Tuesday, May 22, 2012
ဂုဏ်ထူးဆောင်ဘွဲ့တစ်ခု ဒေါ်အောင်ဆန်းစုကြည် ထပ်မံရရှိ
အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်၊ Johns Hopkins တက္ကသိုလ်က
ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီ ရရှိရေး ငြိမ်းချမ်းစွာ
တိုက်ပွဲဝင်မှုအတွက် ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်လိုက်ပါတယ်။
အခုလို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ရတာနဲ့ ပတ်သက်ပြီး Johns Hopkins
NLD
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်တွင် မြန်မာ့
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားမြို့ဒေသခံ
ပြည်သူလူထုနှင့် တွေ့ဆုံနှုတ်ဆက်နေစဉ်။
လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖေါ်သူများ ရဲသတင်းတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးနေ
နံနက် ၁၀နာရီခွဲ၊ မေလ ၂၂ ရက်၊ ၂၀၁၂ ခုနှစ် (YPI)
မန္တလေးမြို့၌ မေလ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့ညများက လျှပ်စစ်မီးရရှိရေးအတွက်
ဖယောင်းတိုင်များဖြင့် ဆန္ဒထုတ်ဖေါ်ခဲ့သူများထဲမှ ဦးဆောင်သူ ၁၉ ဦးကို
ရဲသတင်းတပ်ဖွဲ့က ယနေ့နံနက် ၆ နာရီမှ ခေါ်ယူစစ်ဆေးလျှက်ရှိရာ သတင်းရရှိချိန်
နံနက် ၁၀ နာရီထိ ပြန်မလာသေးကြောင်း ခေါ်ယူခံရသူ၏ မိတ်ဆွေတဦးက ပြောသည်။
မန္တလေးမြို့၌ မေလ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့ညများက လျှပ်စစ်မီးရရှိရေးအတွက် ဖယောင်းတိုင်များဖြင့် ဆန္ဒထုတ်ဖေါ်ခဲ့သူများထဲမှ ဦးဆောင်သူ ၁၉ ဦးကို ရဲသတင်းတပ်ဖွဲ့က ယနေ့နံနက် ၆ နာရီမှ ခေါ်ယူစစ်ဆေးလျှက်ရှိရာ သတင်းရရှိချိန် နံနက် ၁၀ နာရီထိ ပြန်မလာသေးကြောင်း ခေါ်ယူခံရသူ၏ မိတ်ဆွေတဦးက ပြောသည်။
ပိတ်ဆို့မှု ဆိုင်းငံ့ရေး ဆုံးဖြတ်ချက် ၀န်ကြီးကလင်တန် ဒေါ်စုနဲ့ဆွေးနွေး
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို ဖုံးနဲ့ဆက်သွယ်ပြီး မြန်မာနိုင်ငံတွင်း
အပြောင်းအလဲတွေ စိတ်ချရအောင် အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူ ဒဏ်ခတ်နိုင်တဲ့
လုပ်ပိုင်ခွင့်တွေကို ဆက်ပြီး ထားရှိသွားမယ်ဆိုတာ ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံရေး စိုးရိမ်ချက်တွေနဲ့ ပတ်သက်လို့လည်း နှစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
မြန်မာနိုင်ငံရေး စိုးရိမ်ချက်တွေနဲ့ ပတ်သက်လို့လည်း နှစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
ဖြိုးဝေအောင် အသည်းကင်ဆာ နောက်ဆုံးအဆင့်ရောက်
၂၀၁၀ ခုနှစ်သင်္ကြန်ကာလ ဗုံးပေါက်ကွဲမှုနဲ့
စွပ်စွဲခံရပြီးသေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်သား ကိုဖြိုးဝေအောင်
အသည်း ကင်ဆာရောဂါ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်တာကြောင့် ဆရာဝန်ရဲ့
စစ်ဆေးချက်အရ လပိုင်းလောက်ပဲ အသက်ရှင်သန်ခွင့် ရှိတော့မှာဖြစ်ကြောင်း
မိသားစု က ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ
သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
အင်းစိန် နှင့် လှိုင် NLD ရုံးဖွင့်ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
![]() |
လှိုင် NLD ရုံးဖွင့်ပွဲသို့ ပြည်သူများ ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ကြိုဆိုစဉ် (၂၁.၅.၂၀၁၂) |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်
မေလ ၂၁ ရက်နေ့ ညနေ ၃း၃၀ အချိန်တွင် ရန်ကုန်တိုင်း အင်းစိန်မြို့နယ် NLD
ရုံခန်းဖွင့်ပွဲကို တတ်ရောက်ခဲ့ပါတယ်။ အဲဒီနောက် ညနေ ၅း၃၀ အချိန်တွင် လှိုင်မြို့နယ်
NLD ရုံခန်းဖွင့်ပွဲကို ဆက်လက်တတ်ရောက်ခဲ့ပါတယ်။
မန္တလေး လျှပ်စစ်မီးရရှိရေး ဒုတိယ မြောက်နေ့ ဆန္ဒပြပွဲမှ ပြည်သူတွေနဲ့ ဆရာတော်ဦးဝိရသူ (ရုပ်/သံ)
UNDP က မြန်မာနိုင်ငံတွင် သုံးနှစ်စီမံချက်ဖြင့် လုပ်ငန်းများကူညီရန် ဒေါ်လာ ၁၄၄ သန်း ကူညီပေးသွားမည်
ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP က မြန်မာနိုင်ငံတွင်
သုံးနှစ်စီမံချက်ဖြင့် လုပ်ငန်းများ ကူညီပေးရန် အမေရိကန်ဒေါ်လာ ၁၄၄ သန်း
ကူညီသွားမည်ဟု New Light of Myanmar သတင်းစာတွင် ဖော်ပြထားသည်။
အမေရိကန်နိုင်ငံ၏ စက်မှုလုပ်ငန်းစုကြီးများဖြစ်သည့် General Electric ကုမ္ပဏီနှင့် Caterpillar Inc တို့ မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် တာစူနေ
မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံမှ စီးပွားရေးပိတ်ဆို့မှုများ
ဆိုင်းငံ့လိုက်အပြီးတွင် အမေရိကန်၏ စက်မှုလုပ်ငန်းစုကြီးများဖြစ်သည့်
General Electric ကုမ္ပဏီနှင့် Caterpillar ကုမ္ပဏီတို့မှာ မြန်မာနိုင်ငံသို့
ဝင်ရောက်ရန် တာစူနေကြပြီဟု ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
လူဦးရေ သန်း ၆၀ နီးပါးရှိသော မြန်မာနိုင်ငံသည် စွမ်းအင်လုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်း၊ စိုက်ပျိုးရေးဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများ၊ ငွေကြေးနှင့် ခရီးသွားကဏ္ဍတို့တွင် စီးပွားရေးလုပ်ကိုင်ရန် အခွင့်အလမ်းများ စွာရှိနေသည်ဟု စီးပွားရေးကျွမ်းကျင်သူများက သုံးသပ်လျက်ရှိကြသည်။
လူဦးရေ သန်း ၆၀ နီးပါးရှိသော မြန်မာနိုင်ငံသည် စွမ်းအင်လုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်း၊ စိုက်ပျိုးရေးဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများ၊ ငွေကြေးနှင့် ခရီးသွားကဏ္ဍတို့တွင် စီးပွားရေးလုပ်ကိုင်ရန် အခွင့်အလမ်းများ စွာရှိနေသည်ဟု စီးပွားရေးကျွမ်းကျင်သူများက သုံးသပ်လျက်ရှိကြသည်။
၂၀၁၂ ခုနှစ် မိုးရာသီ ကာလအတွင်း မြန်မာနိုင်ငံ၌ မိုးရွာသွန်းမှု အခြေအနေများ ပုံမှန်ရှိမည် မဟုတ်ဟု သိရ
၂၀၁၂ ခုနှစ် မိုးရာသီကာလ အတွင်း မြန်မာနိုင်ငံတွင် မိုးရွာသွန်းမှု
အခြေအနေများ ပုံမှန်ရှိမည် မဟုတ်ကြောင်း အမေရိကန်နိုင်ငံ အခြေစိုက်
International Research Institute (IRI) က ခန့်မှန်းထုတ်ပြန်ထားသည် ဟု
သတင်းရရှိပါသည်။
မြန်မာနိုင်ငံမှသတင်းများကို Asia News Network (ANN)မှတစ်ဆင့် အာရှနိုင်ငံများက မကြာမီ ဖတ်ရှုနိုင်တော့မည်
မြန်မာနိုင်ငံမှ ထူးခြားသတင်းများကို Asia News Network (ANN) မှတစ်ဆင့်
အာရှနိုင်ငံများက မကြာမီ ဖတ်ရှုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ Nation Media Group နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ MoU ထိုးထားပြီးပါပြီ။ မကြာမီမှာ English Version ၀က်ဘ်ဆိုက်ကနေ မြန်မာနိုင်ငံရဲ့ ထူးခြားသတင်းဖြစ်စဉ်တွေကို လက်ရှိ
''ကျွန်တော်တို့ Nation Media Group နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ MoU ထိုးထားပြီးပါပြီ။ မကြာမီမှာ English Version ၀က်ဘ်ဆိုက်ကနေ မြန်မာနိုင်ငံရဲ့ ထူးခြားသတင်းဖြစ်စဉ်တွေကို လက်ရှိ
အမြန်ချောပို့လုပ်ငန်း (EMSI ) အား နှစ်ရှည်ငှားရမ်း လုပ်ကိုင်ခွင့်ရရှိရန် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီသုံးခုက ကမ်းလှမ်းထားကြောင်း သိရ

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန လက်အောက်ရှိ စမ်းချောင်းမြို့နယ် ဟံသာဝတီအ၀ိုင်းမှ
EMSI (Express Mail Services International ) ဌာနအား တွေ့ရစဉ်
၂၀၁၂ ခုနှစ် ပထမလေးလတာ ကာလအတွင်း မြန်မာနိုင်ငံကူး လက်မှတ် ခြောက်သောင်းနီးပါး ထုတ်ပေးခဲ့ပြီး ဖေဖော်ဝါရီလတွင် အများဆုံးထုတ်ပေးခဲ့

မြန်မာနိုင်ငံကူး လက်မှတ် လာရောက်လျှောက်ထားသူများကို တွေ့ရစဉ်
၂၀၁၂ ခုနှစ် ပထမလေးလတာ ကာလအတွင်း မြန်မာနိုင်ငံကူးလက်မှတ် ခြောက်သောင်းနီးပါး ထုတ်ပေးခဲ့ပြီး ဖေဖော်ဝါရီလတွင် လက်မှတ် အများဆုံး ထုတ်ပေးခဲ့ရကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ မှ သတင်းရရှိသည်။
သင်္ဘောသား ဖြစ်ခွင့်အတွက် ဖြေဆိုရသည့် အင်္ဂလိပ်စာ အရည်အချင်းစစ် BEST စာမေးပွဲစနစ်အား ရုတ်သိမ်း
သင်္ဘောသားဖြစ်ခွင့်အတွက် ဖြေဆိုရသည့် အင်္ဂလိပ်စာ အရည်အချင်း စစ်စာမေးပွဲ BEST
စာမေးပွဲစနစ် အား မေလ ၁ ရက်နေ့မှစတင် ရုတ်သိမ်းခဲ့ကြောင်းလည်း
သတင်းရရှိပါသည်။
ယခင်က သင်္ဘောသားဖြစ်ခွင့် ရရန်အတွက် Basic Safety Training (BST) သင်တန်းများ တက်ရောက်ခွင့်ရရန် မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်တွင် အင်္ဂလိပ်စာ အရည်အချင်းစစ်စာမေးပွဲများ စစ်ဆေးခဲ့သည်။
ယခင်က သင်္ဘောသားဖြစ်ခွင့် ရရန်အတွက် Basic Safety Training (BST) သင်တန်းများ တက်ရောက်ခွင့်ရရန် မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်တွင် အင်္ဂလိပ်စာ အရည်အချင်းစစ်စာမေးပွဲများ စစ်ဆေးခဲ့သည်။
ဘက်ပေါင်းစုံမှ ၀ါဒဖြန့်ချိရေးသမားများ Facebook အပါအ၀င် အွန်လိုင်းမီဒီယာ၌ နေရာယူမှု များလာခြင်းအတွက် ခေတ်နှင့်လျော်ညီသော ဥပဒေတစ်ရပ် ပေါ်ထွန်းရေး လိုအပ်လာ

Myanmar Express ၀က်ဘ်စာမျက်နှာတွင် နိုင်ငံတကာနှင့် ပြည်သူလူထု၏ ယုံကြည်လေးစားမှု ရရှိထားသည့်
ဒေါ်အောင်ဆန်းစုကြည်အား ညစ်ညမ်းစွာ ပုတ်ခတ် ဖော်ပြထားချက်များ
စစ်သားတွေရဲ့ ဘ၀နဲ့ ခံစားချက်

၈၈ မျိုးဆက် ကျောင်းသားများ ပြင်သစ် ခရီးစဉ် ရွှေ့ဆိုင်း
ရန်ကုန် ၊ မေ ၂၁
မြန်မာ နိုင်ငံအနှံ့ နိုင်ငံရေးခရီးစဉ်များ သွားနေသည့် ၈၈ မျိုးဆက် ကျောင်းသားများ၏ ပထမဆုံး ပြည်ပခရီးစဉ် အဖြစ် ပြင်သစ်နိုင်ငံသို့ မေ ၂၁ ရက်နေ့ (ယနေ့) တွင် ထွက်ခွာရန် စီစဉ် ထားသော်လည်း နိုင်ငံကူး လက်မှတ် မရရှိသေးသဖြင့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ရကြောင်း ၈၈ မျိုးဆက် ကျောင်းသား ဦးဇော်မင်းက The Voice Weekly သို့ ပြောကြားသည်။
မြန်မာ နိုင်ငံအနှံ့ နိုင်ငံရေးခရီးစဉ်များ သွားနေသည့် ၈၈ မျိုးဆက် ကျောင်းသားများ၏ ပထမဆုံး ပြည်ပခရီးစဉ် အဖြစ် ပြင်သစ်နိုင်ငံသို့ မေ ၂၁ ရက်နေ့ (ယနေ့) တွင် ထွက်ခွာရန် စီစဉ် ထားသော်လည်း နိုင်ငံကူး လက်မှတ် မရရှိသေးသဖြင့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ရကြောင်း ၈၈ မျိုးဆက် ကျောင်းသား ဦးဇော်မင်းက The Voice Weekly သို့ ပြောကြားသည်။
ရွာထဲ မိုင်းပစ်ခတ်ပေါက်ကွဲမှုတွင် အပြစ်မဲ့ပြည်သူ ၁ ဦး ဒဏ်ရာရ
HTC ၏ CEO နည်းပညာ ဖောင်ဒေးရှင်း တည်ထောင်မည်
မြန်မာပြည်သို့ အလည်ပြန်လာသည့် ကမ္ဘာ့ထိပ်တန်း မိုဘိုင်းဖုန်း ကုမ္ပဏီ HTC (High Tech Computer Coporation)၏ အမှုဆောင် အရာရှိချုပ်(CEO) က မြန်မာ လူငယ်များ နည်းပညာဖွံဖြိုးရေးအတွက် စဥ့်ကူး အမည်ရှိ ဖောင်ဒေးရှင်း တခု မကြာမီ တည်ထောင် သွားမည်ဟု ပြောကြားလိုက်သည်။
လျှပ်စစ်မီးရရေး မန္တလေးမှာ ဆက်လက် ဆန္ဒပြ
လျှပ်စစ်မီး အလုံအလောက်ရရှိရေးအတွက် တောင်းဆိုဆန္ဒပြပွဲတွေ
မန္တလေးမြို့မှာ နှစ်ရက်ဆက်တိုက် အဖြစ်နဲ့ ဒီကနေ့လည်း ဆက်လက်ဖြစ်ပွားပါတယ်။
လျှပ်စစ်မီး မလုံလောက်တာကြောင့် မန္တလေးနဲ့ ရန်ကုန်လို မြို့ကြီးတွေ အပါအ၀င်
နေရာအတော်များများမှာ လျှပ်စစ် ဓာတ်အားဖြန့်ဝေမှုတွေ လျှော့ချမယ် လို့
အာဏာပိုင်တွေက ပြော ထားပေမဲ့လည်း အခုအခါမှာတော့ အဆင်ပြေအောင်
စီစဉ်ပေးပါ့မယ်လို့ လျှပ်စစ်ဝန်ကြီးဋ္ဌာနရဲ့ ပြည်တောင်စု ဒုတိယ၀န်ကြီးက
ဒီကနေ့ ညနေမှာ ကတိပေးလိုက်ပါတယ်။
ဒီအခြေအနေအပြည့်အစုံကိုတော့ မသင်းသီရိက စုံစမ်းတင်ပြထားပါတယ်။
ဒီအခြေအနေအပြည့်အစုံကိုတော့ မသင်းသီရိက စုံစမ်းတင်ပြထားပါတယ်။
မွန်နှစ်ပါတီ ပေါင်းစည်းရေး အခက်အခဲရှိနေ
မော်လမြိုင် (မဇ္ဈိမ) ။ ။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့်
မွန်ဒီမိုကရေစီ ပါတီတို့၏ နှစ်ပါတီ ပေါင်းစည်းရန် ဆုံးဖြတ်ချက်
ချမှတ်ပြီးသော်လည်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအတွင်း
သဘောထားတင်းမာနေသူ အချို့ကြောင့် ပေါင်းစည်းရန် ခက်ခဲ နေသေးကြောင်းနှင့်
ပေါင်းစည်းရေးအတွက် တာဝန်ပေးအပ်ထားသည့် ကိုယ်စားလှယ်များကိုလည်း
ရုပ်သိမ်းရန် သဘောထား ရှိနေကြောင်း သိရသည်။
7 July နှစ် (၅၀) ပြည့် အခမ်းအနား မန္တလေးတွင် ကျင်းပရန် စီစဉ်နေ
နယူးဒေလီ (မဇ္ဈိမ) ။ ။ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦး
ဖြိုဖျက်ခံရသည် နှစ် (၅၀) ပြည့် 7 July နေ့အခမ်းအနားကို မန္တလေးမြို့တွင်
ကျင်းပရန်အတွက် ဗကသ များအဖွဲ့ချုပ် (အထက်ဗမာပြည်)မှ ဦးစီး၍
စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
လှိုင်သာယာစက်မှုဇုန် ဆန္ဒပြစက်ရုံ ငါးရုံစုပေါင်း၍ နိုင်ငံတော်သမ္မတထံသို့ စုပေါင်း တောင်းဆိုမှုများ ပြုလုပ်သွားမည်
လှိုင်သာယာစက်မှုဇုန်မှ လက်ရှိဆန္ဒပြနေသည့် စက်ရုံငါးရုံ ဆန္ဒပြ
အလုပ်သမားများ စုပေါင်း၍ နိုင်ငံတော်သမ္မတထံသို့ စုပေါင်းတောင်းဆိုမှုများ
ပြုလုပ်သွားမည်ဖြစ်ကြောင်း မေလ(၂၁)ရက်နေ့က ပြုလုပ်ခဲ့သည့် ဆန္ဒပြ
စက်ရုံငါးရုံ၏ သတင်းစာရှင်းလင်းပွဲမှ သိရှိရသည်။
Hi Mo ဆံပင်တုစက်ရုံ အဆောင်နေ လုပ်သားများ ရေ မီး ဖြတ်တောက်မှုခံထားရပြီး လုပ်သား ၄၀ ကျော် ဖျားနာမှုများရှိနေ
Hi Mo ဆံပင်တုစက်ရုံမှ အဆောင်နေ ဆန္ဒပြလုပ်သားများ ရေ မီး
ဖြတ်တောက်မှုခံထားရပြီး အဆောင်တွင်း၌လည်း လုပ်သား ၄၀ ကျော်
ဖျားနာမှုများရှိနေကြောင်း သတင်းရရှိသည်။
''ဒီရက်ပိုင်းမှာ မီး၊ ရေ ဖြတ်ထားလို့ ရေတွေ ၀ယ်သုံးနေရပါတယ်။ ဆန္ဒပြရက်တွေအတွင်းမှာ မိုးရွာတော့
''ဒီရက်ပိုင်းမှာ မီး၊ ရေ ဖြတ်ထားလို့ ရေတွေ ၀ယ်သုံးနေရပါတယ်။ ဆန္ဒပြရက်တွေအတွင်းမှာ မိုးရွာတော့
ရန်ကုန်ဆိပ်ကမ်း ရွာသစ်ချောင်းမှ စဥ့်အိုးတန်းအထိ ကမ်းနားဒေသအား နိုင်ငံတကာအဆင့်မီ ပြည်တွင်းခရီးသွား ဆိပ်ကမ်းအဖြစ် ပြုပြင်တည်ဆောက်မည်

မြန်မာနိုင်ငံသို့ လေကြောင်းလိုင်းများမှ ကမ္ဘာလှည့် ခရီးသွားဝင်ရောက်မှု တစ်ရက်လျှင် ပျမ်းမျှဦးရေ ၁၅၀၀ အထိရှိလာ

မြန်မာနိုင်ငံသို့ လေကြောင်းလိုင်းများမှ ခရီးသွားဝင်ရောက်မှုသည် ယခုအခါတစ်ရက်လျှင် ပျမ်းမျှဦးရေ ၁၅၀၀ အထိ ရောက်ရှိလာသည်ဟု သတင်းရရှိပါသည်။

မြန်မာနိုင်ငံသို့ လေကြောင်းလိုင်းများမှ ခရီးသွားဝင်ရောက်မှုသည် ယခုအခါတစ်ရက်လျှင် ပျမ်းမျှဦးရေ ၁၅၀၀ အထိ ရောက်ရှိလာသည်ဟု သတင်းရရှိပါသည်။
အပူပိုင်းဒေသရှိ ကျေးရွာ ၂၈၀ အား ရာသီဥတု ပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံရေး အပေါ် ထိခိုက်နိုင်မှုများ ဖြေရှင်းနိုင်ရေး အကောင်အထည်ဖော်မည်

မြန်မာနိုင်ငံ အလယ်ပိုင်းအပူပိုင်း ဒေသများဖြစ်သော မန္တလေး၊ မကွေး နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ညောင်ဦး၊ မြင်းခြံ၊ ချောက်၊ ရွှေဘို၊ မုံရွာမြို့နယ်များတွင် ရှိသော ကျေးရွာ ပေါင်း ၂၈၀ အား ရာသီဥတု ပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံရေး အပေါ် ထိခိုက်နိုင်မှုများ ဖြေရှင်းနိုင်ရေးအတွက် လေးနှစ်တာလုပ်ငန်း စီမံကိန်း UNDP အဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
ဦးအောင်မင်းနှင့် KIO ပထမဆုံးအကြိမ် တွေ့ဆုံ
ဦးအောင်မင်းနှင့် KIO ပထမဆုံးအကြိမ် တွေ့ဆုံ
2012-05-21
ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်တန့်ရေးအတွက် ပြည်တောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ KIO အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာ ဦးဆောင်တဲ့ အဖွဲ့နဲ့ ဒီကနေ့ မေလ ၂၁ ရက်နေ့ မနက်ပိုင်းက ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းမြို့မှာ အလွတ်သဘော တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
RFA
အလုပ်သမားပြဿနာ ဖြေရှင်းရေးကော်မတီဖွဲ့ဖို့ ၈၈ ကျောင်းသားများ တောင်းဆို
အလုပ်သမားပြဿနာ ဖြေရှင်းရေးကော်မတီဖွဲ့ဖို့ ၈၈ ကျောင်းသားများ တောင်းဆို
2012-05-21
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အလုပ်သမားရေး ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရအနေနဲ့ အလုပ်ရှင် အလုပ်သမား ပဋိပက္ခဖြေရှင်းရေး ကော်မတီတစ်ရပ် အမြန်ဆုံးဖွဲ့စည်း ဆောင်ရွက်ပေးဖို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
RFA
မြစ်ဆုံစီမံကိန်း ပြန်စနိုင်ဖို့ တရုတ်ကြိုးပမ်းနေတယ်လို့ ကချင်ဖွံဖြိုးရေးအဖွဲ့ ပြောဆို
မြစ်ဆုံစီမံကိန်း ပြန်စနိုင်ဖို့ တရုတ်ကြိုးပမ်းနေတယ်လို့ ကချင်ဖွံဖြိုးရေးအဖွဲ့ ပြောဆို
2012-05-21
တရုတ်အစိုးရပိုင် လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံရေး ကော်ပိုရေးရှင်း (CPI) ဟာ သမ္မတဦးသိန်းစိန် လက်ထက်မှာ ယာယီရပ်ဆိုင်းထားတယ်ဆိုတဲ့ ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်း ပြန်သက်ဝင်လှုပ်ရှားဖို့ နိုင်ငံတကာ ရေကာတာကြီးများ တည်ဆောက်ရေး လုပ်ငန်း ICOLD (အိုင်ကိုးဒ်) အကူအညီရယူဖို့ ကြိုးပမ်းနေတယ်လို့ KDNG ကချင်ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့က ဒီနေ့ ပြောကြားလိုက်ပါတယ်။
RFA
အပစ်ရပ်ပြီးနောက် ပထအဆုံးအကြိမ်ကျင်းပတဲ့ ရှမ်းတော်လှန်ရေးနေ့
အပစ်ရပ်ပြီးနောက် ပထအဆုံးအကြိမ်ကျင်းပတဲ့ ရှမ်းတော်လှန်ရေးနေ့
2012-05-21
ရှမ်းပြည်တပ်မတော် SSA တောင်ပိုင်း လို့ လူသိများတဲ့ RCSS/SSA တောင်ပိုင်း အဖွဲ့ဟာ မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးပြီးနောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်မ ကျေးရွာမှာ ပထမဆုံးအကြိမ် ရှမ်းတော်လှန်ရေးနေ့ ဒီနေ့ စည်စည်ကားကားကျင်းပကြပါတယ်။
RFA
Subscribe to:
Posts (Atom)