Thursday, May 31, 2012

ပြည်တွင်း၌ ကြိမ်ဈေးကွက်ဝေစုရရှိနေသော်လည်း ပြည်ပတင်ပို့ရန်ခက်ခဲနေဆဲ

လှပပေါ့ပါးခိုင်ခံ့မှုတို့ကြောင့် ကြိမ်ထည်ပစ္စည်းများသည် ပြည်တွင်းဈေးကွက်၌ ရေပန်းစားလျက် ရှိသော်လည်း   ပြည်ပဈေးကွက်အတွက်မှု အားနည်းချက်များ ရှိနေသေးကြောင်း ကြိမ်လုပ်ငန်း ကုမ္ပဏီကြီးများထံက သိရှိရသည်။
 
 
ကျွန်တော်တို့ ကုမ္ပဏီကအစကတော့ ပြည်ပကိုပို့တယ်၊ နောက်တော့ သစ်တောထောက်ချက်တွေ ယူရတာ များလာတော့ မပို့ဖြစ်တော့ဘူး’’ဟု 3 Red Starကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
 
ကမ္ဘာ့အပူပိုင်းနိုင်ငံများဖြစ်သော ထိုင်း၊အင်ဒိုနီးရှား၊မလေးရှား၊လာအို၊ဗီယက်နမ်၊ သီရိလကာင်္၊ စူဝေလီ၊ စကာင်္ပူ၊ ဂျာဗား၊ ဘရူနိုင်း၊မြန်မာစသည့်နိုင်ငံများတွင် ကြိမ်ပေါက်ရောက်ခဲ့ရှိသော်လည်း ယခုအခါတွင် စားပွဲ၊ကုလားထိုင်၊လိုက်ကာနှင့် အိမ်အလှပြင်တန်ဆာပလာများအဖြစ် အသုံးပြုလျက်ရှိသောကြောင့် ကြိမ်ပေါက်ရောက်သည့်နိုင်ငံများတွင်   ဈေးကွက်ဝင်မှု အခြေအနေကြောင့် ကြိမ်မျိုးပြုန်းတီးရန် ခြိမ်း ခြောက်ခံနေရပြီဖြစ်ကြောင်းကိုလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တို့က ဆိုသည်။
 
စစ်ကိုင်းမန္တလေးလမ်းမကြီးတလျှောက်တွင် ကြိမ်ပါဝင်မှုနည်းသော အစင်းကြားပက်လက်ကုလားထိုင်တစ်မျိုးလျှင် ကျပ်(၁၂၅၀၀)၊ ကြိမ်စိတ်စိတ်ရက်ထားသည့် ပက်လက်ကုလားထိုင်မှာ ကျပ်( ၁၅၀၀၀)နှုန်းရှိကြောင်း သိရှိရသည်။
 
“ကြိမ်က လူသုံးကုန်အဖြစ် ရေပန်းစားလာပြီ၊ ကုန်းကြိမ်နဲ့ရေကြိမ်(၂)မျိုးစလုံးကို စိုက်ပျိုးခြင်းအားဖြင့် နိုင်ငံခြားဝင်ငွေကို ကြိုဆိုနိုင်ပေမယ့် ပြည်ပတင်ပို့ရာမှာ အခက်အခဲတွေရှိနေတယ်  ဦးမောင်သောင်းကဆိုသည်။
 
“ကြိမ်ထည်ပစ္စည်းတွေကို ပြည်ပတင်ပို့နိုင်ဖို့ဆိုရင် ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ ပိုးအရင်သတ်နိုင် ဖို့လိုမယ် ဟု မြန်မာနိုင်ငံကြိမ်ထည်လုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ဦးက ဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။