်းဒေသကြီးတွင် မြို့နယ် ၂၆ မြို့နယ်ရှိသည့်အနက် သြဂုတ်လအတွင်း ပုသိမ်၊သာပေါင်း၊ ကျောင်းကုန်း၊ ကန်ကြီးဒေါင့်၊ ကျုံပျော်၊ ရေကြည်၊ ပန်းတနော်၊ ဓနုဖြူမြို့နယ်များတွင် မိုးများပြီး မြစ်ရေကြီးမှုကြောင့် လူနေအိမ်များ၊ စပါးစိုက်ကွင်းများ ရေကြီးနစ်မြုပ်ခဲ့ရသည်။ 

 ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား မဲစနစ်ဖြင့် ပြန်လည်ရွေးချယ်ခဲ့ပြီး အများစု စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း သိရ


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  ရပ်ကွက်၊ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများအား မဲစနစ်ဖြင့် ပြန်လည်ရွေးချယ်မှုခဲ့ပြီး အများစု စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ် ချုပ်ရေးမှူးများ ရွေးချယ်ရန်အတွက် ထုတ်ပြန်ခဲ့သော နည်းဥပဒေများအရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရန် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရမည်ဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကြီးကြပ်ရေးအဖွဲ့ဝင်အဖြစ် ရပ်မိရပ်ဖငါးဦးကို ရွေး ချယ်ပေးရမည်ဖြစ်ကြောင်း သိရသည်။ 

 Black list စာရင်းမှ ပယ်ဖျက်လိုက်သော မြန်မာနိုင်ငံသားများ စာရင်းကို နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်


Black List စာရင်းမှ ပယ်ဖျက်လိုက်သော မြန်မာနိုင်ငံသားများ စာရင်းကို နိုင်ငံတော် သမ္မတရုံးမှ သြဂုတ်လ ၃၀ ရက်နေ့တွင်၎င်း၏ ဝက်ဘ်ဆိုက် မှတစ်ဆင့် ထုတ်ပြန်ကြေညာ ခဲ့ပါသည်။
အမည်ပျက်စာရင်း Black List သတ်မှတ် ခံထားရသည့် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသား ၆၁၆၅ ဦးအနက် ၂၀၈၂ ဦးကို စာရင်းမှ ပယ်ဖျက်ပေးခဲ့ရာ မြန်မာနိုင်ငံသား ၉၃၅ ဦးနှင့် နိုင်ငံခြားသား ၁၁၄၇ဦးတို့ ပါဝင်ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ဝက်ဘ်ဆိုက်မှ ထုတ်ပြန် ကြေညာချက်များအရ သိရသည်။

 သြဂုတ်က ၂၇ ရက်နေ့မှစတင်ပြီး ဖားကန့်ဒေသတွင် တိုက်ပွဲများပြင်းထန်နေကြောင်းသိရ


001-watermarkကချင်ပြည်နယ် ဖားကန့်ဒေသအတွင်း သြဂုတ်လ ၂၇ ရက်နေ့မှစတင်ပြီး KIA နှင့် တပ်မတော်အကြား တိုက်ပွဲ များ အပြင်းအထန်ဖြစ်ပွားနေကြောင်း ဒေသခံများ၏ပြောကြားချက်အရသိရှိရသည်။

 Black List မှ ပယ်ဖျက်လိုက်သော နိုင်ငံခြားသားများစာရင်းကို နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်


Black List မှ ပယ်ဖျက်လိုက်သော နိုင်ငံခြားသားများစာရင်းကို နိုင်ငံတော်သမ္မတရုံးက ယနေ့ သြဂုတ်လ ၃၀ ရက်နေ့တွင် ၎င်း၏၀က်ဘ်ဆိုက်မှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။ 

ပြည်ပနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သူတချို့ အမည်မဲစာရင်းမှ ပယ်ဖျက်ပေးဖို့ မရှိသေး



2012-08-30
ဦးသိန်းစိန် အစိုးရအဖွဲ့အနေနဲ့ ယခင်အစိုးရ လက်ထက်က ပြည်ပနိုင်ငံတွေမှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံခဲ့သူတွေကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ အမည်မဲစာရင်း Blacklist ထည့်သွင်းထားမှုကနေ ပယ်ဖျက်ပေးဖို့ လောလောဆယ် အစီအစဉ် မရှိသေးဘူးလို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက RFA ကို ဒီကနေ့ ပြောပါတယ်။
Photo: Myanmar President Office
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်က နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး အစည်းအဝေး ခန်းမ၌ ဒုတိယအကြိမ် စီမံကိန်းကော်မရှင် တတိယနေ့ အစည်းအဝေး ကျင်းပနေစဉ်။

အတိုက်အခံတွေ မြန်မာပြည်သွားမည်



2012-08-30
ပြည်ပရောက် အတိုက်အခံ အဖွဲ့အစည်း ခေါင်းဆောင်တချို့ဟာ သမ္မတဦးသိန်းစိန်ရဲ့ ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံကို နှစ်ပတ်ကြာ ခရီးစဉ်အဖြစ် မနက်ဖြန် သွားရောက်မှာ ဖြစ်ပါတယ်။
(Photo: AFP)
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ၏ နိုင်ငံခြားရေး တွဲဖက် တာဝန်ခံ ဦးညိုအုန်းမြင့် (Photo: AFP)

ဖားကန့် အင်န်အယ်လ်ဒီ ဒုက္ခသည်တွေကို ကူညီ



2012-08-30
ဖားကန့်မြို့နယ်အတွင်းရှိ ဒုက္ခသည် စခန်း ၃၁ ခုက စစ်ပြေးဒုက္ခသည်တွေကို ဖားကန့်မြို့ အင်န်အယ်လ်ဒီက ကူညီထောက်ပံ့နေတယ်လို့ သိရပါတယ်။

၈၈ မျိုးဆက်နဲ့ ဂီတအနုပညာရှင်များ ရေဘေးဒုက္ခသည်ကို ထောက်ပံ့ကူညီ



2012-08-30
ဧရာဝတီတိုင်းအတွင်းက ရေဘေး ဒုက္ခသည်တွေအတွက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ဂီတအနုပညာရှင်တွေက စားနပ်ရိက္ခာနဲ့ တခြားအထောက်အပံ့ ပစ္စည်းတွေ ဒီကနေ့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၈ ရက်က ဧရာဝတီတိုင်း သာပေါင်းမြို့နယ်၊ ထန်းစင်လှကျေးရွာ ရေနှစ်မြုပ်နေသည်ကို တွေ့ရစဉ်။

၈၈ မျိုးဆက် မုံရွာဒေသခံပြည်သူများနှင့် တွေ့ဆုံ



2012-08-30
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဆောက်လုပ်ရေး စီမံကိန်းတ၀ိုက်က အဓမ္မ ပြောင်းရွှေ့ခံရတဲ့ မုံရွာမြို့က အိမ်ခြေ (၇၀) ကျော်ရဲ့ နစ်နာဆုံးရှုံးမှုတွေကို အကူအညီပေးနိုင်ဖို့ ကိုထွန်းမြင့်အောင်၊ ကိုမျိုးသန့်စတဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့တွေက ဒေသခံပြည်သူတွေနဲ့ မုံရွာမြို့မှာ ဒီကနေ့ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

သိမ်းထားတဲ့လယ်မြေ ပြန်လည်ပေးအပ်ဖို့ ယုဇနက ကတိပြု



2012-08-30
ကချင်ပြည်နယ် အနောက်မြောက်ပိုင်း ဟူးကောင်း ချိုင့်ဝှမ်းဒေသမှာ လယ်ယာမြေဧက (၂) သိန်းကျော် အဓမ္မ သိမ်းယူထားတယ်လို့ စွပ်စွဲခံနေရတဲ့ ယုဇနကုမ္ပဏီအနေနဲ့ ကုမ္ပဏီအပေါ် တရားစွဲဆိုထားတဲ့ ဒေသခံတောင်သူတွေရဲ့ လယ်ဧက (၃၀၀၀) လောက်ကို ပြန်လည်ပေးအပ်ဖို့ ကတိပြု ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
RFA
ကချင်ပြည်နယ် အနောက်မြောက်ပိုင်း ဟူးကောင်း ချိုင့်ဝှမ်းဒေသ လယ်သမားများအရေး ဆောင်ရွက်နေသော အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဗဟိုဦးစီးအဖွဲ့ဝင် ဒေါ်ဘောက်ဂျာ

မြန်မာအစိုးရ ခေါင်းဆောင်တချို့ ပြည်ဝင်ခွင့်ကန့်သတ်မှု အမေရိကန်လျှော့ပေး



2012-08-29
၂၀၀၈ ခုနှစ်ကစပြီး အမေရိကန် အစိုးရက မြန်မာစစ် အစိုးရအပေါ် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားခဲ့ရာမှာ ဗုဒ္ဓဟူးနေ့ကတော့ သမ္မတ အိုဘားမားက သမ္မတ ဦးသိန်းစိန်အပေါ် ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်မှု ကင်းလွတ်ခွင့် ပြုလိုက်ပါတယ်။

အင်ဒိုနီးရှား အထူးသံတမန်အဖွဲ့ ဒီမိုကရေစီ မိတ်ဆွေများ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ



2012-08-29
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အင်ဒိုနီးရှား အစိုးရရဲ့ အထူးသံတမန် Dr.Hssaan Wirajuda ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီမိုကရေစီ မိတ်ဆွေများ ပါတီအဖွဲ့ဝင် (၁၀) ပါတီက ခေါင်းဆောင်တွေနဲ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရုံးမှာ မနေ့ ညနေပိုင်းက တွေ့ဆုံခဲ့ပါတယ်။

ပျဉ်းမနားတွင် ရဲအရာရှိတစ်ဦး မီးရှို့သေဆုံး



2012-08-29
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲအုပ်အဆင့်ရှိတဲ့ ထောက်လှမ်းရေး အရာရှိတစ်ယောက် ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့အဆုံးစီရင် သွားခဲ့တယ်လို့ ယူဆရတဲ့ ဖြစ်ရပ်တစ်ခု နေပြည်တော် ပျဉ်းမနားမြို့မှာ မနေ့ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

Thursday, August 30, 2012

ကရင်ပြည်နယ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဆဲ


အစိုးရက နိုင်ငံတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေးများ ဆက်လက် လုပ်ဆောင်မည်ဟု ကတိပြုနေသော်လည်း ကရင် ပြည် နယ် အတွင်းရှိ မိသားစုများ၏ သုံးပုံ တပုံခန့်သည် လူ့အခွင့်အရေး ချိုးဖောက်မှု ခံနေရဆဲဖြစ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ တဖွဲ့က ထုတ်ဖော် ပြောကြား လိုက်သည်။

ဦးပိုင် ရှင်းလင်းချက် မပြည့်စုံဟု ကြေးနီစီမံကိန်း ယာသိမ်းခံများ တုံ့ပြန်


စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်း ကြေးနီ စီမံကိန်းအတွက် သိမ်းမြေများနှင့်ပတ်သက်၍ မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက်နှင့် တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဌတို့၏ ဖြေရှင်းချက်များမှာ ယာသိမ်းခံတောင်သူများ၏ နစ်နာမှုများကို လျစ်လျူရှု ခဲ့ကြောင်း မူရင်းယာပိုင်ရှင်များက ပြောသည်။

ဒုက္ခသည်များအတွက် အကူအညီ စစ်သင်္ဘောဖြင့် ပို့မည်


မလေးရှားနိုင်ငံ အန်ဂျီအို  တစ်ခုမှ မြန်မာ မွတ်ဆလင် ဒုက္ခသည်များ အတွက် အကူအညီများကို ဘင်္ဂလာဒေခ်ျ့သို့ စစ်သင်္ဘော တစ်စီးဖြင့် ပို့ဆောင်ပေးမည်ဟု ဆိုသည်။

မြန်မာ-ဘင်္ဂလားဒေ့ခ်ျ ပတ်စ်ပို့ဖြင့် နယ်စပ် ဖြတ်ကျော် ခရီးသွားလာခွင့် ပြန်လည် ဖွင့်လှစ်


ရခိုင်တွင် ပေါ်ပေါက်ခဲ့သော ဆူပူအကြမ်း ဖက်မှုကြောင့် သုံးလကြာ ပိတ်ထားခဲ့ရသော မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နယ်စပ် ပတ်စ်ပို့ဖြင့် နေ့ချင်ပြန် နိုင်ငံ ဖြတ်ကျော်သွားလာခွင့်ကို ယမန်နေ့ သြဂတ်(စ်)လ ၂၈ ရက်နေ့က  ပြန်လည် ဖွင့်လှစ် လိုက်ပြီးဖြစ်ကြောင်း သတင်း ရရှိသည်။

ပြည်ပရောက် မြန်မာ ပညာရှင် များကို အမြဲတမ်းနေထိုင် ခွင့်ပေးရန် သမ္မတ စဉ်းစား


ပြည်ပရောက် မြန်မာပညာ ရှင်များ မြန်မာနိုင်ငံသို့ ပြန်လာ၍ နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်နိုင်စေရန် ၎င်းတို့ကို မြန်မာနိုင်ငံသား အဖြစ် ပြန်လည် မခံယူသေး ပါကလည်း အမြဲတမ်းနေထိုင်ခွင့် (PR-Permanent Resident) ကဲ့သို့ ပုံစံမျိုးဖြင့် ခွင့်ပြုရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စဉ်းစားနေကြောင်း သတင်းရရှိသည်။

နိုင်ငံခြားမှ ဆက်သွယ်ရေး ဂြိုဟ်တု ငှားသုံး မသုံး ဈေးနှုန်းပေါ် မူတည်


ဆက်သွယ်ရေး ဆိုင်ရာ ဂြိုဟ်တု ငှားရမ်း သုံးစွဲနှုန်း အပေါ် မူတည်ပြီး ငှားရမ်းခြင်းပြု မပြုကို ဆုံးဖြတ်သွားမည်ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ သိရသည်။ ''ဈေးချိုရင်တော့ ၅ နှစ်စာ ချုပ်ပြီး ငှားရမ်းသုံးစွဲသွားမှာပါ။ ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ် ဆိုရင် ငှားသုံးမယ်။ အကျိုးမရှိဘူး ထင်ရင်တော့ သုံးစွဲသွားမှာ မဟုတ် ပါဘူး''ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦး က ပြောသည်။

၅ဝဝဝတန် အတု သိန်းတစ်ရာကျော် ဖမ်းဆီးရမိ

၅ဝဝဝ တန် အတု သိန်းတစ်ရာကျော် ဖမ်းဆီးရမိ
မြန်မာ ကျပ်ငွေ သိန်းတစ် ရာ ကျော် တန်ဖိုးရှိ ငွေစက္ကူ ကျပ် ၅ဝဝဝ တန် အတုများ သယ်ဆောင် လာသူ အမျိုးသမီး တစ်ဦးအား တောင်ကြီးမြို့နယ် ဟိုမိန်းဒေသ တွင် ဒေသခံပြည် သူ့စစ်အဖွဲ့တစ်ဖွဲ့ က သြဂုတ်လ ၂၄ ရက်တွင် ဖမ်း ဆီးရမိခဲ့သည် ဟု 
သိရသည်။

သန်းခေါင် စာရင်း ကောက်ယူရာတွင် လူမျိုးစု အားလုံး ပါဝင်ရန် အရေးကြီး ဟုဆို


နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်း စုကြည်တို့ နှင့် နေပြည်တော်တွင် သြဂုတ်လ ၂၇ ရက်နေ့က တွေ့ဆုံခဲ့သော ကုလသမဂ္ဂ လူဦးရေ ရံပုံငွေ အဖွဲ့ (UNFPA) အမှုဆောင် ဒါရိုက်တာ Dr.Babatunde Osotimehin က သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးစု အားလုံးပါဝင်ရန် အရေးကြီးကြောင်း ထုတ်ပြန်ပြောကြားသည်။

ပခုက္ကူမြို့တွင် အုပ်စု ဖွဲ့ရမ်းကားမှု တစ်ခုဖြစ်ပွား

ပခုက္ကူမြို့တွင် အုပ်စု ဖွဲ့ရမ်းကားမှု တစ်ခုဖြစ်ပွား
ပခုက္ကူမြို့တွင် သြဂုတ်လ ၂၇ ရက် ည ၉နာရီခွဲ အချိန် ခန့်က အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅၀ ခန့်ရှိ လူအင်အားတစ်စုသည် ပခုက္ကူမြို့ အမှတ် ၁၂ ရပ်ကွက် အတွင်း ၀င်ရောက်ကာ ၄င်းရပ်ကွက်အတွင်းတွင်ရှိသော လူအများကို ရိုက်နှက်ခြင်း၊ ဈေးဆိုင်အချို့ရှိ ပစ္စည်းများကို ဖျက်စီးခြင်း ၊နေအိမ်များကို ခဲဖြင့် ပစ်ပေါက်ခြင်း၊ ၀န်းထရံများကို ချိုးဖျက်ခြင်းနှင့် အဆိုပါ ရပ်ကွက်အတွင်းရှိ ရာအိမ်မှူးအပါအ၀င် ရပ်ကွက်နေပြည်သူများကို ယုတ်ရင်းကြမ်းတမ်းစွာ ဆဲဆို ကြိမ်းမောင်း မှုြ
ဖစ်ရပ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရခိုင်အကြမ်းဖက်သူများကို စားသောက် ကုန်များ ထောက်ပံ့သည်ဟုဆိုကာ ဓားဖြင့် ထိုးသတ်


ရခိုင်ပြည်နယ် မြောက်ဦး မြို့ နယ် အတွင်း ရန်ကုန်-စစ်တွေ လမ်းဘေး လောင်းကြက်ကျေးရွာတွင် ဆူပူအကြမ်းဖက် သူများကို စား သောက်ကုန် များ ထောက်ပံ့ပေး သည်ဟုစွပ်စွဲကာ ဓားဖြင့် ထိုးသတ် မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ရခိုင် ပြည်နယ်အစိုးရရုံးမှ သိရသည်။

ဆမ္မဆယ်လမ်းကြောင်းမှ တစ်နေ့လျှင်နွားကောင်ရေ တစ်ထောင်ဝန်းကျင် တရုတ်သို့တင်ပို့နေ


ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုနယ်ဆမ္မဆယ်ကျေးရွာမှတဆင့် တရုတ်ပြည်သို နွားကောင်ရေတင်ပိုများရှိ နေရာ  တစ်နေလျှင် နွားကောင်ရေ(၁၀၀၀)၀န်းကျင်  တင်ပို့နေသည်ဖြစ်၍ နွားမျိုးပြုန်းတီးမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ဆန်ဈေးတည်ငြိမ်စေရန် အရန်ဆန်တန်ချိန်ငါးထောင် ချရောင်းမည်


ပြည်တွင်းဆန်ဈေးကွက်တွင်း  ဆနဈေးနန်းများမြင့်တက်နေခြင်းကြောင့်  မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များ အသင်းမှ အရန်ဆန်တန်ချိနငါးထောင်ဈေးကွက်တွင်း ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်း  သိရှိရသည်။

CDMA ဖုန်းများပါ ဖုန်းသံစဉ် ရတော့မည်


မိမိ၏ မိုဘိုင်းဖုန်းသံစဉ် My Ring Tune စနစ် ထည့်သွင်းအသုံးပြုခွင့်ကို CDMA ဖုန်းများပါ အသုံးပြုနိုင်ရန် ၀န်ဆောင်မှုပေး မည်ဖြစ်ကြောင်း Fortune International ကုမ္ပဏီက သိရသည်။

ဖုန်းခေါ်ဆိုရာတွင် သာမာန်ဖုန်းမြည်သံအစား မိမိထည့်သွင်း အသုံးပြုလိုသည့် သီချင်းသံကို ပြောင်းလဲ ထားသော My Ring Tuneစနစ်တစ်ခုဖြစ်ပြီး လက်ရှိတွင် အဆိုပါစနစ်ကို ဂျီအက်စ်အမ်မိုဘိုင်း ဖုန်းများနှင့် ကမ်းရိုးတန်း WCDMA ဖုန်းများတွင်သာ အသုံးပြုနေခြင်းဖြစ်သည်။

အကြီးမားဆုံးသော အစိုးရအဖွဲ့ပြောင်းလဲမှုအပေါ်တွင် ပြည်သူဘက်က အကောင်းမြင်


နိုင်ငံတော် သမ္မတကြီးမှ ပြည်ထောင်စု ဝန်ကြီးနှင့်ဒုတိယဝန်ကြီး အသစ်များအား ပြောင်းလဲခန့်အပ်သည့် အပေါ်တွင်   ပြည်သူအကျိုးအတွက် အမှန်တကယ်ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိသဖြင့် ကြိုဆိုကြောင်း ပြည်သူများက ဆိုသည်။

ဂျပန်ကလပ်အသင်းများတွင် မြန်မာများ လေ့ကျင့်ကစားရန် သဘောတူ

ရန်ကုန် (မဇ္ဈိမ)။             ။ မြန်မာ ဘောလုံး အားကစားသမား လူငယ်များကို ဂျပန် ကလပ် အသင်းများ၊ ဂျပန် လူငယ်အသင်းများတွင် သွားရောက်ကစားလေ့ကျင့်နိုင်ရန် မြန်မာ နေရှင်နယ်လိဂ် နှင့် ဂျပန်ဘောလုံးလိဂ် J-League တို့ တနင်္လာနေ့က ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် စာချုပ် ချုပ်ဆိုခဲ့ကြသည်။

ထိုးစစ်ဆင် ရှေ့တန်းတပ်များကို သမ္မတ အရေးယူရန် ကချင်များ တောင်းဆို

ချင်းမိုင်(မဇ္စျိမ)။   ။ သမ္မတ၏ ညွှန်ကြားချက်အား မလိုက်နာဘဲ ကချင်ပြည်နယ်တွင် ထိုးစစ်များ ဆင်နွှဲလျက်ရှိသည့် အစိုးရ ရှေ့တန်းတပ်များကို “ထိရောက်စွာ အရေးယူပေးရန်” ကချင်အဖွဲ့အစည်းများက တောင်းဆိုလိုက်ကြသည်။ 

ခွင့်ပြုမိန့်မရ ရိုဟင်ဂျာ ဆန့်ကျင်ရေး ဆန္ဒပြမှု ဆက်လက်ကြားနာ

ရန်ကုန် (မဇ္ဈိမ) ။       ။ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်စ် ကွင်တားနား သြဂုတ်လဆန်းပိုင်းက
မြန်မာနိုင်ငံသို့ လာရောက်စဉ် ရိုဟင်ဂျာ ဆန့်ကျင်ရေး ဆန္ဒပြမှု ဦးဆောင်ခဲ့သူများအား တရားစွဲဆိုထားသည့်အမှုကို စမ်းချောင်းမြို့နယ် တရားရုံးက အင်္ဂါနေ့တွင် ကြားနာခဲ့သည်။

ပြည်ပ ငွေအကူများကို လယ်ယာ ကဏ္ဍတွင် အဓိက သုံးစွဲသွားမည်

ရန်ကုန် (မဇ္ဈိမ) ။       ။ နိုင်ငံတကာက ပံ့ပိုးလာသည့် ငွေကြေးအကူအညီများကို မြန်မာ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဓိကထား သုံးစွဲသွားမည်ဟု သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်ကို ကိုးကား၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့် က ပြောသည်။

အဏ္ဏဝါ ဂေဟစနစ် ကျွန်းစုမှ စတင်ထိန်းသိမ်းရန် ပြင်ဆင်

ရန်ကုန် (မဇ္ဈိမ)။   ။ ဇီဝမျိုးစုံ မျိုးကွဲများနှင့် ရေသံယံဇာတများတည်ရှိရာ တနင်္သာရီတိုင်း၊  ကျွန်းစုမြို့နယ်၌ သန္တာကျောက်တန်း၊ ပင်လယ်မြက်ခင်း အပါအဝင် အဏ္ဏဝါဂေဟစနစ် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ယခုနှစ်အတွင်း
ဆောင်ရွက်သွားရန် အဆိုပြုထားကြောင်း ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူ တဦးက ပြောသည်။

 တောင်ငူမြို့၏ စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်အထက်သို့ ထပ်မံရောက်ရှိ ဒုတိယအကြိမ် ရေလွှမ်းမိုးခြင်းကြောင့် စိုက်ပျိုးခြင်းမရှိသေးသည့် လယ်မြေများပျက်စီးမှု ပိုများနိုင်


တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေသည် ယင်းမြို့၏စိုးရိမ်ရေအမှတ် အထက်သို့ ဒုတိယအကြိမ်မြင့် တက်ရောက်ရှိလာပြီး ပထမအကြိမ် ရေလွှမ်းမိုးစဉ်က ပျက်စီးသွားသော လယ်မြေများတွင် အစားထိုးစိုက်ပျိုး ရန်မျိုးစပါးများ ပံ့ပိုးထားသော်လည်း ပြန်လည်စိုက်ပျိုးနိုင်ခြင်း မရှိသေးဘဲ ပထမအကြိမ်ရေလွှမ်းမိုးမှုဖြစ်ပွားစဉ်က ထိခိုက်ခဲ့သောလယ်မြေများ ဒုတိယအကြိမ်ရေလွှမ်းမိုးမှု ဖြစ်ပွားပါက ပျက်စီးဆုံးရှုံးမှု ထပ်မံဖြစ်ပွား နိုင်ကြောင်း ဒေသခံမိုးစပါးစိုက်ပျိုးသူ တောင်သူလယ်သမားများထံမှ သိရှိရသည်။

 တံတားဦးမြို့နယ် စကားအင်း-ဒေါင်းဦးလမ်း မိုင်တိုင်အမှတ်(၃၈၁/၅) မိုင်အနီးရှိ မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ လမ်းပိုင်းပြိုကျမှုကြောင့် ခရီးသွားဒေသခံအချို့ ယာဉ်တိမ်းမှောက်မှုများ ဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် စကားအင်း-ဒေါင်းဦးလမ်း မိုင်တိုင်အမှတ်(၃၈၁/၅)မိုင်အနီးရှိ ကျောက်ဖြူမှ ယူနန်သို့ သွယ်တန်းထားသော ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းရာ လမ်းပိုင်းပြိုကျမှုကြောင့် ခရီးသွားဒေသခံအချို့ ယာဉ်တိမ်းမှောက်မှုများဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း သိရသည်။

 သာကေတမြို့နယ်တွင် လိုက်ထရပ်ကိုယ်ပိုင်ယာဉ်နှင့် ဟီးနိုးကွန်တိန်နာ ယာဉ်နှစ်စီးတိုက်မှုကြောင့် လေးဦးအပြင်းအထန်ဒဏ်ရာရရှိကာ ရှစ်ဦး အနည်းအငယ်ဒဏ်ရာရရှိခဲ့

သာကေတမြို့နယ်တွင် လိုက်ထရပ်ကိုယ်ပိုင်ယာဉ်နှင့်ဟီနိုးကွန်တိန် နာယာဉ်နှစ်စီးတိုက်မှုကြောင့် လေးဦး အပြင်းအထန်ဒဏ်ရာရရှိကာ ရှစ်ဦး အနည်းငယ်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှ သိရသည်။

 မြန်မာနိုင်ငံ၌ ဦးနှောက်သေ နှလုံးခုန်နေသည့် ကျောက်ကပ်အလှူရှင်ထံမှ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသနိုင်ရန် စတင်ပြင်ဆင်နေဟု သိရ


မြန်မာနိုင်ငံ၌ ဦးနှောက်သေ နှလုံးခုန်လူသေ (Cadaveric heart beating) နေသည့် ကျောက်ကပ်အလှူ ရှင်ထံမှ ကျောက်ကပ်အစားထိုးခွဲ စိတ်ကုသနိုင်ရန် စတင်ပြင်ဆင်နေကြောင်း ရန်ကုန် အထွေထွေရောဂါ ကုဆေးရုံသစ်ကြီး ဆီးနှင့်ကျောက်ကပ် ခွဲစိတ်ကုပညာဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာတိုးလွင်၏ ပြောကြားချက်အရ သိရှိရသည်။

ရန်ကုန်နှင့် ထားဝယ်မြို့များကို အခြေပြု၍ ပုဂ္ဂလိက လေကြောင်းလိုင်းသစ်နှစ်ခု ပြေးဆွဲရန်ရှိ

ရန်ကုန်နှင့် ထားဝယ်မြို့များကို အခြေပြု၍ ပုဂ္ဂလိကလေကြောင်းလိုင်းသစ်နှစ်ခု ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း လေကြောင်းလိုင်း အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရပါသည်။ ရန်ကုန်မြို့အခြေပြု၍ ပျံသန်းမည့် လေကြောင်းလိုင်းမှာ Golden Myanmar  လေကြောင်းလိုင်းဖြစ်ပြီး ရန်ကုန်မြို့အခြေပြု၍ ပြည်တွင်း၊ ပြည်ပခရီးစဉ်များအား ပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။

 ၂၀၁၂ ခုနှစ် ခုနစ်လတာ ကာလအတွင်း ထုတ်ပေးခဲ့သည့် မြန်မာနိုင်ငံကူးလက်မှတ် တစ်သိန်းနှစ်သောင်းကျော် ၌ ထက်ဝက်နီးပါးမှာ အမျိုးသမီးများ အတွက် ထုတ်ပေးသည့် နိုင်ငံကူးလက်မှတ်များဖြစ်


၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ  ဇူလိုင်လကုန်အထိ ခုနစ်လတာ ကာလအတွင်း မြန်မာနိုင်ငံကူး လက်မှတ် အရေအတွက်တစ်သိန်း နှစ်သောင်းကျော် ထုတ်ပေးခဲ့ပြီး ထိုသို့ထုတ်ပေးခဲ့ရာတွင် အမျိုးသမီး အရေအတွက် ခြောက်သောင်းနီးပါး ပါဝင်ကြောင်း သတင်းရရှိသည်။

 နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများသို့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် လှည့်ပတ်ရန်ပုံငွေအဖြစ် နိုင်ငံတော်ဘဏ်မှ ကျပ် ၁၅၀၀ ဘီလျံကျော် ချေးယူခွင့်ပြုမည်


နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများသို့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် လှည့်ပတ်ရန်ပုံငွေအဖြစ် နိုင်ငံတော်ဘဏ်မှ ကျပ် ၁၅၀၀ ဘီလျံကျော် ချေးယူသုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ Chery ကုမ္ပဏီ ထုတ်ကားများတွင် ကင်ဆာဖြစ်စေနိုင်သည့် ဓာတုကျောက်မှုန့်သုံးထားမှုတွေ့ရှိ၍ သြစတျေးလျတွင် ကားများပြန်သိမ်းနေပြီး စင်ကာပူတွင်လည်း Chery ကားများအားစစ်ဆေးနေ မြန်မာနိုင်ငံတွင်လည်း Chery ကုမ္ပဏီထုတ်ကားများ တင်သွင်းအသုံးပြုမှုများပြား


တရုတ်နိုင်ငံထုတ် Chery ကား များတွင် ကင်ဆာ၊ တီဘီဖြစ်စေနိုင်သည့် ဓာတုကျောက်မှုန့် အသုံးပြုထားကြောင်းတွေ့ရှိရ၍ သြစတျေးလျနိုင်ငံတွင် Cheryကားများပြန်သိမ်းနေပြီး စင်ကာပူနိုင်ငံတွင်လည်း Chery ကားများကို စစ်ဆေးနေကြောင်း Straits Times သတင်းစာတွင် ဖော်ပြထားသည်။

အသစ်ခန့်အပ်မည့် ၀န်ကြီးများ အရပ်သားပညာရှင် ပါဝင်ဖို့ရှိ



2012-08-29
သမ္မတ ဦးသိန်းစိန် အခုရက်ပိုင်းအတွင်း စတင်ဆောင်ရွက်နေတဲ့ အစိုးရအဖွဲ့တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ အချိန်ကာလ (၂)လ လောက် ကြာမြင့်ဖို့ရှိပြီး ပြုပြင်ပြောင်းလဲရေး မလုပ်ချင်တဲ့ ၀န်ကြီးတွေကို ဆက်လက် အနားပေးသွားမှာ ဖြစ်သလို အသစ်ခန့်အပ်မယ့် ၀န်ကြီးတွေထဲမှာလည်း အရပ်သား ကျွမ်းကျင် ပညာရှင်တွေ ပါဝင်လာဖို့ ရှိတယ်လို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။
Photo: Myanmar President Office
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးနေစဉ်။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဆောင်ရွက်ချက် စစ်ဆေးကြားနာဖို့ စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့



2012-08-29
ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးရဲ့ ဆောင်ရွက်ချက်တွေကို စစ်ဆေး ကြားနာဖို့အတွက် ပြည်သူ့လွှတ်တော်က စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ခုကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၉ ရက်က လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော် အစည်းအဝေး တက်ရောက်နေစဉ်။

မီဒီယာဥပဒေဆိုင်ရာ တိုင်ကြားစာ အမျိုးသားလွှတ်တော်က ကြားနာ



2012-08-29
ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲတဲ့ သတင်းမီဒီယာဥပဒေအပေါ် စာနယ်ဇင်းသမားတွေ စုပေါင်းလက်မှတ်ထိုး တိုင်ကြားထားတာနဲ့ ပတ်သက်လို့ အမျိုးသား လွှတ်တော်ကော်မတီ ဥက္ကဋ္ဌတွေက စာနယ်ဇင်းသမားတွေကို ဒီကနေ့ ခေါ်ယူပြီး ပထမဆုံး ကြားနာခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၉ ရက်က လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော် အစည်းအဝေး တက်ရောက်နေစဉ်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အနုပညာ အရည်အချင်းအရ ရွေးချယ်မည်



2012-08-29
မြန်မာနိုင်ငံမှာ ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုတွေ ပေးအပ်ချီးမြှင့်ရာမှာ အနုပညာ အရည်အချင်း အပေါ် အခြေခံပြီး စတင် ဆုံးဖြတ်ရွေးချယ် သွားတော့မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အကြီးအကဲက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၉ ရက်က ကျင်းပသည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး သတင်းစာ ရှင်းလင်းပွဲတွင် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း အမှာစကား ပြောကြားနေစဉ်။

လူရွှင်တော် မောင်မေတ္တာနဲ့အဖွဲ့ ပုသိမ်မြို့ ရေဘေးသင့် ပြည်သူအတွက် လှူဒါန်း



2012-08-29
ဟာသ သရုပ်ဆောင် လူရွှင်တော် မောင်မေတ္တာနဲ့အဖွဲ့က ပုသိမ်မြို့ ရေဘေးသင့် ပြည်သူတွေအတွက် ဆန်နဲ့ ကလေးငယ်တွေအတွက် ကျောင်းသုံးဗလာစာအုပ်တွေ ဒီကနေ့ သွားရောက် လှူဒါန်းကြောင်း သိရပါတယ်။
ပုသိမ်မြို့တဝိုက် ကန်ကြီးထောင့်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်နဲ့ မနော်ဟရီရပ်ကွက်က ဒေသခံပြည်သူ သုံးထောင်ကျော်ကို သွားရောက် လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ လူရွှင်တော် မောင်မေတ္တာက RFA ကိုပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ်က ပြန်သွားတဲ့ရှေ့နေ အမှုဟောင်းအတွက် ထောင်ဒဏ်ကျ



2012-08-29
ပြည်ပရောက် မြန်မာတွေပြန်လာဖို့ သမ္မတက ဒီနှစ်ဆန်းမှာ ဖိတ်ခေါ်လိုက်တဲ့နောက် ထိုင်းမြန်မာ နယ်စပ်ကနေ ပြန်သွားတဲ့ ရှေ့နေ ကိုစောကျော်ကျော်မင်းကို သူအရင်က စွပ်စွဲခံထားရတဲ့ တရာရုံးတော်ကို မထေမဲ့မြင်ပြုမှုနဲ့ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ ချမှတ်ခံလိုက်ရပါတယ်။

Wednesday, August 29, 2012

ရှမ်း ဒုက္ခသည်များ ပြန်မပို့ရေး တိုက်တွန်း


ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် ခရိုင် ၀င်ဟယ် မြို့နယ် အတွင်းရှိ ကုန်းကျော် ဒုက္ခသည်စခန်းမှ ရှမ်း ဒုက္ခသည် ၅၀၀ ခန့်ကို မြန်မာနိုင်ငံသို့ ပြန်မပို့ရန် ရှမ်းလူထု အခြေပြုအဖွဲ့များက ယမန်နေ့က သက်ဆိုင်ရာ တာဝန်ရှိသူများကို တိုက်တွန်း လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFPA ဒါရိုက်တာ Dr.Babatunde Osotimehin တို့ တွေ့ဆုံ



ကမာကဆစ် ဈေးမှာ လူခွန် ကောက်ခံနေ



မောင်တောဈေးတွင် အငယ်စား မီးလောင်မှု ဖြစ်ပွား



ရခိုင်ပြည်နယ် မောင်တောဈေးကြီး မဖွင့်မီ တစ်နေ့အလို ယမန်နေ့ ညနေပိုင်းက ဘင်္ဂလီ အမျိုးသားပိုင် ဆိုင်တဆိုင်တွင်  အသေးစား မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ သည်။

စစ်တပ်သားများ၏ ၀ိုင်းဝန်း ထိုးကြိတ်မူကြောင့် စစ်တွေ သဲချောင်း အုပ်ချုပ်ရေးမှူး အစ်ကိုအကြီးဆုံး ဆေးရုံတင်ရ


ရခိုင်ပြည်နယ် စစ်တွေ သဲချောင်းတွင် တာဝန်ကျနေသော စစ်သားများ၏ ညှဉ်းပမ်းနှိပ်စက် ထိုးကြိတ်မူကြောင့် သဲချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး၏ အစ်ကို အကြီးဆုံး ဖြစ်သူ ဦးအောင်ဆွေကို စစ်တွေ ဆေးရုံကြီးသို့ တင်ပို့လိုက်ရသည်ဟု သိရသည်။

အခြေခံလူတန်းစားများ တရားရင်ဆိုင်နိုင်ရန် ရုံးခွန်တော်က အတားအဆီးဖြစ်နေ


အခြေခံလူတန်းစားများအနေဖြင့် မတရားမူများအား တရားစွဲဆိုရာတွင်  ခုံရုံးအခွန်အခက်အခဲများကြောင့် တရားစွဲဆိုရနအခက်အခဲများ ဖြစ်ပေါ်လျှက်ရှိကြောင်းသိရသည်။

''လယ်သမားတွေမှာက  စားဖို့တောင်အနိုင်နိုင်လုပ်နေရတာ ကျွန်တော်တို့မတရားခံရတာကို တရားစွဲဖို့ဆိုရင် ကုန်ပေါက် ချည်းပဲ  ရှေ့နေငှားခလပေးရမယ် ပြီးရင်ဘာကြေးညာကြေးတောင်းအုံးမယ် အဲ့ဒါကြောင့် တရားစွဲဖို့ မဖြစ်နိုင်ပါဘူး '' ဟု ဒဂုံမြို့သစ်ဆိပ်ကမ်းမှ လယ်မြေများအသိမ်းခံသော လယ်လုပ်ကိုင်သူတစ်ဦးကပြောသည်။

အာဆီယံလမ်းမကြီးဖြတ်သန်းမည့် နောင်ချိုအိမ်ခြံမြေဈေး ကျပ်သိန်းထောင်ချီရောက်ရှိ


ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြိုနယ်ကိုဖြတ်၍ အာဆီယံလမ်းမကြီး ဖောက်လုပ်မည်ဆိုသော သတင်းများကြောင့်  နောင်ချို အိမ်ခြံမြေဈေးကွက်မှာ ပေ(၆ဝ-၈ဝ)တစ်ကွက်လျှင် ကျပ်သိန်းထောင်ချီ၍ မြင့်တက်လာခဲ့သည်။

EXAM PARTY များတွင် SEXY DANCE ထည့်သွင်းလာ၍ မိဘများ စိုးရိမ်ပူပန်မှုမြင့်တက်


ကျောင်းသားလူငယ်များအနေဖြင့် စာမေးပွဲဖြေခါနီး စိတ်အပန်းဖြေရန် ရည်ရွယ်ချက်ဖြင့် တက်ရောက်လေ့ရှိသော EXAM PARTY များတွင် စီးပွားရေးလုပ်ငန်းရှင်များက SEXY DANCE COMPETITION များပါထည့်သွင်းလာသည့်အတွက် မိဘများအနေဖြင့် စိုးရိမ်ပူပန်ျှကရှိ ကြောင်း သိရှိရသည်။

နာရေး ကူညီမှု အသင်း(ရန်ကုန်) Website အား Tun new technology မှ ရေးဆွဲ လှူဒါန်း

နာရေး ကူညီမှု အသင်း(ရန်ကုန်) Website အား Tun new technology မှ ရေးဆွဲ လှူဒါန်း
၂၇.၈.၂ဝ၁၂ ရက်နေ့ နေ့လည်ပိုင်း၌ Tun new technology co.,ltd. (TNT) မှ ရေးဆွဲ လှူဒါန်း ပေးခဲ့သော နာရေး ကူညီမှု အသင်း (ရန်ကုန်)၏ အသင်းပိုင် ဝက်ဘ်ဆိုဒ် www.ffssyangon.org  အား စတင် လွှင့်တင်ခြင်းနှင့် စာနယ်ဇင်း မိတ်ဆက်ခြင်း 
အခမ်းအနားအား နာရေး ကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

မြန်မာ-ဂျပန် လိဂ် အသင်းများ အကျိုးတူ ပူးပေါင်းရန် လက်မှတ်ရေးထိုး


မြန်မာနိုင်ငံနှင့် ရင်းနှီးစွာ ဆက်ဆံ လာနေပြီး ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ တွင် ခြေလှမ်း သွက် နေသည့် ကမ္ဘာ့ စီးပွားရေး အင်အားကြီး ဂျပန်နိုင်ငံမှ လိဂ် အသင်း များနှင့် မြန်မာ နေရှင်နယ်လိဂ် အသင်းများတို့သည် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရန် ရန်ကုန်မြို့တွင် ယနေ့ လက်မှတ် ရေးထိုးခဲ့ ကြသည်။

AGD ဘဏ် လူတစ်ဦးလျင် ကန်ဒေါ်လာ တစ်ထောင်သာ လဲလှယ် ပေးတော့မည်


အာရှ စိမ်းလန်း မှုဖွံ့ဖြိုးရေး (AGD)ဘဏ်၏ နိုင်ငံခြားငွေ လဲကောင်တာ များတွင် သြ ဂုတ်၂၈တွင်စတင်၍ တုံကင် စနစ်၊ ငွေပမာဏ ကန့်သတ်ဝယ်ယူခြင်း တို့ဖြင့် ဆောင်ရွက် မည်ဟု သိရသည်။

တောင်ဥက္ကလာတွင် ရဲတစ်ဦး ကားတိုက် ခံရ၍ သေဆုံး


ရန်ကုန်တိုင်း ဒေသကြီး တောင်ဥက္ကလာပ မြို့နယ် ရဲ တပ်ကြပ် စီးနင်း လာသည့် မော်တော် ဆိုင်ကယ်နှင့် ကိုယ်ပိုင်ယာဉ် တစ်စီး တိုက်မိရာမှ ရဲတပ်ကြပ် တစ်ဦး သေဆုံး သွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မြန်မာနိုင်ငံ ပို့ဆောင်ရေးစီမံကိန်း ဂျပန် တစ်နှစ်အတွင်း ရေးဆွဲမည်


မြန်မာ တစ်နိုင်ငံ လုံး၏ ပို့ဆောင်ရေး ကဏ္ဍနှင့် ပတ်သက်သော အမျိုးသား အဆင့် ပို့ဆောင်ရေး စီမံကိန်း (National Fransport Development Plan) ကိုဂျပန်နိုင် ငံတကာ ပူးပေါင်းရေး အေဂျင်စီ (JICA) က တစ်နှစ်အတွင်း အကောင်အထည် ဖော်ရေးဆွဲမည် ဖြစ်ကြောင်း ယင်း အေဂျင်စီမှ မြန်မာပြည် ကိုယ်စားလှယ် Matsuoak Hajime က အတည်ပြု ပြောကြားသည်။

ရွှေဘိုပေါ်ဆန်း စပါးတင်း ၁၀ဝလျှင် ကျပ်တစ်သိန်းခန့်တက်၊ ဆန်လှောင်သူ များပြား


မြန်မာနိုင်ငံ အလယ်ပိုင်း စပါးကျီ ဖြစ်သော ရွှေဘို ဒေသတွင် စိုက်ပျိုး သော ရွှေဘိုပေါ်ဆန်း တင်း ၁၀ဝ လျှင် ကျပ်တစ်သိန်းခန့် မြင့်တက်လာပြီး ရန်ကုန်ဈေးကွက် အတွင်း ရွှေဘို ပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၃၀ဝ၀ ခန့်မြင့်တက်လာကြောင်း ဆန်စပါးကုန်စည် ဒိုင်မှ ဝါရင့်ဆန်ရောင်းဝယ်သူ တစ်ဦးက ပြောကြားသည်။

မြောင်းမြ ခလရ ၉၃ သိမ်းထားသည့် ခြံများတွင် ဇွတ်ဝင်စိုက်မည်

ရန်ကုန် (မဇ္ဈိမ) ။       ။ ဧရာဝတီတိုင်း၊ မြောင်းမြမြို့အခြေစိုက် ခြေလျင်တပ်ရင်း ၉၃ မှ ၁၉၉၆ ခုနှစ်ကတည်းက သိမ်းယူထားသော နှစ်ရှည်ပင်စိုက် ခြံဧက ၂ဝဝ တွင် အသိမ်းခံ မူလခြံပိုင်ရှင်များက သီးနှံများ ပြန်လည်စိုက်ပျိုးရန်
ပြင်ဆင်နေကြသည်။

ရေကြီးရေလျှံ ထိန်းချုပ်ရန် နိုင်ငံတကာ အကူအညီဖြင့် ဆောင်ရွက်မည်

မဇ္ဈိမ(ရန်ကုန်) ။      ။ နှစ်စဉ် ရေကြီးရေလျှံ ဖြစ်လေ့ရှိသောဒေသများ ရေလွှမ်းခံရမှု လျော့နည်းသွားစေရန် နိုင်ငံတကာ အကူအညီဖြင့် ဆောင်ရွက်သွားရန်ရှိသည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင် က ပြောသည်။

ကချင် ဒုက္ခသည်စခန်းမှ အဖမ်းခံ လေးဦးအမှု ဒုတိယအကြိမ် စစ်ဆေး

ချင်းမိုင်(မဇ္စျိမ) ။        ။ စစ်ပြေးဒုက္ခသည်စခန်းမှ ကချင်အမျိုးသား လေးဦးကို မတရားအသင်း ပုဒ်မ ၁၇(၁)ဖြင့် စွပ်စွဲကာ အင်္ဂါနေ့တွင် တရားလိုပြသက်သေ အမှတ် (၁) ရဲစခန်းမှူး ရဲအုပ် ရဲလွင်အား စစ်ဆေးမေးမြန်းခဲ့သည်ဟု
ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

လယ်ယာ ကော်ပိုရေးရှင်း ရှယ်ယာ ကျပ် ၁၀၀ ဘီလီလျံဖိုး ရောင်းချမည်

ရန်ကုန် (မဇ္ဈိမ) ။         ။ ပြည်တွင်းစီးပွားရေး ယှဉ်ပြိုင်မှု စွမ်းအား မြင့်လာစေရန်အတွက် မြန်မာနိုင်ငံ လယ်ယာစီးပွား ဖွံဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်းမှ အစုရှယ်ယာ တန်ဖိုး ကျပ် ၁၀၀ ဘီလီလျံ အထိ ရောင်းချသွားမည် ဖြစ်ကြောင်း
ကော်ပိုရေးရှင်း တာဝန်ရှိသူတဦး က ပြောသည်။

အိန္ဒိယအမတ်၏ မြန်မာ့ကဘော်ချိုင့်ဝှမ်း ရလိုမှု ဒေသခံတို့ မထောက်ခံ

နယူးဒေလီ (မဇ္ဈိမ) ။       ။ အိန္ဒိယနိုင်ငံ၏ အဓိက အတိုက်အခံ ပါတီကြီးတခုဖြစ်သည့် BJP ပါတီမှ လွှတ်တော်အမတ် တဦးက မဏိပူရပြည်နယ်အတွင်း ၎င်းတို့ပါတီ မဲဆွယ်စည်းရုံးစဉ် မြန်မာပြည်ရှိ ကဘော်ချိုင့်ဝှမ်းဒေသအား ပြန်လည် ရယူပေးမည်ဟု မက်လုံးပေး ပြောဆိုခဲ့သော်လည်း ကဘော်ချိုင့်ဝှမ်း ဒေသခံများက လက်မခံကြောင်း ငြင်းဆိုကြသည်။

ပေါင်းဆန် စက်များ တိုးချဲ့တည်ဆောက်မည်

ရန်ကုန် (မဇ္ဈိမ) ။        ။ လာမည့် နှစ်နှစ်အတွင်း တလလျှင် ပေါင်းဆန် တန်ချိန် တသောင်းခန့် တင်ပို့နိုင်ရန် ရည်ရွယ် ၍ ပေါင်းဆန် ထုတ်လုပ်ရေးစက်များ တိုးချဲ့တည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်းက ပြောသည်။

တားမြစ်ဆေးများပါ ပျားရည်များ တရုတ်နိုင်ငံမှ ဝင်ရောက်နေ

ရန်ကုန် (မဇ္ဈိမ) ။       ။ တားမြစ်ဆေးများ တွေ့ရှိခဲ့သောကြောင့် ဥရောပနှင့် အမေရိကန် နိုင်ငံများမှ တင်သွင်းခွင့် ပိတ်ပင်ထားသည့် တရုတ်နိုင်ငံလုပ် ပျားရည်များ မြန်မာပြည်သို့ တင်သွင်းမှုများ ရှိနေကြောင်း ပျားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တဦးက ပြောသည်။

အမျိုးသားကြီးပွားရေးကုမ္ပဏီ စာချုပ်ဖေါက်ဖျက်ဟုဆိုကာ ILO သို့တိုင်

ရန်ကုန် (မဇ္ဈိမ) ။        ။ မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ မိုးထိမိုးမိ ရွှေတောမှ ရွှေလုပ်သားများနှင့် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်ပါ အချက်များအား ကုမ္ပဏီဘက်မှ ဖေါက်ဖျက်သည်ဟု အလုပ်သမား များက စွပ်စွဲကာ ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ် ILO သို့ စနေနေ့က တိုင်ကြားထားသည်။

ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုများတွင် ပါဝင် ပတ်သက်ခဲ့ခြင်းကြောင့် ထောင်ဒဏ်ကျခံနေရသော UN နှင့် INGO ၀န်ထမ်း သုံးဦးအား နိုင်ငံတော်သမ္မတ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပြု

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ရခိုင်ပြည်နယ် အတွင်း ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်မှုဖြင့် ထောင်ဒဏ်ကျခံနေရသော ၀န်ထမ်း(၃) ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သြဂုတ်လ ၂၈ ရက်နေ့တွင် ကြေညာခဲ့သည်။

 ဗဟန်းမြို့နယ် အောင်ချမ်းသာအိမ်ရာရှိ ဒီလှိုင်းဂျာနယ်တိုက်ရှေ့ ကားပေါ်တွင် မိုင်းအစစ်၏ အစိတ်အပိုင်း ၅၀ရာခိုင်နှုန်း ပါဝင်သည့် မိုင်းအတုတစ်လုံးတွေ့ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ အရှေ့ရွှေဂုံတိုင်ရပ်ကွက် အောင်ချမ်းသာ အိမ်ရာရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ဝေသော ဒီလှိုင်းဂျာနယ်တိုက် ရှေ့ကားပေါ်တွင် မိုင်းအစစ်၏ အစိတ်အပိုင်း ၅၀ ရာခိုင်ပါဝင်သည့် မိုင်းအတုတစ်လုံး တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။ 

 အမှတ်(၁) လျှပ်စစ်စွမ်းအားနှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှစ်ဦးနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်တို့ အား နိုင်ငံတော်သမ္မတ ရာထူးမှ နုတ်ထွက်ခွင့်ပြု

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင် မြင့်၊ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း၊ ပြည်ထောင်စုစာရင်း စစ်ချုပ် ဦးလွန်းမောင်တို့အား ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်းကို သြဂုတ် လ ၂၈ ရက်နေ့တွင် အမိန့်များ ထုတ်ပြန်၍ ကြေညာခဲ့သည်။
ထို့အတူ ပြန်ကြားရေး ၀န်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးစိုးဝင်းအား သာသနာရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေး လိုက်ကြောင်းကိုလည်း သြဂုတ်လ ၂၈ ရက်နေ့တွင် ကြေညာခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကို စွပ်စွဲပြစ်တင်သည့်အဆို အမျိုးသားလွှတ်တော်က အတည်ပြု



2012-08-28
ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ အနေနဲ့ အခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်ပြီး ဥပဒေအရ ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်အောင် မထမ်းဆောင်တဲ့အတွက် စွပ်စွဲ ပြစ်တင်တဲ့ အဆိုကို ဒီကနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးကြပြီးနောက် လွှတ်တော် ဥက္ကဋ္ဌက အတည်ပြုလိုက်ကြောင်း သိရပါတယ်။
RFA
ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဖြစ်ပါသည်။

လူပုဂ္ဂိုလ်၂၀၈၂ ဦးကို အမည်မဲစာရင်းထဲမှ ပယ်ဖျက်



2012-08-28
အရင်စစ်အစိုးရလက်ထက် ကတည်းက နံမည်ပျက်စာရင်း black list ထည့်သွင်းခံထားရသူ မြန်မာနိုင်ငံသားနဲ့ နိုင်ငံခြားသား စုစုပေါင်း ၆၁၆၅ ထဲက ၂၀၈၂ ဦးကို စာရင်းထဲကနေ ပယ်ဖျက် ပေးလိုက်ကြောင်း အစိုးရ သတင်းစာမှာ ဒီကနေ့ ဖော်ပြပါတယ်။

ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် ဖယ်ရှားပေးဖို့ မိတ္တီလာမှာဆန္ဒပြ



2012-08-28
မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့မှာ လူနေရပ်ကွက်အနီး ဖွင့်လှစ်ထားတဲ့ ကျော်အမည်ရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်ကို ဖယ်ရှားပေးဖို့ မြို့ခံပြည်သူ ၂၀၀ နီးပါးလောက် ဒီကနေ့ မနက်ပိုင်းက တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
ကျော် စက်သုံးဆီ အရောင်းဆိုင်ဟာ မီးဘေးအန္တရာယ်အတွက် အင်မတန် စိုးရိမ်ရတာကြောင့် တခြား စက်သုံးဆီဆိုင်တွေလို မြို့ပြင်မှာ ပြောင်းရွှေ့ ဖွင့်လှစ်ဖို့ အခုလို တောင်းဆို ဆန္ဒပြခဲ့ကြတာ ဖြစ်တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက RFA ကို ပြောပါတယ်။

ကလေးစစ်သား ၄၂ ယောက် စစ်တပ်အရာရှိတွေကိုယ်တိုင် မိသားစုထံ ပြန်လည်အပ်နှံမည်



2012-08-28
မြန်မာနိုင်ငံတစ်ဝှမ်းက တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့တွေမှာရှိတဲ့ ကလေးစစ်သား ၄၂ ယောက်ကို စစ်တပ် အရာရှိတွေကိုယ်တိုင် စက်တင်ဘာ ၃ ရက်နေ့မှာ မိသားစုထံ ပြန်လည်အပ်နှံဖို့ ရှိတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
ရန်ကုန်မြို့ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ကလေးစစ်သား ပပျောက်ရေးဆိုင်ရာ အထူးလုပ်ငန်းအဖွဲ့ ရှေ့မှောက်မှာ ကလေးစစ်သားတွေကို အပ်နှံမှာဖြစ်ပြီး အလုပ်အကိုင်ရရှိရေး အပါအ၀င် ရှေ့ရေးကိစ္စတွေကိုပါ စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ရန်ကုန်ရုံး စီမံကိန်းအရာရှိ ဦးချစ်တင်က RFA ကို အတည်ပြု ပြောကြားပါတယ်။

KNU နှင့် မြန်မာအစိုးရ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမည်



2012-08-28
တတိယအကြိမ်မြောက် အပစ်အခတ် ရပ်စဲရေး အကောင်အထည်ဖော်မှုတွေ ဆွေးနွေးဖို့အတွက် KNU ကရင်အမျိုးသား အစည်းအရုံး နဲ့ မြန်မာအစိုးရတို့ ညှိနှိုင်းပြီး ဆွေးနွေးမဲ့ရက် ပြန်လည်သတ်မှတ် အတည်ပြုလိုက်ကြောင်း သိရပါတယ်။
ကရင်ပြည်နယ် ဖားအံမြို့မှာ လာမဲ့ သီတင်းပတ်အတွင်း တွေ့ဆုံမှာဖြစ်ကြောင်းနဲ့ KNU အဖွဲ့အနေနဲ့ ပြည်သူလူထုအတွက် အာမခံချက်ရှိတဲ့ လုံခြုံမှု ရရှိရေး အဓိကထား ဆွေးနွေးမှာ ဖြစ်ကြောင်း KNU အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးက RFA ကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်က စက်လှေတစ်စီး ဆင်ပိုက်ကုန်း ကင်းသမားတွေကို ပစ်ခတ်



2012-08-28
ရခိုင်ပြည်နယ် ရသေ့တောင်မြို့ရဲ့ အနောက်တောင်ဘက် ၁၀ မိုင်လောက် အကွာမှာရှိတဲ့ ဆင်ပိုက်ရွာ အောက်ဘက် ဆင်ပိုက်ကုန်း အနီးမှာ မနေ့ ည ၁၀ နာရီလောက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်က လူ(၇) ဦးလောက်ပါတဲ့ စက်လှေတစ်စီး ဝင်ရောက်လာခဲ့ပြီး ဒေသခံ ကင်းသမားတွေကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

JICA က ချင်းပြည်နယ်ကို ကျပ်ငွေ သန်းပေါင်း ၉၉၀၀ ခန့် ထုတ်ချေးမည်



2012-08-27
ချင်းပြည်နယ်ရဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ အတွက် (JICA) လို့ခေါ်တဲ့ ဂျပန်နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီက မြန်မာကျပ်ငွေ သန်းပေါင်း ၉၉၀၀ ခန့် ထုတ်ချေးမှာဖြစ်ကြောင်း ချင်းပြည်နယ် စိုက်ပျိုးရေးနဲ့ မွေးမြူရေး ၀န်ကြီး ဦးဗန်ထောင်းက ပြောပါတယ်။

ဆရာဝန်များ အလုပ်လက်မဲ့ ပြဿနာ သမ္မတထံ စာပေးပို့



2012-08-27
မြန်မာနိုင်ငံမှာ ဆရာဝန်တွေ အလုပ်အကိုင် ရှားပါးပြီး အလုပ်လက်မဲ့ များပြားလာတဲ့ ပြဿနာကို ကိုင်တွယ် ဖြေရှင်းပေးဖို့ ဆရာဝန် အယောက် (၈၀) စုပေါင်း လက်မှတ်ထိုးပြီး သမ္မတ ဦးသိန်းစိန်ထံ စာတစ်စောင် ရေးသားပေးပို့လိုက်ပါတယ်။

အကျဉ်းသားတစ်ဦး အင်းစိန်ဆေးရုံမှ ထွက်ပြေးလွတ်မြောက်



2012-08-27
အင်းစိန် ဗဟိုအကျဉ်းထောင်မှာ မူးယစ်ဆေးဝါးမှုနဲ့ နှစ်ရှည် ထောင်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတစ်ဦးဟာ သြဂုတ်လ (၂၆) ရက် မနေ့က မနက် (၆) နာရီလောက်က ထွက်ပြေး လွတ်မြောက်ခဲ့တယ်လို့ အကျဉ်းဦးစီးဌာနက RFA ကို ဒီကနေ့ အတည်ပြု ပြောဆိုပါတယ်။

လက်ပန်းတောင်းတောင် ဒေသခံပြည်သူ လယ်သိမ်းတိုက်ပွဲ ဆက်လက်ဆင်နွှဲ



2012-08-27
စစ်ကိုင်းတိုင်း လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဒေသမှာ အာဏာပိုင်တွေဘက်က ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာကို မကျေနပ်တဲ့ ဒေသခံပြည်သူ နှစ်ထောင်နီးပါးဟာ လယ်သိမ်းတိုက်ပွဲကို မနေ့က (၅) ရက်မြောက်နေ့အဖြစ် ဆက်လက် ဆင်နွှဲခဲ့ပါတယ်။

၈၈ မျိုးဆက် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အစီရင်ခံစာထုတ်ပြန်



2012-08-27
၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး ကွန်ရက်က ပြုစုတဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အစီရင်ခံစာကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ရုံးမှာ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ပြီး ထုတ်ပြန်လိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၇ ရက်က ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ရုံးတွင် ပြုလုပ်သည့် ကြားဖြတ် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အစီရင်ခံစာ ထုတ်ပြန်ခြင်း သတင်းစာ ရှင်းလင်းပွဲ၌ ဦးကိုကိုကြီးက ရှင်းလင်းပြောဆိုနေစဉ်။

ကချင်လယ်သမားများ ဗဟန်းမြို့နယ်မှာ ဆန္ဒပြခွင့်လျှောက်ထား



2012-08-27
ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း ဒေသမှာ ယုဇနကုမ္ပဏီ အသိမ်းခံရတဲ့ လယ်ယာမြေများ ပိုင်ရှင် ကချင်တောင်သူ လယ်သမားဦးကြီးတွေက ဗဟန်းမြို့နယ်ရှိ ယုဇနကုမ္ပဏီ ရှေ့မှာ သုံးရက်ဆက် ဆန္ဒပြခွင့် လျှောက်ထားရာမှာ ဒုတိယနေ့အတွက် လျှောက်လွှာ တင်သွင်းတာကို ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက လက်ခံခြင်း မရှိဘူးလို့ သိရပါတယ်။

စားသုံးသူများ ကာကွယ်ရေးအသင်း ဖွဲ့စည်း



2012-08-27
မြန်မာနိုင်ငံရဲ့ ပထမဆုံး စားသုံးသူများ ကာကွယ်ရေးအသင်းကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီ ခန်းမမှာ မနေ့က စတင် ဖွဲ့စည်းလိုက်ပါတယ်။ မြန်မာနိုင်ငံက ပြည်သူတွေ အစားအသောက်နဲ့ လူသုံးကုန် ပစ္စည်းတွေမှာ ဓာတုအဆိပ်သင့် အန္တရာယ် ကင်းဝေးစေဖို့ နိုင်ငံသားတွေ ကျန်းမာစွာ သက်တမ်းစေ့ နေနိုင်စေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၇ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် စားသုံးသူများ ကာကွယ်ရေးအသင်း ဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပနေစဉ်။