Monday, July 9, 2012

လွှတ်တော်တက်ဖို့ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ကိုရောက်ရှိ

လွှတ်တော်တက်ဖို့ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ကိုရောက်ရှိ
2012-07-08
မနက်ဖြန် ဆက်လက်ကျင်းပမယ့် စတုတ္ထအကြိမ် ပုံမှန်လွှတ်တော်ကို တက်ရောက်ဖို့အတွက်NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေပြည်တော်ကို ရောက်ရှိသွားပြီ လို့ သိရပါတယ်။
RFA

ဆန်ဖရန်စ္စကို မြို့တ၀ိုက်က မြန်မာမိသားစု ရန်ပုံငွေ ဈေးရောင်းပွဲ ကျင်းပ

ဆန်ဖရန်စ္စကို မြို့တ၀ိုက်က မြန်မာမိသားစု ရန်ပုံငွေ ဈေးရောင်းပွဲ ကျင်းပ
2012-07-08
ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စ္စကို မြို့တ၀ိုက်က မြန်မာမိသားစုတွေက ကြီးမှူးပြီး ရန်ပုံငွေ ဈေးရောင်းပွဲတော် ကျင်းပရာ အမေရိကန်ဒေါ်လာ တစ်သောင်းကျော် ရရှိတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
ဆန်ဖရန်စစ္စကိုမြို့နားမှာ ရှိတဲ့ Newark မြို့မှာ ဈေးရောင်းပွဲတော် ကျင်းပတာဖြစ်ပြီး သီးခြားလှူဒါန်းငွေမပါဘဲ ဈေးရောင်းပွဲတော်သက်သက်က ဒေါ်လာသောင်းကျော် ရရှိတာလို့ မြန်မာအများစုနေထိုင်တဲ့ Fremont မြို့သာရေး နာရေး လူငယ်အဖွဲ့က ကိုဂျေစင်က ပြောပါတယ်။

WFP ဒုက္ခသည်အကူအညီ စစ်တွေ ရွှေစေတီဆရာတော်ငြင်းပယ်

WFP ဒုက္ခသည်အကူအညီ စစ်တွေ ရွှေစေတီဆရာတော်ငြင်းပယ်
2012-07-08
ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်တွေကို စားနပ်ရိက္ခာ အကူအညီတွေ ပေးနေတဲ့ WFPရဲ့ အကူအညီကို စစ်တွေမြို့က နာမည်ကျော် ရွှေစေတီကျောင်းတိုက် ဒုက္ခသည်စခန်း ကျောင်းထိုင် ဆရာတော်က မနေ့က ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။
RFA

ထားဝယ်တက္ကသိုလ် ၃ ခု ကျောင်းသားသမဂ္ဂဖွဲ့

ထားဝယ်တက္ကသိုလ် ၃ ခု ကျောင်းသားသမဂ္ဂဖွဲ့
2012-07-08
ဇူလိုင် ၇ ရက် အရေးအခင်း နှစ် ၅၀ ပြည့်ပြီးတဲ့ နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာ တနင်္သာရီတိုင်း ထားဝယ်ခရိုင် ကျောင်းသားသမဂ္ဂကို မောင်းမကန် ကမ်းခြေမှာ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။
ထားဝယ် ၀ိဇ္ဇာသိပံ္ပတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် နဲ့ ကွန်ပြူတာတက္ကသိုလ်က ကျောင်းသူ ကျောင်းသား ၇၀ ခန့် တက်ရောက်တယ်လို့  အတွင်းရေးမှူး ဖြစ်တဲ့ ၀ိဇ္ဇာသိပံ္ပတက္ကသိုလ်က ရူပဗေဒ ကျောင်းသား ကိုဇေယျာမင်းက အာအက်ဖ်အေကို ပြောပါတယ်။

ကချင် စစ်ဘေးဒုက္ခသည်အတွက် လန်ဒန်မြို့မှာ ရန်ပုံငွေရှာပွဲ ကျင်းပ

ကချင် စစ်ဘေးဒုက္ခသည်အတွက် လန်ဒန်မြို့မှာ ရန်ပုံငွေရှာပွဲ ကျင်းပ
2012-07-07
ကချင်ပြည်နယ်တွင်းက စစ်ဘေး ဒုက္ခသည်တွေကို ထောက်ပံ့ ကူညီဖို့အတွက် ဗြိတိန်နိုင်ငံရောက် ကချင် တိုင်းရင်းသားတွေက ရန်ပုံငွေရှာပွဲတစ်ရပ် မနေ့ ညပိုင်းက လန်ဒန်မြို့မှာ ကျင်းပခဲ့ပါတယ်။
RFA

နိုင်ငံတကာ လေကြောင်းလိုင်း တိုးချဲ့ပြေးဆွဲမည်

နိုင်ငံတကာ လေကြောင်းလိုင်း တိုးချဲ့ပြေးဆွဲမည်
2012-07-07
မြန်မာနိုင်ငံမှာ နိုင်ငံတကာ လေကြောင်းလိုင်း ၈ လိုင်းထက်မနည်း ပြေးဆွဲဖို့ စီစဉ်နေပါပြီ။ အဲဒီ လေကြောင်းလိုင်းတွေ ကတော့ ဂျပန်က All Nippon လေကြောင်းလိုင်း၊ Qatar လေကြောင်းလိုင်း၊ သိရိလင်္ကာ လေကြောင်းလိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံက Biman လေကြောင်းလိုင်း၊ Hong Kong Express လေကြောင်းလိုင်း၊ ပါကစ္စတန် လေကြောင်းလိုင်း၊ ကိုရီးယား လေကြောင်းလိုင်းနဲ့ တိုင်ပေ အခြေစိုက် EVA လေကြောင်းလိုင်းတို့ ဖြစ်ပါတယ်။

ဇူလိုင် (၇) ရက် အထိမ်းအမှတ် မကွေးမြို့မှာ ကျင်းပ

ဇူလိုင် (၇) ရက် အထိမ်းအမှတ် မကွေးမြို့မှာ ကျင်းပ
2012-07-07
ဇူလိုင်လ (၇) ရက်နေ့က ကျောင်းသားသမဂ္ဂ ဖျက်ဆီးခံရခြင်း နှစ် (၅၀) ပြည့် အထိမ်းအမှတ်ကို မြေလတ် ဗကသ ကျောင်းသားများက မကွေးမြို့မှာ ကျင်းပခဲ့ကြပါတယ်။
မကွေးမြို့က သမိုင်းဝင် မြို့မရပ်ကွက် မင်းကျောင်း ဘုန်းကြီးကျောင်းမှာ အခမ်းအနား ကျင်းပခဲ့ပြီး သံဃာတော်တွေကိုလည်း ဆွမ်းကပ်လှူခဲ့ပါတယ်။