Wednesday, August 29, 2012

AGD ဘဏ် လူတစ်ဦးလျင် ကန်ဒေါ်လာ တစ်ထောင်သာ လဲလှယ် ပေးတော့မည်


အာရှ စိမ်းလန်း မှုဖွံ့ဖြိုးရေး (AGD)ဘဏ်၏ နိုင်ငံခြားငွေ လဲကောင်တာ များတွင် သြ ဂုတ်၂၈တွင်စတင်၍ တုံကင် စနစ်၊ ငွေပမာဏ ကန့်သတ်ဝယ်ယူခြင်း တို့ဖြင့် ဆောင်ရွက် မည်ဟု သိရသည်။
တစ်သောင်း ပမာဏနှင့် ညီမျှသော နိုင်ငံခြားငွေများကို မည်သည့်စာရွက်စာတမ်းမျှ မလိုအပ်ဘဲ နေ့စဉ် လဲလှယ်ပေးခဲ့ကြောင်း ယခုအခါတွင် အလွန် များပြားသော လူအရေ အတွက်၊ နိုင်ငံခြားငွေပမာဏ များကို နေ့စဉ်လာရောက် လဲလှယ်ဝယ်ယူ ရောင်းချနေသည့်အတွက် ဘဏ်မှ ငွေကြေးကိုင်တွယ်ရမှုများ ပိုမိုများပြားလာသလို ရာနှင့်ချီသော လာရောက် ရောင်းချသူများအတွက်လည်း အချိန်ကြာမြင့်စွာ တန်းစီစောင့် ဆိုင်း ရခြင်းများ ဖြစ်ပေါ် လာခဲ့သည့် အတွက် ဘဏ်အနေဖြင့် အကောင်းဆုံးနှင့် အဆင်ပြေဆုံး ၀န်ဆောင်မှုကို ပေးနိုင်ရန် ကောင်တာအသစ်များ ကိုထပ်မံဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေသည်ဟု ဘဏ်က ၎င်း ၏ဖေ့ဘုတ် စာမျက်နာတွင်ဖော်ပြထားသည်။
ထိုသို့ ပြင်ဆင်ဆောင်ရွက်နေသည့် ကာလတွင် အများပြည်သူ အဆင်ပြေစေရန် အတွက် တုံကင် စနစ်ကျင့်သုံးခြင်းနှင့် ပိုမို လျင်မြန်စေ ရန် ငွေပမာဏ ကန့်သတ် ၀ယ်ယူခြင်းတို့ကို ကျင့်သုံးခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ထိုသို့ ပြောင်းလဲသည့်စနစ်အရ လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ တစ်ထောင်၊ စင်္ကာပူဒေါ်လာ တစ်ထောင်နှင့် ယူရို တစ်ထောင်သာ လဲလှယ်ပေးနိုင်တော့မည်ဖြစ်ကြောင်း လေးစားစွာ အသိပေးကြေငြာအပ်ပါသည်ဟု ဘဏ်မှ အသိပေးထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။