Thursday, May 31, 2012
ရဲတပ်ကြပ် တစ်ဦးရိုက်နှက်မူကြောင့် ဒေသခံ လူကြီးတစ်ဦး ခေါင်းကွဲ၊ ငါးချက် ချုပ်ရ
ရဲ ဒုတပ်ကြပ် အဆင့် ရှိသူ တစ်ဦး၏ ရိုက်နှက်မူကြောင့် တောင်ကုတ်မြို့နယ်မှ
အသက် ၅၅ နှစ်ရှိ လူကြီးတစ်ဦးမှာ ဦးခေါင်းတွင် ဒဏ်ရာ ရရှိကာ ဆေးရုံတွင်
ငါးချက်တိတိ ချုပ်လိုက်ရကြောင်း ဒေသခံများက နိရဉ္စရာသို့ ပြောသည်။
ဦးခေါင်းမှ ချုပ်ဒဏ်ရာနှင့် ဦးထွန်းနု
ရဲဒုတပ်ကြပ်၏ ရိုက်နက်၍ ဦးခေါင်းကို ငါးချက်တိတိ ချုပ်လိုက်ရသူမှာ တောင်ကုတ်မြို့နယ် ပေါက်ပြင် ကျေးရွာမှ ဦးထွန်းနု ဖြစ်သည်။

ထိုင်းနယ်စပ်မျဉ်းနှင့်ကပ်လျက် တောင်ပိုင်း ဝ မြို့သစ်တည်
သျှမ်းပြည်သံလွင်အရှေ့ခြမ်း ပုံပါကျင်မြို့နယ်ခွဲ အတွင်း တောင်ပိုင်း ဝ
ထိန်းချုပ်နယ်မြေ နောင်ဝဲန်းကျေးရွာ အား မြို့အဆင့် တိုးမြင့်ရန်
တောင်ပိုင်း ဝ ပြင်ဆင်နေကြောင်း နီးစပ်သည့် အသိုင်းအဝိုင်း ကပြောပါသည်။

ဝ တပ်ဖွဲ့စစ်သမီးများ
ဟိုင်မို ဆံပင်တုစက်ရုံ အလုပ်သမား နစ်နာမှု ၈၈ မျိုးဆက်မှ ကိုးရီးယား သံရုံးသို့ အကြောင်းကြားမည်
မေလ ၃၀၊ ၂၀၁၂၊ ပိုင်ပိုင် (YPI)
အခြေခံလစာနည်းပါးမှုကြောင့် လွန်ခဲ့သည့် ရက် (၂၀) ခန့်မှ စတင်ဆန္ဒပြခဲ့ကြသော ကိုရီးယားလူမျိုးပိုင်ဆိုင်သည့် ဟိုင်မိုဆံပင်တုစက်ရုံမှ အလုပ်သမားများအရေးကိစ္စနှင့် ပတ်သက်ပြီး ကိုရီးယားသံရုံးသို့ အကြောင်းကြားစာ ပေးပို့သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်ကပြောသည်။
ကိုမင်းကိုနိုင်က “ဒီကိစ္စကို ပစ်မထားဘူး။ ဒီထက်အခြေအနေ တိုးတက်အောင် တရားတဲ့နည်းလမ်းနဲ့ ဖြေရှင်းသွားမယ်။ နိုင်ငံတကာသိအောင် အစ်ကိုတို့အားလုံးဝိုင်းဝန်း ဖော်ထုတ်ပေးမယ်။ ကိုရီးယားသံရုံးကိုလည်း စာပို့မယ် ” ဟု ယနေ့နေ့လည် ဟိုင်မိုစက်ရုံမှ ဆန္ဒပြအလုပ်သမားများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တန်ဖိုးမြင့်လာသည့် ပြင်ဦးလွင် ကျူးကျော်ရပ်ကွက်ကို အာဏာပိုင်များ ဖယ်ရှားခိုင်း
မေလ ၃၀၊ ၂၀၁၂ ၊ ကျော်သူရမျိုး (YPI )
ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၈)၊ မြို့သစ် ပဒေသာတွင် (၁၀)နှစ်ကျော်ကြာ အခြေချနေထိုင်လာသည့် အိမ်ခြေ ၁၀၀ ကျော်ရှိ ကျူးကျော်ရပ်ကွက်အား မြို့နယ်အုပ်ချုပ်ရေး အာဏာပိုင်များနှင့် သစ်တောရေးရာဦးစီးဋ္ဌာန တို့မှ ပုးပေါင်း၍ ဖယ်ရှားခိုင်းလျှက်ရှိသည်ဟု ရပ်ကွက်သားများက ပြောသည်။

လမ်းမတော် မီးလောင်မှု၌ သေဆုံးသူမိန်းကလေး ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ ၃ ခု တွေ့ရှိ
လမ်းမတော်တွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးကြောင်းသိရသည်။
မေလ(၃၀)ရက်နေ့ နံနက် ၁၂ နာရီ ၄၅ ခန့်က ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ၇ လမ်း၊ အမှတ်(၇၆) သုံးလွှာ ညာဖက်ခြမ်း အခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ၊ အခြေခံပညာအထက်တန်းဖြေဆိုထားသည့် အသက်(၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦး မီးလောင်သေဆုံးခဲ့ခြင်းဖြစ်သည်။

အသက် ၆၀ အရွယ် အမျိုးသမီးကို တပ်သားက အဓမ္မပြုရန်ကြိုးစား
ဆီဆိုင်၊ မေလ ၃၀၊ ၂၀၁၂ ၊ (YPI)
ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု နောင်ပါတ်ကျေးရွာမှ အသက်(၆၀)နှစ် အမျိုးသမီး တစ်ဦးကို မေလ ၂၂ရက်နေ့တွင် ဆီဆိုင်မြို့ မြေခံတပ်ရင်း ခမရ ၄၂၄ တပ်သားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း သိရှိရသည်။

လုံးခင်း၊ ဖားကန့်ဒေသများရှိ ကျောက်မျက် တူးဖော်ရေး လုပ်ငန်းများ အားလုံးကို မေလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ဖယ်ရှားရမည်

ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်းများကို ဇန်န၀ါရီလ ၂၀ရက်နေ့က တွေ့ရစဉ်
ယခုနှစ် မိုးရာသီတွင် မလိုလားအပ်သော လုပ်ငန်းခွင်ဘေး အန္တရာယ်အမျိုးမျိုးမှ ကင်းဝေးစေရန် ကချင်ပြည်နယ် လုံးခင်း၊ ဖားကန့်ဒေသများရှိ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းများ အားလုံးကို မေလ ၃၀ ရက်နေ့နောက်ဆုံးထား၍ ဖယ်ရှားပေးရန် သတ္ထုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ ကျောက်စိမ်း တူးဖော်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လမ်းမတော်မြို့နယ် ၇ လမ်းရှိ တိုက်ခန်းတစ်ခုအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အခန်းအတွင်း ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး ဦးခေါင်းဒဏ်ရာဖြင့် သေဆုံး

သေဆုံးသူ၏ အလောင်းအား ကားပေါ်သို့ တင်ဆောင်နေစဉ်
သီလ၀ါ အထူးစီးပွားရေးဇုန် မြေနေရာတွင် လုပ်ငန်းဖော်ဆောင်ရန် မြေကွက် ၃၇ နေရာ လျာထားရာမှ မြေကွက် ၁၀ ကွက်သာ နေရာလွတ်ကျန်ရှိ

သီလ၀ါ အထူးစီးပွားဇုန် အတွင်းရှိ တည်ဆောက်ရေး လုပ်ငန်းခွင်အား တွေ့ရစဉ်
ရန်ကုန်မြို့တွင်း တန်ပိုတင်ဆောင်နေသော ယာဉ်များကို မူလလမ်းပျက်စီးမှု လျော်ကြေးအပြင် စည်ပင်ဥပဒေဖြင့်ပါ ဒဏ်ငွေရိုက်ကာ အရေးယူမှုစတင်

ကုန်တင်ထားသော ယာဉ်တစ်စီးကို ဘုရင့်နောင်လမ်းဆုံ၌ တွေ့ရစဉ်
Hi Mo ဆံပင်တုစက်ရုံမှ ဆန္ဒပြ အလုပ်သမားများအား ကရုဏာကြေး သုံးလစာနှင့် ငါးလစာထုတ်ယူ၍ လုပ်ငန်းခွင်မှ ထွက်ခွာနိုင်ကြောင်း ကြေညာ
Hi Mo ဆံပင်တုစက်ရုံမှ ဆန္ဒပြ အလုပ်သမားများအား လစာငွေ၏ သုံးလစာနှင့် ငါးလစာ
ကရုဏာကြေးများ ထုတ်ယူ၍ လုပ်ငန်းခွင်မှ ထွက်ခွာနိုင်ကြောင်း
စက်ရုံဝင်းအတွင်းနှင့် စက်ရုံရှိ အလုပ်သမား အဆောင်များတွင် စာရွက်များကပ်၍
ကြေညာခဲ့သည်ဟု Hi Mo ဆံပင်တုစက်ရုံ ဆန္ဒပြ အလုပ်သမားများ၏ ပြောကြားချက် အရ
သိရှိရသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေကို ပို၍ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ရန် လေ့လာလိုသဖြင့် ထိုင်းနိုင်ငံ မဟာချိုင်သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့

MWRN Learning Center သို့ ရောက်ရှိလာစဉ်
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံချိန်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော အထွေထွေ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း အဘီးဆစ် ၀ိဇ္ဇာဇီဝက ပြောကြားခဲ့

ဒေါ်အောင်ဆန်းစုကြည်နှင့်
ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း အဘီဆစ် ၀ိဇ္ဇာဇီဝတို့ ထိုင်းနိုင်ငံ
ဘန်ကောက်ရှိ ရှန်ဂရီလာဟိုတယ်၌ တွေ့ဆုံစဉ် Photo: AFP
ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း အဘီဆစ် ၀ိဇ္ဇာဇီဝတို့သည် မေလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန်က ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ရှန်ဂရီလာဟိုတယ်၌ တွေ့ဆုံခဲ့ကြပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၇ ဦးတို့ သီခြားတွေ့ဆုံပြီး အလုပ်သမားရေးရာ ကိစ္စရပ်များဆွေးနွေး
မေလ ၃၀ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ မဟာချိုင်သို့ သွား
ရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် လုပ်ငန်းပေါင်းစုံမှ ရွေ့ပြောင်း
အလုပ်သမား ၂၇ ဦးနှင့် သီးခြားတွေ့ဆုံပြီး အလုပ်သမားရေးရာ ကိစ္စရပ်များ
ဆွေးနွေးခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မဟာချိုင်ရှိ မြန်မာရွေ့ပြောင်း အလုပ်သမားများအား မိန့်ခွန်း ပြောကြားခဲ့ပြီးနောက် MWRN Learning Center ၌ပင် တွေ့ဆုံမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မဟာချိုင်ရှိ မြန်မာရွေ့ပြောင်း အလုပ်သမားများအား မိန့်ခွန်း ပြောကြားခဲ့ပြီးနောက် MWRN Learning Center ၌ပင် တွေ့ဆုံမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ် လိုသူများနှင့် ကိုယ်ပိုင်ကျောင်းဆရာအဖြစ် လုပ်ကိုင်ရန် လျှောက်ထားမှုများအား သတ်မှတ်ချက်နှင့် ပြည့်စုံပါက အရေအတွက် အကန့်အသတ်မရှိ ခွင့်ပြု
ကိုယ်ပိုင်ကျောင်း တည်ထောင် ဖွင့်လှစ်လိုသူများနှင့်
ကိုယ်ပိုင်ကျောင်းဆရာအဖြစ် လုပ်ကိုင်ရန် လျှောက်ထားသူများအား
သတ်မှတ်ချက်နှင့်ပြည့်စုံပါက အရေအတွက် အကန့်အသတ်မရှိ စိစစ်ကာ
ခွင့်ပြုမည်ဖြစ်ကြောင်း အမှတ် ၃ အခြေခံပညာဦးစီးဌာနမှ သတင်းရရှိပါသည်။
အဆိုပါကိုယ်ပိုင်ကျောင်းများ တည်ထောင်ဖွင့်လှစ်နိုင်ရန် အတွက် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ၂၀၁၁ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၄ ဖြင့်
အဆိုပါကိုယ်ပိုင်ကျောင်းများ တည်ထောင်ဖွင့်လှစ်နိုင်ရန် အတွက် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ၂၀၁၁ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၄ ဖြင့်
အလုပ်သမားအရေး ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ၈၈-ခေါင်းဆောင်များ တိုက်တွန်း
အလုပ်သမားအရေး ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ၈၈-ခေါင်းဆောင်များ တိုက်တွန်း
2012-05-30
အခြေခံအလုပ်သမား အခွင့်အရေးတွေအတွက် ဆန္ဒပြတောင်းဆိုနေမှုတွေအပေါ် အလုပ်ရှင်နဲ့ အလုပ်သမားတွေအားလုံး အနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုင်ပင်ညှိနှိုင်း ဖြေရှင်းကြဖို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။
RFA
ဒီပဲယင်း နှစ်ပတ်လည်နေ့ အခမ်းအနား မန္တလေး NLD ဦးစီးကျင်းပ
ဒီပဲယင်း နှစ်ပတ်လည်နေ့ အခမ်းအနား မန္တလေး NLD ဦးစီးကျင်းပ
2012-05-30
ဒီနေ့ ကျရောက်တဲ့ မေ ၃၀ ဒီပဲယင်း နှစ်ပတ်လည်နေ့ အခမ်းအနားကို မန္တလေးအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ဦးစီးကျင်းပပြီး အဲဒီနေ့က အသက်သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေကို ငွေကြေး ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
Ad Hoc Commission on Depayin Massacre (Burma)
ခရမ်း(၂)ရပ်ကွက်၊ ဦးပိုင်အမှတ်(၅၄)မြေနေရာမှာ ပြန်/ဆက်မြေဟု ဦးမြင့်ဆွေ ပြော
ခရမ်းမြို့နယ်၊
အမှတ်(၂)ရပ်ကွက်ရှိ မင်းလမ်းနှင့် မြကန်သာလမ်းထောင့်၊ဦးပိုင်အမှတ်(၅၄)ရှိ
သာသနာပိုင်မြေဟု ဖော်ပြခဲ့သောမြေနေရာမှာပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာနမှပိုင်ဆိုင်သောမြေဖြစ်ကြောင်း ပြန်/ဆက်
လက်ထောက်ညွှန်ကြားရေးမှုးဦးမြင့်ဆွေမှ ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် တွေ့ဆုံအသံဖိုင်
ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် တွေ့ဆုံ
2012-05-30
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်က ထိုင်းနိုင်ငံ စမွတ်ဆခွန် ခရိုင်၊ မဟာချိုင်မှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထောင်ပေါင်းများစွာနဲ့ တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့ပါတယ်။
RFA
မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ၀ိုင်းဝန်း တွန်းအားပေးဖို့ ထိုင်းဝန်ကြီးချုပ် ပြော
မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ၀ိုင်းဝန်း တွန်းအားပေးဖို့ ထိုင်းဝန်ကြီးချုပ် ပြော
2012-05-30
မြန်မာနိုင်ငံက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဟာ အားရစရာ ဖြစ်ပြီးတော့ အဲဒီအပြောင်းအလဲတွေ ပိုမိုအားကောင်းလာဖို့ ဒေသတွင်း နိုင်ငံခေါင်းဆောင်တွေအနေနဲ့ ၀ိုင်းဝန်း တွန်းအားပေးသင့်ကြောင်း ထိုင်းဝန်ကြီးချုပ် မီးစ် ယင်လတ် ရှီနာဝတ် က ပြောကြားလိုက်ပါတယ်။
Photo courtesy of Wikipedia
၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပသော ကမ္ဘာ့စီးပွားရေး ညီလာခံ၌ ထိုင်းဝန်ကြီးချုပ် မီးစ် ယင်လတ် ရှီနာဝတ် စကားပြောကြားနေစဉ်။
Yangon Crown သံမဏိစက်ရုံ အလုပ်သမား တောင်းဆိုချက်အားလုံး ရရှိ
Yangon Crown သံမဏိစက်ရုံ အလုပ်သမား တောင်းဆိုချက်အားလုံး ရရှိ
2012-05-30
အစာငတ်ခံ ဆန္ဒထုတ်ဖော်နေကြတဲ့ မှော်ဘီ မြို့နယ် မြောင်းတကာ စက်မှုဇုန်က Yangon Crown သံမဏိစက်ရုံ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေ အားလုံးကို စက်ရုံပိုင်ရှင်က လိုက်လျောလိုက်ပြီလို့ သိရပါတယ်။
RFA
Home သတင်း မီဒီယာဌာန ဖွင့်လှစ်
Home သတင်း မီဒီယာဌာန ဖွင့်လှစ်
2012-05-30
အနုပညာရှင် ကိုဇာဂနာ ဦးစီးပြီး သတင်း၊ မဂ္ဂဇင်း ဆောင်းပါးတွေပါဝင်တဲ့ ဂျာနယ်ထုတ်ဝေနိုင်ဖို့ နဲ့ မှတ်တမ်းတင် ရုပ်ရှင်သင်တန်းနဲ့ ရိုက်ကူးရေး လုပ်ငန်းတွေ စီစဉ်နိုင်ဖို့အတွက် House of Media and Entertainment ခေါ် Home မီဒီယာစင်တော်ကို ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။
RFA
Subscribe to:
Posts (Atom)