Thursday, August 16, 2012

ရခိုင်တွင် ဘင်္ဂါလီများကို လူမျိုးတုံး သတ်ဖြတ်ဆိုသော စွပ်စွဲမှု မမှန်ဟု အမေရိကန် ရှင်းလင်း


ရခိုင်တွင် ဘင်္ဂါလီများကို လူမျိုးတုံး သတ်ဖြတ်ဆိုသော စွပ်စွဲမှု မမှန်ကန်ဟု အမေရိကန် ရှင်းလင်းရခိုင်ပြည်နယ် တွင် မြန်မာ အစိုးရက ဘင်္ဂါလီ ရိုဟင်ဂျာ များကို လူမျိုးတုံး အစုလိုက် အပြုံလိုက် သတ်ဖြတ်နေသည်ဆိုသော စွပ်စွဲချက် များနှင့် စပ်လျဉ်းပြီး အမေရိကန်ပြည်ထောင်စုက လုံးဝမဟုတ်မှန်သော သတင်းများဖြစ်သည်ဟု ပြောဆိုလိုက်ကြောင်း အမေရိကန်ပြည် ထောင်စုမှလာသော သတင်းများအရ သိရှိရသည်။
မြန်မာ့လုံခြုံရေး တပ်ဖွဲ့များက ဘင်္ဂါလီရိုဟင်ဂျာ လူဦးရေနည်းပါး သွားစေရန် အစုလိုက်အပြုံလိုက် သတ်ဖြတ်နေကြောင်း၊ ရိုဟင်ဂျာ များနေထိုင်နေသော နေအိမ်များကို မီးတင်ရှို့ပြီး အကြမ်းဖက်နှိမ်နင်း သတ်ဖြတ်နေသည်ဟု နိုင်ငံတကာ သတင်းစာမျက်နှာများပေါ်တွင် မမှန်ကန်သော ဓာတ်ပုံများနှင့်တကွ ဆက်တိုက်ဖော်ပြလျက်ရှိနေချိန် အမေရိကန်ပြည်ထောင်စု နိုင်ငံခြား ရေးဝန်ကြီးဌာန၏ပြောခွင့်ရပုဂ္ဂိုလ်ဏ Patrick Ventrell က မြန်မာအစိုးရ က လူမျိုးတုံး သတ်ဖြတ်နေသည် ဆိုသော စွပ်စွဲချက်မှာ လုံးဝမှန်ကန် ခြင်းမရှိကြောင်း ဩဂုတ် ၉ ရက်နေ့ တွင် ပြောဆိုလိုက်သည်။
ဆော်ဒီနိုင်ငံအခြေစိုက် OIC ခေါ် အစ္စလမ္မစ်ပူးပေါင်းဆောင်ရွက် ရေးအသင်းက မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်များ မျိုးတုံး သတ်ဖြတ်နေသည်ဟု စွပ်စွဲလိုက် ပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံ တကာ အခြေအနေကို ဝင်ရောက်ကြားဝင်ပြီး ဖြေရှင်းဆောင်ရွက်ပေး ရန်တောင်းဆိုကြောင်း သတင်းများ က ဖော်ပြသည်။
နိုင်ငံတကာ သတင်းဌာနများ က ရိုဟင်ဂျာအရေးကိစ္စ သတင်း ဖော်ပြရာတွင် မြန်မာအစိုးရက စစ်တပ်ဖြင့် ရိုဟင်ဂျာများကို သတ် ဖြတ်နေပြီး ဘင်္ဂါလီ ၆၅၀ သေဆုံး ကာ ၁၂၀ဝ ပျောက်ဆုံးကြောင်း၊ ရိုဟင်ဂျာ ရှစ်သောင်းရွှေ့ပြောင်းနေ ထိုင်နေရကြောင်း စသည်ဖြင့် သတင်းမှားဖော်ပြလျက်ရှိရာ နိုင်ငံတကာတွင် မြန်မာ့ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပျံ့နှံ့လျက်ရှိသည်။
အထူးသဖြင့် မွတ်ဆလင် အများစု နေထိုင်ရာ နိုင်ငံများတွင် ဆန္ဒပြပွဲများဖြစ်ပွားနေပြီး အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့တွင် ဩဂုတ် ၁၁ ရက်နေ့က ဖြစ်ပွားသော အစ္စလာမ် များ၏ဆန္ဒပြပွဲသည် အကြမ်းဖက်မှု အသွင်ပြောင်းကာ လူနှစ်ဦးသေဆုံး ပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ ကြောင်း နိုင်ငံတကာသတင်းဌာန များ၏သတင်းဖော်ပြချက်များအရသိရှိရသည်။ မြန်မာအစိုးရ၏ သတင်းထုတ် ပြန်ချက်များအရ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်ပဋိပက္ခ များကြောင့် လူဦးရေ ၇၇ ဦး သေ ဆုံးခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။