မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်၊ မဖြစ်ခွင့်ကို နိုင်ငံတော်နှင့် နိုင်ငံသားများက အဓိက ဆုံးဖြတ်ရမည်ဖြစ်သော်လည်း ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေသည် နိုင်ငံတကာအဆင့်မီသင့် ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
Friday, February 22, 2013
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအား ယာယီမြန်မာနိုင်ငံကူး လက်မှတ်များ ထုတ်ပေးနေခြင်းကြောင့် ပြည်တွင်းမှ တရားမ၀င် သွားရောက်မှုနှုန်း မြင့်တက်၊ ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသူများကိုသာ နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းဖြစ်
ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားများအား တရားဝင်ဖြစ်စေရန် ယာယီနိုင်ငံကူးလက်မှတ်များ ထုတ်ပေးနေခြင်းကို အခွင့်ကောင်းယူ၍ မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် သွားရောက်မှုနှုန်း မြင့်တက်လာနေသည်ဟု လူကုန်ကူး အထူးတပ်ဖွဲ့၊ နေပြည်တော်မှ ဒုတိယရဲမှူးကြီး ညွန့်လှိုင်က ပြောကြားလိုက်သည်။
မြန်မာငါးဖမ်းသင်္ဘော အများစု စနစ်ကျမှု အားနည်းခြင်းနှင့် ပြည်ပမှ တရားမ၀င် ငါးဖမ်းသင်္ဘောများ၏ မိုင်းခွဲဖမ်းဆီးမှုများကြောင့် မြန်မာ့ပင်လယ်ပြင် ဂေဟစနစ် ထိခိုက်နေ
မြန်မာ့ပင်လယ်ပြင်တွင် မြန်မာငါးဖမ်းသင်္ဘော အများစု ငါးဖမ်းစနစ်ကျမှု အားနည်းနေခြင်းနှင့် ပြည်ပမှ တရားမ၀င် ငါးဖမ်းသင်္ဘောများ၏ မိုင်းခွဲငါးဖမ်းဆီးမှုများကြောင့် မြန်မာ့ပင်လယ်ပြင် ဂေဟစနစ် အများဆုံး ထိခိုက်နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောသည်။
မလေးရှားမှ နိုင်ငံတကာကျောင်းသား စစ်စစ်များကိုသာ ဗီဇာထုတ်ပေးမည်
မလေးရှားနိုင်ငံအတွင်း၌ အမှန်တကယ်ပညာသင်ကြားလိုသည့် နိုင်ငံတကာကျောင်းသားစစ်စစ်များကိုသာ ဗီဇာ ထုတ်ပေးတော့ မည်ဖြစ်ကြောင်းမြန်မာ့ပညာရေးဝန်ဆောင်မှုအသိုင်းအ၀ိုင်းက သိရသည်။
ကျောင်းသားဗီဇာကို အသုံးချ၍ တရားမ၀င် အလုပ်လုပ်ကိုင်မည့်သူများလျော့နည်းစေရန် ရည်ရွယ်ပြီး စီစစ်တင်းကြပ်နိုင်ရန် EMGS အေဂျင်စီအားဖွဲ့စည်းခြင်းဖြစ်သည်။
အပူရှိန်ကြောင့် ဦးနှောက်နှင့်အာရုံကြောထိခိုက်နိုင်၍ အထူးဂရုပြုနေထိုင်သင့်
ရန်ကုန်တိုင်းဒေသကြီးအတွင်း အပူချိန် မြင့်မားနေသဖြင့် အဆိုပါ အပူရှိန်ကြောင့် ဦးနှောက်နှင့်အာရုံကြောကို ထိခိုက်လာနိုင် သည်အထိ အသက်အန္တရာယ် ရှိလာနိုင်သည့်အတွက် ဂရုပြုသင့်ကြောင်း ဒေါက်တာ မြင့်ဦးက ဆိုသည်။
မန္တလေး ကျောက်ဝိုင်း မဖျက်ရေး တောင်းဆို
ဖေဖော်ဝါရီ ၂၂ ရက်၊ ၂၀၁၃
မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ရတနာဈေး ပြောင်းရွှေ့ရမည်ဆိုလျှင် ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ကြောင်း မန္တလေးကျောက်ဝိုင်း မပြောင်းရွှေ့ရေးကော်မတီက ပြောသည်။
“ခုဆို ကျွန်တော်တို့က ကျောက်အရောင်းဝယ်ထက် ခုလက်ရှိ ကျောက်မျက်ဝိုင်း မပြောင်းရွှေ့ရေး အဓိကထားပြီး ဆောင်ရွက်နေပါတယ်။ ပြောင်းရွှေ့ဖို့ဆိုတာ ဖြစ်လာခဲ့ရင် ဆန္ဒထုတ်ဖော်ဖို့တွေ ဖြစ်လာမှာပါ” ဟု မန္တလေးကျောက်ဝိုင်း မပြောင်းရွှေ့ရေးကော်မတီ ဥက္ကဌ ဦးစိန်ဝင်းက ယနေ့ ကျင်းပပြုလုပ်သည့် ၈၄လမ်း ၃၂လမ်းနှင့် ၃၃လမ်းကြားရှိ D & G စားသောက်ဆိုင် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ဘိန်းဖြူများ သယ်ဆောင်လာသူ ဆိုင်ကယ်သမားနှစ်ဦးကိုဖမ်းမိ
ဘိန်းဖြူများ သယ်ဆောင်လာသူ ဆိုင်ကယ်သမားနှစ်ဦးကိုဖမ်းမိ
လားရှိုး၊ ဖေဖော်ဝါရီ၊ ၂၂။
လားရှိုးမြို့၊ လားရှိုးမူးယစ်(အထူး)အဖွဲ့မှ ကြိုတင်သတင်းရရှိ
ထားချက်အရ မသင်္ကာဖွယ် ဆိုင်ကယ်တစ်စီးကို ရှာဖွေစစ်
ဆေးရာ ဆိုင်ကယ်ကြား၌ ညှပ်၍သယ်လာသော စောင်အိတ် နှစ်အိတ်ထဲရှိ ရောင်စုံပလပ်စတစ် ခွက်ထဲမှဘိန်းဖြူအမှုန့်များကို
ရှာဖွေဖမ်းဆီး တွေ့ရှိခဲ့သည်ဟု လားရှိုးရဲစခန်းမှ တာဝန်ရှိသူများ
က ပြောကြားသည်။
လားရှိုး၊ ဖေဖော်ဝါရီ၊ ၂၂။
လားရှိုးမြို့၊ လားရှိုးမူးယစ်(အထူး)အဖွဲ့မှ ကြိုတင်သတင်းရရှိ
ထားချက်အရ မသင်္ကာဖွယ် ဆိုင်ကယ်တစ်စီးကို ရှာဖွေစစ်
ဆေးရာ ဆိုင်ကယ်ကြား၌ ညှပ်၍သယ်လာသော စောင်အိတ် နှစ်အိတ်ထဲရှိ ရောင်စုံပလပ်စတစ် ခွက်ထဲမှဘိန်းဖြူအမှုန့်များကို
ရှာဖွေဖမ်းဆီး တွေ့ရှိခဲ့သည်ဟု လားရှိုးရဲစခန်းမှ တာဝန်ရှိသူများ
က ပြောကြားသည်။
တိုက်စစ်မှူး ကျော်ကိုကိုအား လက်ရွေးစင် အသင်းမှ ထုတ်ပယ်
မြန်မာ့လက်ရွေး စင်တိုက်စစ်မှူး ကျော်ကိုကိုသည် နည်းပြ၏ သင်ကြားမှုများကို အကြိမ်ကြိမ် ဝေဖန် ပုတ်ခတ်မှုများ ပြုလုပ်ခဲ့ သည့်အပြင် အသင်း၏ အုပ်ချုပ်သူနှင့် နည်းပြ အဖွဲ့ဝင်များ အပေါ် ရိုင်းပြစွာ ပြုမှုများ လုပ်ဆောင်ခဲ့သည့် အတွက် ဖေဖော်ဝါရီ ၂၀ ရက်တွင် ပဏာမမြန်မာ့ လက်ရွေးစင် အသင်းမှ ထုတ်ပယ် လိုက်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့တော် အမြဲမီးလင်းစေရေး နည်းမျိုးစုံဖြင့် ကြိုးပမ်းနေကြောင်း သိရ
နွေရာသီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် ရန်ကုန်ြမို့တွင် ဓာတ်အားပေးစက်ရုံသစ်(၄)ရုံအား ခြောက်လအတွင်းအပြီးသတ် တည်ဆောက်သွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက ဖေဖော်ဝါရီလ ၁၉ရက် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
2013-02-21
အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနဲ့အတူ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell တို့ကို ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော် အဆောက်အအုံဝင်းအတွင်းက တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေးကော်မတီ ရုံးခန်းမှာ လက်ခံတွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ပြည်တွင်း ရွှေဈေး အနည်းငယ်တက်၊ ပြည်ပ ရွှေများ ဈေးကွက်သို့ အ၀င်ရှိ
ကမာ့္ဘရွှေ ဈေးအနည်းငယ် ပြန်တက်လာကာ ပြည်တွင်း ရွှေဈေးလည်း အနည်းငယ်ပြန်တက်လာမှုကြောင့်
ပြည်ပရွှေများ ရန်ကုန်ဈေးကွက်သို့ အဝင်ရှိခဲ့ကြောင်း ရွှေကုန်သည်များထံက သိရသည်။
“ဖေဖေါ်ဝါရီ၁၁ရက်မှ၁၆ရက်အထိ တစ်ပတ်အတွင်း နေ့တိုင်းလိုလို ပြည်ပရွှေတွေ အ၀င်ရှိနေတယ်။
ဈေးကွက်သဘောအရ မြင့်ရာကနိမ့်ရာကို စီးတာ ဈေးကွက်သဘာဝပါဘဲ။ ပြည်ပ ရွှေဈေးကမြင့်ပြီး
ပြည်တွင်းရွှေဈေးက နိမ့်ရင်ပြည်တွင်းရွှေပြည်ပကိုထွက်မယ်၊ ပြည်တွင်း ရွှေဈေးကမြင့်နေရင် ပြည်ပ
ရွှေပြည်တွင်းကိုအ၀င်ရှိနိုင်တယ်” ဟု အလုံမြို့နယ်မှ ရွှေကုန်သည် ဦးစံမြင့်ကလည်း ပြောသည်။
ပြည်ပရွှေများ ရန်ကုန်ဈေးကွက်သို့ အဝင်ရှိခဲ့ကြောင်း ရွှေကုန်သည်များထံက သိရသည်။
“ဖေဖေါ်ဝါရီ၁၁ရက်မှ၁၆ရက်အထိ တစ်ပတ်အတွင်း နေ့တိုင်းလိုလို ပြည်ပရွှေတွေ အ၀င်ရှိနေတယ်။
ဈေးကွက်သဘောအရ မြင့်ရာကနိမ့်ရာကို စီးတာ ဈေးကွက်သဘာဝပါဘဲ။ ပြည်ပ ရွှေဈေးကမြင့်ပြီး
ပြည်တွင်းရွှေဈေးက နိမ့်ရင်ပြည်တွင်းရွှေပြည်ပကိုထွက်မယ်၊ ပြည်တွင်း ရွှေဈေးကမြင့်နေရင် ပြည်ပ
ရွှေပြည်တွင်းကိုအ၀င်ရှိနိုင်တယ်” ဟု အလုံမြို့နယ်မှ ရွှေကုန်သည် ဦးစံမြင့်ကလည်း ပြောသည်။
စပစ်ဖိုင်းယားလေယာဉ်များ ဆက်လက်ရှာဖွေမည်
ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင် မြှပ်နှံခဲ့သည် မမြှပ်နှံခဲ့သည်ကို ဝိဝါဒ ကွဲပြားနေသော ဒုတိယ ကမ္ဘာစစ် လက်ကျန် စပစ်ဖိုင်းယား တိုက်လေယာဉ်များကို ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း ယင်းရှာဖွေရေးကို ဦးဆောင်နေသည့် ရွှေတောင်ပေါ် ကုမ္မဏီနှင့် DJC ကုမ္မဏီတို့က ဖေဖောဝါရီလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ ၌ ပြောကြားလိုက်သည်။
SSPP/SSA နှင့် အစိုးရတပ်တို့ တိုက်ပွဲများ နှစ်ရက်ဆက်တိုက် ပြန်လည်ဖြစ်ပွား
ရှမ်းပြည် တပ်မတော် မြောက်ပိုင်းဟု လူသိ များသည့် SSPP/SSA တပ်နှင့် အစိုးရ တပ်တို့အကြား
ဖေဖော်ဝါရီ (၁၉) နှင့် (၂၀) ရက်နေ့ နှစ်ရက် ဆက်တိုက်ပင် တိုက်ပွဲများ ဖြစ်ပွား ခဲ့ရ သည်ဟု SSPP/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းလမှ ပြောသည်။
ဖေဖော်ဝါရီ (၁၉) နှင့် (၂၀) ရက်နေ့ နှစ်ရက် ဆက်တိုက်ပင် တိုက်ပွဲများ ဖြစ်ပွား ခဲ့ရ သည်ဟု SSPP/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းလမှ ပြောသည်။
ဟားဗတ် ပညာရှင်၏ မြစ်ဆုံ ပြန်စရေး သုတေသန စာတမ်းကို ကချင် NGO ဝေဖန်
ဟားဗတ် တက္ကသိုလ်၏ Ash Center for Democratic Governance and Innovation ဌာနမှ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့သော မြစ်ဆုံဆည် စီမံကိန်း ပြန်လည် စတင်နိုင်မည့် နည်းလမ်းများကို အကြံပြုထားသည့် သုတေသန စာတမ်းအား ထိုင်းနိုင်ငံ အခြေစိုက် ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ (KDNG) က တနလာင်္နေ့တွင် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။
ဖားကန့် စစ်ဘေးဒုက္ခသည်တွေကို UNHCR နဲ့ ဒိန်းမတ်အဖွဲ့က ပစ္စည်းများ စတင်ဖြန့်ဝေ
2013-02-21
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က မစ္စတာ ဒင်စီနဲ့ ဒိန်းမတ်နိုင်ငံက မစ္စတာ မက်ကောနားတို့ ဦးဆောင်တဲ့ အဖွဲ့က ဆိပ်မူ (ဆိုင်းတောင်) ကျေးရွာက ကယ်ဆယ်ရေး စခန်းတွေမှာ လာရောက်ဖြန့်ဝေတာနဲ့ ပတ်သက်ပြီး ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေတဲ့ ဒေသခံ တစ်ဦးက RFA ကို အခုလို ပြောပြပါတယ်။
Subscribe to:
Posts (Atom)