Thursday, August 16, 2012

 ရန်ကုန်တိုင်းဒေသကြီးအတွင်း ဟိုတယ်ဇုန်၊ ရှော့ပင်းမောလ် လုပ်ငန်းများတွင် ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်စသော ပြည်ပနိုင်ငံများမှ ရင်းနှီးမြှပ်နှံမှုပြုလုပ်ရန် လာရောက်လေ့လာ ဆွေးနွေးမှုများရှိနေ



5202
ရန်ကုန်မြို့ရှိ ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် ဖွင့်လှစ်ထားသော Sedona Hotel
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဟိုတယ်ဇုန်၊ ရှော့ပင်းမောလ်စသော လုပ်ငန်းများတွင် ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်စသော ပြည်ပနိုင်ငံများမှ ရင်းနှီးမြှပ်နှံမှု ပြု လုပ်ရန် လာရောက်လေ့လာ ဆွေးနွေး မှုများရှိနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိ သည်။

ယင်းကဲ့သို့လာရောက် လေ့လာ ဆွေးနွေးမှုများ ရှိသော်လည်း လတ်တလော အခြေအနေအရ ရန်ကုန် တိုင်းဒေသကြီးအတွင်း မြေနေရာ အခက်အခဲကြောင့် ခွင့်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။
“ပြည်ပနိုင်ငံတွေကဒီမှာဟိုတယ် ဇုန်၊ ရှော့ပင်းမောလ်လုပ်ဖို့အတွက် လာပြီး လေ့လာတာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ လက်ရှိမှာ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ က စီမံခန့်ခွဲလို့ရတဲ့ မြေနေရာမရှိတဲ့ အတွက် ခွင့်မပြုနိုင်သေးဘူး။ အခု အိုးအိမ်ကနေ တိုင်းဒေသကြီးအစိုးရ ကိုမြေစီမံခန့်ခွဲမှုတွေလွှဲပေးနေတယ်။ ဒီလိုမြေယာစီမံခန့်ခွဲမှုတွေ ရလာမယ် ဆိုရင်တော့ ခွင့်ပြုပေးနိုင်မှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်ပခရီးသွားဝင်ရောက်မှု များပြား လာသည့်အတွက်  ဟိုတယ်ပိုင်းဆိုင် ရာများတွင် ပြည်ပနိုင်ငံများမှ ရင်းနှီး မြုပ်နှံမှုပြုလုပ်ရန် ပိုမိုစိတ်ဝင်စားနေကြပြီး လက်ရှိတွင် ရန်ကုန်မြို့၌ ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် အသစ် ဆောက်လုပ်မည့် ဟိုတယ်အချို့လည်း ရှိနေသည်ဟု  သိရပါသည်။
ရှော့ပင်းမောလ်များအနေဖြင့် လက်ရှိအခြေအနေအရ  ရန်ကုန်မြို့တွင် လက်ရှိ ၇၄ ခုခန့် ဖွင့်လှစ်ထား ပြီး (ယင်းအထဲတွင် စူပါမားကတ်၊ မီနီမားကတ်များလည်းပါဝင်) ဖွင့်လှစ်မှု များပြားနေသော်လည်း ပြည်ပ နိုင်ငံများ၏ အဆင့်မြင့်ရှော့ပင်းမောလ် များ လာရောက်ဖွင့်လှစ်နိုင်ပါက စိတ်ဝင်စားမှုများပြားလာနိုင်ဖွယ်ရှိနေ ကြောင်း သိရသည်။
“ရန်ကုန်မြို့ကို ခရီးသွားအ၀င် များလာတဲ့အတွက် အဆင့်မီဟိုတယ် တွေလိုအပ်ပါတယ်။  အခုကန်တော် ကြီးပတ်လမ်းမှာ ရှန်ဂရီလာက  ဟိုတယ်လိုမျိုးဆောက်ဖို့ လုပ်နေတာကို တွေ့ရတယ်။ ရှော့ပင်းမောလ်တွေဆို ရင်လည်း ရန်ကုန်မြို့မှာလက်ရှိအရေအတွက် များတယ်။ ဒါပေမဲ့ နိုင်ငံ တကာမှာလို ရှော့ပင်းမောလ် အကြီးကြီးတွေမရှိသေးတာ့ နိုင်ငံတကာက လာဖွင့်ရင်တော့ စိတ်ဝင်စားကြမှာ အမှန်ဖြစ်သလို အလုပ်အကိုင်တွေလည်း ရလာမယ်”ဟု မြို့ပြရေးရာ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
ရန်ကုန်မြို့၌လက်ရှိ နိုင်ငံသားပိုင် ဟိုတယ်၊ မိုတယ်၊  ၁၃၁ လုံးနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် ဖွင့်လှစ်ထားသော  ဟိုတယ်၊ မိုတယ် စုစုပေါင်း ၁၁ လုံးရှိကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် ဖွင့်လှစ်ထားသော ဟိုတယ်များ
1. Trader's Hotel
2. Sedona Hotel
3. Chatrium Hotel
4. Summit Park View Hotel
5. Micasa Hotel
6. The Grand Mee Yatha Hotel
7. ParkRoyal Hotel
8. Seasons Of Yangon International Airport Hotel
9. Yangon International Hotel
10. Savoy Hotel
11. Pan Sea Hotel

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။