ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ အရှေ့ရွှေဂုံတိုင်ရပ်ကွက် အောင်ချမ်းသာ အိမ်ရာရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ဝေသော ဒီလှိုင်းဂျာနယ်တိုက် ရှေ့ကားပေါ်တွင် မိုင်းအစစ်၏ အစိတ်အပိုင်း ၅၀ ရာခိုင်ပါဝင်သည့် မိုင်းအတုတစ်လုံး တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။




အမှတ် (၉၀၅) ဘီအီးတပ်မှ မိုင်းရှင်းလင်းရေး အဖွဲ့မှ မိုင်းရှင်းလင်းရေး ဆောင်ရွက်နေစဉ်

အမှတ် (၉၀၅) ဘီအီးတပ်မှ မိုင်းရှင်းလင်းရေး အဖွဲ့မှ မိုင်းရှင်းလင်းရေး ဆောင်ရွက်နေစဉ်


အမှတ် (၉၀၅) ဘီအီးတပ်မှ မိုင်းရှင်းလင်းရေး အဖွဲ့မှ မိုင်းရှင်းလင်းရေး ဆောင်ရွက်နေစဉ်
ဖြစ်စဉ်မှာ Forward S E C ကုမ္ပဏီလီမိတက်ပိုင် ဆူဇူကီးပစ်ကပ်ကားပေါ်တွင် မသင်္ကာဖွယ်ရာ ဂဏန်းပေါင်းစက်နှင့် ၀ါယာကြိုးများ ပါဝင်သည့် ကြွပ်ကြွပ်အိတ် အမဲထုတ်အား အဆိုပါကုမ္ပဏီယာဉ်မောင်း ဖြစ်သူ ကိုမိုးဝင်းသန်းကနံနက် ၈ နာရီဝန်းကျင်အချိန်တွင် စတင် တွေ့ရှိခဲ့ရာ သက်ဆိုင်ရာသို့ သတင်း ပေးပို့ခဲ့ကြောင်းနှင့် ၉ နာရီဝန်းကျင် အချိန်ခန့်တွင် အမှတ် (၉၀၅) ဘီအီးတပ်မှ မိုင်းရှင်းလင်းရေး အဖွဲ့ ၀င် ၅ဦး ရောက်ရှိလာပြီး စတင်ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မင်္သကာဖွယ်ရာ ပစ္စည်းအား စတင်တွေ့ရှိခဲ့သူ ယာဉ်မောင်းဖြစ်သည့် ကိုမိုးဝင်းသန်းက “ ကျွန်တော် ဖယ်ရီကြိုသွားဖို့ပါ။ ကားနောက်ခန်းမှာ အထုတ်တစ်ထုပ် ကို တွေ့လို့ကြည့်လိုက်တော့ ဂဏန်း ပေါင်းစက်တွေ ၀ါယာကြိုးတွေတွေ့တာနဲ့ ပိုင်ရှင်ရယ်၊ ရပ်ကွက်ကတာဝန်ရှိသူတွေရယ်ကို အကြောင်းကြား ခဲ့တယ်”ဟု ပြောပြခဲ့ပါသည်။
ထိုသို့ ရှင်းလင်းမှုများပြုလုပ်ရာတွင် ကနဦးအစ၌ ဖျက်အားပြင်း မိုင်းဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ပြီး နည်းပညာ အကူအညီ၊ အနံ့ခံခွေး တို့၏ အကူအညီကိုရယူခဲ့ပြီး စစ်ဆေးရာ အဆိုပါမိုင်းအား ၉ နာရီ မိနစ် ၄၀ အချိန်ခန့်တွင် မိုင်းအတု ဟု စစ်ဆေးအတည်ပြုနိုင်ခဲ့ကြောင်း သိရပြီး အဆိုပါ မိုင်းအတုတွင် ဂဏန်းပေါင်းစက်၊ ၀ါယာကြိုးနှင့် သံတိုသံစများ ပါဝင်ကြောင်း သိရသည်။
အမှတ်(၉၀၅)ဘီအီးတပ်မှ မိုင်းရှင်းလင်းရေး အဖွဲ့တာဝန်ရှိသူတစ်ဦးက “တကယ့်မိုင်းအစစ်နဲ့ တူအောင်လုပ်ထားတဲ့မိုင်းအတုပါ။ မိုင်းအစစ်မှာတွေ့လေ့တွေ့ထရှိတဲ့ အစိတ်အပိုင်း ၅၀ ရာခိုင်နှုန်း ပါဝင်နေတာတွေ့ရတယ်။ အဓိကအရေးကြီးတဲ့ယမ်းနဲ့ ဒီတိုနေတာ မပါတာဘဲ ကွာတာပါ”ဟုပြောပြခဲ့ပါသည်။
ထို့ပြင်၎င်းက “ဒါသာ တကယ့်မိုင်းအစစ်ဖြစ်ခဲ့မယ်ဆိုရင် အရမ်းအန္တရာယ်ရှိပါတယ်။ တကယ် ထိခိုက်ခဲ့တဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့ဒီလို မသင်္ကာစရာတွေတွေ့ခဲ့ရင် သဲအိတ်တွေ ကာရံထားတာမျိုး တာယာကွင်းတွေ ကာရံထားတာမျိုးစတဲ့ အကာ အကွယ်တွေပြုလုပ်ထားပြီး သက်ဆိုင် ရာကို အမြန်ဆုံးသတင်းပေးဖို့လိုအပ် ပါတယ်။ပြီးတော့ တွေ့ရှိတဲ့နေရာရဲ့ အနည်းဆုံးပေ ၁၅၀ ၀န်းကျင်ကို လူသူမရှိအောင် ဆောင်ရွက်ထားဖို့ လိုအပ်ပါတယ်”ဟု ဆက်လက်ပြောကြားခဲ့ ပါသည်။
တပ်မတော် မိုင်းရှင်းလင်းရေး အဖွဲ့ဝင်များသည် အဆိုပါဖြစ်စဉ်နေရာ၏ ဘေးပတ်ဝန်းကျင် နေရာများကိုလည်း မိုင်းရှင်းလင်းမှုများ ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ် အနီးတွင်ရှိသူ တစ်ဦးကလည်း “မိုင်းတွေ့တယ်လို့ ဆိုတော့ အရမ်းလန့်သွားပါတယ်။ သက်ဆိုင်ရာက အခုလိုလာရောက် ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မိုင်းအတုဖြစ်ဖြစ် မိုင်းအစစ်ဖြစ်ဖြစ် ဒါမျိုးတွေ မလုပ်သင့် ပါဘူး”ဟုပြောပြခဲ့ပါသည်။
ဖြစ်စဉ်အပြီးတွင် ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဦးဝင်းနိုင်တို့ လာရောက် ကြည့် ရှုစစ်ဆေးခဲ့ကြကြောင်းလည်း သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။