Sunday, February 24, 2013

(၁၈)ဘီးယာဉ်ကြိတ်၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

၂၂-၂-၂၀၁၃ ရက်နေ့ ၀၄၄၅ ချိန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တန်(၄၀၀)ဘိလပ်မြေ စက်ရုံကားဝင်းအတွင်း ရပ်ထားသော ၄ဃ/xxxx (၁၈)ဘီး အဖြူရောင်ခေါင်းတွဲ ဘိလပ်မြေ သယ်ယာဉ်အား ပဲခူးတိုင်းဒေသကြီး၊ ဥသျှစ်ပင်မြို့၊ အမှတ် ၁ ရပ်ကွက်နေ ထက်နောင်ဦး(၂၄)နှစ်မှ ဘိလပ်မြေတင်ဆောင်ရန် စက်ရုံဝင်းအတွင်းမောင်းနှင်စဉ် ယာဉ်အောက်တွင် အိပ်ပျော်နေသည့် ယာဉ်နောက်လိုက် အုတ်ဖိုမြို့နယ်၊ လေးလွန်းပင်ရွာနေ ရဲမင်းထွန်း(၂၀)နှစ်နှင့် တစ်ရွာတည်းနေ ချမ်းကို(ခ)ကျော်ရဲနိုင်(၂၀)နှစ်တို့ (၂)ဦးအားကြိတ်မိခဲ့သည်။

အဆိုပါ ယာဉ်ဖြင့်ကြိတ်မိမှုကြောင့် ရဲမင်းထွန်းတွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ ရင်ဘတ် ညိုမဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ချမ်းကို(ခ)ကျော်ရဲနိုင်တွင် ယာခြေကျင်းဝတ် စုတ်ပြဲဒဏ်ရာများရရှိသဖြင့် သေဆုံးသူ၏အလောင်းနှင့် ဒဏ်ရာရရှိသူတို့အား ဘားအံမြို့ပြည်သူ့ ဆေးရုံသို့ ပို့အပ်ပြီး ထက်နောင်ဦးအား ဘားအံရဲစခန်းယာဉ်(ပ)၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၈/၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည် (facebook)

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။