Sunday, February 24, 2013

ရေအောက်မြင် အချက်ပြ လေယာဉ်သုံး၍ ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေခြင်း မိုးမကျမီ စမည်

ဓမ္မစေတီ ခေါင်းလောင်း ရှိနိုင်မည့် နေရာများ၌ ခန့်မှန်း ဆယ်ယူခြင်းကို ယခုနှစ် မိုးမကျမီ အကောင်အထည် ဖော်သွားမည်ဟု ယင်းလုပ်ငန်း၌ ပါဝင် ဆောင်ရွက်နေသူ စာရေးဆရာ ချစ်စံဝင်းက ပြောသည်။
လက်ရှိတွင် နှစ်ပေါင်း ၄ဝဝ ကျော် အတွင်း မြစ်ကြောင်း ပြောင်းလဲမှုများကို သုတေသနပြုလျက် ရှိပြီး လိုအပ်သည့် အချက်အလက် များကို ရှာဖွေ စုဆောင်းနေ သည်ဟု ၄င်းက ပြောသည်။
ရေအောက်တွင် နှစ်ပေါင်း ၄ဝဝ ကျော်နစ်မြုပ်လျက် ရှိသော ဓမ္မစေတီ ခေါင်းလောင်းအား အမေရိကန် ဒေါ်လာ ၁ဝ သန်း အကုန်အကျ ခံကာ ဆယ်ယူပေးသွား မည် ဖြစ်ကြောင်း ၂ဝ၁၂ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့တွင် စင်ကာပူ နိုင်ငံရှိ S.D Mark International LLP ကုမ္ပဏီမှ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်၍ ပြော ကြား ခဲ့ခြင်း ဖြစ်သည်။
ယင်းလုပ်ငန်း၌ ပါဝင်ဆောင် ရွက်နေသည့် စာရေးဆရာ ချစ်စံဝင်းက "သူတို့ဘက်က လက်လျှော့ သွားတာ မဟုတ်ဘူး။ တခြား အစီအစဉ်တွေ ရှိလို့ ခေတ္တ ကြာနေတဲ့ သဘောပါ" ဟုလက်ရှိ အနေအထား ကို ပြောသည်။
ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရာတွင် စင်ကာပူ ကုမ္ပဏီမှ သမိုင်းဝင် ပစ္စည်း ရှာဖွေရေးနှင့် ရေငုပ် ကျွမ်းကျင်သူ သြစတြေးလျ နိုင်ငံသား၊ ဗြိတိန်လူမျိုး ကပ္ပတိန် မိုက်ကယ် မိုက်ဟယ်ဂျာကို ငှားရမ်း သွားမည်ဟု စင်ကာပူ ကုမ္ပဏီမှ CEO က အဆိုပါ အလုပ်ရုံ ဆွေးနွေး ပွဲတွင် ပြောကြားခဲ့သည်။
စင်ကာပူ ကုမ္ပဏီမှ လက်ရှိ အချိန်တွင် မြန်မာနိုင်ငံရှိ သမိုင်းသု တေသနသို့ ထပ်မံ ဆက်သွယ်မှု မရှိသေးကြောင်း၊ ငွေကြေးပိုင်း ဆိုင်ရာ စုဆောင်းနေသည့် အနေ အထား ရှိကြောင်း အဆိုပါ ဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြော သည်။
ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေ ရာ၌ ရေအောက်နစ်မြုပ် ပစ္စည်းများ အား အချက်ပြနိုင်သည့် လေ ယာဉ်ပျံ များလွှတ်ကာ လေယာဉ်မှ အချက်ပြသည့် နေရာတွင် ရေငုပ် ၍ ရှာဖွေ သွားမည်ဟု ဆရာ ချစ်စံဝင်း က ထပ်လောင်းပြောသည်။
ဓမ္မစေတီ ခေါင်းလောင်းသည် တန်ချိန်ပေါင်း ၂၉ဝ ရှိပြီး နှစ်ပေါင်း ၅၂ဝ ကျော် ကြာမြင့်ပြီ ဖြစ်သည်။
အဆိုပါ ခေါင်းလောင်းကို ငဇင်ကာက ရွှေတိဂုံ စေတီတော် ရင်ပြင်မှ သန်လျင်သို့ သယ်ယူစဉ် ငမိုးရိပ်ချောင်း အဝ ပန်းအလွဲမြစ် ထဲသို့ ပြုတ်ကျ နစ်မြုပ်ခဲ့ခြင်း ဖြစ် သည်။

ကမ်းနားလမ်းသစ်အား အခမဲ့ သွားလာ ခွင့်ပြုထား

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ကမ်းနားလမ်း ကွန်ကရစ် လမ်းသစ် လမ်းအသုံးပြုခကို အခမဲ့

သွားလာ ခွင့်ပြု ထားတယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ အဆိုပါ လမ်းအသုံးပြုခကို အခမဲ့ခွင့်ပြု ထားပေမယ့်လည်း လမ်းအသုံးပြုခ ကောက်ခံမှု ကိုတော့ ယခု ဖေဖော်ဝါရီ လကုန်ပိုင်းမှာ စတင် ကောက်ခံ သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ကမ်းနားလမ်း ကွန်ကရစ် လမ်းသစ်ဟာ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီရဲ့ ကြီးကြပ်မှုနဲ့ တည်ဆောက် ထားတာ ဖြစ်ပြီး သီရိမင်္ဂလာဈေးဟောင်းမှ ဗိုလ်တစ်ထောင် သံလျက်စွန်းထိ ရှိတာ ဖြစ်ပါတယ်။

 

ဒီလို ကမ်းနားလမ်း ကွန်ကရစ် လမ်းသစ်ကြီး မှာတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁ ရက်နေ့က စတင်ပြီး ကုန်တင် ယာဉ်ကြီးများ၊ သစ်လုံးတင် ယာဉ်များ၊ ကွန်တိန်နာ ယာဉ်များကို စတင် သုံးစွဲခွင့်ပြု ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ကုန်တင် ယာဉ်များကို ကမ်းနားလမ်းသစ် ပေါ်မှာသာ သွားလာ ခွင့်ပြု တော့မှာ ဖြစ်ပြီး ကမ်းနားလမ်းဟောင်း ပေါ်မှာ ကုန်တင်ယာဉ် များကို သွားခွင့်မပြု တော့ဘူးလို့ သိရပါတယ်။ အဆိုပါ ကမ်းနားလမ်းဟောင်း ပေါ်မှာတော့ လူစီးယာဉ်များနဲ့ ခရီးသည်တင် ယာဉ်များ ကိုသာ သွားလာ ခွင့်ပြုတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို အဆင့်မြှင့်တင် သွားရန်ရှိ

နိုင်ငံသား စိစစ်ရေး ကတ်ပြားများ Smart Card အနေနဲ့ အဆင့်မြှင့်တင် သွားဖို့ ရှိတာ ဖြစ်တယ်လို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာနမှ

တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ဒါပေမယ့် အခုလို ပြုလုပ်ဖို့ နည်းပညာ အထောက်အပံ့ များစွာ လိုအပ်တာ ဖြစ်တယ် လို့လည်း သိရပါတယ်။ လက်ရှိမှာ တိုးတက် လာတဲ့ ခေတ်နဲ့အညီ အဆင့်မြှင့်တင်ဖို့ ပြုလုပ်မှုများ အတွက် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများမှ လာရောက်ပြီး နည်းပညာ တွေကို မိတ်ဆက်တဲ့ အနေနဲ့ လာရောက် ပြသမှုတွေ ရှိတာ ဖြစ်တယ် လို့လည်း သိရပါတယ်။

 

အခုလို အဆင့်မြှင့်တင်ဖို့ လာရောက် ပြသတဲ့ ကုမ္ပဏီ အနေနဲ့လည်း ၁၀ ခုနီးပါးလောက် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို အဆင့် မြှင့်တင်ဖို့ ဆွေးနွေးခဲ့မှုတွေ အနေနဲ့ ကလည်း ၂၀၁၁ ခုနှစ်လောက် ကတည်းက ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာန အနေနဲ့ နိုင်ငံသား စိစစ်ရေး ကတ်ပြားတွေကို မိုးပွင့် စီမံချက် အတိုင်း အဆင့်လိုက် ဆောင်ရွက် လျက်ရှိရာ လာမယ့် ဧပြီလ အတွင်း မှာလည်း မိုးပွင့် အဆင့် ၅ ကို ဆက်လက်ပြီး လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို အဆင့်မြှင့်တင်ဖို့ အတွက် ကိုလည်း နည်းပညာပိုင်း ဆိုင်ရာ အစရှိတာ တွေကို ထည့်သွင်း စဉ်းစားလျက် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။


 

ရပ်ကွက်၊ ကျေးရွာများ၏ ၄၀ ရာခိုင်နှုန်းကျော်တွင် အခြေခံပညာကျောင်း မရှိ


Photo

မြန်မာနိုင်ငံရှိ ရပ်ကွက်နှင့် ကျေးရွာစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကျော်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားနိုင်ခြင်းမရှိဘဲ ကျောင်းသားလူငယ်များ အခြေခံပညာရေးနှင့် အလှမ်းဝေးနေကြောင်း မြန်မာနိုင်ငံဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး စာတမ်းအရ သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရပ်ကွက်၊ ကျေးရွာများ၏ ၆၀ ရာခိုင်နှုန်းနီးပါးတွင်သာ အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားနိုင်ပြီး အခြေခံပညာအထက်တန်းကျောင်း အရေအတွက်က ပိုမိုနည်းပါးနေကြောင်း ယင်းစာတမ်းတွင် ဖော်ပြထားသည်။

ဖွင့်လှစ်ထားသော အခြေခံပညာကျောင်းများတွင် အထက်တန်းကျောင်း အရေအတွက်သည် ၇ ဒသမ ၁ ရာခိုင်နှုန်း၊ အလယ်တန်းကျောင်း အရေအတွက်သည် ၁၃ ဒသမ ၃ ရာခိုင်နှုန်းနှင့် မူလတန်းကျောင်း အရေအတွက်သည် ၅၃ ဒသမ ၆ ရာခိုင်နှုန်း ရှိနေသည်။

အထက်တန်းကျောင်း အရေအတွက် အနည်းဆုံးဒေသမှာ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးဖြစ်ပြီး အလယ်တန်းကျောင်း အရေအတွက် အနည်းဆုံးဒေသမှာ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ဖြစ်ကာ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့သည် မူလတန်းကျောင်း အရေအတွက် အနိမ့်ဆုံးနေရာတွင် ရှိနေသည်။

ယင်းအခြေအနေများကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အခြေခံပညာကျောင်းသစ်များ တိုးချဲ့ဖွင့်လှစ်ခြင်း၊ အဆင့်တိုးမြှင့်ခြင်းတို့ကို ဆောင်ရွက်၍ မြို့ပေါ်နှင့် ကျေးလက်ကွာခြားမှု လျှော့ချရေး၊ တန်းတူညီမျှ ပညာသင်ကြားမှုအခွင့်အလမ်း  ရရှိရေးတို့အတွက် ဆောင်ရွက်ရန် လိုအပ်နေကြောင်း စာတမ်းတွင် သုံးသပ်ထားသည်။

မြန်မာနိုင်ငံတွင် အခြေခံပညာကျောင်းပေါင်း လေးသောင်းကျော် ဖွင့်လှစ်ထားပြီး ကျောင်းသား၊ ကျောင်းသူပေါင်းရှစ်သန်းခန့် ပညာသင်ယူနေ၍ သင်ကြားပို့ချသော ဆရာ၊ ဆရာမပေါင်း နှစ်သိန်းခုနစ်သောင်းကျော်ရှိကြောင်း သိရှိရသည်။

ဗီဇာကတ်ဖြင့် ငွေပေးချေသည့် ၀န်ဆောင်မှု MOB ဘဏ် စတင်

Photo

အမေရိကန်၏ အီလက်ထရွန်နစ် နည်းပညာကုမ္ပဏီဖြစ်သော Visa Inc. ၏ ဗီဇာကတ် အသုံးပြု ငွေပေးချေခြင်းကို ပြုလုပ်နိုင်မည့် ၀န်ဆောင်မှုကို မြန်မာအရှေ့တိုင်းဘဏ်(MOB) က စတင်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ထိုဝန်ဆောင်မှုမှာ MOB ဘဏ်နှင့် ချိတ်ဆက်ထားသော စားသောက်ဆိုင်များ၊ အရောင်းဆိုင်များ၊ ကုန်တိုက်များနှင့် ဈေးဝယ်စင်တာများတွင် ပြုလုပ်သည့် အရောင်းအ၀ယ်ကိစ္စများ၌ အဆိုပါဗီဇာကတ်များကို အသုံးပြုသူ ကမ္ဘာလှည့်ခရီးသွားများသည် ATM အလိုအလျောက် ငွေထုတ်စက်များတွင် ငွေသားထုတ်ယူရန် မလိုဘဲ POS (Point of Sale) ဟူသည့် အီလက်ထရွန်နစ် စက်များထားရှိသည့် မည်သည့်နေရာတွင်မဆို ကြိုက်နှစ်သက်ရာကုန်ပစ္စည်း ၀ယ်ယူနိုင်သည့်စနစ် ဖြစ်သည်။

Visa Inc.၏ ဗီဇာကတ်များနှင့် ကမ္ဘောဇဘဏ်၊ CB ဘဏ်တို့၏ ATM  စက်များတွင် ငွေသားထုတ်ယူနိုင်သည့် ၀န်ဆောင်မှုကို ပြီးခဲ့သည့် ၂၀၁၂ ဒီဇင်ဘာလအတွင်းက ပထမဆုံးစတင်ခဲ့သည်။                         

ယခု မြန်မာအရှေ့တိုင်းဘဏ်နှင့် ထိုကုမ္ပဏီတို့ ပူးပေါင်းထားသည့် ၀န်ဆောင်မှုမှာ ATM စက်များတွင် ဗီဇာကတ်များကိုထည့်ကာ ငွေထုတ်ယူနိုင်သည့်စနစ် မဟုတ်ဘဲ POS စက်များရှိသော ဈေးဝယ်နေရာများတွင် အဆိုပါကတ်များဖြင့် ငွေပေးချေခြင်းကို ပြုလုပ်နိုင်သည့် ၀န်ဆောင်မှုဖြစ်သည်ဟု ယင်းဘဏ်၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်ကြည်ကြည်သန်းကပြောသည်။

MOB ဘဏ်သည် အမေရိကန်ကုမ္ပဏီက ၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်မှုအတွက် ရွေးချယ်ထားသော ပြည်တွင်း၏ ပုဂ္ဂလိကဘဏ်သုံးဘဏ်တွင် ပါဝင်သော ဘဏ်လုပ်ငန်းတစ်ခုဖြစ်ပြီး အခြားဘဏ်နှစ်ဘဏ်မှာ ကမ္ဘောဇနှင့်စီဘီဘဏ်တို့ ဖြစ်ကြသည်။

အောင်ပန်းမြို့တွင် မီးလောင်ပြီး လူတစ်ဦးသေဆုံး