![]() |
အရေးပေါ် အခြေအနေ ထုတ်ပြန်ထားသော စစ်တွေမြို့ တွင် ဇွန်လ ၁၂ ရက်နေ့ ညနေ ၆ နာရီခန့်က အဓိက လမ်းမကြီး တစ်ခုအား တွေ့မြင်ရစဉ်။ |
ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားနေသော ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များမှာ ဘင်္ဂါလီ ဆူပူအကြမ်းဖက်သူများက သေနတ်များဖြင့်ပစ်ခတ်မှုကြောင့် ထိခိုက်ဒါဏ်ရာ ရရှိနေသည့်တိုင်အောင် ပြန်လည်ပစ်ခတ်ခြင်းမရှိသေးကြောင်း စစ်တွေမြို့သို့ရောက်ရှိနေသော The Voice Weekly သတင်းထောက်ထံ ဆက်သွယ်မေးမြန်းချက်အရသိရသည်။