Wednesday, August 29, 2012

ကမာကဆစ် ဈေးမှာ လူခွန် ကောက်ခံနေ



ရန်ကုန်တိုင်း ဒလမြို့နယ် ကမာကဆစ်ဈေးက ဈေးဆိုင်တွေမှာ ခေါ်ယူထားတဲ့ အလုပ်သမားတွေစီကနေ ဈေးကောက် သမားတွေက လူခွန်ဆိုပြီး အခွန် ကောက်ခံမှုတွေ



ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဆိုင်အလုပ် သမာတစ်ဦးကို တစ်နှစ်စာအတွက် ငွေကျပ် ၁၀၀၀ နှုန်းနဲ့ ဈေးခေါင်းလက်ထောက် စာကလေး (ခေါ်) ဟိန်းကို ဆိုသူက အခုလို
လိုက်လံပြီး ကောက်ခံ နေတယ်လို့ ဈေးသည်တွေက ပြောဆို ပါတယ်။ ဒါ့အပြင် ဈေး အမှိုက်ကြေးကို အမြဲ ပေးဆောင်နေရပေမယ့် တာဝန်ရှိသူတွေ အနေနဲ့ အမှိုက်ပုံကို
လာရောက် ရှင်းလင်းခြင်း မရှိဘူးလို့ လည်းဈေးသည်တွေက Burma VJ Media ကို ပြောဆို ခဲ့ပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။