Thursday, August 16, 2012

ရခိုင်ကိစ္စပြေလည်မှ တိုင်းပြည်ဖွံ့ ဖြိုးရေး ရှေ့ဆက်နိုင်မည်ဟု သမ္မတပြော


ရခိုင်ကိစ္စပြေလည်မှ တိုင်းပြည်ဖွံ့ ဖြိုးရေး ရှေ့ဆက်နိုင်မည်ဟု သမ္မတပြော

ရခိုင်ဒေသ တည်ငြိမ် အေးချမ်းပြီး ပဋိပက္ခ ကိစ္စများ ပြေလည်နိုင် မှသာ တိုင်းပြည် ရှေ့ဆက် သွားနိုင်မည်ဟု သမ္မတ ဦးသိန်းစိန်က ပြော ကြားခဲ့ကြောင်း ရခိုင် တိုင်းရင်းသား တိုးတက်ရေးပါတီ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဖေသန်းက Venus News Weeklyသို့ ပြော ကြားသည်။

ရခိုင်ပါတီနှစ်ခုဖြစ်သော ရခိုင် တိုင်းရင်းသားတိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ တို့ကို ဩဂုတ် ၉ ရက်နေ့ ညနေပိုင်းက သမ္မတဦးသိန်းစိန်က ခေါ်ယူတွေ့ ဆုံကာ အထက်ပါအတိုင်း ပြော ကြားခြင်းဖြစ်သည်။
“ဒီကိစ္စကြောင့် နိုင်ငံတကာ ဖိအားတွေရှိတယ်။မွတ်ဆလင်နိုင်ငံ တွေရဲ့ဖိအားတွေကို သက်ဆိုင်ရာ သံရုံးတွေကခံနေရတယ်။ အီဂျစ်မှာ ဆိုရင် မြန်မာသံရုံးထဲ ထိဝင်ပြီး အလံကိုမီးရှို့တာမျိုးရှိတယ်။ ကိုယ့် လူကိုထိန်းသိမ်းပေးဖို့ ပြောတဲ့သ ဘောပါပဲ”ဟု ဦးဖေသန်းက သမ္မတ ၏စကားကို ကိုးကား၍ ပြောသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအနေဖြင့်လည်း ဒေါက်တာအေးမောင် ဦးဆောင် ကာ ရခိုင်ပြည်နယ်ရှိ မြို့အသီးသီးမှ ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများကို ခေါ်ယူကာ ပြဿနာပြေလည်နိုင် စေရန်ခေါ်ယူဆွေးနွေးခြင်း၊ ရခိုင် ကိစ္စထိန်းထိန်းသိမ်းသိမ်းဆောင်ရွက် ကြရန် အစည်းအဝေးတစ်ခုပြုလုပ် မည်ဖြစ်ကြောင်း ၄င်းပါတီမှသိရ သည်။
“ကျွန်တော်တို့ ပါတီကလည်း အကြမ်းဖက်တာကို အားမပေးပါ ဘူး။ ဒေါက်တာအေးမောင်ရန်ကုန် ဆင်းလာရင် ဒီကိစ္စကိုအစည်းအဝေး လုပ်မယ်။ ရခိုင်ကပါတီ တာဝန်ရှိသူ တွေလည်း လာကြမယ်”ဟု ၄င်း ပါတီမှ ဗဟိုကော်မတီတစ်ဦးက ပြောသည်။ ရခိုင်ကိစ္စကို လူသားချင်းစာ နာမှုရှုထောင့်၊ တိုင်းရင်းသား အချင်း ချင်း ချစ်ကြည်ရင်းနှီးမှုရှုထောင့်၊ နိုင်ငံသားများတန်းတူအခွင့်အရေး ရရှိရေးရှုထောင့်၊ လူ့အခွင့်အရေးရှု ထောင့်နှင့် တိုင်းရင်းသားနိုင်ငံသား အခွင့်အရေးရှုထောင့်ပေါင်းစုံမှချဉ်း ကပ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ကထုတ်ဖော်ပြောဆိုသွားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။