Friday, February 22, 2013

ပြည်တွင်း ရွှေဈေး အနည်းငယ်တက်၊ ပြည်ပ ရွှေများ ဈေးကွက်သို့ အ၀င်ရှိ

ကမာ့္ဘရွှေ ဈေးအနည်းငယ် ပြန်တက်လာကာ ပြည်တွင်း ရွှေဈေးလည်း အနည်းငယ်ပြန်တက်လာမှုကြောင့်
ပြည်ပရွှေများ ရန်ကုန်ဈေးကွက်သို့ အဝင်ရှိခဲ့ကြောင်း ရွှေကုန်သည်များထံက သိရသည်။

“ဖေဖေါ်ဝါရီ၁၁ရက်မှ၁၆ရက်အထိ တစ်ပတ်အတွင်း နေ့တိုင်းလိုလို ပြည်ပရွှေတွေ အ၀င်ရှိနေတယ်။
ဈေးကွက်သဘောအရ မြင့်ရာကနိမ့်ရာကို စီးတာ ဈေးကွက်သဘာဝပါဘဲ။ ပြည်ပ ရွှေဈေးကမြင့်ပြီး
ပြည်တွင်းရွှေဈေးက နိမ့်ရင်ပြည်တွင်းရွှေပြည်ပကိုထွက်မယ်၊ ပြည်တွင်း ရွှေဈေးကမြင့်နေရင် ပြည်ပ
ရွှေပြည်တွင်းကိုအ၀င်ရှိနိုင်တယ်” ဟု အလုံမြို့နယ်မှ  ရွှေကုန်သည် ဦးစံမြင့်ကလည်း ပြောသည်။ 



ယခုအပတ်အတွင်းဖြစ်ပေါ်ခဲ့သည့် ရွှေဈေးနှုန်းများမှာ အရပ်ဝယ်လက်ကြိုက် ဈေးနှုန်းများဖြစ်သဖြင့်  ရန်ကုန်ရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ပိုင်း၊နှစ်ပိုင်းမှ ၁ပိသာ၊၂ပိသာစသည်ဖြင့်ဝယ်လက်စုံခဲ့သည်။

ဖေဖေါ်ဝါရီ ၁၁ ရက်ညနေပိုင်း ကမ္ဘာ့ရွှေဈေးမှာ ၁၆၄၃.၅ဒေါ်လာဖြင့် ဈေးပိတ်ခဲ့ကာ ပြည်တွင်းရွှေဈေးမှာ ၁ကျပ်သားလျှင် ၇၆၂၉၀၀ ကျပ်ဖြင့်ဈေးဖွင့်ခဲ့ပြီး၊ ကျပ် ၇၅၉၀၀၀ဖြင့် ပိတ်ခဲ့သည်။

“ဖေဖေါ်ဝါရီ ၁၂ရက်မှာ ကမ္ဘာရွှေဈေးမှာ ၁၆၄၇ဒေါ်လာနဲ့ဖွင့်ပြီး၊ ညနေမှာ ၁၆၅၀ဒေါ်လာနဲ့ ပိတ်ခဲ့တယ်။
ပြည်တွင်းရွှဈေးက ၇၅၈၀၀၀ ကျပ် နဲ့ဖွင့်ပြီး၊ ၇၆၀၀၀၀ဖြင့် ပိတ်ခဲ့တယ်။ ၁၄ ရက်နေ့မှာတော့ ကမ္ဘာ့ဈေးက ၁၆၅၁ဒေါ်လာမှာ ရှိပြီး  ပြည်တွင်းရွှေဈေး ကျပ် ၇၅၉၇၀၀နဲ့ ပိတ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ဒီတစ်ပတ်လုံးကမာ့္ဘရွှေဈေးနဲ့အတူ မြန်မာရွှေဈေးနည်းနည်းပြန်တက်လာတယ်။ဒီတစ်ပတ်လုံး ကျပ် ၇၅၀၀၀၀  ၀န်းကျင် အနိမ့်ဈေးနဲ့အရောင်းအ၀ယ်ရှိခဲ့တယ်”ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး  ဦးဝင်းမြင့်က ရွှေဈေးကွက်နှင့် ပတ်သက်၍သုံးသပ်ပြောကြားခဲ့သည်။

လာမည့်အပတ်အတွင်း အခေါက်ရွှေများ ဈေးကွက်သို့ တောက်လျှောက်အ၀င်ရှိနိုင်ပြီး၊ ကမာ့္ဘရွှေဈေးတက်လာ
သော်လည်း ပြည်တွင်းရွှေဈေးလိုက်မတက်နိုင်ဘဲ၊ ဈေးထပ်ကျသွားနိုင်ကြောင်း ရွှေဈေးကွက်ကျွမ်းကျင်သူများ
ကသုံးသပ်ကြသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။