Thursday, August 16, 2012

ဆေးဝါးအတု၊ ကြက်ဥအတု အပါအဝင် ပစ္စည်းအတုများအား စိစစ် အရေးယူမည်


ပြည်ပနိုင်ငံ များမှ နေ၍ မြန်မာနိုင်ငံ အတွင်း တရားမဝင် လိုင်စင်မဲ့ ကုန်ပစ္စည်း များနှင့် ကုန်ပစ္စည်း အတုများ ဝင်ရောက်နေသည့် အပေါ် အထူးကိစ္စ တစ်ရပ် အနေဖြင့် စစ်ဆေး ကြပ်မတ် အရေးယူ ဆောင်ရွက်ရန် ကိစ္စနှင့် ပတ်သက်၍ ပြည်ထောင် စုကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီမှ သက်ဆိုင်ရာ ဝန်ကြီးဌာနများ သို့ ညွှန်ကြား ထားကြောင်း သိရသည်။

“အရေးယူတာကတော့ ပြည် ထဲရေးတို့သက်ဆိုင်ရာဝန်ကြီးဌာန တို့ကအရေးယူမှာပါ။ ကျွန်တော် တို့က ကုန်သည်တွေပြောတာကို သက်ဆိုင်ရာ ဝန်ကြီးဌာနကိုအ ကြောင်းကြားပေးရတာ”ဟု စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံသို့ ပြည်ပမှတရား မဝင်ကုန်ပစ္စည်းများဝင်ရောက်လျက် ရှိပြီး ယင်းကုန်ပစ္စည်းများအပြင် စားသုံးဆီအတုများ၊ စက်သုံးဆီ အတုများ၊ ဆေးဝါးအတုများ၊ အရက်အတုများ၊ ကြက်ဥအတု များ၊ ဓာတ်မြေဩဇာအတုများနှင့် ပြည်သူလူထုသုံးစွဲရန်၊ စားသုံးရန် မသင့်လျော်သည့်အခြားကုန်ပစ္စည်း အတုများသည် ဝင်ရောက် လျက်ရှိ ကြောင်း ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီမှ သိရ သည်။
“အခုလို ထိထိရောက်ရောက် အရေးယူမယ်ဆိုရင်ကောင်းပါတယ်။ ကိုယ်တွေဘက်ကတော့ အရည် အသွေးမီတဲ့ ပစ္စည်းတွေတင်ပို့ရ တယ်။ တစ်ဖက်နိုင်ငံတွေဆီကိုတော့ အရည်အသွေးမပြည့်တဲ့ ပစ္စည်းတွေတင်ပို့နေတယ်။စစ်ဆေး မှု အဓိကအားနည်းနေတာပါ”ဟု ဘုရင့်နောင်ကုန်စည်ဝင်းအတွင်းမှ ဆီလုပ်ငန်းရှင်တစ်ဦးကပြောသည်။
ယင်းကိစ္စနဲ့ စပ်လျဉ်း၍ တိုင်း ဒေသကြီးနှင့်ပြည်နယ်အတွင်းသို့ တရားမဝင်လိုင်စင်မဲ့ကုန်စည်များ ဝင်ရောက်နေခြင်း၊ ကုန်ပစ္စည်း အတုများ ဝင်ရောက်လျက် ရှိနေခြင်း များအပေါ် သက်ဆိုင်ရာဌာနများ နှင့် စစ်ဆေး၍ တားဆီးပိတ်ပင် သွားနိုင်ရန်နှင့် ယင်းသို့ဝင်ရောက် နေမှုများအား စိစစ်တွေ့ရှိ ပါက အထူး ကိစ္စတစ်ရပ် အနေဖြင့် စစ် ဆေးအရေးယူဆောင်ရွက်ရန် ပြည် ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီကသက်ဆိုင်ရာ ဝန်ကြီး ဌာနများသို့ အကြောင်းကြားထား ကြောင်းလည်းသိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။