Wednesday, July 4, 2012

တိုင်းရင်းသားပေါင်းစုံညီလာခံ ကျင်းပဖို့ မြန်မာအစိုးရကြေညာ

နေပြည်တော်မှာ ဇူလိုင်လ ၁ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်းက မြန်မာနိုင်ငံမှာ ထာဝရငြိမ်းချမ်းရေးရဖို့အတွက် အဆင့် သုံးဆင့်ရှိတဲ့ အပစ်အခတ်ရပ်စဲဖို့၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့နဲ့ ၂၀၁၅ ခုနှစ်မတိုင်ခင် တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ညီလာခံတခု ကျင်းပဖို့ ဆိုတဲ့ လမ်းပြမြေပုံအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့အကြောင်းကို ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ် ဒုက္ခသည် ရုပ်ရှင်အနုပညာရှင် သွားရောက်ကူညီ


ဒေါ်အောင်ဆန်းစုကြည်နဲ့ အေအက်ဖ်ပီ တွေ့ဆုံမေးမြန်းခန်း


ပိတ်ဆို့မှု လုံးဝရုပ်သိမ်းစေချင်ရင် လက်တွေ့ဆောင်ရွက်ပြဖို့ ဒေါ်စုပြောကြား

ပိတ်ဆို့မှု လုံးဝရုပ်သိမ်းစေချင်ရင် လက်တွေ့ဆောင်ရွက်ပြဖို့ ဒေါ်စုပြောကြား
2012-07-03
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေအားလုံး ဖယ်ရှားနိုင်ရေး အတွက် အခုလို ယာယီဆိုင်းငံ့ထားချိန်မှာ သက် ဆိုင်သူတွေက အောင်မြင်အောင် ဆောင်ရွက် ပြသ နိုင်ဖို့ လိုတယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆော င် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။
RFA

ဖောက်ခွဲမှုနဲ့ စွဲချက်တင်ခံခဲ့ရတဲ့ ဦးသန်းဇော် လွတ်လာပြီ

ဖောက်ခွဲမှုနဲ့ စွဲချက်တင်ခံခဲ့ရတဲ့ ဦးသန်းဇော် လွတ်လာပြီ
2012-07-03
သရက်ထောင်မှာ နှစ်ရှည်အကျဉ်းကျနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် တစ်ဦးဖြစ်တဲ့ ဦးသန်းဇော်ဟာ ဒီကနေ့ မနက်ပိုင်းက လွတ်မြောက်လာပြီဖြစ်ပါတယ်။
ထောင်ထဲမှာ ၂၃ နှစ်နေခဲ့ရတဲ့ ဦးသန်းဇော်က သူ့ကို နောက်တခါ ပြစ်မှုကျူးလွန်ရင် ကြွင်းကျန်ခဲ့တဲ့ ကာလကိုပါ အပြစ်ကျခံပါမယ် ဆိုတဲ့အကြောင်း ပုဒ်မ ၄၀၁ အပိုဒ် ၁ ကို လက်မှတ်ထိုးဖို့ အာဏာ ပိုင်တွေက ပြောပေမယ့် လက်မှတ်မထိုးခဲ့ဘူးလို့ အာရ်အက်ဖ်အေကို ပြောပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (ပြည်တွင်း) ပြန်လည်စုစည်းရေး ကော်မတီဖွဲ့စည်း

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (ပြည်တွင်း) ပြန်လည်စုစည်းရေး ကော်မတီဖွဲ့စည်း
2012-07-02
၈၈ မျိုးဆက် နိုင်ငံရေးအင်အားစုတစ်ခုဖြစ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (ပြည်တွင်း) ပြန် လည် စုစည်းရေး ကော်မတီကို ယခင် ပါတီ ၀င်ဟောင်း တွေ နဲ့ မနေ့က ပြန်လည် ဖွဲ့စည်း လိုက်ကြောင်း သတင်းရရှိပါတယ်။
ဒီပြန်လည်စုစည်းရေး ကော်မတီကို မကြာသေးမီကမှ အကျဉ်းထောင် က ပြန်လည် လွတ်မြောက်လာခဲ့တဲ့ ယခင် ဗဟိုအလုပ်မှုဆောင်ကော် မ တီဝင်ဟောင်း ကိုဇေယျက ဦးဆောင်ပါတယ်။
အနယ်နယ်အရပ်ရပ်မှာ ပြန့်ကျဲနေတဲ့ လူဘောင်သစ်ပါတီဝင်တွေ ကို ပြန်လည် စုစည်းနိုင်ဖို့ ဒီကော်မတီကို ဖွဲ့စည်းရတာဖြစ်တယ်လို့ ဦးဆောင်ပါဝင်သူဖြစ်တဲ့ ကိုသီဟက ပြောပါတယ်။

အကောင်းဘက်ကို ဦးတည် လာနေတဲ့ နိုင်ငံစာရင်းမှာ မြန်မာပါဝင်

အကောင်းဘက်ကို ဦးတည် လာနေတဲ့ နိုင်ငံစာရင်းမှာ မြန်မာပါဝင်
2012-07-02
မြန်မာနိုင်ငံဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် ကမ္ဘာပေါ်က အဆိုးရွားဆုံး အဖိနှိပ် ရက်စက်ဆုံးနိုင်ငံ အဆင့်ကနေ အကောင်း ဘက်ကို ဦးတည်လာနေတဲ့ နိုင်ငံစာရင်းမှာ ရောက်ရှိလာကြောင်း မနေ့က ထုတ်ပြန်တဲ့ Freedom House လူ့အခွင့်အရေးအဖွဲ့ကြီးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အာရှဘဏ်က မြန်မာနိုင်ငံကို တစ်နှစ်အတွင်း ကူညီနိုင်ဖွယ်ရှိ

အာရှဘဏ်က မြန်မာနိုင်ငံကို တစ်နှစ်အတွင်း ကူညီနိုင်ဖွယ်ရှိ
2012-07-02
မြန်မာနိုင်ငံကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ချေးငွေ အချိန်ကာလ တစ်နှစ်လောက် ကြာနိုင်သေးကြောင်း အာရှ ဖွံ့ဖြိုးရေးဘဏ် အေဒီဘီ အာရှ ပစ္စဖိတ်နဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ အကြီးအကဲဖြစ်သူ မစ္စတာ Stephen Groff က ပြောဆိုလိုက်ပါတယ်။
RFA

ကြံ့ ခိုင်ရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ကို တရားစွဲထားတဲ့အမှု NLD ကကျေအေး

ကြံ့ ခိုင်ရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ကို တရားစွဲထားတဲ့အမှု NLD ကကျေအေး
2012-07-02
ပဲခူးတိုင်း ဝေါမြို့ နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ကို ရွေးကောက်ပွဲ စည်းကမ်း ဖောက်ဖျက်လို့  တရားစွဲထားတဲ့အမှုကို NLD က ကျေအေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့  ကြားဖြတ်ရွေးကောက်ပွဲမှာ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့ နယ် ကျုံပါချောင်းဝရွာ မဲရုံမှာ ကြံ့ ခိုင်ရေးပါတီဝင် ဝေါမြို့ နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်က ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်ခဲ့တဲ့အတွက် NLD ပါတီက တရားစွဲခဲ့ပါတယ်။

တရားမဝင်ခိုးဝင်မှု အရေးယူခဲ့ကြောင်း လူဝင်မှုဝန်ကြီးပြော

တရားမဝင်ခိုးဝင်မှု အရေးယူခဲ့ကြောင်း လူဝင်မှုဝန်ကြီးပြော
2012-07-02
မြန်မာနိုင်ငံတွင်း တရားမ၀င် လူဝင်မှု ပြည်ပရင်းနှီးမြုပ်နှံမှု၊ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ဇူလိုင် ၁ ရက်နေ့ (မနေ့က) နေပြည်တော်မှာရှိတဲ့ စက်မှုဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့ပါတယ်။
RFA

ရခိုင်တိုင်းရင်းသားများ ပြန်လည် ထူထောင်ရေး ရန်ပုံငွေပဒေသာကပွဲ ကျင်းပ

ရခိုင်တိုင်းရင်းသားများ ပြန်လည် ထူထောင်ရေး ရန်ပုံငွေပဒေသာကပွဲ ကျင်းပ
2012-07-01
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကြီးမှူးပြီး နှင်းဆီအဖွဲ့သားများနှင့် ရုပ်ရှင်အနုပညာရှင်များ ဖျော်ဖြေကပြတဲ့ ရခိုင် တိုင်းရင်းသားများ ပြန် လည်ထူထောင်ရေး ရန်ပုံငွေပဒေသာကပွဲကို ဇွန်လ ၃၀ ရက်နေ့ ညပိုင်းက ဒဂုံမြို့နယ် အမျိုးသားကဇာတ်ရုံမှာ ကျင်းပ ပြုလုပ်ခဲ့ပါ တယ်။
RFA